Pular para o conteúdo
Publicidade Remover anúncios

Zechariah 11

WLC · Westminster Leningrad Codex

1 פְּתַ֥ח לְבָנ֖וֹן דְּלָתֶ֑יךָ וְתֹאכַ֥ל אֵ֖שׁ בַּאֲרָזֶֽיךָ׃ 2 הֵילֵ֤ל בְּרוֹשׁ֙ כִּֽי־נָ֣פַל אֶ֔רֶז אֲשֶׁ֥ר אַדִּרִ֖ים שֻׁדָּ֑דוּ הֵילִ֨ילוּ֙ אַלּוֹנֵ֣י בָשָׁ֔ן כִּ֥י יָרַ֖ד יַ֥עַר הבצור׃ 3 ק֚וֹל יִֽלְלַ֣ת הָרֹעִ֔ים כִּ֥י שֻׁדְּדָ֖ה אַדַּרְתָּ֑ם ק֚וֹל שַׁאֲגַ֣ת כְּפִירִ֔ים כִּ֥י שֻׁדַּ֖ד גְּא֥וֹן הַיַּרְדֵּֽן׃ ס 4 כֹּ֥ה אָמַ֖ר יְהוָ֣ה אֱלֹהָ֑י רְעֵ֖ה אֶת־צֹ֥אן הַהֲרֵגָֽה׃ 5 אֲשֶׁ֨ר קֹנֵיהֶ֤ן יַֽהֲרְגֻן֙ וְלֹ֣א יֶאְשָׁ֔מוּ וּמֹכְרֵיהֶ֣ן יֹאמַ֔ר בָּר֥וּךְ יְהוָ֖ה וַאעְשִׁ֑ר וְרֹ֣עֵיהֶ֔ם לֹ֥א יַחְמ֖וֹל עֲלֵיהֶֽן׃ 6 כִּ֠י לֹ֣א אֶחְמ֥וֹל ע֛וֹד עַל־יֹשְׁבֵ֥י הָאָ֖רֶץ נְאֻם־יְהוָ֑ה וְהִנֵּ֨ה אָנֹכִ֜י מַמְצִ֣יא אֶת־הָאָדָ֗ם אִ֤ישׁ בְּיַד־רֵעֵ֨הוּ֙ וּבְיַ֣ד מַלְכּ֔וֹ וְכִתְּתוּ֙ אֶת־הָאָ֔רֶץ וְלֹ֥א אַצִּ֖יל מִיָּדָֽם׃ 7 וָֽאֶרְעֶה֙ אֶת־צֹ֣אן הַֽהֲרֵגָ֔ה לָכֵ֖ן עֲנִיֵּ֣י הַצֹּ֑אן וָאֶקַּֽח־לִ֞י שְׁנֵ֣י מַקְל֗וֹת לְאַחַ֞ד קָרָ֤אתִי נֹ֨עַם֙ וּלְאַחַד֙ קָרָ֣אתִי חֹֽבְלִ֔ים וָאֶרְעֶ֖ה אֶת־הַצֹּֽאן׃ 8 וָאַכְחִ֛ד אֶת־שְׁלֹ֥שֶׁת הָרֹעִ֖ים בְּיֶ֣רַח אֶחָ֑ד וַתִּקְצַ֤ר נַפְשִׁי֙ בָּהֶ֔ם וְגַם־נַפְשָׁ֖ם בָּחֲלָ֥ה בִֽי׃ 9 וָאֹמַ֕ר לֹ֥א אֶרְעֶ֖ה אֶתְכֶ֑ם הַמֵּתָ֣ה תָמ֗וּת וְהַנִּכְחֶ֨דֶת֙ תִּכָּחֵ֔ד וְהַ֨נִּשְׁאָר֔וֹת תֹּאכַ֕לְנָה אִשָּׁ֖ה אֶת־בְּשַׂ֥ר רְעוּתָֽהּ׃ 10 וָאֶקַּ֤ח אֶת־מַקְלִי֙ אֶת־נֹ֔עַם וָאֶגְדַּ֖ע אֹת֑וֹ לְהָפֵיר֙ אֶת־בְּרִיתִ֔י אֲשֶׁ֥ר כָּרַ֖תִּי אֶת־כָּל־הָעַמִּֽים׃ 11 וַתֻּפַ֖ר בַּיּ֣וֹם הַה֑וּא וַיֵּדְע֨וּ כֵ֜ן עֲנִיֵּ֤י הַצֹּאן֙ הַשֹּׁמְרִ֣ים אֹתִ֔י כִּ֥י דְבַר־יְהוָ֖ה הֽוּא׃ 12 וָאֹמַ֣ר אֲלֵיהֶ֗ם אִם־ט֧וֹב בְּעֵינֵיכֶ֛ם הָב֥וּ שְׂכָרִ֖י וְאִם־לֹ֣א ׀ חֲדָ֑לוּ וַיִּשְׁקְל֥וּ אֶת־שְׂכָרִ֖י שְׁלֹשִׁ֥ים כָּֽסֶף׃ 13 וַיֹּ֨אמֶר יְהוָ֜ה אֵלַ֗י הַשְׁלִיכֵ֨הוּ֙ אֶל־הַיּוֹצֵ֔ר אֶ֣דֶר הַיְקָ֔ר אֲשֶׁ֥ר יָקַ֖רְתִּי מֵֽעֲלֵיהֶ֑ם וָֽאֶקְחָה֙ שְׁלֹשִׁ֣ים הַכֶּ֔סֶף וָאַשְׁלִ֥יךְ אֹת֛וֹ בֵּ֥ית יְהוָ֖ה אֶל־הַיּוֹצֵֽר׃ 14 וָֽאֶגְדַּע֙ אֶת־מַקְלִ֣י הַשֵּׁנִ֔י אֵ֖ת הַחֹֽבְלִ֑ים לְהָפֵר֙ אֶת־הָֽאַחֲוָ֔ה בֵּ֥ין יְהוּדָ֖ה וּבֵ֥ין יִשְׂרָאֵֽל׃ ס 15 וַיֹּ֥אמֶר יְהוָ֖ה אֵלָ֑י ע֣וֹד קַח־לְךָ֔ כְּלִ֖י רֹעֶ֥ה אֱוִלִֽי׃ 16 כִּ֣י הִנֵּֽה־אָנֹכִי֩ מֵקִ֨ים רֹעֶ֜ה בָּאָ֗רֶץ הַנִּכְחָד֤וֹת לֹֽא־יִפְקֹד֙ הַנַּ֣עַר לֹֽא־יְבַקֵּ֔שׁ וְהַנִּשְׁבֶּ֖רֶת לֹ֣א יְרַפֵּ֑א הַנִּצָּבָה֙ לֹ֣א יְכַלְכֵּ֔ל וּבְשַׂ֤ר הַבְּרִיאָה֙ יֹאכַ֔ל וּפַרְסֵיהֶ֖ן יְפָרֵֽק׃ ס 17 ה֣וֹי רֹעִ֤י הָֽאֱלִיל֙ עֹזְבִ֣י הַצֹּ֔אן חֶ֥רֶב עַל־זְרוֹע֖וֹ וְעַל־עֵ֣ין יְמִינ֑וֹ זְרֹעוֹ֙ יָב֣וֹשׁ תִּיבָ֔שׁ וְעֵ֥ין יְמִינ֖וֹ כָּהֹ֥ה תִכְהֶֽה׃ ס

JBMLE · Judson Bible

1 အို လေ​ဗ​နုန်​တောင်၊ သင်၏​အာ​ရဇ်​ပင်​တို့​ကို မီး​လောင်​စေ​ခြင်း​ငှာ သင်၏​တံ​ခါး​တို့​ကို ဖွင့်​လော့။ 2 အို ထင်း​ရှူး​ပင်၊ အာ​ရဇ်​ပင်​လဲ​သော​ကြောင့် မြည်​တမ်း​လော့။ မြတ်​သော​အ​ပင်​တို့​သည် ပျက်​စီး​ကြ​ပြီ။ အို ဗာ​ရှန်​သ​ပိတ်​ပင်​တို့၊ ခိုင်​ခံ့​သော​တော​ကို ခုတ်​လှဲ​သော​ကြောင့် မြည်​တမ်း​ကြ​လော့။ 3 သိုး​ထိန်း​တို့​သည် မိ​မိ​တို့​အ​သ​ရေ​ပျက်​သော​ကြောင့်၊ မြည်​တမ်း​သော​အ​သံ​ကို ပြု​ကြ၏။ ယော်​ဒန်​မြစ်၏ ဂုဏ်​အ​သ​ရေ​ပျက်​သော​ကြောင့်၊ ခြင်္သေ့​ပျို​ဟောက်​သော​အ​သံ​ကို ကြား​ရ၏။

မိုက်သောသိုး​ထိန်း

4 ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သတ်​ဖို့​ရာ​ထား​သော ဤ​သိုး​စု​ကို ကျွေး​မွေး​လော့။ 5 ပိုင်​သော​သူ​တို့​သည် သတ်၍ ကိုယ်​အ​ပြစ်​ရှိ​သည်​ကို မ​သိ​ကြ။ ရောင်း​စား​သော သူ​တို့​က​လည်း၊ ငါ​ရ​တတ်​သည်​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ဆို​ကြ၏။ သိုး​ထိန်း​တို့​သည်​လည်း သ​နား​ခြင်း က​ရု​ဏာ​မ​ရှိ​ကြ။ 6 ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ပြည်​သူ​ပြည်​သား​တို့​ကို နောက်​တစ်​ဖန်​မ​သ​နား၊ မ​နှ​မြော​ဘဲ၊ လူ​အ​သီး​အ​သီး​တို့​ကို အိမ်​နီး​ချင်း​လက်​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​လက်​သို့​လည်း​ကောင်း အပ်​သ​ဖြင့်၊ သူ​တို့​သည် တစ်​ပြည်​လုံး​ကို နှိပ်​စက်​ကြ​လိမ့်​မည်။ သူ​တို့​လက်​မှ ငါ​မ​ကယ်​လွှတ်​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။

7 ထို​သို့ သတ်​ဖို့​ရာ​ထား​သော သိုး​စု​တည်း​ဟူ​သော၊ ဆင်း​ရဲ​သော​သိုး​တို့​ကို ငါ​ကျွေး​မွေး​ရ၏။ သိုး​ထိန်း တောင်​ဝှေး​နှစ်​စင်း​ကို​ယူ၍၊ တစ်​စင်း​ကို ကျေး​ဇူး​ဟူ၍​လည်း​ကောင်း၊ တစ်​စင်း​ကို အ​နှောင်​အ​ဖွဲ့​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​လျက်၊ သိုး​စု​ကို ကျွေး​မွေး၏။ 8 သိုး​ထိန်း​သုံး​ယောက်​ကို​လည်း တစ်​လ​တွင် ငါ​ပယ်​ဖြတ်၏။ သူ​တို့​ကြောင့် ငါ့​စိတ်​ငြီး​ငွေ့၏။ သူ​တို့​သည်​လည်း ငါ့​ကို ရွံ​ရှာ​ကြ၏။ 9 နောက်​တစ်​ဖန် သင်​တို့​ကို ငါ​မ​ကျွေး။ သေ​သော အ​ကောင်​သည် သေ​ပါ​လေ​စေ။ အ​သတ်​ခံ​ရ​သော အ​ကောင်​သည် ခံ​ရ​ပါ​လေ​စေ။ ကျန်​ကြွင်း​သော​အ​ကောင်​တို့​သည် တစ်​ကောင်​ကို​တစ်​ကောင် စား​ပါ​လေ​စေ​ဟု ငါ​ဆို​လျက်၊ 10 ခပ်​သိမ်း​သော​လူ​မျိုး​တို့​နှင့် အ​ရင်​ဖွဲ့​သော ပ​ဋိ​ညာဉ်​ကို ဖျက်​လို၍၊ ကျေး​ဇူး​အ​မည်​ရှိ​သော ငါ၏​တောင်​ဝှေး​ကို ယူ၍ ချိုး၏။ 11 ထို​ပ​ဋိ​ညာဉ်​သည် ထို​နေ့၌​ပျက်​သော​ကြောင့်၊ ငါ့​ကို​အ​မှီ​ပြု​သော သိုး​ဆင်း​ရဲ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​လည်​ကြ၏။ 12 တစ်​ဖန် ငါ​က၊ ငါ​ရ​ထိုက်​သော အ​ခ​ကို​ပေး​အံ့​သော​ငှာ၊ သင်​တို့​သည် အ​လို​ရှိ​လျှင် ပေး​ကြ​လော့။ အ​လို​မ​ရှိ​လျှင် မ​ပေး​ကြ​နှင့်​ဟု ဆို​သော်၊ သူ​တို့​သည် ငါ့​အား အ​ခ​ပေး​အံ့​သော​ငှာ ငွေ​သုံး​ဆယ်​ကို ချိန်​ကြ၏။မ၊ ၂၆:၁၅။13 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​ငွေ​ကို အိုး​ထိန်း​သ​မား​ရှေ့​မှာ ပစ်​ချ​လော့။ ငါ့​ကို အ​ဖိုး​ဖြတ်၍ ငွေ​များ​လှ​သည်​တ​ကား​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​ငွေ​သုံး​ဆယ်​ကို ငါ​ယူ၍ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၌ အိုး​ထိန်း​သ​မား​ရှေ့​မှာ ပစ်​ချ၏။မ၊ ၂၇:၉-၁၀။14 ထို​အ​ခါ ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို ဖျက်​လို၍၊ အ​နှောင်​အ​ဖွဲ့​အ​မည်​ရှိ​သော အ​ခြား​တောင်​ဝှေး​ကို ငါ​ချိုး၏။

15 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ မိုက်​သော သိုး​ထိန်း၏​တန်​ဆာ​တို့​ကို သိမ်း​ယူ​လော့။ 16 အ​ကြောင်း​မူ​ကား၊ ဤ​ပြည်၌ သိုး​ထိန်း​တစ်​ဦး​ကို ငါ​ပေါ်​ထွန်း​စေ​မည်။ သူ​သည် အ​သတ်​ခံ​ရ​သော အ​ကောင်​ကို မ​ကြည့်​မ​ရှု၊ လမ်း​လွဲ​သော​အ​ကောင်ကို မ​ရှာ၊ နာ​သော​အ​ကောင်​ကို အ​နာ​ပျောက်​စေ​ခြင်း​ငှာ မ​ပြု၊ ရပ်​နေ​သော အ​ကောင်​ကို မ​မ​စ၊ ဆူ​သော​အ​ကောင်​တို့​ကို စား​လိမ့်​မည်။ သူ​တို့ ခွာ​ကို​လည်း ချိုး​ဖဲ့​လိမ့်​မည်။ 17 သိုး​စု​ကို စွန့်​ပစ်​သော အ​ချည်း​နှီး​သိုး​ထိန်း​သည် အ​မင်္ဂ​လာ ရှိ​စေ​သ​တည်း။ သူ၏​လက်​ရုံး​နှင့် လက်​ယာ​မျက်​စိ၌ ဓား​ဘေး ရောက်​လိမ့်​မည်။ လက်​ရုံး​သည် အ​ကုန်​အ​စင် ခြောက်​ကပ်​လိမ့်​မည်။ လက်​ယာ​မျက်​စိ​သည် အ​ကုန်​အ​စင်​မိုက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

Todos os capítulos de Zechariah 14
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.