1 לְדָוִ֨ד ׀ שָׁפְטֵ֤נִי יְהוָ֗ה כִּֽי־אֲ֭נִי בְּתֻמִּ֣י הָלַ֑כְתִּי וּבַיהוָ֥ה בָּ֝טַ֗חְתִּי לֹ֣א אֶמְעָֽד׃ 2 בְּחָנֵ֣נִי יְהוָ֣ה וְנַסֵּ֑נִי צרופה כִלְיוֹתַ֣י וְלִבִּֽי׃ 3 כִּֽי־חַ֭סְדְּךָ לְנֶ֣גֶד עֵינָ֑י וְ֝הִתְהַלַּ֗כְתִּי בַּאֲמִתֶּֽךָ׃ 4 לֹא־יָ֭שַׁבְתִּי עִם־מְתֵי־שָׁ֑וְא וְעִ֥ם נַ֝עֲלָמִ֗ים לֹ֣א אָבֽוֹא׃ 5 שָׂ֭נֵאתִי קְהַ֣ל מְרֵעִ֑ים וְעִם־רְ֝שָׁעִ֗ים לֹ֣א אֵשֵֽׁב׃ 6 אֶרְחַ֣ץ בְּנִקָּי֣וֹן כַּפָּ֑י וַאֲסֹבְבָ֖ה אֶת־מִזְבַּחֲךָ֣ יְהוָֽה׃ 7 לַ֭שְׁמִעַ בְּק֣וֹל תּוֹדָ֑ה וּ֝לְסַפֵּ֗ר כָּל־נִפְלְאוֹתֶֽיךָ׃ 8 יְֽהוָ֗ה אָ֭הַבְתִּי מְע֣וֹן בֵּיתֶ֑ךָ וּ֝מְק֗וֹם מִשְׁכַּ֥ן כְּבוֹדֶֽךָ׃ 9 אַל־תֶּאֱסֹ֣ף עִם־חַטָּאִ֣ים נַפְשִׁ֑י וְעִם־אַנְשֵׁ֖י דָמִ֣ים חַיָּֽי׃ 10 אֲשֶׁר־בִּידֵיהֶ֥ם זִמָּ֑ה וִֽ֝ימִינָ֗ם מָ֣לְאָה שֹּֽׁחַד׃ 11 וַ֭אֲנִי בְּתֻמִּ֥י אֵלֵ֗ךְ פְּדֵ֣נִי וְחָנֵּֽנִי׃ 12 רַ֭גְלִי עָֽמְדָ֣ה בְמִישׁ֑וֹר בְּ֝מַקְהֵלִ֗ים אֲבָרֵ֥ךְ יְהוָֽה׃
သူတော်ကောင်းဆုတောင်း
1 အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောကြောင့်၊ အကျွန်ုပ်ဘက်၌ တရားစီရင်တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရားကိုခိုလှုံ၍၊ ရွေ့လျော့ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။ 2 အိုထာဝရဘုရား၊ အကျွန်ုပ်ကိုစစ်ဆေးစုံစမ်း၍၊ နှလုံးကျောက်ကပ်ကို ဆေးကြောတော်မူပါ။ 3 အကျွန်ုပ်သည် မေတ္တာကျေးဇူးတော်ကို မျက်မှောက်ပြု၍၊ သစ္စာတရားတော်နှင့်အညီ ကျင့်ပါ၏။ 4 လျှပ်ပေါ်သော လူတို့နှင့်အတူ မထိုင်ပါ။ လျှို့ဝှက်သော လူစုထဲသို့ မဝင်ပါ။ 5 မတရားသောသူတို့၏စည်းဝေးခြင်းကို မုန်းပါ၏။ ဆိုးသွမ်းသော သူတို့နှင့်အတူ မထိုင်ပါ။ 6 ကျေးဇူးတော်ကို ချီးမြှောက်သောအသံနှင့် မြွက်ဆို၍၊ 7 အံ့ဩဖွယ်သော အမှုတော်အလုံးစုံတို့ကို ကြားပြောခြင်းငှာ၊ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ်ကင်းခြင်းနှင့်ဆေး၍၊ ယဇ်ပလ္လင်တော်ကို ဝန်းရံလျက်နေပါသည်၊ ထာဝရဘုရား။
8 အိုထာဝရဘုရား၊ အိမ်တော်သည် အိမ်တော်တည်ရာကိုလည်းကောင်း၊ ဘုန်းတော်ထင်ရှားသော အရပ်ဌာနကိုလည်းကောင်း အကျွန်ုပ်နှစ်သက်ပါ၏။ 9 ပြစ်မှားသောသူတို့နှင့်အတူ အကျွန်ုပ်၏ဝိညာဉ်ကိုလည်းကောင်း၊ လူအသက်ကိုသတ်သော သူတို့နှင့်အတူ အကျွန်ုပ်အသက်ကိုလည်းကောင်း ချုပ်ထားတော်မမူပါနှင့်။ 10 သူတို့လက်သည် မကောင်းသောအကြံအစည်၌ ကျင်လည်၍၊ သူတို့လက်ယာလက်သည်လည်း တံစိုးနှင့် ပြည့်ဝပါ၏။ 11 အကျွန်ုပ်မူကား၊ ဖြောင့်မတ်ခြင်းလမ်းသို့လိုက်ပါ၏။ အကျွန်ုပ်ကို ရွေးနုတ်၍ ကယ်မသနားတော်မူပါ။ 12 အကျွန်ုပ်သည် ညီညွတ်သောအရပ်၌ နေရာကျ၍၊ ပရိသတ်အလယ်မှာ ထာဝရဘုရားကို ကောင်းချီးပေးပါမည်။