1 מַשָּׂ֤א דְבַר־יְהוָה֙ בְּאֶ֣רֶץ חַדְרָ֔ךְ וְדַמֶּ֖שֶׂק מְנֻחָת֑וֹ כִּ֤י לַֽיהוָה֙ עֵ֣ין אָדָ֔ם וְכֹ֖ל שִׁבְטֵ֥י יִשְׂרָאֵֽל׃ 2 וְגַם־חֲמָ֖ת תִּגְבָּל־בָּ֑הּ צֹ֣ר וְצִיד֔וֹן כִּ֥י חָֽכְמָ֖ה מְאֹֽד׃ 3 וַתִּ֥בֶן צֹ֛ר מָצ֖וֹר לָ֑הּ וַתִּצְבָּר־כֶּ֨סֶף֙ כֶּֽעָפָ֔ר וְחָר֖וּץ כְּטִ֥יט חוּצֽוֹת׃ 4 הִנֵּ֤ה אֲדֹנָי֙ יֽוֹרִשֶׁ֔נָּה וְהִכָּ֥ה בַיָּ֖ם חֵילָ֑הּ וְהִ֖יא בָּאֵ֥שׁ תֵּאָכֵֽל׃ 5 תֵּרֶ֨א אַשְׁקְל֜וֹן וְתִירָ֗א וְעַזָּה֙ וְתָחִ֣יל מְאֹ֔ד וְעֶקְר֖וֹן כִּֽי־הֹבִ֣ישׁ מֶבָּטָ֑הּ וְאָ֤בַד מֶ֨לֶךְ֙ מֵֽעַזָּ֔ה וְאַשְׁקְל֖וֹן לֹ֥א תֵשֵֽׁב׃ 6 וְיָשַׁ֥ב מַמְזֵ֖ר בְּאַשְׁדּ֑וֹד וְהִכְרַתִּ֖י גְּא֥וֹן פְּלִשְׁתִּֽים׃ 7 וַהֲסִרֹתִ֨י דָמָ֜יו מִפִּ֗יו וְשִׁקֻּצָיו֙ מִבֵּ֣ין שִׁנָּ֔יו וְנִשְׁאַ֥ר גַּם־ה֖וּא לֵֽאלֹהֵ֑ינוּ וְהָיָה֙ כְּאַלֻּ֣ף בִּֽיהוּדָ֔ה וְעֶקְר֖וֹן כִּיבוּסִֽי׃ 8 וְחָנִ֨יתִי לְבֵיתִ֤י מִצָּבָה֙ מֵעֹבֵ֣ר וּמִשָּׁ֔ב וְלֹֽא־יַעֲבֹ֧ר עֲלֵיהֶ֛ם ע֖וֹד נֹגֵ֑שׂ כִּ֥י עַתָּ֖ה רָאִ֥יתִי בְעֵינָֽי׃ ס 9 גִּילִ֨י מְאֹ֜ד בַּת־צִיּ֗וֹן הָרִ֨יעִי֙ בַּ֣ת יְרוּשָׁלִַ֔ם הִנֵּ֤ה מַלְכֵּךְ֙ יָ֣בוֹא לָ֔ךְ צַדִּ֥יק וְנוֹשָׁ֖ע ה֑וּא עָנִי֙ וְרֹכֵ֣ב עַל־חֲמ֔וֹר וְעַל־עַ֖יִר בֶּן־אֲתֹנֽוֹת׃ 10 וְהִכְרַתִּי־רֶ֣כֶב מֵאֶפְרַ֗יִם וְסוּס֙ מִיר֣וּשָׁלִַ֔ם וְנִכְרְתָה֙ קֶ֣שֶׁת מִלְחָמָ֔ה וְדִבֶּ֥ר שָׁל֖וֹם לַגּוֹיִ֑ם וּמָשְׁלוֹ֙ מִיָּ֣ם עַד־יָ֔ם וּמִנָּהָ֖ר עַד־אַפְסֵי־אָֽרֶץ׃ 11 גַּם־אַ֣תְּ בְּדַם־בְּרִיתֵ֗ךְ שִׁלַּ֤חְתִּי אֲסִירַ֨יִךְ֙ מִבּ֔וֹר אֵ֥ין מַ֖יִם בּֽוֹ׃ 12 שׁ֚וּבוּ לְבִצָּר֔וֹן אֲסִירֵ֖י הַתִּקְוָ֑ה גַּם־הַיּ֕וֹם מַגִּ֥יד מִשְׁנֶ֖ה אָשִׁ֥יב לָֽךְ׃ 13 כִּֽי־דָרַ֨כְתִּי לִ֜י יְהוּדָ֗ה קֶ֚שֶׁת מִלֵּ֣אתִי אֶפְרַ֔יִם וְעוֹרַרְתִּ֤י בָנַ֨יִךְ֙ צִיּ֔וֹן עַל־בָּנַ֖יִךְ יָוָ֑ן וְשַׂמְתִּ֖יךְ כְּחֶ֥רֶב גִּבּֽוֹר׃ 14 וַֽיהוָה֙ עֲלֵיהֶ֣ם יֵֽרָאֶ֔ה וְיָצָ֥א כַבָּרָ֖ק חִצּ֑וֹ וַֽאדֹנָ֤י יְהֹוִה֙ בַּשּׁוֹפָ֣ר יִתְקָ֔ע וְהָלַ֖ךְ בְּסַעֲר֥וֹת תֵּימָֽן׃ 15 יְהוָ֣ה צְבָאוֹת֮ יָגֵ֣ן עֲלֵיהֶם֒ וְאָכְל֗וּ וְכָֽבְשׁוּ֙ אַבְנֵי־קֶ֔לַע וְשָׁת֥וּ הָמ֖וּ כְּמוֹ־יָ֑יִן וּמָֽלְאוּ֙ כַּמִּזְרָ֔ק כְּזָוִיּ֖וֹת מִזְבֵּֽחַ׃ 16 וְֽהוֹשִׁיעָ֞ם יְהוָ֧ה אֱלֹהֵיהֶ֛ם בַּיּ֥וֹם הַה֖וּא כְּצֹ֣אן עַמּ֑וֹ כִּ֚י אַבְנֵי־נֵ֔זֶר מִֽתְנוֹסְס֖וֹת עַל־אַדְמָתֽוֹ׃ 17 כִּ֥י מַה־טּוּב֖וֹ וּמַה־יָפְי֑וֹ דָּגָן֙ בַּֽחוּרִ֔ים וְתִיר֖וֹשׁ יְנוֹבֵ֥ב בְּתֻלֽוֹת׃
အိမ်နီးချင်းများအပေါ်စီရင်ချက်
1 ထာဝရဘုရား၏ ဗျာဒိတ်နှုတ်ကပတ်တော်သည် ဟာဒရက်ပြည်နှင့် ဒမာသက်မြို့၌ သင့်ရောက်ပေ၏။ ထာဝရဘုရားသည် လူမျိုးကိုလည်းကောင်း၊ ဣသရေလအမျိုးအနွယ် အပေါင်းတို့ကိုလည်းကောင်း ကြည့်ရှုလျက် ရှိတော်မူ၏။ဟေရှာ၊ ၁၇:၁-၃။ ယေ၊ ၄၉:၂၃-၂၇။ အာ၊ ၁:၃-၅။2 ထိုပြည်နှင့် နီးစပ်သော ဟာမတ်ပြည်၌လည်းကောင်း၊ တုရုမြို့သည် လိမ္မာသောကြောင့် ထိုမြို့နှင့် ဇိဒုန်မြို့၌လည်းကောင်း သင့်ရောက်ပေ၏။ 3 တုရုမြို့သည် မိမိအဖို့ ရဲတိုက်ကိုတည်ဆောက်၍၊ ငွေကို မြေမှုန့်ကဲ့သို့လည်းကောင်း၊ ရွှေစင်ကို လမ်း၌ရှိသော ရွှံ့ကဲ့သို့လည်းကောင်း စုပုံသော်လည်း၊ 4 ထာဝရဘုရားသည် သူတစ်ပါးလက်သို့သူ့ကိုအပ်၍၊ သူ့ခွန်အားကို ပင်လယ်ထဲသို့ ချတော်မူသဖြင့်၊ မြို့သည် မီးဖြင့် ကျွမ်းလောင်လိမ့်မည်။ဟေရှာ၊ ၂၃:၁-၁၈။ ယေဇ၊ ၂၆:၁—၂၈:၂၆။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၉-၁၀။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။5 ထိုအမှုကို အာရှကေလုန်မြို့သည်မြင်၍ ကြောက်လိမ့်မည်။ ဂါဇမြို့သည် မြင်၍ အလွန် တုန်လှုပ်လိမ့်မည်။ ဧကြုန်မြို့လည်း မျှော်လင့်၍ အရှက်ကွဲသောကြောင့် ထိုအတူဖြစ်လိမ့်မည်။ ဂါဇမင်းကြီးသည် ဆုံးလိမ့်မည်။ အာရှကေလုန်မြို့သည်လည်း အစိုးမရ။ဟေရှာ၊ ၁၄:၂၉-၃၁။ ယေ၊ ၄၇:၁-၇။ ယေဇ၊ ၂၅:၁၅-၁၇။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၆-၈။ ဇေ၊ ၂:၄-၇။6 အာဇုတ်မြို့၌ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် နေကြလိမ့်မည်။ ဖိလိတ္တိအမျိုး၏မာနကိုလည်း ငါချိုးဖဲ့မည်။ 7 သူစားသောအသွေးကို သူ၏ပါးစပ်ထဲမှလည်းကောင်း၊ သူကိုက်သော ရွံရှာဖွယ်တို့ကို သူ၏သွားကြားမှလည်းကောင်း ငါနုတ်ပယ်မည်။ ကျန်ကြွင်းသောသူသည်လည်း ငါတို့ ဘုရားသခင်အဖို့ ကျန်ကြွင်း၍၊ ယုဒပြည်၌ မင်းကဲ့သို့ နေလိမ့်မည်။ ဧကြုန်မြို့သားလည်း ယေဗုသိလူကဲ့သို့ ဖြစ်လိမ့်မည်။ 8 အဘယ်ရန်သူမျှ မထွက်မဝင်စေခြင်းငှာ၊ ငါ့အိမ်တော်ပတ်လည်၌ တပ်ချမည်။ ညှဉ်းဆဲသောသူသည် ငါ့လူတို့ကို နောက်တစ်ဖန် မနှိပ်နင်းရ။ အကြောင်းမူကား၊ ငါသည် ယခုကိုယ်တိုင်ကြည့်၍ မြင်ပြီ။
ကြွလာမည့်ဘုရင်
9 အို ဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အို ယေရုရှလင်မြို့သတို့သမီး၊ ကြွေးကြော်ကြလော့။ တရားသဖြင့် စီရင်၍ ကယ်တင်ခြင်းသို့ရောက်သော သခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။မ၊ ၂၁:၅။ ယော၊ ၁၂:၁၅။10 ငါသည် ဧဖရိမ်ပြည်၌ ရထားကိုလည်းကောင်း၊ ယေရုရှလင်မြို့၌ မြင်းကိုလည်းကောင်း ပယ်ဖြတ်မည်။ စစ်လေးကိုလည်း ပယ်ဖြတ်မည်။ တစ်ပါးအမျိုးသားတို့သည် စစ်ငြိမ်းမည် အကြောင်းကို ထိုအရှင်သည် မိန့်တော်မူမည်။ အာဏာတော်လည်း ပင်လယ်တစ်ပါးမှသည် ပင်လယ်တစ်ပါး တိုင်အောင်လည်းကောင်း၊ မြစ်မှသည် မြေကြီးစွန်းတိုင်အောင်လည်းကောင်း တည်လိမ့်မည်။ဆာ၊ ၇၂:၈။
လူမျိုးတော်အားပြန်လည်ခေါ်ဆောင်လာခြင်း
11 သင်၏အမှုမူကား၊ ချုပ်ထားလျက်ရှိသော သင်၏လူတို့ကို၊ ရေမရှိသော မြေတွင်းထဲက၊ သင်နှင့် ဖွဲ့သော ပဋိညာဉ်အသွေးကြောင့် ငါကယ်လွှတ်မည်။ထွ၊ ၂၄:၈။12 အချုပ်ခံ၍ မျှော်လင့်သော သူတို့၊ ရဲတိုက်သို့ ပြန်လာကြလော့။ ငါသည် နှစ်ဆသောကျေးဇူးကို ပြုဦးမည်ဟု ယနေ့ပင် ပြောထား၏။ 13 ယုဒလေးကို ငါတင်၍၊ ဧဖရိမ်လေးကို ဆွဲငင်လျက်၊ ဇိအုန်သားတို့ကို ဟေလသသားတို့တစ်ဖက်၌ နှိုးဆော်၍၊ သင့်ကို သူရဲ၏ဓားကဲ့သို့ ဖြစ်စေမည်။ 14 ထာဝရဘုရားသည် သူတို့အပေါ်မှာထင်ရှားတော်မူ၍၊ မြားတော်သည် လျှပ်စစ်ပြက်သကဲ့သို့ ပြေးလိမ့်မည်။ အရှင်ထာဝရ ဘုရားသခင်သည် တံပိုးမှုတ်၍၊ တောင်လေပွေတို့နှင့် ကြွသွားတော်မူလိမ့်မည်။ 15 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သူတို့ကို ကွယ်ကာတော်မူသဖြင့်၊ သူတို့သည် ကိုက်စား၍ လက်လွှဲကျောက်တို့ကို ကျော်နင်းကြလိမ့်မည်။ သောက်ပြီးလျှင်၊ စပျစ်ရည်နှင့် ဝသကဲ့သို့ ကြွေးကြော်ကြလိမ့်မည်။ အင်တုံကဲ့သို့လည်းကောင်း၊ ယဇ်ပလ္လင်ထောင့်ကဲ့သို့လည်းကောင်း ပြည့်ဝကြလိမ့်မည်။ 16 ထိုနေ့၌ သူတို့၏ဘုရားသခင် ထာဝရဘုရားသည် မိမိလူတို့ကို သိုးစုကဲ့သို့ ကယ်တင်တော်မူလိမ့်မည်။ သူတို့သည် မြေတော်၌ ထင်ရှားသော သရဖူမျက်မွန် ကဲ့သို့ ဖြစ်ကြလိမ့်မည်။ 17 ကျေးဇူးတော်သည် အလွန်ကြီးစွတကား။ ဂုဏ်အသရေတော်လည်း အလွန်ကြီးစွတကား။ ဆန်စပါးသည် လုလင်တို့ကိုလည်းကောင်း၊ စပျစ်ရည်သစ်သည် အပျိုမတို့ကိုလည်းကောင်း တိုးပွားများပြားစေလိမ့်မည်။