1 לַמְנַצֵּ֤חַ ׀ עַל־י֬וֹנַת אֵ֣לֶם רְ֭חֹקִים לְדָוִ֣ד מִכְתָּ֑ם בֶּֽאֱחֹ֨ז אֹת֖וֹ פְלִשְׁתִּ֣ים בְּגַֽת׃ 2 חָנֵּ֣נִי אֱ֭לֹהִים כִּֽי־שְׁאָפַ֣נִי אֱנ֑וֹשׁ כָּל־הַ֝יּ֗וֹם לֹחֵ֥ם יִלְחָצֵֽנִי׃ 3 שָׁאֲפ֣וּ שׁ֭וֹרְרַי כָּל־הַיּ֑וֹם כִּֽי־רַבִּ֨ים לֹחֲמִ֖ים לִ֣י מָרֽוֹם׃ 4 י֥וֹם אִירָ֑א אֲ֝נִ֗י אֵלֶ֥יךָ אֶבְטָֽח׃ 5 בֵּאלֹהִים֮ אֲהַלֵּ֪ל דְּבָ֫ר֥וֹ בֵּאלֹהִ֣ים בָּ֭טַחְתִּי לֹ֣א אִירָ֑א מַה־יַּעֲשֶׂ֖ה בָשָׂ֣ר לִֽי׃ 6 כָּל־הַ֭יּוֹם דְּבָרַ֣י יְעַצֵּ֑בוּ עָלַ֖י כָּל־מַחְשְׁבֹתָ֣ם לָרָֽע׃ 7 יָג֤וּרוּ ׀ יצפינו הֵ֭מָּה עֲקֵבַ֣י יִשְׁמֹ֑רוּ כַּ֝אֲשֶׁ֗ר קִוּ֥וּ נַפְשִֽׁי׃ 8 עַל־אָ֥וֶן פַּלֶּט־לָ֑מוֹ בְּ֝אַ֗ף עַמִּ֤ים ׀ הוֹרֵ֬ד אֱלֹהִֽים׃ 9 נֹדִי֮ סָפַ֪רְתָּ֫ה אָ֥תָּה שִׂ֣ימָה דִמְעָתִ֣י בְנֹאדֶ֑ךָ הֲ֝לֹ֗א בְּסִפְרָתֶֽךָ׃ 10 אָ֥֨ז יָ֘שׁ֤וּבוּ אוֹיְבַ֣י אָ֭חוֹר בְּי֣וֹם אֶקְרָ֑א זֶה־יָ֝דַ֗עְתִּי כִּֽי־אֱלֹהִ֥ים לִֽי׃ 11 בֵּֽ֭אלֹהִים אֲהַלֵּ֣ל דָּבָ֑ר בַּ֝יהוָ֗ה אֲהַלֵּ֥ל דָּבָֽר׃ 12 בֵּֽאלֹהִ֣ים בָּ֭טַחְתִּי לֹ֣א אִירָ֑א מַה־יַּעֲשֶׂ֖ה אָדָ֣ם לִֽי׃ 13 עָלַ֣י אֱלֹהִ֣ים נְדָרֶ֑יךָ אֲשַׁלֵּ֖ם תּוֹדֹ֣ת לָֽךְ׃ 14 כִּ֤י הִצַּ֪לְתָּ נַפְשִׁ֡י מִמָּוֶת֮ הֲלֹ֥א רַגְלַ֗י מִ֫דֶּ֥חִי לְ֭הִֽתְהַלֵּךְ לִפְנֵ֣י אֱלֹהִ֑ים בְּ֝א֗וֹר הַֽחַיִּֽים׃
ယုံကြည်ကိုးစားသူ၏ဆုတောင်း
"ဒါဝိဒ်သည် ဂါသမြို့မှာ ဖိလိတ္တိလူတို့လက်သို့ရောက်သောအခါ စပ်ဆိုသောဆာလံ။"
1 အိုဘုရားသခင်၊ အကျွန်ုပ်ကိုသနားတော်မူပါ။ လူတို့သည် ကိုက်စားအံ့သောဒေါသနှင့် နေ့တိုင်းတိုက်၍ အကျွန်ုပ်ကို နှိပ်စက်ကြပါ၏။ 2 ရန်သူတို့သည် နေ့တိုင်း ကိုက်စားအံ့သောဒေါသရှိ၍ မြင့်သောစိတ်နှင့် အကျွန်ုပ်ကိုတိုက်သောသူ အများရှိကြပါ၏။ 3 အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော်၌ ခိုလှုံပါမည်။ 4 ဘုရားသခင်ကိုအမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားပါမည်။ ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌ အဘယ်သို့ပြုနိုင်သနည်း။ 5 သူတို့သည် နေ့တိုင်း ငါ့စကားကို အလွဲယူကြ၏။ ငါ၌မကောင်းသောအကြံကိုသာ ကြံစည်ကြ၏။ 6 ငါ့အသက်ကို စောင့်စဉ်အခါ စုဝေး၍ ချောင်းမြောင်းလျက်၊ ငါ့ခြေရာတို့ကို ကြည့်မှတ်ကြ၏။ 7 သူတို့သည် မတရားသောအမှုအားဖြင့် လွှတ်ခြင်းသို့ရောက်ရပါမည်လော။ အိုဘုရားသခင်၊ ထိုလူများတို့ကို အမျက်တော်ထွက်၍ လှဲတော်မူပါ။
8 အကျွန်ုပ်သည် အရပ်ရပ်လည်ရသော အခြင်းအရာတို့ကို ကိုယ်တော်မှတ်၍ အကျွန်ုပ်မျက်ရည်တို့ကို ဘူးတော်ထဲမှာ ထည့်တော်မူပါ။ စာရင်းတော်၌ရှိပါသည် မဟုတ်လော။ 9 ဘုရားသခင်သည် ငါ့ဘက်မှာနေတော်မူသောကြောင့်၊ ငါအော်ဟစ်သောအခါ ရန်သူတို့သည် လှန်ခြင်းကိုခံရကြမည်ကို ငါသိ၏။ 10 ဘုရားသခင်ကိုအမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားမည်။ ထာဝရဘုရားကို အမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားမည်။ 11 ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌အဘယ်သို့ ပြုနိုင်သနည်း။ 12 အိုဘုရားသခင်၊ အကျွန်ုပ်သည် ရှေ့တော်၌သစ္စာပြုပါသည်ဖြစ်၍၊ သစ္စာဝတ်ကိုဖြေလျက် ကိုယ်တော်ကို ချီးမွမ်းပါမည်။ 13 ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်းမှ ကယ်လွှတ်တော်မူပြီ။ အသက်ရှင်သောသူတို့၏အလင်းထဲမှာ ဘုရားသခင့်ရှေ့တော်၌ အကျွန်ုပ်ကျင့်နေပါမည်အကြောင်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှ ကယ်လွှတ်တော်မူမည် မဟုတ်လော။