1 שִׁ֥יר הַֽמַּעֲל֗וֹת לְדָ֫וִ֥ד לוּלֵ֣י יְ֭הוָה שֶׁהָ֣יָה לָ֑נוּ יֹֽאמַר־נָ֝א יִשְׂרָאֵֽל׃ 2 לוּלֵ֣י יְ֭הוָה שֶׁהָ֣יָה לָ֑נוּ בְּק֖וּם עָלֵ֣ינוּ אָדָֽם׃ 3 אֲ֭זַי חַיִּ֣ים בְּלָע֑וּנוּ בַּחֲר֖וֹת אַפָּ֣ם בָּֽנוּ׃ 4 אֲ֭זַי הַמַּ֣יִם שְׁטָפ֑וּנוּ נַ֗֜חְלָה עָבַ֥ר עַל־נַפְשֵֽׁנוּ׃ 5 אֲ֭זַי עָבַ֣ר עַל־נַפְשֵׁ֑נוּ הַ֝מַּ֗יִם הַזֵּֽידוֹנִֽים׃ 6 בָּר֥וּךְ יְהוָ֑ה שֶׁלֹּ֥א נְתָנָ֥נוּ טֶ֝֗רֶף לְשִׁנֵּיהֶֽם׃ 7 נַפְשֵׁ֗נוּ כְּצִפּ֥וֹר נִמְלְטָה֮ מִפַּ֪ח י֫וֹקְשִׁ֥ים הַפַּ֥ח נִשְׁבָּ֗ר וַאֲנַ֥חְנוּ נִמְלָֽטְנוּ׃ 8 עֶ֭זְרֵנוּ בְּשֵׁ֣ם יְהוָ֑ה עֹ֝שֵׂ֗ה שָׁמַ֥יִם וָאָֽרֶץ׃
ကွယ်ကာတော်မူသောဘုရားသခင်
1 ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော်မမူလျှင်ဟူသော စကားနှင့်ချီ၍၊ ဣသရေလအမျိုးဆိုရသော စကားဟူမူကား၊ 2 ထာဝရဘုရားသည် ငါတို့ဘက်မှာရှိတော်မမူလျှင်၊ လူတို့သည် ငါတို့ရန်ဘက်၌နေကြသောအခါ၊ 3 အမျက်ထွက်၍ ငါတို့ကို အသက်နှင့်တကွ မျိုကြပြီတကား။ 4 ထိုအခါ ငါတို့ကို ရေသည်၊ လွှမ်းမိုး၍ စီးသောရေသည် ငါတို့ဝိညာဉ်အပေါ်မှာ ကျော်သွားပြီတကား။ 5 စော်ကားသောရေတို့သည် ငါတို့အသက်ဝိညာဉ်အပေါ်မှာ ကျော်သွားကြပြီတကား။ 6 သူတို့သွားနှင့် ကိုက်ခဲရာဖို့ ငါတို့ကိုအပ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ 7 ငှက်သည် မုဆိုးတို့၏ကျော့ကွင်းထဲကလွတ်သကဲ့သို့၊ ငါတို့အသက်သည် လွတ်လျက်ရှိ၏။ ကျော့ကွင်းပြတ်၍ ငါတို့သည် လွတ်ကြပြီ။ 8 ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏နာမတော်အားဖြင့်၊ ငါတို့သည် မစခြင်းကျေးဇူးကို ခံရကြသတည်း။