1 יְהוָ֣ה מָ֭לָךְ יִרְגְּז֣וּ עַמִּ֑ים יֹשֵׁ֥ב כְּ֝רוּבִ֗ים תָּנ֥וּט הָאָֽרֶץ׃ 2 יְ֭הוָה בְּצִיּ֣וֹן גָּד֑וֹל וְרָ֥ם ה֝֗וּא עַל־כָּל־הָֽעַמִּֽים׃ 3 יוֹד֣וּ שִׁ֭מְךָ גָּד֥וֹל וְנוֹרָ֗א קָד֥וֹשׁ הֽוּא׃ 4 וְעֹ֥ז מֶלֶךְ֮ מִשְׁפָּ֪ט אָ֫הֵ֥ב אַ֭תָּה כּוֹנַ֣נְתָּ מֵישָׁרִ֑ים מִשְׁפָּ֥ט וּ֝צְדָקָ֗ה בְּיַעֲקֹ֤ב ׀ אַתָּ֬ה עָשִֽׂיתָ׃ 5 רֽוֹמְמ֡וּ יְה֘וָ֤ה אֱלֹהֵ֗ינוּ וְֽ֭הִשְׁתַּחֲווּ לַהֲדֹ֥ם רַגְלָ֗יו קָד֥וֹשׁ הֽוּא׃ 6 מֹ֘שֶׁ֤ה וְאַהֲרֹ֨ן ׀ בְּֽכֹהֲנָ֗יו וּ֭שְׁמוּאֵל בְּקֹרְאֵ֣י שְׁמ֑וֹ קֹרִ֥אים אֶל־יְ֝הוָ֗ה וְה֣וּא יַעֲנֵֽם׃ 7 בְּעַמּ֣וּד עָ֭נָן יְדַבֵּ֣ר אֲלֵיהֶ֑ם שָׁמְר֥וּ עֵ֝דֹתָ֗יו וְחֹ֣ק נָֽתַן־לָֽמוֹ׃ 8 יְהוָ֣ה אֱלֹהֵינוּ֮ אַתָּ֪ה עֲנִ֫יתָ֥ם אֵ֣ל נֹ֭שֵׂא הָיִ֣יתָ לָהֶ֑ם וְ֝נֹקֵ֗ם עַל־עֲלִילוֹתָֽם׃ 9 רֽוֹמְמ֡וּ יְה֘וָ֤ה אֱלֹהֵ֗ינוּ וְ֭הִֽשְׁתַּחֲווּ לְהַ֣ר קָדְשׁ֑וֹ כִּֽי־קָ֝ד֗וֹשׁ יְהוָ֥ה אֱלֹהֵֽינוּ׃
ဘုရားသခင်၏သန့်ရှင်းခြင်း
1 ထာဝရဘုရားသည် စိုးစံတော်မူ၏။ လူများတို့သည် တုန်လှုပ်ခြင်းရှိကြစေ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူ၏။ မြေကြီးသည် လှုပ်ရှားခြင်းရှိစေ။ထွ၊ ၂၅:၂၂။2 ထာဝရဘုရားသည် ဇိအုန်တောင်မှာ ကြီးမြတ်တော်မူ၏။ လူများအပေါင်းတို့ထက် ချီးမြှောက်ခြင်းရှိတော်မူ၏။ 3 ကြီးမြတ်၍ ကြောက်ရွံ့ဖွယ်သော နာမတော်ကိုချီးမွမ်းကြစေ။ အကြောင်းမူကား၊ နာမတော်သည် သန့်ရှင်းခြင်းရှိသတည်း။ 4 တရားကိုနှစ်သက်သော ရှင်ဘုရင်၏တန်ခိုးတော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည် မှန်သောစီရင်ခြင်းကို တည်စေတော်မူ၏။ ယာကုပ်အမျိုး၌ တရားသဖြင့်ပြု၍၊ ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ၏။ 5 ငါတို့ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ ခြေတော်တင်ရာခုံအောက်၌ ပျပ်ဝပ်ကိုးကွယ်ကြလော့။ အကြောင်းမူကား ကိုယ်တော်သည် သန့်ရှင်းတော်မူသတည်း။
6 ယဇ်ပုရောဟိတ်မောရှေနှင့် အာရုန်၊ နာမတော်ကို ပတ္ထနာပြုသောသူ ရှမွေလ၊ ဤသူတို့သည် ထာဝရဘုရားကို ပတ္ထနာပြု၍၊ ကိုယ်တော်သည် ထူးတော်မူ၏။ 7 သူတို့အား မိုးတိမ်တိုင်ထဲက မိန့်တော်မူ၏။ သူတို့သည်လည်း၊ သက်သေခံတော်မူချက်များကိုလည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကိုလည်းကောင်း စောင့်ရှောက်ကြ၏။ထွ၊ ၃၃:၉။8 အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။ သူတို့အမှုကြောင့် အပြစ်ပေးသော်လည်း၊ သူတို့ကို သည်းခံသောဘုရား ဖြစ်တော်မူ၏။ 9 ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ သန့်ရှင်းသောတောင်တော်မှာ ပျပ်ဝပ်ကိုးကွယ်ကြလော့။ အကြောင်းမူကား၊ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူသတည်း။