1 תְּפִלָּ֗ה לְדָ֫וִ֥ד שִׁמְעָ֤ה יְהוָ֨ה ׀ צֶ֗דֶק הַקְשִׁ֥יבָה רִנָּתִ֗י הַאֲזִ֥ינָה תְפִלָּתִ֑י בְּ֝לֹ֗א שִׂפְתֵ֥י מִרְמָֽה׃ 2 מִ֭לְּפָנֶיךָ מִשְׁפָּטִ֣י יֵצֵ֑א עֵ֝ינֶ֗יךָ תֶּחֱזֶ֥ינָה מֵישָׁרִֽים׃ 3 בָּ֘חַ֤נְתָּ לִבִּ֨י ׀ פָּ֘קַ֤דְתָּ לַּ֗יְלָה צְרַפְתַּ֥נִי בַל־תִּמְצָ֑א זַ֝מֹּתִ֗י בַּל־יַעֲבָר־פִּֽי׃ 4 לִפְעֻלּ֣וֹת אָ֭דָם בִּדְבַ֣ר שְׂפָתֶ֑יךָ אֲנִ֥י שָׁ֝מַ֗רְתִּי אָרְח֥וֹת פָּרִֽיץ׃ 5 תָּמֹ֣ךְ אֲ֭שֻׁרַי בְּמַעְגְּלוֹתֶ֑יךָ בַּל־נָמ֥וֹטּוּ פְעָמָֽי׃ 6 אֲנִֽי־קְרָאתִ֣יךָ כִֽי־תַעֲנֵ֣נִי אֵ֑ל הַֽט־אָזְנְךָ֥ לִ֝֗י שְׁמַ֣ע אִמְרָתִֽי׃ 7 הַפְלֵ֣ה חֲ֭סָדֶיךָ מוֹשִׁ֣יעַ חוֹסִ֑ים מִ֝מִּתְקוֹמְמִ֗ים בִּֽימִינֶֽךָ׃ 8 שָׁ֭מְרֵנִי כְּאִישׁ֣וֹן בַּת־עָ֑יִן בְּצֵ֥ל כְּ֝נָפֶ֗יךָ תַּסְתִּירֵֽנִי׃ 9 מִפְּנֵ֣י רְ֭שָׁעִים ז֣וּ שַׁדּ֑וּנִי אֹיְבַ֥י בְּ֝נֶ֗פֶשׁ יַקִּ֥יפוּ עָלָֽי׃ 10 חֶלְבָּ֥מוֹ סָּגְר֑וּ פִּ֝֗ימוֹ דִּבְּר֥וּ בְגֵאֽוּת׃ 11 אַ֭שֻּׁרֵינוּ עַתָּ֣ה סבבוני עֵינֵיהֶ֥ם יָ֝שִׁ֗יתוּ לִנְט֥וֹת בָּאָֽרֶץ׃ 12 דִּמְיֹנ֗וֹ כְּ֭אַרְיֵה יִכְס֣וֹף לִטְר֑וֹף וְ֝כִכְפִ֗יר יֹשֵׁ֥ב בְּמִסְתָּרִֽים׃ 13 קוּמָ֤ה יְהוָ֗ה קַדְּמָ֣ה פָ֭נָיו הַכְרִיעֵ֑הוּ פַּלְּטָ֥ה נַ֝פְשִׁ֗י מֵרָשָׁ֥ע חַרְבֶּֽךָ׃ 14 מִֽמְתִ֥ים יָדְךָ֨ ׀ יְהוָ֡ה מִֽמְתִ֬ים מֵחֶ֗לֶד חֶלְקָ֥ם בַּֽחַיִּים֮ וצפינך תְּמַלֵּ֪א בִ֫טְנָ֥ם יִשְׂבְּע֥וּ בָנִ֑ים וְהִנִּ֥יחוּ יִ֝תְרָ֗ם לְעוֹלְלֵיהֶֽם׃ 15 אֲנִ֗י בְּ֭צֶדֶק אֶחֱזֶ֣ה פָנֶ֑יךָ אֶשְׂבְּעָ֥ה בְ֝הָקִ֗יץ תְּמוּנָתֶֽךָ׃
ဖိနှိပ်ခြင်းမှလွတ်မြောက်ရန်ဆုတောင်း
1 အိုထာဝရဘုရား၊ တရားသောဘက်မှာနေ၍ အကျွန်ုပ်အော်ဟစ်ခြင်းကိုမှတ်တော်မူပါ။ မလှည့်စားတတ်သောနှုတ်နှင့် ဆုတောင်းသောပတ္ထနာစကားကို နားထောင်တော်မူပါ။ 2 ကိုယ်တော်တိုင် အကျွန်ုပ်ကိုစီရင်၍ ဖြောင့်မတ်သောအရာကို ထောက်ရှုတော်မူပါ။ 3 အကျွန်ုပ်နှလုံးကိုစစ်ဆေးတော်မူပါ။ ညအခါ အကျွန်ုပ်ကို အကြည့်အရှုကြွလာတော်မူပါ။ အကျွန်ုပ်ကို စစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူရာ။ အကျွန်ုပ်အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ။ 4 လူပြုတတ်သော အမှုများမှာ၊ ဖျက်ဆီးတတ်သောသူ၏လမ်းတို့ကို နှုတ်ကပတ်တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ။ 5 လမ်းခရီးတော်၌ အကျွန်ုပ်သွားစဉ်တွင် ခြေမချော်စေခြင်းငှာ ထောက်မတော်မူပါ။ 6 အိုဘုရားသခင်၊ ကိုယ်တော်သည် နားထောင်တော်မူတတ်သောကြောင့် အကျွန်ုပ်သည်တောင်းလျှောက်ပါ၏။ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နာယူတော်မူပါ။
7 ကိုယ်တော်ကို ခိုလှုံသောသူတို့ကို သူပုန်တို့လက်မှ၊ လက်ယာလက်တော်အားဖြင့် ကယ်နုတ်တော်မူသောဘုရား၊ ထူးဆန်းသော မေတ္တာကျေးဇူးတော်ကို ပြတော်မူပါ။ 8,9 အကျွန်ုပ်ကို ညှဉ်းဆဲသောလူဆိုးတည်းဟူသော အကျွန်ုပ်ကို ဝိုင်း၍သတ်လိုသော ရန်သူတို့လက်မှ အကျွန်ုပ်ကို လွတ်စေခြင်းငှာ၊ မျက်ဆန်ကဲ့သို့ အကျွန်ုပ်ကိုစောင့်မတော်မူပါ။ အတောင်တော်အရိပ်ထဲမှာ ဖုံးအုပ်တော်မူပါ။ 10 သူတို့သည် မိမိတို့ဆူဝခြင်းကို ကိုးစား၍ ထောင်လွှားစော်ကားစွာ ပြောဆိုကြပါ၏။ 11 အကျွန်ုပ်တို့သွားသောလမ်းကို ယခုဝိုင်းမိကြပါပြီ။ အကျွန်ုပ်တို့ကို မြေပေါ်မှာလှဲခြင်းငှာ မျက်စိနှင့် ရွယ်ကြပါ၏။ 12 ဖမ်းမိသောအကောင်ကို စားချင်အားကြီးသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ဆိတ်ကွယ်ရာအရပ်၌ ချောင်း၍နေသော ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း ဖြစ်ကြပါ၏။ 13 အိုထာဝရဘုရား၊ ထတော်မူပါ။ သူတို့ကိုဆီးတား၍ လှဲချတော်မူပါ။ မတရားသောသူတို့လက်မှ အကျွန်ုပ်အသက်ကို ဓားတော်ဖြင့် ကယ်လွှတ်တော်မူပါ။ 14 အိုထာဝရဘုရား၊ လောကီသားဖြစ်သောထိုလူတို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ်တော်မူပါ။ ထိုသူတို့သည် ယခုဘဝမှာ မိမိတို့အဖို့ကို ခံရကြပါ၏။ သူတို့အလိုကို ဘဏ္ဍာတော်နှင့် ပြည့်စုံစေတော်မူ၏။ သူတို့သားသမီးတို့သည်လည်း ကြွယ်ဝ၍၊ မြေးမြစ်စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။ 15 အကျွန်ုပ်မူကားဖြောင့်မတ်၍ မျက်နှာတော်ကိုဖူးမြင်ရပါလိမ့်မည်။ နိုးသောအခါ ပုံသဏ္ဌာန်တော်အားဖြင့် အကျွန်ုပ်အလို ပြည့်စုံရပါလိမ့်မည်။