1 לַמְנַצֵּ֥חַ אַל־תַּשְׁחֵ֑ת מִזְמ֖וֹר לְאָסָ֣ף שִֽׁיר׃ 2 ה֘וֹדִ֤ינוּ לְּךָ֨ ׀ אֱֽלֹהִ֗ים ה֭וֹדִינוּ וְקָר֣וֹב שְׁמֶ֑ךָ סִ֝פְּר֗וּ נִפְלְאוֹתֶֽיךָ׃ 3 כִּ֭י אֶקַּ֣ח מוֹעֵ֑ד אֲ֝נִ֗י מֵישָׁרִ֥ים אֶשְׁפֹּֽט׃ 4 נְֽמֹגִ֗ים אֶ֥רֶץ וְכָל־יֹשְׁבֶ֑יהָ אָנֹכִ֨י תִכַּ֖נְתִּי עַמּוּדֶ֣יהָ סֶּֽלָה׃ 5 אָמַ֣רְתִּי לַֽ֭הוֹלְלִים אַל־תָּהֹ֑לּוּ וְ֝לָרְשָׁעִ֗ים אַל־תָּרִ֥ימוּ קָֽרֶן׃ 6 אַל־תָּרִ֣ימוּ לַמָּר֣וֹם קַרְנְכֶ֑ם תְּדַבְּר֖וּ בְצַוָּ֣אר עָתָֽק׃ 7 כִּ֤י לֹ֣א מִ֭מּוֹצָא וּמִֽמַּעֲרָ֑ב וְ֝לֹ֗א מִמִּדְבַּ֥ר הָרִֽים׃ 8 כִּֽי־אֱלֹהִ֥ים שֹׁפֵ֑ט זֶ֥ה יַ֝שְׁפִּ֗יל וְזֶ֣ה יָרִֽים׃ 9 כִּ֤י כ֪וֹס בְּֽיַד־יְהוָ֡ה וְיַ֤יִן חָמַ֨ר ׀ מָ֥לֵא מֶסֶךְ֮ וַיַּגֵּ֪ר מִ֫זֶּ֥ה אַךְ־שְׁ֭מָרֶיהָ יִמְצ֣וּ יִשְׁתּ֑וּ כֹּ֝֗ל רִשְׁעֵי־אָֽרֶץ׃ 10 וַ֭אֲנִי אַגִּ֣יד לְעֹלָ֑ם אֲ֝זַמְּרָ֗ה לֵאלֹהֵ֥י יַעֲקֹֽב׃ 11 וְכָל־קַרְנֵ֣י רְשָׁעִ֣ים אֲגַדֵּ֑עַ תְּ֝רוֹמַ֗מְנָה קַֽרְנ֥וֹת צַדִּֽיק׃
တရားစီရင်တော်မူသောဘုရားသခင်
1 အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါ၏။ နာမတော်နီးကြောင်းကို အံ့ဖွယ်သော အမှုတော်တို့သည် သက်သေခံကြသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းကြပါ၏။
2 ချိန်းချက်သော အချိန်ကာလနှင့် ငါတွေ့ကြုံသောအခါ ဖြောင့်မတ်စွာ တရားစီရင်မည်။ 3 မြေကြီးနှင့် မြေကြီးသားအပေါင်းတို့သည် လှုပ်ရှားခြင်းရှိသည်ဖြစ်၍၊ မြေကြီးတည်သောတိုင်တို့ကို ငါထောက်ခံရ၏။ 4 မိုက်သောအကျင့်ကို မကျင့်ကြနှင့်ဟု မိုက်သောသူတို့အားလည်းကောင်း၊ ဦးချိုကို မမြှောက်ကြနှင့်။ 5 သင်တို့၏ ဦးချိုကို မချီးမြှောက်ကြနှင့်။ လည်ပင်းခိုင်မာလျက် မပြောကြနှင့်ဟု မတရားသောသူတို့အားလည်းကောင်း ငါပြောထား၏။ 6 အရှေ့၊ အနောက်၊ တောင်အရပ်တို့တွင် အဘယ်အရပ်မျှကျေးဇူးမပြုနိုင်။ 7 ဘုရားသခင်သည် စီရင်ပိုင်တော်မူ၏။ တစ်ယောက်ကိုနှိမ့်ချ၍၊ တစ်ယောက်ကို ချီးမြှောက်တော်မူ၏။ 8 ထာဝရဘုရား၏လက်တော်၌ ဖလားရှိ၏။ နီသောစပျစ်ရည်ပါ၏။ ဆေးမျိုးနှင့် ရောလျက်ရှိ၏။ ထိုစပျစ်ရည်ကို လောင်းတော်မူ၏။ အနည်အဖတ်ကိုလည်း မတရားသော မြေသားအပေါင်းတို့သည် ညှစ်၍သောက်ရကြ၏။ 9 ငါမူကား အစဉ်မပြတ်ချီးမွမ်း၍၊ ယာကုပ်အမျိုး၏ဘုရားသခင်ကို ထောမနာသီချင်းဆိုပါမည်။ 10 မတရားသောသူတို့၏ ဦးချိုအပေါင်းကို ငါချိုးမည်။ တရားသောသူ၏ ဦးချိုတို့မူကား၊ ချီးမြှောက်ခြင်းသို့ ရောက်ရကြလိမ့်မည်။