Pular para o conteúdo
Publicidade Remover anúncios

Proverbs 30

WLC · Westminster Leningrad Codex

1 דִּבְרֵ֤י ׀ אָג֥וּר בִּן־יָקֶ֗ה הַמַּ֫שָּׂ֥א נְאֻ֣ם הַ֭גֶּבֶר לְאִֽיתִיאֵ֑ל לְאִ֖יתִיאֵ֣ל וְאֻכָֽל׃ 2 כִּ֤י בַ֣עַר אָנֹכִ֣י מֵאִ֑ישׁ וְלֹֽא־בִינַ֖ת אָדָ֣ם לִֽי׃ 3 וְלֹֽא־לָמַ֥דְתִּי חָכְמָ֑ה וְדַ֖עַת קְדֹשִׁ֣ים אֵדָֽע׃ 4 מִ֤י עָלָֽה־שָׁמַ֨יִם ׀ וַיֵּרַ֡ד מִ֤י אָֽסַף־ר֨וּחַ ׀ בְּחָפְנָ֡יו מִ֤י צָֽרַר־מַ֨יִם ׀ בַּשִּׂמְלָ֗ה מִ֭י הֵקִ֣ים כָּל־אַפְסֵי־אָ֑רֶץ מַה־שְּׁמ֥וֹ וּמַֽה־שֶּׁם־בְּ֝נ֗וֹ כִּ֣י תֵדָֽע׃ 5 כָּל־אִמְרַ֣ת אֱל֣וֹהַּ צְרוּפָ֑ה מָגֵ֥ן ה֝֗וּא לַֽחֹסִ֥ים בּֽוֹ׃ 6 אַל־תּ֥וֹסְףְּ עַל־דְּבָרָ֑יו פֶּן־יוֹכִ֖יחַ בְּךָ֣ וְנִכְזָֽבְתָּ׃ פ 7 שְׁ֭תַּיִם שָׁאַ֣לְתִּי מֵאִתָּ֑ךְ אַל־תִּמְנַ֥ע מִ֝מֶּ֗נִּי בְּטֶ֣רֶם אָמֽוּת׃ 8 שָׁ֤וְא ׀ וּֽדְבַר־כָּזָ֡ב הַרְחֵ֬ק מִמֶּ֗נִּי רֵ֣אשׁ וָ֭עֹשֶׁר אַל־תִּֽתֶּן־לִ֑י הַ֝טְרִיפֵ֗נִי לֶ֣חֶם חֻקִּֽי׃ 9 פֶּ֥ן אֶשְׂבַּ֨ע ׀ וְכִחַשְׁתִּי֮ וְאָמַ֗רְתִּי מִ֥י יְה֫וָ֥ה וּפֶֽן־אִוָּרֵ֥שׁ וְגָנַ֑בְתִּי וְ֝תָפַ֗שְׂתִּי שֵׁ֣ם אֱלֹהָֽי׃ פ 10 אַל־תַּלְשֵׁ֣ן עֶ֭בֶד אֶל־אדנו פֶּֽן־יְקַלֶּלְךָ֥ וְאָשָֽׁמְתָּ׃ 11 דּ֭וֹר אָבִ֣יו יְקַלֵּ֑ל וְאֶת־אִ֝מּ֗וֹ לֹ֣א יְבָרֵֽךְ׃ 12 דּ֭וֹר טָה֣וֹר בְּעֵינָ֑יו וּ֝מִצֹּאָת֗וֹ לֹ֣א רֻחָֽץ׃ 13 דּ֭וֹר מָה־רָמ֣וּ עֵינָ֑יו וְ֝עַפְעַפָּ֗יו יִנָּשֵֽׂאוּ׃ 14 דּ֤וֹר ׀ חֲרָב֣וֹת שִׁנָּיו֮ וּֽמַאֲכָל֪וֹת מְֽתַלְּעֹ֫תָ֥יו לֶאֱכֹ֣ל עֲנִיִּ֣ים מֵאֶ֑רֶץ וְ֝אֶבְיוֹנִ֗ים מֵאָדָֽם׃ פ 15 לַֽעֲלוּקָ֨ה ׀ שְׁתֵּ֥י בָנוֹת֮ הַ֤ב ׀ הַ֥ב שָׁל֣וֹשׁ הֵ֭נָּה לֹ֣א תִשְׂבַּ֑עְנָה אַ֝רְבַּ֗ע לֹא־אָ֥מְרוּ הֽוֹן׃ 16 שְׁאוֹל֮ וְעֹ֪צֶ֫ר רָ֥חַם אֶ֭רֶץ לֹא־שָׂ֣בְעָה מַּ֑יִם וְ֝אֵ֗שׁ לֹא־אָ֥מְרָה הֽוֹן׃ 17 עַ֤יִן ׀ תִּֽלְעַ֣ג לְאָב֮ וְתָב֪וּז לִֽיקֲּהַ֫ת־אֵ֥ם יִקְּר֥וּהָ עֹרְבֵי־נַ֑חַל וְֽיֹאכְל֥וּהָ בְנֵי־נָֽשֶׁר׃ פ 18 שְׁלֹשָׁ֣ה הֵ֭מָּה נִפְלְא֣וּ מִמֶּ֑נִּי וארבע לֹ֣א יְדַעְתִּֽים׃ 19 דֶּ֤רֶךְ הַנֶּ֨שֶׁר ׀ בַּשָּׁמַיִם֮ דֶּ֥רֶךְ נָחָ֗שׁ עֲלֵ֫י צ֥וּר דֶּֽרֶךְ־אֳנִיָּ֥ה בְלֶב־יָ֑ם וְדֶ֖רֶךְ גֶּ֣בֶר בְּעַלְמָֽה׃ 20 כֵּ֤ן ׀ דֶּ֥רֶךְ אִשָּׁ֗ה מְנָ֫אָ֥פֶת אָ֭כְלָה וּמָ֣חֲתָה פִ֑יהָ וְ֝אָמְרָ֗ה לֹֽא־פָעַ֥לְתִּי אָֽוֶן׃ פ 21 תַּ֣חַת שָׁ֭לוֹשׁ רָ֣גְזָה אֶ֑רֶץ וְתַ֥חַת אַ֝רְבַּ֗ע לֹא־תוּכַ֥ל שְׂאֵֽת׃ 22 תַּֽחַת־עֶ֭בֶד כִּ֣י יִמְל֑וֹךְ וְ֝נָבָ֗ל כִּ֣י יִֽשְׂבַּֽע־לָֽחֶם׃ 23 תַּ֣חַת שְׂ֭נוּאָה כִּ֣י תִבָּעֵ֑ל וְ֝שִׁפְחָ֗ה כִּֽי־תִירַ֥שׁ גְּבִרְתָּֽהּ׃ פ 24 אַרְבָּ֣עָה הֵ֭ם קְטַנֵּי־אָ֑רֶץ וְ֝הֵ֗מָּה חֲכָמִ֥ים מְחֻכָּמִֽים׃ 25 הַ֭נְּמָלִים עַ֣ם לֹא־עָ֑ז וַיָּכִ֖ינוּ בַקַּ֣יִץ לַחְמָֽם׃ 26 שְׁ֭פַנִּים עַ֣ם לֹא־עָצ֑וּם וַיָּשִׂ֖ימוּ בַסֶּ֣לַע בֵּיתָֽם׃ 27 מֶ֭לֶךְ אֵ֣ין לָאַרְבֶּ֑ה וַיֵּצֵ֖א חֹצֵ֣ץ כֻּלּֽוֹ׃ 28 שְׂ֭מָמִית בְּיָדַ֣יִם תְּתַפֵּ֑שׂ וְ֝הִ֗יא בְּהֵ֣יכְלֵי מֶֽלֶךְ׃ פ 29 שְׁלֹשָׁ֣ה הֵ֭מָּה מֵיטִ֣יבֵי צָ֑עַד וְ֝אַרְבָּעָ֗ה מֵיטִ֥בֵי לָֽכֶת׃ 30 לַ֭יִשׁ גִּבּ֣וֹר בַּבְּהֵמָ֑ה וְלֹא־יָ֝שׁ֗וּב מִפְּנֵי־כֹֽל׃ 31 זַרְזִ֣יר מָתְנַ֣יִם אוֹ־תָ֑יִשׁ וּ֝מֶ֗לֶךְ אַלְק֥וּם עִמּֽוֹ׃ 32 אִם־נָבַ֥לְתָּ בְהִתְנַשֵּׂ֑א וְאִם־זַ֝מּ֗וֹתָ יָ֣ד לְפֶֽה׃ 33 כִּ֤י מִ֪יץ חָלָ֡ב י֘וֹצִ֤יא חֶמְאָ֗ה וּֽמִיץ־אַ֭ף י֣וֹצִיא דָ֑ם וּמִ֥יץ אַ֝פַּ֗יִם י֣וֹצִיא רִֽיב׃ פ

JBMLE · Judson Bible

အာ​ဂု​ရ၏​ဆုံး​မ​စ​ကား​များ

1 ယာ​ကေ​သား​အာ​ဂု​ရ​သည် ဣ​သေ​လ​နှင့် ဥ​က​လ​ကို ဆုံး​မ​သော​တ​ရား​စ​ကား​ဟူ​မူ​ကား၊ 2 အ​ကယ်​စင်​စစ် ငါ​သည် လူ​မ​ဟုတ်၊ တိ​ရ​စ္ဆာန်​ဖြစ်၏။ လူ​ဉာဏ်​နှင့် မ​ပြည့်​စုံ။ 3 ပ​ညာ​တ​ရား​ကို မ​သင်၊ သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​လေ့​ကျက်။ 4 ကောင်း​ကင်​ဘုံ​သို့ အ​ဘယ်​သူ​တက်​သ​နည်း။ အ​ဘယ်​သူ ဆင်း​လာ​သ​နည်း။ အ​ဘယ်​သူ​သည် လေ​ကို မိ​မိ​လက်​နှင့် ဆုပ်​ထား​သ​နည်း။ အ​ဘယ်​သူ​သည် ရေ​ကို အ​ဝတ်​နှင့် ထုပ်​ထား​သ​နည်း။ မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​ကို အ​ဘယ်​သူ​တည်​စေ​သ​နည်း။ ထို​သို့​ပြု​သော​သူ၏​အ​မည်​နှင့် သူ၏​သား​အ​မည်​ကား​အ​ဘယ်​သို့​နည်း။ သင်​ပြော​နိုင်​သ​လော။ 5 ဘု​ရား​သ​ခင်၏​စ​ကား​တော်​ရှိ​သ​မျှ​သည် စင်​ကြယ်၏။ ခို​လှုံ​သော​သူ​အ​ပေါင်း​တို့၌ ဘု​ရား​သ​ခင်​သည် အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ 6 စ​ကား​တော်၌ ထပ်၍​မ​သွင်း​နှင့်။ သို့​ပြု​လျှင် အ​ပြစ်​တင်​တော်​မူ၍၊ သင်​သည် မု​သား​သုံး​သော​သူ ဖြစ်​လိမ့်​မည်။

စ​ကား​ပုံ​များ​အ​ဆက်

7 ကိုယ်​တော်​ထံ​မှာ ဆု​နှစ်​ပါး​ကို အ​ကျွန်ုပ်​တောင်း​ပါ၏။ အ​ကျွန်ုပ်​မ​သေ​မီ​တိုင်​အောင် ငြင်း​တော်​မ​မူ​ပါ​နှင့်။ 8 အ​ကျွန်ုပ်​မှ အ​န​တ္တ​နှင့် မု​သား​ကို​ပယ်​တော်​မူ​ပါ။ ဆင်း​ရဲ​ခြင်း​နှင့် ငွေ​ရ​တတ်​ခြင်း​ကို ပေး​တော်​မ​မူ​ပါ​နှင့်။ အ​သက်​မွေး​လောက်​သော​အ​စာ​ကို​သာ ပေး​တော်​မူ​ပါ။ 9 သို့​မ​ဟုတ်၊ အ​ကျွန်ုပ်​သည် ကြွယ်​ဝ၍၊ ထာ​ဝ​ရ​ဘု​ရား​ကား၊ အ​ဘယ်​သူ​နည်း​ဟု​ဆို​လျက်၊ ကိုယ်​တော်​ကို ငြင်း​ပယ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။ သို့​မ​ဟုတ်၊ ဆင်း​ရဲ၍ သူ့​ဥ​စ္စာ​ကို​ခိုး​သ​ဖြင့်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။

10 ကျွန်၏​အ​ကျိုး​ကို ဖျက်​ခြင်း​ငှာ သူ၏​သ​ခင်​ကို မ​ပြော​နှင့်။ ပြော​လျှင်​ကျွန်​သည် သင့်​ကို​ကျိန်​ဆဲ၍၊ သင်၌ အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ 11 အ​ဘ​ကို​ကျိန်​ဆဲ၍ အ​မိ​ကို​လည်း ကောင်း​ချီး​မ​ပေး​တတ်​သော လူ​တစ်​မျိုး၊ 12 ငါ​သည် စင်​ကြယ်၏​ဟု မိ​မိ​ကိုယ်​ထင်​သော်​လည်း၊ မိ​မိ​အ​ညစ်​အ​ကြေး​မှ မ​ဆေး​ကြော​သေး​သော လူ​တစ်​မျိုး၊ 13 အ​လွန်​စိတ်​မြင့်၍ မော်​ကြည့်​တတ်​သော လူ​တစ်​မျိုး၊ 14 ဆင်း​ရဲ​သော​သူ​တို့​ကို မြေ​ကြီး​ပေါ်​က​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​တို့​ကို လူ​စု​ထဲ​က​လည်း​ကောင်း၊ ကိုက်​စား​ပယ်​ရှင်း​စ​ရာ​ဖို့ သန်​လျက်​နှင့်​တူ​သော သွား၊ ဓား​နှင့်​တူ​သော အံ​နှင့် ပြည့်​စုံ​သော လူ​တစ်​မျိုး​ရှိ၏။ 15 မျှော့​ကောင်၌ ပေး​ပါ​နှင့် ပေး​ပါ​ဟူ​သော သ​မီး​နှစ်​ကောင်​ရှိ၏။ အ​လို​ဆ​န္ဒ​မ​ပြေ​နိုင်​သော အ​ရာ​သုံး​ပါး​မ​က၊ တန်​တော့​ဟု မ​ဆို​တတ်​သော အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊ 16 သင်္ချိုင်း​တစ်​ပါး၊ မြုံ​သော​မိန်း​မ ဝမ်း​တစ်​ပါး၊ ရေ​မ​ဝ​နိုင်​သော မြေ​တစ်​ပါး၊ တန်​တော့​ဟု မ​ဆို​တတ်​သော မီး​တစ်​ပါး​တည်း။ 17 အ​ဘ​ကို ကျီ​စား​သော​သူ၊ အ​မိ​စ​ကား​ကို နား​မ​ထောင်၊ မ​ထီ​မဲ့​မြင်​ပြု​သော​သူ၏​မျက်​စိ​ကို ချိုင့်၌​ကျင်​လည်​သော ကျီး​အ​တို့​သည် နှိုက်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ သူငယ်​တို့​သည်​လည်း စား​ကြ​လိမ့်​မည်။ 18 ငါ့​ဉာဏ်​မ​မီ​နိုင်​သော အ​ရာ​သုံး​ပါး​မ​က၊ ငါ​မ​သိ၊ နား​မ​လည်​နိုင်​သော​အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊ 19 လေ၌ ရွှေ​လင်း​တ​သွား​ရာ လမ်း​တစ်​ပါး၊ ကျောက်​ပေါ်​မှာ မြွေ​သွား​ရာ လမ်း​တစ်​ပါး၊ ပင်​လယ်​အ​လယ်၌ သင်္ဘော​သွား​ရာ လမ်း​တစ်​ပါး၊ အ​ပျို​မ​နှင့် ယောက်ျား​သွား​ရာ​လမ်း​တစ်​ပါး​တည်း။ 20 မျောက်​မ​ထား​သော မိန်း​မ​လမ်း​လည်း ထို​အ​တူ​ဖြစ်၏။ အ​စာ​စား​ပြီး​မှ မိ​မိ​ပါး​စပ်​ကို သုတ်၍၊ ဒု​စ​ရိုက်​ကို ငါ​မ​ပြု​မိ​ဟု ဆို​တတ်၏။

21 မြေ​ကြီး​ကို မွှေ​နှောက်​သော​အ​ရာ​သုံး​ပါး​မ​က၊ မြေ​ကြီး​မ​ခံ​နိုင်​သော အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊ 22 မင်း​ပြု​သော ကျွန်​တစ်​ပါး၊ ဝ​စွာ​စား​ရ​သော လူ​မိုက်​တစ်​ပါး၊ 23 လက်​ထပ်​သော မိန်း​မ​ဆိုး​တစ်​ပါး၊ သ​ခင်​မ​ဥ​စ္စာ​ကို အ​မွေ​ခံ​ရ​သော ကျွန်​မ​တစ်​ပါး​တည်း။ 24 မြေ​ကြီး​ပေါ်​မှာ သေး​နုပ်​သော်​လည်း၊ အ​ထူး​သ​ဖြင့် ပ​ညာ​ရှိ​သော အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊ 25 ခွန်​အား​မ​ရှိ​သော အ​မျိုး​ဖြစ်​သော်​လည်း၊ နွေ​ကာ​လ၌ မိ​မိ​စား​စ​ရာ​ကို ပြင်​ဆင်​တတ်​သော ပု​ရွက်​ဆိတ်​တစ်​ပါး၊ 26 မ​သန်​စွမ်း​သော​အ​မျိုး​ဖြစ်​သော်​လည်း၊ ကျောက်​တွင်း၌ နေ​ရာ​ချ​တတ်​သော ရှာ​ဖန်​ယုန်​တစ်​ပါး၊ 27 မင်း​မ​ရှိ​သော်​လည်း၊ တပ်​ဖွဲ့၍ အ​စဉ်​အ​တိုင်း​သွား​တတ်​သော ကျိုင်း​တစ်​ပါး၊ 28 လက်​ဖြင့်​ကိုင်​ဆွဲ၍၊ နန်း​တော်၌​ပင်​နေ​တတ်​သော အိမ်​မြှောင်​တစ်​ပါး​တည်း။ 29 ကောင်း​စွာ​သွား​တတ်​သော အ​ရာ​သုံး​ပါး​မ​က၊ အ​သွား​လှ​သော အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊ 30 တိ​ရ​စ္ဆာန်​တ​ကာ​တို့​ထက် ခွန်​အား​ကြီး၍၊ အ​ဘယ်​သူ​ကို​မျှ မ​ရှောင်​တတ်​သော ခြင်္သေ့​တစ်​ပါး၊ 31 စစ်​မြင်း​တစ်​ပါး၊ ဆိတ်​ထီး​တစ်​ပါး၊ အ​ဘယ်​သူ​မျှ​မ​ဆီး​တား​နိုင်​သော ရှင်​ဘု​ရင်​တစ်​ပါး​တည်း။ 32 သင်​သည် ကိုယ်​ကို​ချီး​မြှောက်၍ မိုက်​သော​အ​မှု​ကို ပြု​မိ​သော်​လည်း​ကောင်း၊ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​မိ​သော်​လည်း​ကောင်း၊ သင်၏​နှုတ်​ကို လက်​နှင့်​ပိတ်​ထား​လော့။ 33 အ​ကယ်​စင်​စစ် နို့​ကို​မွှေ​လျှင် ထော​ပတ်​ထွက်​တတ်၏။ နှာ​ခေါင်း​ကို​ဆွဲ​လိမ်​လျှင် အ​သွေး​ထွက်​တတ်၏။ ထို​နည်း​တူ၊ ဒေါ​သ​ကို​နှိုး​ဆော်​လျှင် ခိုက်​ရန်​ထွက်​တတ်၏။

Todos os capítulos de Proverbs 31
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.