1 שִׁ֗יר הַֽמַּ֫עֲל֥וֹת אֶל־יְ֭הוָה בַּצָּרָ֣תָה לִּ֑י קָ֝רָ֗אתִי וַֽיַּעֲנֵֽנִי׃ 2 יְֽהוָ֗ה הַצִּ֣ילָה נַ֭פְשִׁי מִשְּׂפַת־שֶׁ֑קֶר מִלָּשׁ֥וֹן רְמִיָּֽה׃ 3 מַה־יִּתֵּ֣ן לְ֭ךָ וּמַה־יֹּסִ֥יף לָ֗ךְ לָשׁ֥וֹן רְמִיָּֽה׃ 4 חִצֵּ֣י גִבּ֣וֹר שְׁנוּנִ֑ים עִ֝֗ם גַּחֲלֵ֥י רְתָמִֽים׃ 5 אֽוֹיָה־לִ֭י כִּי־גַ֣רְתִּי מֶ֑שֶׁךְ שָׁ֝כַ֗נְתִּי עִֽם־אָהֳלֵ֥י קֵדָֽר׃ 6 רַ֭בַּת שָֽׁכְנָה־לָּ֣הּ נַפְשִׁ֑י עִ֝֗ם שׂוֹנֵ֥א שָׁלֽוֹם׃ 7 אֲֽנִי־שָׁ֭לוֹם וְכִ֣י אֲדַבֵּ֑ר הֵ֝֗מָּה לַמִּלְחָמָֽה׃
ကူမတော်မူရန်ဆုတောင်း
1 အကျွန်ုပ်သည် ဆင်းရဲခံရသောအခါ ထာဝရဘုရားကိုအော်ဟစ်၍၊ ထာဝရဘုရားသည် နားထောင်တော်မူ၏။ 2 အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သစ္စာမရှိသောနှုတ်မှလည်းကောင်း၊ လှည့်စားတတ်သော လျှာမှလည်းကောင်း ကယ်နုတ်တော်မူပါ။ 3 အို လှည့်စားတတ်သောလျှာ၊ သင်သည် အဘယ်ကျေးဇူးရှိသနည်း။ အဘယ်အကျိုးကို ခံရသနည်း။ 4 အားကြီးသောသူ၏ ထက်သောမြားကဲ့သို့လည်းကောင်း၊ ရသမ်သစ်သား မီးခဲကဲ့သို့လည်းကောင်း ဖြစ်၏။ 5 ငါသည် မေရှက်ပြည်၌ တည်းခို၍၊ ကေဒါတဲ၌နေရသည်အရာမှာ အမင်္ဂလာရှိ၏။ 6 ငြိမ်သက်ခြင်းကို မုန်းသောသူတို့နှင့်အတူ၊ ငါ့ဝိညာဉ်သည် ကြာမြင့်စွာနေရပါသည်တကား။ 7 ငါသည် ငြိမ်သက်ခြင်းဘက်မှာ နေ၏။ ငါပြောလျှင်မူကား၊ သူတို့သည် စစ်တိုက်ခြင်းငှာ အလိုရှိကြ၏။