1 הַ֥לְלוּ יָ֨הּ ׀ אַשְׁרֵי־אִ֭ישׁ יָרֵ֣א אֶת־יְהוָ֑ה בְּ֝מִצְוֺתָ֗יו חָפֵ֥ץ מְאֹֽד׃ 2 גִּבּ֣וֹר בָּ֭אָרֶץ יִהְיֶ֣ה זַרְע֑וֹ דּ֭וֹר יְשָׁרִ֣ים יְבֹרָֽךְ׃ 3 הוֹן־וָעֹ֥שֶׁר בְּבֵית֑וֹ וְ֝צִדְקָת֗וֹ עֹמֶ֥דֶת לָעַֽד׃ 4 זָ֘רַ֤ח בַּחֹ֣שֶׁךְ א֭וֹר לַיְשָׁרִ֑ים חַנּ֖וּן וְרַח֣וּם וְצַדִּֽיק׃ 5 טֽוֹב־אִ֭ישׁ חוֹנֵ֣ן וּמַלְוֶ֑ה יְכַלְכֵּ֖ל דְּבָרָ֣יו בְּמִשְׁפָּֽט׃ 6 כִּֽי־לְעוֹלָ֥ם לֹא־יִמּ֑וֹט לְזֵ֥כֶר ע֝וֹלָ֗ם יִהְיֶ֥ה צַדִּֽיק׃ 7 מִשְּׁמוּעָ֣ה רָ֭עָה לֹ֣א יִירָ֑א נָכ֥וֹן לִ֝בּ֗וֹ בָּטֻ֥חַ בַּיהוָֽה׃ 8 סָמ֣וּךְ לִ֭בּוֹ לֹ֣א יִירָ֑א עַ֖ד אֲשֶׁר־יִרְאֶ֣ה בְצָרָֽיו׃ 9 פִּזַּ֤ר ׀ נָ֘תַ֤ן לָאֶבְיוֹנִ֗ים צִ֭דְקָתוֹ עֹמֶ֣דֶת לָעַ֑ד קַ֝רְנ֗וֹ תָּר֥וּם בְּכָבֽוֹד׃ 10 רָ֘שָׁ֤ע יִרְאֶ֨ה ׀ וְכָעָ֗ס שִׁנָּ֣יו יַחֲרֹ֣ק וְנָמָ֑ס תַּאֲוַ֖ת רְשָׁעִ֣ים תֹּאבֵֽד׃
သူတော်ကောင်း၏မင်္ဂလာ
1 ထာဝရဘုရားကိုကြောက်ရွံ့၍၊ ပညတ်တော်တို့၌ အလွန်မွေ့လျော်သောသူသည် မင်္ဂလာရှိ၏။ 2 ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာအားကြီးကြလိမ့်မည်။ ဖြောင့်မတ်သော သူတို့၏အမျိုးအနွယ်သည် မင်္ဂလာရှိတတ်၏။ 3 ထိုသူ၏အိမ်၌ စည်းစိမ်ဥစ္စာကြွယ်ဝ၍၊ သူ၏ကောင်းကျိုးသည် အစဉ်အမြဲတည်တတ်၏။ 4 သဘောဖြောင့်သော သူတို့အဖို့၊ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။ ထိုသို့သောသူသည် ကျေးဇူးပြုတတ်သောသဘောနှင့် သနားစုံမက်တတ်သော သဘောရှိ၍၊ တရားသဖြင့် ပြုတတ်၏။ 5 ကရုဏာစိတ်ရှိ၍ ချေးငှားတတ်သောသူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာကာလ၌ အောင်ခြင်းသို့ ရောက်လိမ့်မည်။ 6 အကယ်စင်စစ် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်။ ဖြောင့်မတ်သောသူသည် အစဉ်အမြဲ အောက်မေ့ဖို့ရာ ဖြစ်လိမ့်မည်။ 7 မကောင်းသော သတင်းကိုမကြောက်ရ၊ စိတ်နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည်တတ်၏။ 8 သူ၏စိတ်နှလုံးသည် မြဲမြံသည်ဖြစ်၍၊ ရန်သူတို့၌ အားမရမီတိုင်အောင်၊ ကြောက်ခြင်းနှင့် လွတ်လိမ့်မည်။ 9 သူသည် စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အားပေးကမ်းပြီ။ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲ တည်တတ်၏။ သူ၏ဦးချိုသည် ဂုဏ်အသရေနှင့် ချီးမြှင့်ခြင်းရှိလိမ့်မည်။၂ကော၊ ၉:၉။10 မတရားသောသူတို့သည် မြင်၍၊ နာကြင်သောစိတ် ရှိကြလိမ့်မည်။ အံသွားခဲကြိတ်၍ ပိန်ချုံးကြလိမ့်မည်။ မတရားသောသူတို့၏အလိုသည် ပျက်စီးရလိမ့်မည်။