Pular para o conteúdo
Publicidade Remover anúncios

Psalms 35

WLC · Westminster Leningrad Codex

1 לְדָוִ֨ד ׀ רִיבָ֣ה יְ֭הוָה אֶת־יְרִיבַ֑י לְ֝חַ֗ם אֶת־לֹֽחֲמָֽי׃ 2 הַחֲזֵ֣ק מָגֵ֣ן וְצִנָּ֑ה וְ֝ק֗וּמָה בְּעֶזְרָתִֽי׃ 3 וְהָ֘רֵ֤ק חֲנִ֣ית וּ֭סְגֹר לִקְרַ֣את רֹדְפָ֑י אֱמֹ֥ר לְ֝נַפְשִׁ֗י יְֽשֻׁעָתֵ֥ךְ אָֽנִי׃ 4 יֵבֹ֣שׁוּ וְיִכָּלְמוּ֮ מְבַקְשֵׁ֪י נַ֫פְשִׁ֥י יִסֹּ֣גוּ אָח֣וֹר וְיַחְפְּר֑וּ חֹ֝שְׁבֵ֗י רָעָתִֽי׃ 5 יִֽהְי֗וּ כְּמֹ֥ץ לִפְנֵי־ר֑וּחַ וּמַלְאַ֖ךְ יְהוָ֣ה דּוֹחֶֽה׃ 6 יְֽהִי־דַרְכָּ֗ם חֹ֥שֶׁךְ וַחֲלַקְלַקּ֑וֹת וּמַלְאַ֥ךְ יְ֝הוָ֗ה רֹדְפָֽם׃ 7 כִּֽי־חִנָּ֣ם טָֽמְנוּ־לִ֭י שַׁ֣חַת רִשְׁתָּ֑ם חִ֝נָּ֗ם חָפְר֥וּ לְנַפְשִֽׁי׃ 8 תְּבוֹאֵ֣הוּ שׁוֹאָה֮ לֹֽא־יֵ֫דָ֥ע וְרִשְׁתּ֣וֹ אֲשֶׁר־טָמַ֣ן תִּלְכְּד֑וֹ בְּ֝שׁוֹאָ֗ה יִפָּל־בָּֽהּ׃ 9 וְ֭נַפְשִׁי תָּגִ֣יל בַּיהוָ֑ה תָּ֝שִׂישׂ בִּישׁוּעָתֽוֹ׃ 10 כָּ֥ל עַצְמוֹתַ֨י ׀ תֹּאמַרְנָה֮ יְהוָ֗ה מִ֥י כָ֫מ֥וֹךָ מַצִּ֣יל עָ֭נִי מֵחָזָ֣ק מִמֶּ֑נּוּ וְעָנִ֥י וְ֝אֶבְי֗וֹן מִגֹּזְלֽוֹ׃ 11 יְ֭קוּמוּן עֵדֵ֣י חָמָ֑ס אֲשֶׁ֥ר לֹא־יָ֝דַ֗עְתִּי יִשְׁאָלֽוּנִי׃ 12 יְשַׁלְּמ֣וּנִי רָ֭עָה תַּ֥חַת טוֹבָ֗ה שְׁכ֣וֹל לְנַפְשִֽׁי׃ 13 וַאֲנִ֤י ׀ בַּחֲלוֹתָ֡ם לְב֬וּשִׁי שָׂ֗ק עִנֵּ֣יתִי בַצּ֣וֹם נַפְשִׁ֑י וּ֝תְפִלָּתִ֗י עַל־חֵיקִ֥י תָשֽׁוּב׃ 14 כְּרֵֽעַ־כְּאָ֣ח לִ֭י הִתְהַלָּ֑כְתִּי כַּאֲבֶל־אֵ֝֗ם קֹדֵ֥ר שַׁחֽוֹתִי׃ 15 וּבְצַלְעִי֮ שָׂמְח֪וּ וְֽנֶאֱ֫סָ֥פוּ נֶאֶסְפ֬וּ עָלַ֣י נֵ֭כִים וְלֹ֣א יָדַ֑עְתִּי קָֽרְע֥וּ וְלֹא־דָֽמּוּ׃ 16 בְּ֭חַנְפֵי לַעֲגֵ֣י מָע֑וֹג חָרֹ֖ק עָלַ֣י שִׁנֵּֽימוֹ׃ 17 אֲדֹנָי֮ כַּמָּ֪ה תִּ֫רְאֶ֥ה הָשִׁ֣יבָה נַ֭פְשִׁי מִשֹּׁאֵיהֶ֑ם מִ֝כְּפִירִ֗ים יְחִידָתִֽי׃ 18 א֭וֹדְךָ בְּקָהָ֣ל רָ֑ב בְּעַ֖ם עָצ֣וּם אֲהַֽלְלֶֽךָּ׃ 19 אַֽל־יִשְׂמְחוּ־לִ֣י אֹיְבַ֣י שֶׁ֑קֶר שֹׂנְאַ֥י חִ֝נָּ֗ם יִקְרְצוּ־עָֽיִן׃ 20 כִּ֤י לֹ֥א שָׁל֗וֹם יְדַ֫בֵּ֥רוּ וְעַ֥ל רִגְעֵי־אֶ֑רֶץ דִּבְרֵ֥י מִ֝רְמוֹת יַחֲשֹׁבֽוּן׃ 21 וַיַּרְחִ֥יבוּ עָלַ֗י פִּ֫יהֶ֥ם אָ֭מְרוּ הֶאָ֣ח ׀ הֶאָ֑ח רָאֲתָ֥ה עֵינֵֽינוּ׃ 22 רָאִ֣יתָה יְ֭הוָה אַֽל־תֶּחֱרַ֑שׁ אֲ֝דֹנָ֗י אֲל־תִּרְחַ֥ק מִמֶּֽנִּי׃ 23 הָעִ֣ירָה וְ֭הָקִיצָה לְמִשְׁפָּטִ֑י אֱלֹהַ֖י וַֽאדֹנָ֣י לְרִיבִֽי׃ 24 שָׁפְטֵ֣נִי כְ֭צִדְקְךָ יְהוָ֥ה אֱלֹהָ֗י וְאַל־יִשְׂמְחוּ־לִֽי׃ 25 אַל־יֹאמְר֣וּ בְ֭לִבָּם הֶאָ֣ח נַפְשֵׁ֑נוּ אַל־יֹ֝אמְר֗וּ בִּֽלַּעֲנֽוּהוּ׃ 26 יֵ֘בֹ֤שׁוּ וְיַחְפְּר֨וּ ׀ יַחְדָּו֮ שְׂמֵחֵ֪י רָעָ֫תִ֥י יִֽלְבְּשׁוּ־בֹ֥שֶׁת וּכְלִמָּ֑ה הַֽמַּגְדִּילִ֥ים עָלָֽי׃ 27 יָרֹ֣נּוּ וְיִשְׂמְחוּ֮ חֲפֵצֵ֪י צִ֫דְקִ֥י וְיֹאמְר֣וּ תָ֭מִיד יִגְדַּ֣ל יְהוָ֑ה הֶ֝חָפֵ֗ץ שְׁל֣וֹם עַבְדּֽוֹ׃ 28 וּ֭לְשׁוֹנִי תֶּהְגֶּ֣ה צִדְקֶ֑ךָ כָּל־הַ֝יּוֹם תְּהִלָּתֶֽךָ׃

JBMLE · Judson Bible

ကူ​မ​တော်​မူ​ရန်​ဆု​တောင်းခြင်း

1 အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၌ ဆန့်​ကျင်​ဘက်​ပြု​သော​သူ​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို စစ်​တိုက်​သော​သူ​တို့​ကို တိုက်​တော်​မူ​ပါ။ 2 ဒိုင်း​လွှား​ကို​ကိုင်၍ အ​ကျွန်ုပ်​ကို​ကူ​ညီ​ခြင်း​ငှာ ထ​တော်​မူ​ပါ။ 3 အ​ကျွန်ုပ်​ကို လိုက်​သော​သူ​တို့​ရှေ့၌ လှံ​တော်​ကို​ရွယ်၍ ဆီး​တား​တော်​မူ​ပါ။ ငါ​သည် သင်၌​ချမ်း​သာ​ပေး​သော သူ​ပေ​တည်း​ဟု အ​ကျွန်ုပ်၏​ဝိ​ညာဉ်​အား မိန့်​တော်​မူ​ပါ။ 4 အ​ကျွန်ုပ်​အ​သက်​ကို ရှာ​သော​သူ​တို့​သည် အ​ရှက်​ကွဲ၍ မျက်​နှာ​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​ကို အ​န္တ​ရာယ်​ပြု​မည်​ဟု ကြံ​စည်​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။ 5 ထို​သူ​တို့​သည် လေ​တိုက်​သော​ဖွဲ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား၏​တ​မန်​သည်​လည်း သူ​တို့​ကို လှဲ​ပါ​စေ​သော။ 6 သူ​တို့​သွား​သော​လမ်း​သည် မိုက်​သော​လမ်း၊ ချော​သော​လမ်း ဖြစ်​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား၏ တ​မန်​သည်​လည်း သူ​တို့​ကို လိုက်​ပါ​စေ​သော။ 7 အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​အ​ဖို့ ကျော့​ကွင်း​ကို ဝှက်​ထား​ကြ​ပါ​ပြီ။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​အ​သက်​ကို သတ်​စ​ရာ​ဖို့​တွင်း​ကို တူး​ကြ​ပါ​ပြီ။ 8 ထို​သို့​သော​သူ​သည် အ​မှတ်​တ​မဲ့​ပျက်​စီး​ခြင်း​သို့ ရောက်​ပါ​စေ​သော။ မိ​မိ​ဝှက်​ထား​သော ကျော့​ကွင်း​သည် မိ​မိ​ကို ကျော့​မိ​ပါ​စေ​သော။ မိ​မိ​တွင်း​ထဲ​သို့ မိ​မိ​ကျ​ပါ​စေ​သော။ 9 သို့​ဖြစ်​လျှင်၊ ငါ၏​ဝိ​ညာဉ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ခြင်း​ရှိ​လိမ့်​မည်။ ကယ်​တင်​တော်​မူ​ခြင်း အ​ကြောင်း​ကို​လည်း အ​မှီ​ပြု၍ စိတ်​ရွှင်​လန်း​မြူး​ထူး​ခြင်း​ရှိ​လိမ့်​မည်။ 10 အ​ကျွန်ုပ်​အ​ရိုး ရှိ​သ​မျှ​တို့​က​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​စိုး​တ​ရ​ပြု​သော​သူ၏​လက်​မှ ဆင်း​ရဲ​သား​ကို နုတ်​တော်​မူ၍၊ လု​ယူ​ဖျက်​ဆီး​တတ်​သော​သူ၏​လက်၌ ဆင်း​ရဲ​ငတ်​မွတ်​လျက် ခံ​နေ​ရ​သော​သူ​ကို ချမ်း​သာ​ပေး​တော်​မူ​တတ်​သော ကိုယ်​တော်​နှင့် အ​ဘယ်​သူ​တူ​ပါ​သ​နည်း​ဟု လျှောက်​ဆို​ကြ​မည်။

11 မ​မှန်​သော​သက်​သေ​တို့​သည် ပေါ်​လာ၍၊ ငါ​မ​သိ​သော​မှု​ပြစ်​တို့​ကို ငါ့​အ​ပေါ်​မှာ တင်​ကြ၏။ 12 ငါ​ပြု​သော​ကျေး​ဇူး​အ​တွက် သူ​တို့​သည် ငါ့​အ​သက်​ကို လု​ယူ​ခြင်း​တည်း​ဟူ​သော မ​ကောင်း​သော​အ​ရာ​ကို ဆပ်​ပေး​ကြ၏။ 13 ငါ​မူ​ကား၊ သူ​တို့၌ အ​နာ​ရော​ဂါ​စွဲ​သော​အ​ခါ၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​ဆင်​လျက် အ​စာ​ကို​ရှောင်၍ ခြိုး​ခြံ​စွာ ကျင့်​လေ၏။ ကိုယ်​ရင်​ခွင်​ကို မျက်​နှာ​ပြု​လျက် ဆု​တောင်း​လေ၏။ 14 သူ​တို့​ကို ငါ၏​မိတ်​ဆွေ၊ ငါ၏​ညီ​အစ်​ကို​ကဲ့​သို့ သ​ဘော​ထား၍ ငါ​ပြု၏။ ကိုယ်​အ​မိ​ကို​အောက်​မေ့၍၊ စိတ်​မ​သာ​ညည်း​တွား​သော​သူ​ကဲ့​သို့ ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက် တ​မှိုင်​မှိုင်​နေ​လေ၏။ 15 ငါ​လဲ​သော​အ​ခါ​မူ​ကား၊ သူ​တို့​သည် ဝမ်း​မြောက်၍ စည်း​ဝေး​ကြ၏။ ရိုက်​ပုတ်​သော​သူ​တို့​သည် ငါ့​တစ်​ဖက်၌ စည်း​ဝေး​ကြ၏။ သူ​တို့​ကို​လည်း ငါ​မ​သိ​ရ။ မ​ရပ်​မ​နား​ဘဲ ငါ့​ကို​ဆွဲ​ဖြတ်​ကြ၏။ 16 ပွဲ၌​ခ​စား​တတ်​သော လူ​ဆိုး​တို့​နှင့်​အ​တူ ငါ့​ကို အံ​သွား​ခဲ​ကြိတ်​ကြ၏။

17 အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​ကြည့်​ရှု၍ နေ​တော်​မူ​မည်​နည်း။ အ​ကျွန်ုပ်​အ​သက်​ကို သူ​တို့​ပြု​သော ဘေး​ဥ​ပဒ်​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​အ​ချစ်​ဆုံး​ကို ခြင်္သေ့​တို့​မှ​လည်း​ကောင်း ကယ်​လွှတ်​တော်​မူ​ပါ။ 18 ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု မ​ဟာ​ပ​ရိ​သတ်​အ​လယ်​မှာ အ​ကျွန်ုပ်​ဝန်​ခံ​ပါ​မည်။ များ​စွာ​သော​လူ​စု​တွင် ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ 19 မ​ဟုတ်​မ​မှန်​ဘဲ အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု​သော သူ​တို့​သည် အောင်​ပွဲ​ကို မ​ခံ​ကြ​ပါ​စေ​နှင့်။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို​မုန်း​သော သူ​တို့​လည်း မျက်​စိ​စွေ​ပြ​ခြင်း​ကို မ​ပြု​ကြ​ပါ​စေ​နှင့်။ဆာ၊ ၆၉:၄။ ယော၊ ၁၅:၂၅။20 အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အ​မှု​ငြိမ်း​စေ​သော စ​ကား​ကို မ​ပြော​ကြ​ပါ။ ငြိမ်​ဝပ်​စွာ​နေ​သော ပြည်​သား​တို့​တစ်​ဖက်၌ လျှို့​ဝှက်​သော​အ​မှု​များ​ကို ကြံ​စည်​ကြ​ပါ၏။ 21 အ​ကျွန်ုပ်​ကို​ပါး​စပ်​ဟ၍ အေ့​ဟေ၊ အေ့​ဟေ၊ ငါ​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်​ရ​ပြီ​ဟု ဆို​ကြ​ပါ၏။

22 အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သိ​မြင်​တော်​မူ၏။ အို​ဘု​ရား​ရှင်၊ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ 23 အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်၏​အ​ရှင်၊ အ​ကျွန်ုပ်၌​ရောက်​သော​အ​မှု​ကို စီ​ရင်​တော်​မူ​မည်​အ​ကြောင်း ကိုယ်​ကို​နှိုး​ဆော်၍ ထ​တော်​မူ​ပါ။ 24 အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ​ခြင်း​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​အ​မှု​ကို ဆုံး​ဖြတ်​တော်​မူ​ပါ။ သူ​တို့​သည် အ​ကျွန်ုပ်​ကို​နိုင်၍ ဝမ်း​မ​မြောက်​ကြ​ပါ​စေ​နှင့်။ 25 အဲ၊ ငါ​တို့​အ​လို​ပြည့်​စုံ​ပြီ​ဟု မ​အောက်​မေ့​ကြ​ပါ​စေ​နှင့်။ ငါ​တို့​သည် သူ့​ကို​မျို​ပြီ​ဟု၊ မ​ပြော​ကြ​ပါ​စေ​နှင့်။ 26 အ​ကျွန်ုပ်၌ ဘေး​ရောက်​သည်​အ​ကြောင်း​ကို ဝမ်း​မြောက်​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ၍ မျက်​နှာ​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​တစ်​ဖက်၌ ကိုယ်​ကို ချီး​မြှောက်​တတ်​သော သူ​တို့​အ​ပေါ်​မှာ အ​သ​ရေ​ပျက်​ခြင်း​နှင့် ရှက်​ကြောက်​ခြင်း သက်​ရောက်​ပါ​စေ​သော။ 27 အ​ကျွန်ုပ်၏​ဟုတ်​မှန်​ခြင်း​ဘက်၌ နေ​သော​သူ​တို့​သည် ရွှင်​လန်း​စွာ​သီ​ချင်း​ဆို၍ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။ မိ​မိ​ကျွန်၌ ချမ်း​သာ​တိုး​ပွား​ခြင်း​အ​ကြောင်း​ကို နှစ်​သက်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း​ဟု၊ သူ​တို့​သည် အ​စဉ်​မ​ပြတ် မြွက်​ဆို​ကြ​ပါ​စေ​သော။ 28 အ​ကျွန်ုပ်​သည်​လည်း၊ ကိုယ်​တော်၏ ဖြောင့်​မတ်​တော်​မူ​ခြင်း​အ​ကြောင်း​အ​ရာ​ကို မြွက်​ဆို၍ အ​စဉ်​မ​ပြတ် ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။

Todos os capítulos de Psalms 150
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66
  67. 67
  68. 68
  69. 69
  70. 70
  71. 71
  72. 72
  73. 73
  74. 74
  75. 75
  76. 76
  77. 77
  78. 78
  79. 79
  80. 80
  81. 81
  82. 82
  83. 83
  84. 84
  85. 85
  86. 86
  87. 87
  88. 88
  89. 89
  90. 90
  91. 91
  92. 92
  93. 93
  94. 94
  95. 95
  96. 96
  97. 97
  98. 98
  99. 99
  100. 100
  101. 101
  102. 102
  103. 103
  104. 104
  105. 105
  106. 106
  107. 107
  108. 108
  109. 109
  110. 110
  111. 111
  112. 112
  113. 113
  114. 114
  115. 115
  116. 116
  117. 117
  118. 118
  119. 119
  120. 120
  121. 121
  122. 122
  123. 123
  124. 124
  125. 125
  126. 126
  127. 127
  128. 128
  129. 129
  130. 130
  131. 131
  132. 132
  133. 133
  134. 134
  135. 135
  136. 136
  137. 137
  138. 138
  139. 139
  140. 140
  141. 141
  142. 142
  143. 143
  144. 144
  145. 145
  146. 146
  147. 147
  148. 148
  149. 149
  150. 150

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.