1 מַשְׂכִּ֗יל לְאָ֫סָ֥ף לָמָ֣ה אֱ֭לֹהִים זָנַ֣חְתָּ לָנֶ֑צַח יֶעְשַׁ֥ן אַ֝פְּךָ֗ בְּצֹ֣אן מַרְעִיתֶֽךָ׃ 2 זְכֹ֤ר עֲדָתְךָ֨ ׀ קָ֘נִ֤יתָ קֶּ֗דֶם גָּ֭אַלְתָּ שֵׁ֣בֶט נַחֲלָתֶ֑ךָ הַר־צִ֝יּ֗וֹן זֶ֤ה ׀ שָׁכַ֬נְתָּ בּֽוֹ׃ 3 הָרִ֣ימָה פְ֭עָמֶיךָ לְמַשֻּׁא֣וֹת נֶ֑צַח כָּל־הֵרַ֖ע אוֹיֵ֣ב בַּקֹּֽדֶשׁ׃ 4 שָׁאֲג֣וּ צֹ֭רְרֶיךָ בְּקֶ֣רֶב מוֹעֲדֶ֑ךָ שָׂ֖מוּ אוֹתֹתָ֣ם אֹתֽוֹת׃ 5 יִ֭וָּדַע כְּמֵבִ֣יא לְמָ֑עְלָה בִּֽסֲבָךְ־עֵ֝֗ץ קַרְדֻּמּֽוֹת׃ 6 ועת פִּתּוּחֶ֣יהָ יָּ֑חַד בְּכַשִּׁ֥יל וְ֝כֵֽילַפֹּ֗ת יַהֲלֹמֽוּן׃ 7 שִׁלְח֣וּ בָ֭אֵשׁ מִקְדָּשֶׁ֑ךָ לָ֝אָ֗רֶץ חִלְּל֥וּ מִֽשְׁכַּן־שְׁמֶֽךָ׃ 8 אָמְר֣וּ בְ֭לִבָּם נִינָ֣ם יָ֑חַד שָׂרְפ֖וּ כָל־מוֹעֲדֵי־אֵ֣ל בָּאָֽרֶץ׃ 9 אֽוֹתֹתֵ֗ינוּ לֹ֥א רָ֫אִ֥ינוּ אֵֽין־ע֥וֹד נָבִ֑יא וְלֹֽא־אִ֝תָּ֗נוּ יֹדֵ֥עַ עַד־מָֽה׃ 10 עַד־מָתַ֣י אֱ֭לֹהִים יְחָ֣רֶף צָ֑ר יְנָ֘אֵ֤ץ אוֹיֵ֖ב שִׁמְךָ֣ לָנֶֽצַח׃ 11 לָ֤מָּה תָשִׁ֣יב יָ֭דְךָ וִֽימִינֶ֑ךָ מִקֶּ֖רֶב חוקך כַלֵּֽה׃ 12 וֵ֭אלֹהִים מַלְכִּ֣י מִקֶּ֑דֶם פֹּעֵ֥ל יְ֝שׁוּע֗וֹת בְּקֶ֣רֶב הָאָֽרֶץ׃ 13 אַתָּ֤ה פוֹרַ֣רְתָּ בְעָזְּךָ֣ יָ֑ם שִׁבַּ֖רְתָּ רָאשֵׁ֥י תַ֝נִּינִ֗ים עַל־הַמָּֽיִם׃ 14 אַתָּ֣ה רִ֭צַּצְתָּ רָאשֵׁ֣י לִוְיָתָ֑ן תִּתְּנֶ֥נּוּ מַ֝אֲכָ֗ל לְעָ֣ם לְצִיִּֽים׃ 15 אַתָּ֣ה בָ֭קַעְתָּ מַעְיָ֣ן וָנָ֑חַל אַתָּ֥ה ה֝וֹבַ֗שְׁתָּ נַהֲר֥וֹת אֵיתָֽן׃ 16 לְךָ֣ י֭וֹם אַף־לְךָ֥ לָ֑יְלָה אַתָּ֥ה הֲ֝כִינ֗וֹתָ מָא֥וֹר וָשָֽׁמֶשׁ׃ 17 אַתָּ֣ה הִ֭צַּבְתָּ כָּל־גְּבוּל֣וֹת אָ֑רֶץ קַ֥יִץ וָ֝חֹ֗רֶף אַתָּ֥ה יְצַרְתָּם׃ 18 זְכָר־זֹ֗את א֭וֹיֵב חֵרֵ֣ף ׀ יְהוָ֑ה וְעַ֥ם נָ֝בָ֗ל נִֽאֲצ֥וּ שְׁמֶֽךָ׃ 19 אַל־תִּתֵּ֣ן לְ֭חַיַּת נֶ֣פֶשׁ תּוֹרֶ֑ךָ חַיַּ֥ת עֲ֝נִיֶּ֗יךָ אַל־תִּשְׁכַּ֥ח לָנֶֽצַח׃ 20 הַבֵּ֥ט לַבְּרִ֑ית כִּ֥י מָלְא֥וּ מַחֲשַׁכֵּי־אֶ֝֗רֶץ נְא֣וֹת חָמָֽס׃ 21 אַל־יָשֹׁ֣ב דַּ֣ךְ נִכְלָ֑ם עָנִ֥י וְ֝אֶבְי֗וֹן יְֽהַלְל֥וּ שְׁמֶֽךָ׃ 22 קוּמָ֣ה אֱ֭לֹהִים רִיבָ֣ה רִיבֶ֑ךָ זְכֹ֥ר חֶרְפָּתְךָ֥ מִנִּי־נָ֝בָ֗ל כָּל־הַיּֽוֹם׃ 23 אַל־תִּ֭שְׁכַּח ק֣וֹל צֹרְרֶ֑יךָ שְׁא֥וֹן קָ֝מֶ֗יךָ עֹלֶ֥ה תָמִֽיד׃
အမျိုးသားလွတ်မြောက်ရေးအတွက် ဆုတောင်း
1 အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်စွန့်ပစ်တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စားသောသိုးတို့ကို အဘယ်ကြောင့် အမျက်ထွက်တော်မူသနည်း။ 2 ရှေးက အပိုင်ရတော်မူသော လူအစည်းအဝေးကိုလည်းကောင်း၊ ရွေးတော်မူသော အမွေတော်အဖို့ကိုလည်းကောင်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကိုလည်းကောင်း အောက်မေ့တော်မူပါ။ 3 သန့်ရှင်းရာဌာန၌ ရန်သူသည် မတရားသဖြင့်ပြု၍၊ အမြဲသုတ်သင်ပယ်ရှင်းရာအရပ်သို့ ကြွတော်မူပါ။ 4 ကိုယ်တော်၏ လူစည်းဝေးရာအရပ်၌ ရန်သူတို့သည် အော်ဟစ်ကြပါ၏။ လက္ခဏာသက်သေတော်အရာ၌ သူတို့လက္ခဏာသက်သေတို့ကို ထားကြပါပြီ။ 5 လိမ္မာသောသူသည် ထူထပ်သောတောကို ပုဆိန်နှင့် ခုတ်သကဲ့သို့၊ 6 ယခုတွင် ဗိမာန်တော်တန်ဆာများကို ပုဆိန်၊ သံတူနှင့် တစ်ပြိုင်နက်ရိုက်ချိုးကြပါ၏။ 7 သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။ နာမတော်ကျိန်းဝပ်ရာတဲတော်ကို မြေတိုင်အောင် ရှုတ်ချကြပါ၏။ 8 ဤအမျိုးသားအပေါင်းတို့ကို အတူဖျက်ဆီးကြကုန်အံ့ဟုဆို၍၊ မြေတစ်ပြင်လုံးတွင် ဘုရားသခင်၏ တရားဇရပ်တို့ကို မီးရှို့ကြပါ၏။ 9 အကျွန်ုပ်တို့သည် ကိုယ်လက္ခဏာ သက်သေများကို မမြင်ရပါ။ ပရောဖက်သည် တစ်ဖန်မပေါ်မရှိပါ။ အကျွန်ုပ်တို့တွင် ကာလအပိုင်းအခြားကို သိသောသူမရှိပါ။
10 အို ဘုရားသခင်၊ ရန်သူသည် အဘယ်မျှကာလပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း။ ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ်မထီမဲ့မြင် ပြုရပါမည်လော။ 11 လက်ယာလက်တော်ကို အဘယ်ကြောင့် ရုပ်သိမ်းတော်မူသနည်း။ ရင်ခွင်တော်ထဲကထုတ်၍ ဖျက်ဆီးတော်မူပါ။ 12 အကယ်စင်စစ် ဘုရားသခင်သည် ရှေးကာလမှစ၍၊ ကယ်တင်တော်မူခြင်းကို မြေအလယ်၌ပြုသော ငါတို့၏ရှင်ဘုရင် ဖြစ်တော်မူ၏။ 13 ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် ပင်လယ်ကိုခွဲတော်မူပြီ။ ရေထဲမှာ မိကျောင်းတို့၏ ဦးခေါင်းတို့ကို ချိုးတော်မူပြီ။ထွ၊ ၁၄:၂၁။14 လဝိသန်၏ဦးခေါင်းတို့ကို နှိပ်စက်၍ တောတွင်းသားတို့ စားစရာဖို့ အပ်ပေးတော်မူပြီ။ယောဘ၊ ၄၁:၁၊ဆာ၊ ၁၀၄:၂၆၊ဟေရှာ၊ ၂၇:၁။15 စမ်းရေနှင့် ချောင်းရေကို ပေါက်စေတော်မူပြီ။ ရေမပြတ်သောမြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူပြီ။ 16 နေ့နှင့် ညကို ပိုင်တော်မူ၏။ နေမှစ၍ အလင်းအိမ်တို့ကို ဖန်ဆင်းတော်မူပြီ။ 17 မြေကြီး၏ အကန့်အကွက်ရှိသမျှတို့ကိုလည်းကောင်း၊ နွေကာလနှင့် ဆောင်းကာလကိုလည်းကောင်း စီရင်တော်မူပြီ။
18 ရန်သူတို့သည် ထာဝရဘုရားကိုကဲ့ရဲ့၍၊ လူမိုက်တို့သည် နာမတော်အား မထီမဲ့မြင်ပြုကြသည်ကို အောက်မေ့တော်မူပါ။ 19 ကိုယ်တော်၏ချိုးငှက်အသက်ကို သားရဲ၌ အပ်တော်မမူပါနှင့်။ ကိုယ်တော်၏ ဆင်းရဲသားတို့ အစည်းအဝေးကို အစဉ်မေ့လျော့တော်မမူပါနှင့်။ 20 ပဋိညာဉ်တော်ကို ထောက်တော်မူပါ။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ မှောင်မိုက်သောအရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာသက်သက် ဖြစ်ကြပါ၏။ 21 နှိပ်စက်ခြင်းကိုခံရသောသူတို့သည် စိတ်ပျက်၍ မသွားကြပါစေနှင့်။ ဆင်းရဲငတ်မွတ်သောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါစေသော။ 22 အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။ မိုက်သောသူသည် ကိုယ်တော်အား အစဉ်ကဲ့ရဲ့သည်ကို အောက်မေ့တော်မူပါ။ 23 ကိုယ်တော်၏ ရန်သူတို့အသံကို မေ့လျော့တော်မမူပါနှင့်။ ကိုယ်တော်ကို ပုန်ကန်သောသူတို့၏ ရုန်းရင်းခတ်ခြင်းအသံသည် အစဉ်မပြတ် တိုးတက်လျက်ရှိပါ၏။