1 שִׁ֗יר הַֽמַּ֫עֲל֥וֹת בְּשׁ֣וּב יְ֭הוָה אֶת־שִׁיבַ֣ת צִיּ֑וֹן הָ֝יִ֗ינוּ כְּחֹלְמִֽים׃ 2 אָ֤ז יִמָּלֵ֪א שְׂח֡וֹק פִּינוּ֮ וּלְשׁוֹנֵ֪נוּ רִ֫נָּ֥ה אָ֭ז יֹאמְר֣וּ בַגּוֹיִ֑ם הִגְדִּ֥יל יְ֝הוָ֗ה לַעֲשׂ֥וֹת עִם־אֵֽלֶּה׃ 3 הִגְדִּ֣יל יְ֭הוָה לַעֲשׂ֥וֹת עִמָּ֗נוּ הָיִ֥ינוּ שְׂמֵחִֽים׃ 4 שׁוּבָ֣ה יְ֭הוָה אֶת־שבותנו כַּאֲפִיקִ֥ים בַּנֶּֽגֶב׃ 5 הַזֹּרְעִ֥ים בְּדִמְעָ֗ה בְּרִנָּ֥ה יִקְצֹֽרוּ׃ 6 הָ֘ל֤וֹךְ יֵלֵ֨ךְ ׀ וּבָכֹה֮ נֹשֵׂ֪א מֶֽשֶׁךְ־הַ֫זָּ֥רַע בֹּֽ֬א־יָב֥וֹא בְרִנָּ֑ה נֹ֝שֵׂ֗א אֲלֻמֹּתָֽיו׃
ရွှင်လန်းစွာရိတ်သိမ်းခြင်း
1 ဖမ်းသွားချုပ်ထားသော ဇိအုန်သားတို့ကို ထာဝရဘုရားပြန်လာစေတော်မူသောအခါ၊ ငါတို့သည် အိပ်မက်သောသူကဲ့သို့ ဖြစ်ကြ၏။ 2 ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့်လည်းကောင်း၊ ငါတို့လျှာသည် သီချင်းဆိုခြင်းနှင့်လည်းကောင်း ပြည့်ဝ၏။ တစ်ပါးအမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် သူတို့အဖို့ ကြီးသောအမှုကိုပြုတော်မူပြီဟု ဆိုကြ၏။ 3 ထာဝရဘုရားသည် ငါတို့အဖို့ ကြီးသောအမှုကိုပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက်နေကြ၏။ 4 အိုထာဝရဘုရား၊ ဖမ်းသွားချုပ်ထားခြင်းကိုခံရသော အကျွန်ုပ်တို့ကို တောင်မျက်နှာချောင်းရေကဲ့သို့ တစ်ဖန် ပြန်လာစေတော်မူပါ။ 5 မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။ 6 မျက်ရည်ကျလျက် ကြဲရန်မျိုးစေ့ကိုဆောင်၍ ထွက်သွားသောသူသည်၊ ကောက်လှိုင်းများကိုဆောင်လျက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည်။