Pular para o conteúdo
Publicidade Remover anúncios

Hosea 2

WLC · Westminster Leningrad Codex

1 וְֽ֠הָיָה מִסְפַּ֤ר בְּנֵֽי־יִשְׂרָאֵל֙ כְּח֣וֹל הַיָּ֔ם אֲשֶׁ֥ר לֹֽא־יִמַּ֖ד וְלֹ֣א יִסָּפֵ֑ר וְֽ֠הָיָה בִּמְק֞וֹם אֲשֶׁר־יֵאָמֵ֤ר לָהֶם֙ לֹֽא־עַמִּ֣י אַתֶּ֔ם יֵאָמֵ֥ר לָהֶ֖ם בְּנֵ֥י אֵֽל־חָֽי׃ 2 וְ֠נִקְבְּצוּ בְּנֵֽי־יְהוּדָ֤ה וּבְנֵֽי־יִשְׂרָאֵל֙ יַחְדָּ֔ו וְשָׂמ֥וּ לָהֶ֛ם רֹ֥אשׁ אֶחָ֖ד וְעָל֣וּ מִן־הָאָ֑רֶץ כִּ֥י גָד֖וֹל י֥וֹם יִזְרְעֶֽאל׃ 3 אִמְר֥וּ לַאֲחֵיכֶ֖ם עַמִּ֑י וְלַאֲחֽוֹתֵיכֶ֖ם רֻחָֽמָה׃ 4 רִ֤יבוּ בְאִמְּכֶם֙ רִ֔יבוּ כִּֽי־הִיא֙ לֹ֣א אִשְׁתִּ֔י וְאָנֹכִ֖י לֹ֣א אִישָׁ֑הּ וְתָסֵ֤ר זְנוּנֶ֨יהָ֙ מִפָּנֶ֔יה וְנַאֲפוּפֶ֖יהָ מִבֵּ֥ין שָׁדֶֽיהָ׃ 5 פֶּן־אַפְשִׁיטֶ֣נָּה עֲרֻמָּ֔ה וְהִ֨צַּגְתִּ֔יהָ כְּי֖וֹם הִוָּֽלְדָ֑הּ וְשַׂמְתִּ֣יהָ כַמִּדְבָּ֗ר וְשַׁתִּ֨הָ֙ כְּאֶ֣רֶץ צִיָּ֔ה וַהֲמִתִּ֖יהָ בַּצָּמָֽא׃ 6 וְאֶת־בָּנֶ֖יהָ לֹ֣א אֲרַחֵ֑ם כִּֽי־בְנֵ֥י זְנוּנִ֖ים הֵֽמָּה׃ 7 כִּ֤י זָֽנְתָה֙ אִמָּ֔ם הֹבִ֖ישָׁה הֽוֹרָתָ֑ם כִּ֣י אָמְרָ֗ה אֵלְכָ֞ה אַחֲרֵ֤י מְאַהֲבַי֙ נֹתְנֵ֤י לַחְמִי֙ וּמֵימַ֔י צַמְרִ֣י וּפִשְׁתִּ֔י שַׁמְנִ֖י וְשִׁקּוּיָֽי׃ 8 לָכֵ֛ן הִנְנִי־שָׂ֥ךְ אֶת־דַּרְכֵּ֖ךְ בַּסִּירִ֑ים וְגָֽדַרְתִּי֙ אֶת־גְּדֵרָ֔הּ וּנְתִיבוֹתֶ֖יהָ לֹ֥א תִמְצָֽא׃ 9 וְרִדְּפָ֤ה אֶת־מְאַהֲבֶ֨יהָ֙ וְלֹֽא־תַשִּׂ֣יג אֹתָ֔ם וּבִקְשָׁ֖תַם וְלֹ֣א תִמְצָ֑א וְאָמְרָ֗ה אֵלְכָ֤ה וְאָשׁ֨וּבָה֙ אֶל־אִישִׁ֣י הָֽרִאשׁ֔וֹן כִּ֣י ט֥וֹב לִ֛י אָ֖ז מֵעָֽתָּה׃ 10 וְהִיא֙ לֹ֣א יָֽדְעָ֔ה כִּ֤י אָֽנֹכִי֙ נָתַ֣תִּי לָ֔הּ הַדָּגָ֖ן וְהַתִּיר֣וֹשׁ וְהַיִּצְהָ֑ר וְכֶ֨סֶף הִרְבֵּ֥יתִי לָ֛הּ וְזָהָ֖ב עָשׂ֥וּ לַבָּֽעַל׃ 11 לָכֵ֣ן אָשׁ֔וּב וְלָקַחְתִּ֤י דְגָנִי֙ בְּעִתּ֔וֹ וְתִירוֹשִׁ֖י בְּמֽוֹעֲד֑וֹ וְהִצַּלְתִּי֙ צַמְרִ֣י וּפִשְׁתִּ֔י לְכַסּ֖וֹת אֶת־עֶרְוָתָֽהּ׃ 12 וְעַתָּ֛ה אֲגַלֶּ֥ה אֶת־נַבְלֻתָ֖הּ לְעֵינֵ֣י מְאַהֲבֶ֑יהָ וְאִ֖ישׁ לֹֽא־יַצִּילֶ֥נָּה מִיָּדִֽי׃ 13 וְהִשְׁבַּתִּי֙ כָּל־מְשׂוֹשָׂ֔הּ חַגָּ֖הּ חָדְשָׁ֣הּ וְשַׁבַּתָּ֑הּ וְכֹ֖ל מוֹעֲדָֽהּ׃ 14 וַהֲשִׁמֹּתִ֗י גַּפְנָהּ֙ וּתְאֵ֣נָתָ֔הּ אֲשֶׁ֣ר אָמְרָ֗ה אֶתְנָ֥ה הֵ֨מָּה֙ לִ֔י אֲשֶׁ֥ר נָֽתְנוּ־לִ֖י מְאַֽהֲבָ֑י וְשַׂמְתִּ֣ים לְיַ֔עַר וַאֲכָלָ֖תַם חַיַּ֥ת הַשָּׂדֶֽה׃ 15 וּפָקַדְתִּ֣י עָלֶ֗יהָ אֶת־יְמֵ֤י הַבְּעָלִים֙ אֲשֶׁ֣ר תַּקְטִ֣יר לָהֶ֔ם וַתַּ֤עַד נִזְמָהּ֙ וְחֶלְיָתָ֔הּ וַתֵּ֖לֶךְ אַחֲרֵ֣י מְאַהֲבֶ֑יהָ וְאֹתִ֥י שָׁכְחָ֖ה נְאֻם־יְהוָֽה׃ פ 16 לָכֵ֗ן הִנֵּ֤ה אָֽנֹכִי֙ מְפַתֶּ֔יהָ וְהֹֽלַכְתִּ֖יהָ הַמִּדְבָּ֑ר וְדִבַּרְתִּ֖י עַל לִבָּֽהּ׃ 17 וְנָתַ֨תִּי לָ֤הּ אֶת־כְּרָמֶ֨יהָ֙ מִשָּׁ֔ם וְאֶת־עֵ֥מֶק עָכ֖וֹר לְפֶ֣תַח תִּקְוָ֑ה וְעָ֤נְתָה שָּׁ֨מָּה֙ כִּימֵ֣י נְעוּרֶ֔יהָ וִּכְי֖וֹם עֲלֹתָ֥הּ מֵאֶֽרֶץ־מִצְרָֽיִם׃ ס 18 וְהָיָ֤ה בַיּוֹם־הַהוּא֙ נְאֻם־יְהוָ֔ה תִּקְרְאִ֖י אִישִׁ֑י וְלֹֽא־תִקְרְאִי־לִ֥י ע֖וֹד בַּעְלִֽי׃ 19 וַהֲסִרֹתִ֛י אֶת־שְׁמ֥וֹת הַבְּעָלִ֖ים מִפִּ֑יהָ וְלֹֽא־יִזָּכְר֥וּ ע֖וֹד בִּשְׁמָֽם׃ 20 וְכָרַתִּ֨י לָהֶ֤ם בְּרִית֙ בַּיּ֣וֹם הַה֔וּא עִם־חַיַּ֤ת הַשָּׂדֶה֙ וְעִם־ע֣וֹף הַשָּׁמַ֔יִם וְרֶ֖מֶשׂ הָֽאֲדָמָ֑ה וְקֶ֨שֶׁת וְחֶ֤רֶב וּמִלְחָמָה֙ אֶשְׁבּ֣וֹר מִן־הָאָ֔רֶץ וְהִשְׁכַּבְתִּ֖ים לָבֶֽטַח׃ 21 וְאֵרַשְׂתִּ֥יךְ לִ֖י לְעוֹלָ֑ם וְאֵרַשְׂתִּ֥יךְ לִי֙ בְּצֶ֣דֶק וּבְמִשְׁפָּ֔ט וּבְחֶ֖סֶד וּֽבְרַחֲמִֽים׃ 22 וְאֵרַשְׂתִּ֥יךְ לִ֖י בֶּאֱמוּנָ֑ה וְיָדַ֖עַתְּ אֶת־יְהוָֽה׃ ס 23 וְהָיָ֣ה ׀ בַּיּ֣וֹם הַה֗וּא אֶֽעֱנֶה֙ נְאֻם־יְהוָ֔ה אֶעֱנֶ֖ה אֶת־הַשָּׁמָ֑יִם וְהֵ֖ם יַעֲנ֥וּ אֶת־הָאָֽרֶץ׃ 24 וְהָאָ֣רֶץ תַּעֲנֶ֔ה אֶת־הַדָּגָ֖ן וְאֶת־הַתִּיר֣וֹשׁ וְאֶת־הַיִּצְהָ֑ר וְהֵ֖ם יַעֲנ֥וּ אֶֽת־יִזְרְעֶֽאל׃ 25 וּזְרַעְתִּ֤יהָ לִּי֙ בָּאָ֔רֶץ וְרִֽחַמְתִּ֖י אֶת־לֹ֣א רֻחָ֑מָה וְאָמַרְתִּ֤י לְלֹֽא־עַמִּי֙ עַמִּי־אַ֔תָּה וְה֖וּא יֹאמַ֥ר אֱלֹהָֽי׃ פ

JBMLE · Judson Bible

1 သင်​တို့​ညီ​အစ်​ကို​များ​ကို ငါ၏​လူ​ဟူ၍​လည်း​ကောင်း၊ သင်​တို့​နှ​မ​များ​ကို သ​နား​စုံ​မက်​အပ်​သော​သ​မီး ဟူ၍​လည်း​ကောင်း တစ်​ဖန် ခေါ်​ကြ​လော့။

သ​စ္စာ​မဲ့​သူ​အ​တွက်​ချစ်​ခြင်း​မေ​တ္တာ

2 သင်​တို့​အ​မိ​နှင့် ဆွေး​နွေး​ကြ​လော့။ သူ​သည် ငါ့​မ​ယား​မ​ဟုတ်၊ ငါ​သည်​လည်း သူ့​လင်​မ​ဟုတ်​ကြောင်း​ကို ဆွေး​နွေး​ကြ​လော့။ ပြည့်တန်​ဆာ​မျက်​နှာ​ကို​ပယ်၍ မှား​ယွင်း​ခြင်း​အ​မှု​ကို ရှောင်​စေ။ 3 မ​ရှောင်​လျှင် သူ၏​အ​ဝတ်​ရှိ​သ​မျှ​ကို ငါ​ချွတ်၍၊ သူ​ဖွား​သော​နေ့၌ အ​ဝတ်​မ​ရှိ​သ​ကဲ့​သို့ အ​ဝတ်​မ​ပါ၊ ပြင်၌ ထုတ်​ထား​မည်။ လွင်​ပြင်​ကဲ့​သို့ သုတ်​သင်​မည်။ သွေ့​ခြောက်​သော မြေ​ကဲ့​သို့ ဖြစ်​စေ​လျက် ရေ​အ​ငတ်​ထား၍ သေ​စေ​မည်။ 4 သူ၏​သား​သ​မီး​တို့​သည် သူ​မျောက်​မ​ထား၍​ရ​သော သား​သ​မီး​ဖြစ်​သော​ကြောင့် သူ​တို့​ကို ငါ​မ​သ​နား​မ​စုံ​မက်​ဘဲ နေ​မည်။ 5 သူ​တို့​အ​မိ​သည် ပြည့်​တန်​ဆာ​ဖြစ်၏။ သူ​တို့​ကို ပ​ဋိ​သ​န္ဓေ​ယူ​သော​သူ​သည် ရှက်​ဖွယ်​သော​အ​မှု​ကို ပြု​ပြီ။ သူ​က​လည်း၊ ငါ့​မုန့်၊ ငါ့​ရေ၊ ငါ့​သိုး​မွေး၊ ငါ့​ပိုက်​ဆန်၊ ငါ့​ဆီ၊ ငါ​သောက်​သော​အ​ရည်​တို့​ကို ပေး​တတ်​သော ငါ့​ရည်း​စား​များ နောက်​သို့ ငါ​လိုက်​မည်​ဟု​ဆို​ပြီ။ 6 သို့​ဖြစ်၍၊ သူ့​ကို​ဆူး​စောင်​ရန်း​နှင့် ကာ​ထား​မည်။ ထွက်​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ သူ့​ပတ်​လည်၌ ကျောက်​ရိုး​ကို​လည်း တည်​မည်။ 7 သူ​သည် ရည်း​စား​တို့​ကို လိုက်​သော်​လည်း မ​မီ၊ ရှာ​သော်​လည်း မ​တွေ့​ဘဲ​နေ​ရ​သော​အ​ခါ၊ လင်​ဟောင်း​ထံ​သို့ ငါ​ပြန်​သွား​မည်။ ယ​ခု​နေ​ရာ​ထက် အ​ရင်​နေ​ရာ သာ၍​ကောင်း​သည်​ဟု ဆို​လိမ့်​မည်။ 8 ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​တို့​ကို ငါ​ပေး​သ​နား​သည် ဟူ၍​လည်း​ကောင်း၊ ဗာ​လ​ဘု​ရား​အား ပူ​ဇော်​သော​ရွှေ​နှင့် ငွေ​ကို သူ၌ ငါ​များ​ပြား​စေ​သည် ဟူ၍​လည်း​ကောင်း သူ​သည် မ​အောက်​မေ့​ပါ​တ​ကား။ 9 သို့​ဖြစ်၍၊ စ​ပါး​ရိတ်​ရာ​ကာ​လ၌ ငါ့​စ​ပါး​ကို​လည်း​ကောင်း၊ စ​ပျစ်​ရည်​လုပ်​ရာ​ကာ​လ၌ ငါ့​စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ သူ၏​ကိုယ်​ကို ဖုံး​လွှမ်း​စ​ရာ ငါ့​သိုး​မွေး​နှင့် ပိုက်​ဆန်​ကို​လည်း​ကောင်း ငါ​သိမ်း​ယူ​မည်။ 10 ယ​ခု​ပင် သူ၏​ရည်း​စား​များ​ရှေ့၌ သူ့​အ​ဝတ်​ကို ငါ​လှစ်​လှန်၍ အ​ရှက်​ခွဲ​မည်။ ငါ့​လက်​မှ အ​ဘယ်​သူ​မျှ သူ့​ကို​မ​နုတ်​ရ။ 11 သူ​ရွှင်​လန်း​စ​ရာ​အ​ကြောင်း​ရှိ​သ​မျှ​နှင့် ပွဲ​ခံ​ခြင်း၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​စောင့်​ခြင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ခြင်း အ​လုံး​စုံ​တို့​ကို ငါ​ပြတ်​စေ​မည်။ 12 ဤ​သည်​ကား၊ ငါ့​ရည်း​စား​ပေး​သော ဆု​လက်​ဆောင်​ဖြစ်​သည်​ဟု သူ​ဆို​ရာ စ​ပျစ်​ဥ​ယျာဉ်၊ သင်္ဘော​သ​ဖန်း​ဥ​ယျာဉ်​တို့​ကို ငါ​သုတ်​သင်​ပယ်​ရှင်း၍၊ လွင်​ပြင်​ဖြစ်​စေ​သ​ဖြင့် တော​သား​ရဲ​တို့​သည် ကိုက်​စား​ကြ​လိမ့်​မည်။ 13 ဗာ​လ​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ နှာ​ခေါင်း​ဆွဲ​နှင့် လည်​ဆွဲ​တန်​ဆာ​ကို ဆင်​လျက် ရည်း​စား​များ​နောက်​သို့ လိုက်​သ​ဖြင့်၊ ငါ့​ကို မေ့​လျော့၍ ဗာ​လ​ဘု​ရား​တို့ လက်​ထက်၌ ပြု​မိ​သော​အ​ပြစ်​နှင့် အ​လျောက် ငါ​စီ​ရင်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လူ​မျိုး​တော်​အ​ပေါ်​ထာ​ဝ​ရ​ဘု​ရား​၏​မေတ္တာ

14 သို့​ရာ​တွင်၊ သူ့​ကို တစ်​ဖန်​ငါ​ဖြား​ယောင်း​မည်။ တော​လမ်း​ဖြင့် ပို့​ဆောင်​သော်​လည်း၊ နှစ်​သိမ့်​စေ​သော စ​ကား​ကို​ပြော​မည်။ 15 တော​တစ်​ဖက်၌ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို​လည်း​ကောင်း၊ အာ​ခေါ်​ချိုင့်၌ မျှော်​လင့်​ရာ​တံ​ခါး​ကို​လည်း​ကောင်း ငါ​ပေး​မည်။ သူ​သည် အ​သက် ငယ်​စဉ်​ကာ​လ၊ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ သီ​ချင်း​ဆို​သ​ကဲ့​သို့၊ တော​တစ်​ဖက်​သို့ ရောက်​သော​အ​ခါ သီ​ချင်း​ဆို​ရ​လိမ့်​မည်။ယော​ရှု၊ ၇:၂၄-၂၆။16 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ သင်​သည်​ငါ့​ကို သ​ခင်​ဟူ၍ မ​ခေါ်​ရ၊ ခင်​ပွန်း​ဟူ၍ ခေါ်​ရ​မည်။ 17 အ​ခြား​တစ်​ပါး​သော သ​ခင်​တို့၏​ဘွဲ့​နာ​မ​များ​ကို သူ၏​နှုတ်​မှ ငါ​ပယ်၍၊ ထို​ဘွဲ့​နာ​မ​များ​ကို နောက်​တစ်​ဖန် မ​မှတ်​မိ​မ​မြွက်​ဆို​ရ။ 18 ထို​ကာ​လ၌ ငါ​သည် သူ​တို့​အ​တွက်၊ တော​သား​ရဲ၊ မိုး​ကောင်း​ကင်​ငှက်၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍၊ လေး၊ ဓား၊ စစ်​တိုက်​လက်​နက်​တို့​ကို မြေ​ပေါ်​က ပယ်​ရှား​သ​ဖြင့် သူ​တို့​သည် စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အိပ်​ရ​ကြ​လိမ့်​မည်။ 19 ငါ​သည် ကိုယ်​အ​ဖို့ သင့်​ကို အ​စဉ်​အ​မြဲ​သိမ်း​ယူ​မည်။ ဖြောင့်​မတ်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ချစ်​သ​နား​စုံ​မက်​ခြင်း​နှင့် အ​ညီ ကိုယ်​အ​ဖို့ သင့်​ကို​သိမ်း​ယူ​မည်။ 20 သ​စ္စာ​စောင့်​ခြင်း​နှင့်​အ​ညီ သိမ်း​ယူ၍၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား​ကို သိ​ရ​လိမ့်​မည်။ 21 ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ ငါ​သည် နား​ထောင်​မည်။ မိုး​ကောင်း​ကင်​စ​ကား​ကို နား​ထောင်၍၊ သူ​သည် မြေ​ကြီး​စ​ကား​ကို နား​ထောင်​မည်။ 22 မြေ​ကြီး​သည်​လည်း ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​တို့၏​စ​ကား​ကို နား​ထောင်၍၊ သူ​တို့​သည်​လည်း ယေ​ဇ​ရေ​လ​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။ 23 ထို​သ​တို့​သ​မီး​ကို မျိုး​စေ့​ကဲ့​သို့ မြေ၌ ကိုယ်​အ​ဖို့​ငါ​ကြဲ​မည်။ မ​သ​နား​မ​စုံ​မက်​အပ်​သော သ​တို့​သ​မီး​ကို ငါ​သ​နား​စုံ​မက်​မည်။ ငါ၏ လူ​မ​ဟုတ်​သော သူ​ကို​လည်း သင်​သည်​ငါ၏​လူ​ဖြစ်​သည်​ဟု ငါ​ဆို​မည်။ သူ​က​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လိမ့်​မည်​ဟု​မိန့်​တော်​မူ၏။ရော၊ ၉:၂၅။ ၁ ပေ၊ ၂:၁၀။

Todos os capítulos de Hosea 14
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.