Pular para o conteúdo
Publicidade Remover anúncios

Zechariah 7

WLC · Westminster Leningrad Codex

1 וַֽיְהִי֙ בִּשְׁנַ֣ת אַרְבַּ֔ע לְדָרְיָ֖וֶשׁ הַמֶּ֑לֶךְ הָיָ֨ה דְבַר־יְהוָ֜ה אֶל־זְכַרְיָ֗ה בְּאַרְבָּעָ֛ה לַחֹ֥דֶשׁ הַתְּשִׁעִ֖י בְּכִסְלֵֽו׃ 2 וַיִּשְׁלַח֙ בֵּֽית־אֵ֔ל שַׂר־אֶ֕צֶר וְרֶ֥גֶם מֶ֖לֶךְ וַֽאֲנָשָׁ֑יו לְחַלּ֖וֹת אֶת־פְּנֵ֥י יְהוָֽה׃ 3 לֵאמֹ֗ר אֶל־הַכֹּֽהֲנִים֙ אֲשֶׁר֙ לְבֵית־יְהוָ֣ה צְבָא֔וֹת וְאֶל־הַנְּבִיאִ֖ים לֵאמֹ֑ר הַֽאֶבְכֶּה֙ בַּחֹ֣דֶשׁ הַחֲמִשִׁ֔י הִנָּזֵ֕ר כַּאֲשֶׁ֣ר עָשִׂ֔יתִי זֶ֖ה כַּמֶּ֥ה שָׁנִֽים׃ פ 4 וַיְהִ֛י דְּבַר־יְהוָ֥ה צְבָא֖וֹת אֵלַ֥י לֵאמֹֽר׃ 5 אֱמֹר֙ אֶל־כָּל־עַ֣ם הָאָ֔רֶץ וְאֶל־הַכֹּהֲנִ֖ים לֵאמֹ֑ר כִּֽי־צַמְתֶּ֨ם וְסָפ֜וֹד בַּחֲמִישִׁ֣י וּבַשְּׁבִיעִ֗י וְזֶה֙ שִׁבְעִ֣ים שָׁנָ֔ה הֲצ֥וֹם צַמְתֻּ֖נִי אָֽנִי׃ 6 וְכִ֥י תֹאכְל֖וּ וְכִ֣י תִשְׁתּ֑וּ הֲל֤וֹא אַתֶּם֙ הָאֹ֣כְלִ֔ים וְאַתֶּ֖ם הַשֹּׁתִֽים׃ 7 הֲל֣וֹא אֶת־הַדְּבָרִ֗ים אֲשֶׁ֨ר קָרָ֤א יְהוָה֙ בְּיַד֙ הַנְּבִיאִ֣ים הָרִֽאשֹׁנִ֔ים בִּהְי֤וֹת יְרוּשָׁלִַ֨ם֙ יֹשֶׁ֣בֶת וּשְׁלֵוָ֔ה וְעָרֶ֖יהָ סְבִיבֹתֶ֑יהָ וְהַנֶּ֥גֶב וְהַשְּׁפֵלָ֖ה יֹשֵֽׁב׃ פ 8 וַֽיְהִי֙ דְּבַר־יְהוָ֔ה אֶל־זְכַרְיָ֖ה לֵאמֹֽר׃ 9 כֹּ֥ה אָמַ֛ר יְהוָ֥ה צְבָא֖וֹת לֵאמֹ֑ר מִשְׁפַּ֤ט אֱמֶת֙ שְׁפֹ֔טוּ וְחֶ֣סֶד וְרַֽחֲמִ֔ים עֲשׂ֖וּ אִ֥ישׁ אֶת־אָחִֽיו׃ 10 וְאַלְמָנָ֧ה וְיָת֛וֹם גֵּ֥ר וְעָנִ֖י אַֽל־תַּעֲשֹׁ֑קוּ וְרָעַת֙ אִ֣ישׁ אָחִ֔יו אַֽל־תַּחְשְׁב֖וּ בִּלְבַבְכֶֽם׃ 11 וַיְמָאֲנ֣וּ לְהַקְשִׁ֔יב וַיִּתְּנ֥וּ כָתֵ֖ף סֹרָ֑רֶת וְאָזְנֵיהֶ֖ם הִכְבִּ֥ידוּ מִשְּׁמֽוֹעַ׃ 12 וְלִבָּ֞ם שָׂ֣מוּ שָׁמִ֗יר מִ֠שְּׁמוֹעַ אֶת־הַתּוֹרָ֤ה וְאֶת־הַדְּבָרִים֙ אֲשֶׁ֨ר שָׁלַ֜ח יְהוָ֤ה צְבָאוֹת֙ בְּרוּח֔וֹ בְּיַ֖ד הַנְּבִיאִ֣ים הָרִֽאשֹׁנִ֑ים וַֽיְהִי֙ קֶ֣צֶף גָּד֔וֹל מֵאֵ֖ת יְהוָ֥ה צְבָאֽוֹת׃ 13 וַיְהִ֥י כַאֲשֶׁר־קָרָ֖א וְלֹ֣א שָׁמֵ֑עוּ כֵּ֤ן יִקְרְאוּ֙ וְלֹ֣א אֶשְׁמָ֔ע אָמַ֖ר יְהוָ֥ה צְבָאֽוֹת׃ 14 וְאֵ֣סָעֲרֵ֗ם עַ֤ל כָּל־הַגּוֹיִם֙ אֲשֶׁ֣ר לֹֽא־יְדָע֔וּם וְהָאָ֨רֶץ֙ נָשַׁ֣מָּה אַֽחֲרֵיהֶ֔ם מֵֽעֹבֵ֖ר וּמִשָּׁ֑ב וַיָּשִׂ֥ימוּ אֶֽרֶץ־חֶמְדָּ֖ה לְשַׁמָּֽה׃ פ

JBMLE · Judson Bible

ဟန်​ဆောင်​အ​စာ​ရှောင်​မှု

1 ဒါ​ရိ​မင်း​ကြီး နန်း​စံ​လေး​နှစ်၊ ခိ​သ​လု​မည်​သော န​ဝ​မ​လ လေး​ရက်​နေ့​တွင်၊ 2 ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ခြင်း​ငှာ​လည်း​ကောင်း၊ 3 နှစ်​ပေါင်း​များ​စွာ​ပြု​သ​ကဲ့​သို့ ပ​ဥ္စ​မ​လ​တွင် ငို​ကြွေး၍ ခြိုး​ခြံ​စွာ​ကျင့်​ရ​ပါ​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​အား မေး​လျှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ရှ​ရေ​ဇာ၊ ရေ​ဂင်္မေ​လက်​နှင့် သူ​တို့​လူ​များ​ကို ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ စေ​လွှတ်​ကြ​သော​အ​ခါ၊ 4 ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ​ဇာ​ခ​ရိ​သို့ ရောက်​လာ၍၊ 5 ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​အား သင်​ဆင့်​ဆို​ရ​မည်​မှာ၊ အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး သင်​တို့​သည် ပ​ဥ္စ​မ​လ​နှင့် သ​တ္တ​မ​လ​တွင် အ​စာ​ရှောင်၍ ငို​ကြွေး​မြည်​တမ်း​သော​အ​ခါ၊ အ​ကယ်​စင်​စစ် ငါ့​အ​လို​ရှိ​သည်​အ​တိုင်း ငါ့​အား အ​စာ​ရှောင်​ကြ​သ​လော။ 6 စား​သောက်​သော​အ​ခါ၌​လည်း ကိုယ်​အ​လို​အ​လျောက် စား​သောက်​ကြ​သည် မ​ဟုတ်​လော။ 7 ယေ​ရု​ရှ​လင်​မြို့​မ​ပျက်၊ စည်​ပင်၍ ပတ်​လည်၌​ရှိ​သော မြို့​ရွာ၊ တောင်​မျက်​နှာ​အ​ရပ်​နှင့် မြေ​ညီ​သော​အ​ရပ်၌ လူ​များ​သေး​သော​အ​ခါ၊ ရှေး​ပ​ရော​ဖက်​တို့​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကြွေး​ကြော်​တော်​မူ​သော အ​မိန့်​တော်​ပြည့်​စုံ​ပြီ မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။

စ​ကား​တော်​မ​နာ​ခံ​မှု

8 ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဇာ​ခ​ရိ​သို့ ရောက်​လာ​သည်​ကား၊ 9 တ​ရား​အ​မှု​ကို တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ သ​နား​ခြင်း​က​ရု​ဏာ​စိတ်​နှင့် တစ်​ယောက်​ကို တစ်​ယောက် ကျေး​ဇူး​ပြု​ကြ​လော့။ 10 မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၊ ဆင်း​ရဲ​သား​ကို မ​ညှဉ်း​ဆဲ​ကြ​နှင့်။ တစ်​ယောက်​ကို တစ်​ယောက် မ​ကောင်း​သော​အ​ကြံ​ကို မ​ကြံ​ကြ​နှင့်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော်​လည်း၊ 11 သူ​တို့​သည် နား​မ​ထောင်​ဘဲ လွတ်​အောင်​ရုန်း​ကြ၏။ မ​ကြား​စေ​ခြင်း​ငှာ နား​ကို ပိတ်​ကြ၏။ 12 တ​ရား​စ​ကား​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ရှေး​ပ​ရော​ဖက်​တို့​ဖြင့် ထား​တော်​မူ​သော စ​ကား​ကို​လည်း​ကောင်း သူ​တို့​သည် မ​ကြား​စေ​ခြင်း​ငှာ၊ မိ​မိ​တို့​နှ​လုံး​ကို စိန်​ကျောက်​ကဲ့​သို့ မာ​စေ​ကြ၏။ ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လွန် အ​မျက်​ထွက်​တော်​မူ၏။ 13 ငါ​ဟစ်​ခေါ်၍ သူ​တို့​သည်​နား​မ​ထောင်​သ​ကဲ့​သို့၊ တစ်​ဖန် သူ​တို့​သည်​ဟစ်​ခေါ်၍ ငါ​လည်း နား​မ​ထောင်​ဘဲ​နေ​ပြီ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 14 သူ​တို့​မ​သိ​သော လူ​မျိုး​အ​ပေါင်း​တို့​တွင် လေ​ပွေ​တိုက်၍ ငါ​လွှင့်​ပြီ။ ထို​ကြောင့်၊ သူ​တို့ ပြည်​သည် လူ​ဆိတ်​ညံ​လျက်​ရှိ၍ အ​ဘယ်​သူ​မျှ မ​သွား​မ​လာ။ သာ​ယာ​သော​ပြည်​သည် သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​လေ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။

Todos os capítulos de Zechariah 14
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.