1 לַמְנַצֵּ֥חַ בִּנְגִינֹ֑ת מִזְמ֖וֹר לְאָסָ֣ף שִֽׁיר׃ 2 נוֹדָ֣ע בִּֽיהוּדָ֣ה אֱלֹהִ֑ים בְּ֝יִשְׂרָאֵ֗ל גָּד֥וֹל שְׁמֽוֹ׃ 3 וַיְהִ֣י בְשָׁלֵ֣ם סֻכּ֑וֹ וּמְע֖וֹנָת֣וֹ בְצִיּֽוֹן׃ 4 שָׁ֭מָּה שִׁבַּ֣ר רִשְׁפֵי־קָ֑שֶׁת מָגֵ֬ן וְחֶ֖רֶב וּמִלְחָמָ֣ה סֶֽלָה׃ 5 נָ֭אוֹר אַתָּ֥ה אַדִּ֗יר מֵֽהַרְרֵי־טָֽרֶף׃ 6 אֶשְׁתּוֹלְל֨וּ ׀ אַבִּ֣ירֵי לֵ֭ב נָמ֣וּ שְׁנָתָ֑ם וְלֹא־מָצְא֖וּ כָל־אַנְשֵׁי־חַ֣יִל יְדֵיהֶֽם׃ 7 מִ֭גַּעֲרָ֣תְךָ אֱלֹהֵ֣י יַעֲקֹ֑ב נִ֝רְדָּ֗ם וְרֶ֣כֶב וָסֽוּס׃ 8 אַתָּ֤ה ׀ נ֥וֹרָא אַ֗תָּה וּמִֽי־יַעֲמֹ֥ד לְפָנֶ֗יךָ מֵאָ֥ז אַפֶּֽךָ׃ 9 מִ֭שָּׁמַיִם הִשְׁמַ֣עְתָּ דִּ֑ין אֶ֖רֶץ יָֽרְאָ֣ה וְשָׁקָֽטָה׃ 10 בְּקוּם־לַמִּשְׁפָּ֥ט אֱלֹהִ֑ים לְהוֹשִׁ֖יעַ כָּל־עַנְוֵי־אֶ֣רֶץ סֶֽלָה׃ 11 כִּֽי־חֲמַ֣ת אָדָ֣ם תּוֹדֶ֑ךָּ שְׁאֵרִ֖ית חֵמֹ֣ת תַּחְגֹּֽר׃ 12 נִֽדֲר֣וּ וְשַׁלְּמוּ֮ לַיהוָ֪ה אֱֽלֹהֵ֫יכֶ֥ם כָּל־סְבִיבָ֑יו יוֹבִ֥ילוּ שַׁ֝֗י לַמּוֹרָֽא׃ 13 יִ֭בְצֹר ר֣וּחַ נְגִידִ֑ים נ֝וֹרָ֗א לְמַלְכֵי־אָֽרֶץ׃
အောင်ပွဲရဘုရားသခင်
1 ယုဒပြည်မှာ ဘုရားသခင်ကို သိကြ၏။ ဣသရေလတိုင်းမှာ နာမတော်သည် ကြီးမြတ်လေ၏။ 2 ယေရုရှလင်မြို့မှာ တဲတော်ရှိ၏။ ဇိအုန်တောင်မှာ ကျိန်းဝပ်လျက် နေတော်မူ၏။ 3 ထိုအရပ်၌ လေးမြား၊ ဒိုင်းလွှား၊ ဓားလက်နက်၊ စစ်အင်္ဂါတို့ကို ချိုးဖျက်တော်မူပြီ။ 4 သင်သည် သားရဲနေသောတောင်တို့ထက် ဘုန်းသာ၍ ကြီးမြတ်ပေ၏။ 5 ရဲရင့်သောသူတို့သည် လုယူခြင်းကိုခံရ၍ အိပ်ပျော်ကြပြီ။ အားကြီးသောသူ တစ်စုံတစ်ယောက်မျှ မိမိလက်ကို မတွေ့ရ။ 6 ယာကုပ်အမျိုး၏ဘုရားသခင်၊ ကိုယ်တော်ဆုံးမတော်မူသောအားဖြင့်၊ ရထားစီးသောသူနှင့် မြင်းစီးသောသူတို့သည် ကြီးစွာသော အိပ်ခြင်းဖြင့် အိပ်ပျော်ကြပါ၏။ 7 ကိုယ်တော်တစ်ပါးတည်းသာလျှင် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ အမျက်ထွက်တော်မူသောအခါ၊ ရှေ့တော်၌ အဘယ်သူရပ်နေနိုင်ပါမည်နည်း။ 8 ဘုရားသခင်သည် နှိမ့်ချလျက်ရှိသော မြေကြီးသားအပေါင်းတို့ကို ကယ်တင်၍၊ 9 တရားဆုံးဖြတ်ခြင်းငှာ ထတော်မူသောအခါ၊ တရားဆုံးဖြတ်သံကို ကောင်းကင်ထဲက လွှတ်တော်မူသဖြင့်၊ မြေကြီးသည်ကြောက်၍ တိတ်ဆိတ်စွာနေပါ၏။ 10 အကယ်စင်စစ် လူတို့၏ဒေါသသည် ကိုယ်တော်ကို ချီးမွမ်းလိမ့်မည်။ ကြွင်းသောဒေါသကိုလည်း ခါးပန်းစည်းတော်မူမည်။ 11 သစ္စာကတိပြုကြလော့။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားအား သစ္စာဝတ်ကိုလည်း ဖြေကြလော့။ ကိုယ်တော်၏ပတ်လည်၌နေသော သူအပေါင်းတို့သည် ကြောက်ရွံ့ရိုသေဖွယ်သော ဘုရားထံတော်သို့ လက်ဆောင်ကို ဆောင်ခဲ့ကြစေ။ 12 ထိုဘုရားသည် မင်းသားတို့၏စိတ်ကို နှိမ့်ချတော်မူ၏။ လောကီရှင်ဘုရင်တို့၌ ကြောက်ရွံ့ဖွယ် ဖြစ်တော်မူ၏။