1 שִׁ֗יר הַֽמַּ֫עֲל֥וֹת רַ֭בַּת צְרָר֣וּנִי מִנְּעוּרַ֑י יֹֽאמַר־נָ֝א יִשְׂרָאֵֽל׃ 2 רַ֭בַּת צְרָר֣וּנִי מִנְּעוּרָ֑י גַּ֝ם לֹא־יָ֥כְלוּ לִֽי׃ 3 עַל־גַּ֭בִּי חָרְשׁ֣וּ חֹרְשִׁ֑ים הֶ֝אֱרִ֗יכוּ למענותם׃ 4 יְהוָ֥ה צַדִּ֑יק קִ֝צֵּ֗ץ עֲב֣וֹת רְשָׁעִֽים׃ 5 יֵ֭בֹשׁוּ וְיִסֹּ֣גוּ אָח֑וֹר כֹּ֝֗ל שֹׂנְאֵ֥י צִיּֽוֹן׃ 6 יִ֭הְיוּ כַּחֲצִ֣יר גַּגּ֑וֹת שֶׁקַּדְמַ֖ת שָׁלַ֣ף יָבֵֽשׁ׃ 7 שֶׁלֹּ֤א מִלֵּ֖א כַפּ֥וֹ קוֹצֵ֗ר וְחִצְנ֥וֹ מְעַמֵּֽר׃ 8 וְלֹ֤א אָֽמְר֨וּ ׀ הָעֹבְרִ֗ים בִּרְכַּֽת־יְהוָ֥ה אֲלֵיכֶ֑ם בֵּרַ֥כְנוּ אֶ֝תְכֶ֗ם בְּשֵׁ֣ם יְהוָֽה׃
ရန်သူများရှုံးနိမ့်စေရန်ဆုတောင်း
1 ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတစ်ပါးတို့သည် ညှဉ်းဆဲကြပြီဟူသော စကားနှင့်ချီ၍၊ ဣသရေလအမျိုးဆိုရသော စကားဟူမူကား၊ 2 ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတစ်ပါးတို့သည် ညှဉ်းဆဲကြပြီ။ သို့သော်လည်း ငါ့ကိုမနိုင်ကြ။ 3 ထွန်သောသူတို့သည် ငါ့ကျောပေါ်မှာထွန်၍၊ ရှည်သော ထွန်ကြောင်းတို့ကို ဖြစ်စေကြ၏။ 4 ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ မတရားသောသူတို့၏ ကြိုးတို့ကို ဖြတ်တော်မူပြီ။ 5 ဇိအုန်မြို့ကို မုန်းသောသူအပေါင်းတို့သည် ရှက်ကြောက်၍ လှန်ခြင်းကို ခံရကြပါစေ။ 6 အိမ်မိုးပေါ်မှာပေါက်၍၊ အဘယ်သူမျှမနုတ်ဘဲ ညှိုးနွမ်းတတ်သော မြက်ပင်ကဲ့သို့ ဖြစ်ကြပါစေ။ 7 ထိုမြက်ပင်ကိုရိတ်သောသူသည် လက်တစ်ဆုပ်မျှ မရ။ စည်းသောသူလည်း လက်တစ်ပွေ့မျှမရ။ 8 လမ်း၌ လျှောက်သွားသောသူတို့ကလည်း၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာသက်ရောက်ပါစေသော။ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ သင်တို့ကို ကောင်းချီးပေးကြ၏ဟု မပြောမဆိုရကြ။