Pular para o conteúdo
Publicidade Remover anúncios

Numbers 6

WLC · Westminster Leningrad Codex

1 וַיְדַבֵּ֥ר יְהוָ֖ה אֶל־מֹשֶׁ֥ה לֵּאמֹֽר׃ 2 דַּבֵּר֙ אֶל־בְּנֵ֣י יִשְׂרָאֵ֔ל וְאָמַרְתָּ֖ אֲלֵהֶ֑ם אִ֣ישׁ אֽוֹ־אִשָּׁ֗ה כִּ֤י יַפְלִא֙ לִנְדֹּר֙ נֶ֣דֶר נָזִ֔יר לְהַזִּ֖יר לַֽיהוָֽה׃ 3 מִיַּ֤יִן וְשֵׁכָר֙ יַזִּ֔יר חֹ֥מֶץ יַ֛יִן וְחֹ֥מֶץ שֵׁכָ֖ר לֹ֣א יִשְׁתֶּ֑ה וְכָל־מִשְׁרַ֤ת עֲנָבִים֙ לֹ֣א יִשְׁתֶּ֔ה וַעֲנָבִ֛ים לַחִ֥ים וִיבֵשִׁ֖ים לֹ֥א יֹאכֵֽל׃ 4 כֹּ֖ל יְמֵ֣י נִזְר֑וֹ מִכֹּל֩ אֲשֶׁ֨ר יֵעָשֶׂ֜ה מִגֶּ֣פֶן הַיַּ֗יִן מֵחַרְצַנִּ֛ים וְעַד־זָ֖ג לֹ֥א יֹאכֵֽל׃ 5 כָּל־יְמֵי֙ נֶ֣דֶר נִזְר֔וֹ תַּ֖עַר לֹא־יַעֲבֹ֣ר עַל־רֹאשׁ֑וֹ עַד־מְלֹ֨את הַיָּמִ֜ם אֲשֶׁר־יַזִּ֤יר לַיהוָה֙ קָדֹ֣שׁ יִהְיֶ֔ה גַּדֵּ֥ל פֶּ֖רַע שְׂעַ֥ר רֹאשֽׁוֹ׃ 6 כָּל־יְמֵ֥י הַזִּיר֖וֹ לַיהוָ֑ה עַל־נֶ֥פֶשׁ מֵ֖ת לֹ֥א יָבֹֽא׃ 7 לְאָבִ֣יו וּלְאִמּ֗וֹ לְאָחִיו֙ וּלְאַ֣חֹת֔וֹ לֹא־יִטַּמָּ֥א לָהֶ֖ם בְּמֹתָ֑ם כִּ֛י נֵ֥זֶר אֱלֹהָ֖יו עַל־רֹאשֽׁוֹ׃ 8 כֹּ֖ל יְמֵ֣י נִזְר֑וֹ קָדֹ֥שׁ ה֖וּא לַֽיהוָֽה׃ 9 וְכִֽי־יָמ֨וּת מֵ֤ת עָלָיו֙ בְּפֶ֣תַע פִּתְאֹ֔ם וְטִמֵּ֖א רֹ֣אשׁ נִזְר֑וֹ וְגִלַּ֤ח רֹאשׁוֹ֙ בְּי֣וֹם טָהֳרָת֔וֹ בַּיּ֥וֹם הַשְּׁבִיעִ֖י יְגַלְּחֶֽנּוּ׃ 10 וּבַיּ֣וֹם הַשְּׁמִינִ֗י יָבִא֙ שְׁתֵּ֣י תֹרִ֔ים א֥וֹ שְׁנֵ֖י בְּנֵ֣י יוֹנָ֑ה אֶל־הַכֹּהֵ֔ן אֶל־פֶּ֖תַח אֹ֥הֶל מוֹעֵֽד׃ 11 וְעָשָׂ֣ה הַכֹּהֵ֗ן אֶחָ֤ד לְחַטָּאת֙ וְאֶחָ֣ד לְעֹלָ֔ה וְכִפֶּ֣ר עָלָ֔יו מֵאֲשֶׁ֥ר חָטָ֖א עַל־הַנָּ֑פֶשׁ וְקִדַּ֥שׁ אֶת־רֹאשׁ֖וֹ בַּיּ֥וֹם הַהֽוּא׃ 12 וְהִזִּ֤יר לַֽיהוָה֙ אֶת־יְמֵ֣י נִזְר֔וֹ וְהֵבִ֛יא כֶּ֥בֶשׂ בֶּן־שְׁנָת֖וֹ לְאָשָׁ֑ם וְהַיָּמִ֤ים הָרִאשֹׁנִים֙ יִפְּל֔וּ כִּ֥י טָמֵ֖א נִזְרֽוֹ׃ 13 וְזֹ֥את תּוֹרַ֖ת הַנָּזִ֑יר בְּי֗וֹם מְלֹאת֙ יְמֵ֣י נִזְר֔וֹ יָבִ֣יא אֹת֔וֹ אֶל־פֶּ֖תַח אֹ֥הֶל מוֹעֵֽד׃ 14 וְהִקְרִ֣יב אֶת־קָרְבָּנ֣וֹ לַיהוָ֡ה כֶּבֶשׂ֩ בֶּן־שְׁנָת֨וֹ תָמִ֤ים אֶחָד֙ לְעֹלָ֔ה וְכַבְשָׂ֨ה אַחַ֧ת בַּת־שְׁנָתָ֛הּ תְּמִימָ֖ה לְחַטָּ֑את וְאַֽיִל־אֶחָ֥ד תָּמִ֖ים לִשְׁלָמִֽים׃ 15 וְסַ֣ל מַצּ֗וֹת סֹ֤לֶת חַלֹּת֙ בְּלוּלֹ֣ת בַּשֶּׁ֔מֶן וּרְקִיקֵ֥י מַצּ֖וֹת מְשֻׁחִ֣ים בַּשָּׁ֑מֶן וּמִנְחָתָ֖ם וְנִסְכֵּיהֶֽם׃ 16 וְהִקְרִ֥יב הַכֹּהֵ֖ן לִפְנֵ֣י יְהוָ֑ה וְעָשָׂ֥ה אֶת־חַטָּאת֖וֹ וְאֶת־עֹלָתֽוֹ׃ 17 וְאֶת־הָאַ֜יִל יַעֲשֶׂ֨ה זֶ֤בַח שְׁלָמִים֙ לַֽיהוָ֔ה עַ֖ל סַ֣ל הַמַּצּ֑וֹת וְעָשָׂה֙ הַכֹּהֵ֔ן אֶת־מִנְחָת֖וֹ וְאֶת־נִסְכּֽוֹ׃ 18 וְגִלַּ֣ח הַנָּזִ֗יר פֶּ֛תַח אֹ֥הֶל מוֹעֵ֖ד אֶת־רֹ֣אשׁ נִזְר֑וֹ וְלָקַ֗ח אֶת־שְׂעַר֙ רֹ֣אשׁ נִזְר֔וֹ וְנָתַן֙ עַל־הָאֵ֔שׁ אֲשֶׁר־תַּ֖חַת זֶ֥בַח הַשְּׁלָמִֽים׃ 19 וְלָקַ֨ח הַכֹּהֵ֜ן אֶת־הַזְּרֹ֣עַ בְּשֵׁלָה֮ מִן־הָאַיִל֒ וְֽחַלַּ֨ת מַצָּ֤ה אַחַת֙ מִן־הַסַּ֔ל וּרְקִ֥יק מַצָּ֖ה אֶחָ֑ד וְנָתַן֙ עַל־כַּפֵּ֣י הַנָּזִ֔יר אַחַ֖ר הִֽתְגַּלְּח֥וֹ אֶת־נִזְרֽוֹ׃ 20 וְהֵנִיף֩ אוֹתָ֨ם הַכֹּהֵ֥ן ׀ תְּנוּפָה֮ לִפְנֵ֣י יְהוָה֒ קֹ֤דֶשׁ הוּא֙ לַכֹּהֵ֔ן עַ֚ל חֲזֵ֣ה הַתְּנוּפָ֔ה וְעַ֖ל שׁ֣וֹק הַתְּרוּמָ֑ה וְאַחַ֛ר יִשְׁתֶּ֥ה הַנָּזִ֖יר יָֽיִן׃ 21 זֹ֣את תּוֹרַ֣ת הַנָּזִיר֮ אֲשֶׁ֣ר יִדֹּר֒ קָרְבָּנ֤וֹ לַֽיהוָה֙ עַל־נִזְר֔וֹ מִלְּבַ֖ד אֲשֶׁר־תַּשִּׂ֣יג יָד֑וֹ כְּפִ֤י נִדְרוֹ֙ אֲשֶׁ֣ר יִדֹּ֔ר כֵּ֣ן יַעֲשֶׂ֔ה עַ֖ל תּוֹרַ֥ת נִזְרֽוֹ׃ פ 22 וַיְדַבֵּ֥ר יְהוָ֖ה אֶל־מֹשֶׁ֥ה לֵּאמֹֽר׃ 23 דַּבֵּ֤ר אֶֽל־אַהֲרֹן֙ וְאֶל־בָּנָ֣יו לֵאמֹ֔ר כֹּ֥ה תְבָרֲכ֖וּ אֶת־בְּנֵ֣י יִשְׂרָאֵ֑ל אָמ֖וֹר לָהֶֽם׃ ס 24 יְבָרֶכְךָ֥ יְהוָ֖ה וְיִשְׁמְרֶֽךָ׃ ס 25 יָאֵ֨ר יְהוָ֧ה ׀ פָּנָ֛יו אֵלֶ֖יךָ וִֽיחֻנֶּֽךָּ׃ ס 26 יִשָּׂ֨א יְהוָ֤ה ׀ פָּנָיו֙ אֵלֶ֔יךָ וְיָשֵׂ֥ם לְךָ֖ שָׁלֽוֹם׃ ס 27 וְשָׂמ֥וּ אֶת־שְׁמִ֖י עַל־בְּנֵ֣י יִשְׂרָאֵ֑ל וַאֲנִ֖י אֲבָרֲכֵֽם׃ פ

JBMLE · Judson Bible

နာ​ဇ​ရိ​သ​စ္စာ​ပြု​ခြင်း၏​ပ​ညတ်​များ

1 တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 2 ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ၍၊ နာ​ဇ​ရိ​သ​စ္စာ​ပြု​ခြင်း​ငှာ မိ​မိ​ကို မိ​မိ​ခွဲ​ထား​သော​အ​ခါ၊ 3 စ​ပျစ်​ရည်​နှင့် ယစ်​မျိုး​ကို​ရှောင်​ရ​မည်။ စ​ပျစ်​ရည်​ချဉ်​နှင့် ယစ်​မျိုး​ချဉ်​ကို​လည်း မ​သောက်​ရ။ စ​ပျစ်​သီး​ဖြင့်​လုပ်​သော​အ​ရည်​ကို အ​လျှင်း​မ​သောက်​ရ။ စ​ပျစ်​သီး အ​စိမ်း​အ​ခြောက်​ကို​လည်း မ​စား​ရ။လု၊ ၁:၁၅။4 ခြား​နား​လျက်​နေ​သော​ကာ​လ​ပတ်​လုံး စ​ပျစ်​သီး​အ​ဆန်၊ စ​ပျစ်​သီး​အ​ခွံ​မှ​စ၍ စ​ပျစ်​ပင်​က​ဖြစ်​သ​မျှ​ကို မ​စား​ရ။ 5 ခြား​နား​ခြင်း​သ​စ္စာ​စောင့်​သော​ကာ​လ​ပတ်​လုံး၊ ဦး​ဆံ​ကို​မ​ရိတ်​ရ။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ​သော ကာ​လ​မ​စေ့​မီ​တိုင်​အောင် သူ​သည် သန့်​ရှင်း​ရ​သ​ဖြင့်၊ မိ​မိ​ဆံ​ပင်​ကို အ​လို​အ​လျောက်​တိုး​ပွား​စေ​ရ​မည်။ 6 ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ​သော​ကာ​လ​ပတ်​လုံး၊ အ​သေ​ကောင်​ကို မ​ချဉ်း​မ​ကပ်​ရ။ 7 သူ၏​ဘု​ရား​သ​ခင်​အ​ဖို့ သူ၏​ခေါင်း​ကို ခြား​နား​စေ​သော​ကြောင့်၊ မိ​ဘ၊ ညီ​အစ်​ကို၊ နှ​မ​သေ​သော်​လည်း ညစ်​ညူး​ခြင်း​ကို​မ​ခံ​ရ။ 8 ခြား​နား​လျက်​နေ​သော​ကာ​လ​ပတ်​လုံး၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ရ​မည်။ 9 သူ့​အ​နား​မှာ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ချက်​ချင်း​သေ၍၊ သူ​သည် ခြား​နား​စေ​သော​ခေါင်း​ကို ညစ်​ညူး​စေ​လျှင်၊ စင်​ကြယ်​စေ​သော​နေ့​တည်း​ဟူ​သော သ​တ္တ​မ​နေ့၌ ဦး​ဆံ​ကို​ရိတ်​ရ​မည်။ 10 အ​ဋ္ဌ​မ​နေ့၌ ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ဆောင်​ခဲ့​ရ​မည်။ 11 ယဇ်​ပု​ရော​ဟိတ်​သည်​လည်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို​ပူ​ဇော်၍ ထို​သူ၌ အ​သေ​ကောင်​အား​ဖြင့်​ရောက်​သော အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ပြီး​မှ၊ ထို​နေ့​ချင်း​တွင် သူ၏​ခေါင်း​ကို သန့်​ရှင်း​စေ​ရ​မည်။ 12 အ​ရင်​ခြား​နား​စေ​သော​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ တစ်​ဖန် ခြား​နား​စေ၍ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်​ကို ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။ အ​ရင်​ခြား​နား​ခြင်း​ပျက်​သော​ကြောင့် လွန်​သော​ကာ​လ​ပျောက်​ရ​မည်။

13 ခြား​နား၍​နေ​သော​ကာ​လ​စေ့​ပြီး​မှ၊ နာ​ဇ​ရိ​လူ​စောင့်​ရ​သော​တ​ရား​ဟူ​မူ​ကား၊ သူ​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့​သို့​လာ၍၊တ၊ ၂၁:၂၃-၂၄။14 မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ခါ​လည်၊ အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​အ​ထီး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​ခါ​လည်၊ အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​အ​မ​တစ်​ကောင်၊ မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော​ဆိတ်​တစ်​ကောင်၊ 15 ဆီ​ရော​သော​မုန့်​ညက်​နှင့်​လုပ်​သော​မုန့်​ပြား၊ ဆီ​လူး​သော တ​ဆေး​မဲ့ မုန့်​ကြွပ်​တည်း​ဟူ​သော တ​ဆေး​မဲ့​မုန့်​တစ်​တောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​မည်။ 16 ထို​ပူ​ဇော်​သ​ကာ​များ​ကို ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​သွင်း၍ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်။ 17 တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​နှင့်​တ​ကွ၊ မိတ်​သ​ဟာ​ယ​ယဇ်​ဆိတ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ 18 နာ​ဇ​ရိ​လူ​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ မိ​မိ​ခြား​နား​သော​ဦး​ဆံ​ကို​ရိတ်၍၊ ထို​ဆံ​ကို မိတ်​သ​ဟာ​ယ​ယဇ်​အောက်၌​ရှိ​သော မီး​ထဲ​မှာ​ထည့်​ရ​မည်။ 19 ခြား​နား​သော​ဦး​ဆံ​ကို​ရိတ်​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်​သည် ပြုတ်​သော ဆိတ်​ပ​ခုံး​တစ်​ဖက်၊ တောင်း​ထဲ​က တ​ဆေး​မဲ့​မုန့်​ပြား​တစ်​ပြား၊ တ​ဆေး​မဲ့​မုန့်​ကြွပ်​တစ်​ချပ်​ကို​ယူ၍ နာ​ဇ​ရိ​လူ​လက်၌​ထည့်​ပြီး​လျှင်၊ 20 ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​ဖို့ ချီ​လွှဲ​ရ​မည်။ ထို​အ​ရာ​တို့​သည်၊ ချီ​လွှဲ​ရာ​ရင်​ပတ်၊ ချီ​လွှဲ​ရာ​ပ​ခုံး​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့ သန့်​ရှင်း​ရ​မည်။ ထို​နောက်​မှ နာ​ဇ​ရိ​လူ​သည် စ​ပျစ်​ရည်​ကို​သောက်​ရ​သော​အ​ခွင့်​ရှိ၏။ 21 ဤ​ရွေ့​ကား၊ သ​စ္စာ​ပြု​သော​နာ​ဇ​ရိ​လူ​သည် အ​လို​အ​လျောက် တတ်​နိုင်​သ​မျှ​မှ​တစ်​ပါး မိ​မိ​ခြား​နား​ခြင်း​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​သော ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော တ​ရား​ပေ​တည်း။ သ​စ္စာ​ပြု​သည်​အ​တိုင်း ခြား​နား​ခြင်း​တ​ရား​နှင့်​အ​ညီ ပြု​ရ​မည်​ဟု မိန့်​တော်​မူ၏။

ယဇ်ပုရောဟိတ်ကောင်း​ချီး​ပေးခြင်း

22 တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်​နှင့်​သူ၏​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 23 သင်​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကောင်း​ချီး​ပေး၍ မြွက်​ရ​သော​စ​ကား​ဟူ​မူ​ကား၊ 24 ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​ကို​ကောင်း​ချီး​ပေး၍ စောင့်​မ​တော်​မူ​ပါ​စေ​သော။ 25 ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​မျက်​နှာ​တော်​အ​လင်း​ကို​လွှတ်၍ က​ရု​ဏာ​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။ 26 ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​မျှော်​ကြည့်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ​စေ​သော​ဟု 27 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​မှာ ငါ့​နာ​မ​ကို​မြွက်​ဆို၍​တင်​လျှင် ငါ​သည်​ထို​သူ​တို့​ကို ကောင်း​ချီး​မင်္ဂ​လာ​ပေး​မည်​ဟု မိန့်​တော်​မူ၏။

Todos os capítulos de Numbers 36
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.