1 לַמְנַצֵּ֬חַ ׀ לִבְנֵי־קֹ֬רַח מִזְמֽוֹר׃ 2 כָּֽל־הָ֭עַמִּים תִּקְעוּ־כָ֑ף הָרִ֥יעוּ לֵ֝אלֹהִ֗ים בְּק֣וֹל רִנָּֽה׃ 3 כִּֽי־יְהוָ֣ה עֶלְי֣וֹן נוֹרָ֑א מֶ֥לֶךְ גָּ֝דוֹל עַל־כָּל־הָאָֽרֶץ׃ 4 יַדְבֵּ֣ר עַמִּ֣ים תַּחְתֵּ֑ינוּ וּ֝לְאֻמִּ֗ים תַּ֣חַת רַגְלֵֽינוּ׃ 5 יִבְחַר־לָ֥נוּ אֶת־נַחֲלָתֵ֑נוּ אֶ֥ת גְּא֨וֹן יַעֲקֹ֖ב אֲשֶׁר־אָהֵ֣ב סֶֽלָה׃ 6 עָלָ֣ה אֱ֭לֹהִים בִּתְרוּעָ֑ה יְ֝הֹוָ֗ה בְּק֣וֹל שׁוֹפָֽר׃ 7 זַמְּר֣וּ אֱלֹהִ֣ים זַמֵּ֑רוּ זַמְּר֖וּ לְמַלְכֵּ֣נוּ זַמֵּֽרוּ׃ 8 כִּ֤י מֶ֖לֶךְ כָּל־הָאָ֥רֶץ אֱלֹהִ֗ים זַמְּר֥וּ מַשְׂכִּֽיל׃ 9 מָלַ֣ךְ אֱ֭לֹהִים עַל־גּוֹיִ֑ם אֱ֝לֹהִ֗ים יָשַׁ֤ב ׀ עַל־כִּסֵּ֬א קָדְשֽׁוֹ׃ 10 נְדִ֘יבֵ֤י עַמִּ֨ים ׀ נֶאֱסָ֗פוּ עַם֮ אֱלֹהֵ֪י אַבְרָ֫הָ֥ם כִּ֣י לֵֽ֭אלֹהִים מָֽגִנֵּי־אֶ֗רֶץ מְאֹ֣ד נַעֲלָֽה׃
တန်ခိုးအကြီးဆုံးဘုရင်
1 လူများအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ဘုရားသခင်ထံသို့ အောင်သံကိုလွှင့်၍ ကြွေးကြော်ကြလော့။ 2 အကြောင်းမူကား၊ အမြင့်ဆုံးသောထာဝရဘုရားသည် ကြောက်မက်ဖွယ်သောဘုရား၊ မြေကြီးတစ်ပြင်လုံးကို အစိုးရသော မဟာမင်းကြီးဖြစ်တော်မူ၏။ 3 လူစုတို့ကို ငါတို့အောက်၌လည်းကောင်း၊ လူမျိုးတို့ကို ငါတို့ခြေအောက်၌လည်းကောင်း နှိမ့်ချတော်မူ၏။ 4 ချစ်တော်မူသောယာကုပ်၏ဘုန်းဖြစ်သော ငါတို့အမွေကို ငါတို့အဖို့ ရွေးပေးတော်မူ၏။
5 ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင်တက်တော်မူ၏။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရား တက်တော်မူ၏။ 6 ဘုရားသခင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ ငါတို့၏ရှင်ဘုရင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ 7 အကြောင်းမူကား၊ ဘုရားသခင်သည် မြေကြီး တစ်ပြင်လုံးကိုအစိုးရသော မင်းဖြစ်တော်မူ၏။ ချီးမွမ်းခြင်း ထောမနာသီချင်းကို ဆိုကြလော့။ 8 ဘုရားသခင်သည် လူမျိုးတို့တွင်စိုးစံတော်မူ၏။ ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။ 9 လူမျိုးတို့၏အကြီးအကဲတို့သည် အာဗြဟံ ကိုးကွယ်သော ဘုရားသခင်၏လူမျိုးထံမှာ စုဝေးလျက်ရှိကြ၏။ အကြောင်းမူကား၊ မြေကြီးတန်ခိုးများကို ဘုရားသခင်ပိုင်တော်မူ၏။ အထူးသဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။