Pular para o conteúdo
Publicidade

Adoração

Por Bíblia Online

Quando você pensa em adoração, o que vem à mente vai muito além de canções cantadas em um domingo na igreja. Trata-se de reconhecer quem Deus é e alinhar toda a sua vida com a grandeza dele, entregando reverência sincera em cada momento do dia.

As palavras contidas nas Escrituras mostram que Deus deseja uma comunhão verdadeira, que nasce no íntimo e transforma a maneira como você vive. Descubra o que a Palavra diz sobre prestar esse culto genuíno e deixe que ela inspire o seu relacionamento com o Criador.

A adoração é a resposta do coração humano à majestade de Deus. Deus é Espírito e importa que os que o adoram o adorem em espírito e em verdade — com todo o ser.

Adorar em espírito

Deus é Espírito e importa que os adoradores o adorem em espírito e em verdade. A adoração verdadeira brota do coração.

ဘု​ရား​သ​ခင်​သည် နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​တို့​သည်၊ နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ကိုး​ကွယ်​ရ​မည်​ဟု မိန့်​တော်​မူ၏။-

ကိုး​ကွယ်​သော​သူ​မှန်​သ​မျှ​တို့​သည် ခ​မည်း​တော်​ကို နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ကိုး​ကွယ်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သို့​ကိုး​ကွယ်​သော​သူ​တို့​ကို ခ​မည်း​တော်​သည် အ​လို​ရှိ​တော်​မူ၏။- ဘု​ရား​သ​ခင်​သည် နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​တို့​သည်၊ နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ကိုး​ကွယ်​ရ​မည်​ဟု မိန့်​တော်​မူ၏။-

ယေ​ရှု​က၊ အ​ချင်း​မိန်း​မ၊ ငါ့​စ​ကား​ကို​ယုံ​လော့။ ဤ​တောင်​သို့ မ​လာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​မ​သွား​ဘဲ ခ​မည်း​တော်​ကို​ကိုး​ကွယ်​ရ​မည် အ​ချိန်​ကာ​လ ရောက်​ဆဲ​ရှိ၏။- သင်​တို့​သည် ကိုယ်​မ​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​တို့၌ ကယ်​တင်​ခြင်း​အ​ကြောင်း​ရှိ၏။- ကိုး​ကွယ်​သော​သူ​မှန်​သ​မျှ​တို့​သည် ခ​မည်း​တော်​ကို နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ကိုး​ကွယ်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သို့​ကိုး​ကွယ်​သော​သူ​တို့​ကို ခ​မည်း​တော်​သည် အ​လို​ရှိ​တော်​မူ၏။-

သ​ခင်၊ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ၏​ဟု လျှောက်၍ ညွှတ်​ပျပ်​ကိုး​ကွယ်​လေ၏။-

ယေ​ရှု​က​လည်း အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့ ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု မိန့်​တော်​မူ၏။-

ယေ​ရှု​က​လည်း၊ အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။

ခ​ရစ်​တော်၌​အ​သစ်​သော​အ​သက်​တာ

ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​ခြင်း​လ​က္ခ​ဏာ၊ သန့်​ရှင်း​ခြင်း​လ​က္ခ​ဏာ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​သော​ယဇ်​ကို သင်​တို့​သည် ပူ​ဇော်၍၊ မိ​မိ​ကိုယ်​ခ​န္ဓာ​ကို ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ခြင်း​တည်း​ဟူ​သော သင်​တို့​ပြု​အပ်​သော​ဝတ်​ကို ပြု​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်၏ က​ရု​ဏာ​တော်​ကို ထောက်​ထား၍၊ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပေ၏။-

ခ​ရစ်​တော်၌​အ​သစ်​သော​အ​သက်​တာ

ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​ခြင်း​လ​က္ခ​ဏာ၊ သန့်​ရှင်း​ခြင်း​လ​က္ခ​ဏာ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​သော​ယဇ်​ကို သင်​တို့​သည် ပူ​ဇော်၍၊ မိ​မိ​ကိုယ်​ခ​န္ဓာ​ကို ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ခြင်း​တည်း​ဟူ​သော သင်​တို့​ပြု​အပ်​သော​ဝတ်​ကို ပြု​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်၏ က​ရု​ဏာ​တော်​ကို ထောက်​ထား၍၊ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပေ၏။- သင်​တို့​သည် လော​ကီ​ပုံ​သ​ဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​နိုင်​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​ကို အ​သစ်​ပြင်​ဆင်၍ ပုံ​သ​ဏ္ဌာန်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။-

ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်​အ​ထဲ​က​လည်း​ကောင်း၊ ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​အ​ဖို့ အ​လို​ငှာ​လည်း​ကောင်း ဖြစ်​ကြ၏။ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

ကျမ်း​စာ​လာ​သည်​ကား၊ ငါ​အ​သက်​ရှင်​တော်​မူ​သည် ဖြစ်၍၊ ငါ့​ရှေ့၌ လူ​တိုင်း​ဒူး​ထောက်​ရ​မည်။ ဘု​ရား​သ​ခင်​အား လူ​တိုင်း​မိ​မိ​နှုတ်​နှင့် သ​စ္စာ​ခံ​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။-

Louvor e reverência

Vinde, adoremos e prostremo-nos. Louvai ao Senhor! Todo ser que respira louve o nome glorioso do Senhor.

လာ​ကြ။ ပျပ်​ဝပ်၍ ကိုး​ကွယ်​ကြ​ကုန်​အံ့။ ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ရှေ့​တော်၌ ဒူး​ထောက်​ကြ​ကုန်​အံ့။

လာ​ကြ။ ပျပ်​ဝပ်၍ ကိုး​ကွယ်​ကြ​ကုန်​အံ့။ ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ရှေ့​တော်၌ ဒူး​ထောက်​ကြ​ကုန်​အံ့။

ထာ​ဝ​ရ​ဘု​ရား​အား​ချီး​မွမ်း​ကြ​လော့

သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့။ ဘုန်း​တော်​ထင်​ရှား​ရာ ကောင်း​ကင်​မျက်​နှာ​ကြက်​ပေါ်​မှာ ချီး​မွမ်း​ကြ​လော့။ ထူး​ဆန်း​သော တန်​ခိုး​တော်​များ​ကြောင့်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့။ အ​လွန်​တ​ရာ​ကြီး​မြတ်​တော်​မူ​ခြင်း ရှိ​သည်​အ​တိုင်း ချီး​မွမ်း​ကြ​လော့။ တံ​ပိုး​မှုတ်​လျက် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့။ တ​ယော​နှင့် စောင်း​ကို​တီး​လျက် ချီး​မွမ်း​ကြ​လော့။ ပတ်​သာ​တီး​လျက်၊ က​ခုန်​လျက်​နှင့် ချီး​မွမ်း​ကြ​လော့။ ကြိုး​နှင့်​ပြည့်​စုံ​သော တူ​ရိ​ယာ​ကို​တီး​လျက်၊ နှဲ​ခ​ရာ​ကို​မှုတ်​လျက် ချီး​မွမ်း​ကြ​လော့။ အ​သံ​ကျယ်​သော သံ​လွင်​ကို​တီး​လျက် ချီး​မွမ်း​ကြ​လော့။ အ​ကြီး​ဆုံး​သော​လင်း​ကွင်း​ကို​လည်း​တီး​လျက် ချီး​မွမ်း​ကြ​လော့။ အ​သက်​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​စေ။ ဟာ​လေ​လု​ယ။

ဒါ​ဝိဒ်​မင်း​ကြီး​နှင့် ရှင်​အာ​သပ်​အ​စ​ရှိ​သော​ပ​ရော​ဖက်​များ​တို့​သည် စီ​ရင်​ရေး​ထား​သော​ဆာ​လံ​ကျမ်း​ပြီး၏။

အ​သက်​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​စေ။ ဟာ​လေ​လု​ယ။

ဒါ​ဝိဒ်​မင်း​ကြီး​နှင့် ရှင်​အာ​သပ်​အ​စ​ရှိ​သော​ပ​ရော​ဖက်​များ​တို့​သည် စီ​ရင်​ရေး​ထား​သော​ဆာ​လံ​ကျမ်း​ပြီး၏။

ကျေး​ဇူး​တော်​ကြီး​ပါ​သည်​ဟု ဝန်​ခံ​လျက်၊ တံ​ခါး​တော်​တို့​ကို​လည်း​ကောင်း၊ ဂုဏ်​တော်​ကို​ချီး​မွမ်း​လျက် တံ​တိုင်း​တော်​တို့​ကို​လည်း​ကောင်း ဝင်​ကြ​လော့။ ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ဘုန်း​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​လျက်၊ သန့်​ရှင်း​သော​တန်​ဆာ​ကို​ဆင်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​လော့။

ဘု​ရား​ရှင်၏​ကြီး​မြတ်​ခြင်း

မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကျူး​ဧ​သော​အ​သံ​ကို​ပြု၍၊ နာ​မ​တော်၏​ဂုဏ်​ကို သီ​ချင်း​ဆို​ကြ​လော့။ ချီး​မွမ်း​ခြင်း၏ ဂုဏ်​အ​သ​ရေ​ကို​ပြ​ကြ​လော့။ ကိုယ်​တော်​စီ​ရင်​သော အ​မှု​တို့​သည် အ​လွန်​အံ့​ဩ​ဖွယ် ဖြစ်​ကြ​ပါ၏။ တန်​ခိုး​တော်​ကြီး​သော​ကြောင့်၊ ရန်​သူ​တို့​သည် ကိုယ်​တော်​ကို တောင်း​ပန်​ကြ​ပါ​လိမ့်​မည်။ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ကိုး​ကွယ်၍၊ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။ နာ​မ​တော်​အား သီ​ချင်း​ဆို​ကြ​ပါ​စေ​သော​ဟု ဘု​ရား​သ​ခင်​အား လျှောက်​ထား​ကြ​လော့။

ငါ​သည် ဘု​ရား​သ​ခင်​ကို နှုတ်​နှင့်​အော်​ဟစ်၍၊ ဂုဏ်​တော်​ကို​လည်း လျှာ​နှင့်​ချီး​မွမ်း​ရ​ပြီ။

အို ထာ​ဝ​ရ​ဘု​ရား၊ ဖန်​ဆင်း​တော်​မူ​သော​လူ​မျိုး​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​လျက် ရှေ့​တော်၌ ပျပ်​ဝပ်၍၊ နာ​မ​တော်​ကို ချီး​မြှောက်​ကြ​ပါ​လိမ့်​မည်။ကိုယ်​တော်​သည် ကြီး​မြတ်၍ အံ့​ဩ​ဖွယ်​တို့​ကို ပြု​တော်​မူ၏။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။

ဘု​ရား​သ​ခင်​၏​မေ​တ္တာ​တော်

အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ငါ၏​အ​ထဲ​မှာ​ရှိ​သ​မျှ​တို့၊ သန့်​ရှင်း​သော​နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။

ဘု​ရား​သ​ခင်​၏သ​စ္စာ​တော်

ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​လော့။ အ​မှု​တော်​တို့​ကို လူ​များ​တို့​အား ပြ​သ​ကြ​လော့။

ဘု​ရား​သ​ခင်​အား​တောင့်​တ​ခြင်း

"ဒါ​ဝိဒ်​သည် ယု​ဒ​တော၌​ရှိ​သော​အ​ခါ စပ်​ဆို​သော​ဆာ​လံ။"

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို ကြိုး​စား၍ ရှာ​ပါ၏။ ရေ​မ​ရှိ သွေ့​ခြောက်​သော​လွင်​ပြင်၌ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို ငတ်​ပါ၏။ အ​ကျွန်ုပ်၏ ကိုယ်​ခ​န္ဓာ​သည်​လည်း ကိုယ်​တော်​ကို လွမ်း​ဆွတ်​ပါ၏။

က​ရု​ဏာ​တော်​သည် အ​သက်​ထက်​သာ၍ ကောင်း​သော​ကြောင့်၊ အ​ကျွန်ုပ်၏​နှုတ်​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ရ​ပါ​မည်။ ထို​သို့ အ​သက်​ရှင်​စဉ်​တွင် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​ပါ​မည်။ နာ​မ​တော်​ကို အ​မှီ​ပြု​လျက် လက်​ကို​ချီ​ပါ​မည်။

Declarações de adoração

Tu és digno, Senhor, de receber glória e honra! Ao Senhor pertence a grandeza, o poder, a glória e a majestade.

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​သည် အ​လို​တော်​ကြောင့်​ဖြစ်၍ ဖန်​ဆင်း​လျက်​ရှိ​ကြ​ပါ၏။ ထို​ကြောင့်၊ ကိုယ်​တော်​သည် ဘုန်း​အ​သ​ရေ တန်​ခိုး​တော်​ကို ခံ​စား​ထိုက်​တော်​မူ၏​ဟု လျှောက်​ဆို၍၊ ပ​လ္လင်​တော်​ရှေ့၌ မိ​မိ​တို့​သ​ရ​ဖူ​များ​ကို ချ​ထား​ကြ၏။

ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ ချီး​မွမ်း​ကြ​လော့။ တ​ရား​စီ​ရင်​တော်​မူ​သော အ​ချိန်​ရောက်​လာ​ပြီ။ ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​နှင့် စမ်း​ရေ​တွင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို ကိုး​ကွယ်​ကြ​လော့​ဟု ကြီး​သော​အ​သံ​နှင့် ပြော​ဆို၍ ကောင်း​ကင်​အ​လယ်၌ ပျံ​ဝဲ​လျက် ရှိ​သည်​ကို ငါ​မြင်၏။-

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို မ​ကြောက်​ရွံ့​ဘဲ၊ နာ​မ​တော်​ကို မ​ချီး​မွမ်း​ဘဲ အ​ဘယ်​သူ​နေ​ရ​ပါ​အံ့​နည်း။ ကိုယ်​တော် တစ်​ပါး​တည်း​သာ​လျှင် သန့်​ရှင်း​တော်​မူ၏။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ထင်​ရှား​သည်​ဖြစ်၍၊ လူ​မျိုး​အ​ပေါင်း​တို့​သည်​လာ၍ ရှေ့​တော်၌ ကိုး​ကွယ်​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ဆို​ကြ၏။

ငါ​ယော​ဟန်​သည် ဤ​အ​ရာ​များ​ကို ကြား​မြင်၏။ ကြား​မြင်​ပြီး​လျှင်၊ ထို​အ​ရာ​များ​ကို ပြ​သော ကောင်း​ကင်​တ​မန်၏ ခြေ​ရင်း၌ ကိုး​ကွယ်​အံ့​သော​ငှာ ပျပ်​ဝပ်၏။- သူ​က​လည်း၊ မ​ပြု​ပါ​နှင့်။ ငါ​ကား၊ သင်၏ လုပ်​ဖော်​ဆောင်​ဖက်​ဖြစ်၏။ သင်၏​အစ်​ကို ပ​ရော​ဖက်​တို့​နှင့် ဤ​စာ​စောင်၏​စ​ကား​ကို စောင့်​ရှောက်​သော​သူ​တို့၏ လုပ်​ဘော်​ဆောင်​ဘက်​လည်း ဖြစ်၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လော့​ဟု ပြော​ဆို၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်၊ အောင်​မြင်​ခြင်း​အ​ခွင့်၊ အာ​ဏာ​တော်​နှင့် ပြည့်​စုံ​တော်​မူ၏။ ကောင်း​ကင်​မြေ​ကြီး၌ ရှိ​ရှိ​သ​မျှ​ကို ပိုင်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​စိုး​ရ​တော်​မူ၏။ ခပ်​သိမ်း​သော​သူ​တို့၏ အ​ထွတ်၊ မြင့်​မြတ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် သန့်​ရှင်း​သော​နာ​မ​တော် ဂုဏ်​ကျေး​ဇူး​ကို​ဝန်​ခံ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း၌ ဝါ​ကြွား​ဝမ်း​မြောက်​မည်​အ​ကြောင်း အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​ပါ။ တစ်​ပါး​အ​မျိုး​သား​ထဲ​က​နုတ်၍ စု​ဝေး​စေ​တော်​မူ​ပါ​ဟု မြွက်​ဆို​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု သီ​ချင်း​ဆို​ကြ​သော​အ​ခါ၊ လူ​များ​အ​ပေါင်း​တို့​သည် အာ​မင်​ဟု​ဝန်​ခံ​လျက် ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​ကို သီ​ချင်း​ဆို​ကြ​လော့။ ဆာ​လံ​သီ​ချင်း​ကို ဆို​ကြ​လော့။ အံ့​ဖွယ်​သော အ​မှု​တော်​အ​ပေါင်း​တို့​ကို ဟော​ပြော​ကြ​လော့။

ထို​ကြောင့် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို အ​လွန်​ချီး​မြှောက်၍ ဘွဲ့​နာ​မ​တ​ကာ​တို့​ထက် ကြီး​မြတ်​သော ဘွဲ့​နာ​မ​ကို ပေး​သ​နား​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​သ​တ္တ​ဝါ၊ မြေ​ကြီး​သ​တ္တ​ဝါ၊ မြေ​ကြီး​အောက်၌​ရှိ​သော သ​တ္တ​ဝါ​တည်း​ဟူ​သော ခပ်​သိမ်း​သော သ​တ္တ​ဝါ​တို့​သည် ယေ​ရှု၏​ဘွဲ့​နာ​မ​တော်​ကို ဒူး​ထောက်၍၊- ယေ​ရှု​ခ​ရစ်​သည် သ​ခင်​ဖြစ်​တော်​မူ၏​ဟု နှုတ်​နှင့်​ဝန်​ခံ​သ​ဖြင့်၊ ခ​မည်း​တော်​ဘု​ရား၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​ကြ​မည်​အ​ကြောင်း​တည်း။

Sacrifício de louvor

Por meio de Jesus ofereçamos sempre sacrifício de louvor. Cantai ao Senhor, celebrai em salmos — enchei-vos do Espírito.

ထို​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ နှုတ်​ခမ်း​အ​သီး​တည်း​ဟူ​သော ချီး​မွမ်း​ခြင်း​ယဇ်​ကို သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စဉ်​ပူ​ဇော်​ကြ​ကုန်​အံ့။-

ထို​ကြောင့်၊ ငါ​တို့​သည် မ​လှုပ်​နိုင်​သော​နိုင်​ငံ​ကို ရ​သည်​ဖြစ်၍၊ ခန့်​ညား​ကြောက်​ရွံ့​သော​သ​ဘော​နှင့် ဘု​ရား​သ​ခင်​ကို လျောက်​ပတ်​စွာ ဝတ်​ပြု​နိုင်​မည်​အ​ကြောင်း၊ ကျေး​ဇူး​တော်​ကို စွဲ​လမ်း​ကြ​ကုန်​အံ့။- ငါ​တို့​ဘု​ရား​သ​ခင်​သည် လောင်​သော​မီး ဖြစ်​တော်​မူ၏။

ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း အ​မျိုး​မျိုး​တို့​ကို အ​ချင်း​ချင်း ပြော​ဆို​ဖတ်​ရွတ်၍၊ နူး​ညွတ်​သော စိတ်​နှ​လုံး​နှင့် သ​ခင်​ဘု​ရား​ရှေ့​တော်၌ ကျူး​ဧ၍​သီ​ချင်း ဆို​ကြ​လော့။-

ခ​ရစ်​တော်၏ နှုတ်​က​ပတ်​တ​ရား​သည် ပ​ညာ​အ​မျိုး​မျိုး​နှင့် သင်​တို့​အ​ထဲ၌ ကြွယ်​ဝ​စွာ တည်​နေ၍ သင်​တို့​သည် ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း​အ​မျိုး​မျိုး​အား​ဖြင့်၊ အ​ချင်း​ချင်း​တို့​ကို ဆုံး​မ​သွန်​သင်​ခြင်း၊ သ​တိ​ပေး​ခြင်း​ကို​ပြု၍၊ နူး​ညွတ်​သော​စိတ်​နှ​လုံး​နှင့် ဘု​ရား​သ​ခင်​ရှေ့​တော်၌ တင့်​တယ်​လျောက်​ပတ်​စွာ သီ​ချင်း​ဆို​ကြ​လော့။-

သန်း​ခေါင်​အ​ချိန်၌ ပေါ​လု​နှင့် သိ​လ​တို့​သည် ပ​တ္ထ​နာ​ပြု၍ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လျက် သီ​ချင်း​ဆို​လေ၏။ ထောင်​ထဲ​မှာ နှောင်​ဖွဲ့​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် နား​ထောင်​ကြ၏။-

ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း

သ​နား​ခြင်း​က​ရု​ဏာ၏​အ​ဘ၊ သက်​သာ​ခြင်း အ​မျိုး​မျိုး​တို့၏​အ​ရှင်​တည်း​ဟူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​တည်း။- ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် ကိုယ်​တိုင် သက်​သာ​ခြင်း​ရှိ​သ​ကဲ့​သို့၊ ဆင်း​ရဲ​ခြင်း အ​မျိုး​မျိုး​ကို ခံ​ရ​သော​သူ​တို့​အား သက်​သာ​စေ​နိုင်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​ခြင်း​အ​မျိုး​မျိုး​တို့၌ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား သက်​သာ​စေ​တော်​မူ၏။-

ငါ​တို့​သည် ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ သား​တော် ယေ​ရှု​ခ​ရစ်​နှင့်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သည်​ဖြစ်၍၊ သင်​တို့​သည် ငါ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​ခြင်း​ငှာ၊ ငါ​တို့​ကြား​မြင်​ရ​သော​အ​ရာ​ကို သင်​တို့​အား​ပြ​သ​ကြ၏။-

Adoração como vida

Exaltai ao Senhor, prostrai-vos ante o escabelo dos seus pés. A adoração genuína transforma o adorador e agrada o Criador.

ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မြှောက်​ကြ​လော့။ ခြေ​တော်​တင်​ရာ​ခုံ​အောက်၌ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် သန့်​ရှင်း​တော်​မူ​သ​တည်း။

ဂုဏ်​အ​သ​ရေ​တော်​နှင့် ယှဉ်​သော ထော​မ​နာ​စ​ကား​ကို အ​ကျွန်ုပ်​သည် နေ့​တိုင်း​အ​စဉ် မြွက်​ဆို​ပါ​စေ​သော။

ဘု​ရား​သ​ခင်​အား သီ​ချင်း​ဆို​ကြ​လော့။ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ သဲ​က​န္တာ​ရ​တစ်​လျောက်​စီး၍ ကြွ​တော်​မူ​သော​အ​ရှင်​ဖို့ လမ်း​ကို​ပြင်​ကြ​လော့။ ထို​အ​ရှင်၏​နာ​မ​တော်​ကား၊ ထာ​ဝ​ရ​ဘု​ရား​တည်း။ ရှေ့​တော်၌ ရွှင်​လန်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော ဘုံ​ဗိ​မာန်​တော်၌ စံ​ပယ်​လျက်၊ မိ​ဘ​မ​ရှိ​သော သူ​တို့၏​အ​ဘ​ဖြစ်၍၊ မု​ဆိုး​မ​တို့​ဘက်​မှာ တ​ရား​စီ​ရင်​တော်​မူ၏။

ငါ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​သော​အ​မှု​တော်​ကို ချီး​မွမ်း၍၊ အ​မြင့်​ဆုံး​သော​ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

အ​ကျွန်ုပ်​သည် သ​တင်း​တော်​ကို ညီ​အစ်​ကို​တို့​အား​ကြား​ပြော​ပါ​မည်။ ပ​ရိ​သတ်​အ​လယ်​မှာ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​အ​ချင်း​တို့၊ ချီး​မွမ်း​ခြင်း​ကို ပြု​ကြ​လော့။ ယာ​ကုပ်​အ​မျိုး​အ​ပေါင်း​တို့၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ကြ​ပါ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ​လော့။

ကိုယ်​တော်​ထံ​သို့ လက်​တို့​ကို​ဆန့်​ပါ၏။ သွေ့​ခြောက်​သော​မြေ​ကဲ့​သို့ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို တောင့်​တ​ပါ၏။

အို​ငါ့​ဝိ​ညာဉ်၊ သင်​သည် အ​ဘယ်​ကြောင့် ညှိုး​ငယ်​သ​နည်း။ ငါ့​အ​ထဲ​မှာ အ​ဘယ်​ကြောင့် မ​ငြိမ်​မ​ဝပ်​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​ကို မျှော်​လင့်​လျက်​နေ​လော့။ ငါ့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း​ထော​မ​နာ ပြု​ရ​လေ​အံ့​သ​တည်း။

ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​သ​ခင် ဖြစ်​တော်​မူ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို အ​ကျွန်ုပ်​လျှောက်​ဆို​ပါ​ပြီ။ ကျေး​ဇူး​တော်​မှ​တစ်​ပါး အ​ခြား​သော​မင်္ဂ​လာ​သည် အ​ကျွန်ုပ်၌ မ​ရှိ​ပါ။

ကြောက်​ရွံ့​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​ထမ်း​ရွက်၍၊ တုန်​လှုပ်​ခြင်း​နှင့် ဝမ်း​မြောက်​ကြ​လော့။

ကိုယ်​တော်​ကို အ​မှီ​ပြု၍ ဝမ်း​သာ​ရွှင်​လန်း​ပါ​မည်။ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား။

Falsa adoração

Não terás outros deuses diante de mim. Não adorarás ídolos. A adoração exclusiva ao Senhor é mandamento inegociável.

ဦး​မ​ချ​ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့​၌​ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊

အ​ခြား​သော​ဘု​ရား​ကို သင်​သည်​မ​ကိုး​ကွယ်​ရ။ အ​ပြစ်​ရှိ​ယုံ​လွယ်​အ​မည်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။

မော​ရှေ​သည် တဲ​တော်​အ​ထဲ​သို့​ဝင်​ပြီး​မှ၊ မိုး​တိမ်​တိုင်​ဆင်း​သက်၍ တဲ​တော်​တံ​ခါး​ဝ၌​ရပ်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ၏။ တဲ​တော်​တံ​ခါး​ဝ၌ မိုး​တိမ်​တိုင်​ရပ်​နေ​သည်​ကို​မြင်​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ထ၍ အ​သီး​အ​သီး မိ​မိ​တို့​တဲ​တံ​ခါး​ဝ၌ ကိုး​ကွယ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​စွမ်း​သ​တ္တိ၊ ငါ​သီ​ချင်း​ဆို​ကြောင်း၊ ငါ့​ကို​ကယ်​တင်​သော အ​ရှင်​ဖြစ်​တော်​မူ၏။ ထို​ဘု​ရား​သည် ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၍၊ ထော​မ​နာ​ပြု​ပါ​မည်။ ငါ့​ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၍၊ ငါ​ချီး​မြှောက်​ပါ​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ ဘု​ရား​များ​တို့​တွင် အ​ဘယ်​မည်​သော​ဘု​ရား​သည် ကိုယ်​တော်​နှင့်​တူ​ပါ​သ​နည်း။ သန့်​ရှင်း​ခြင်း​အား​ဖြင့် ဘုန်း​ကြီး​တော်​မူ​ထ​သော၊ ချီး​မွမ်း​ခြင်း​ကို​ခံ​စဉ်​တွင်၊ ကြောက်​မက်​ဖွယ်​ဖြစ်​တော်​မူ​ထ​သော၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​သော၊ ကိုယ်​တော်​နှင့် အ​ဘယ်​ဘု​ရား​တူ​ပါ​သ​နည်း။

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်။ သင်၏​မုန့်​ကို​လည်း​ကောင်း၊ ရေ​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး​တော်​မူ​မည်။ အ​နာ​ရော​ဂါ​ကို​လည်း သင်၏​အ​ထဲ​က နုတ်​ယူ​ပယ်​ရှား​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဂုဏ်​အ​သ​ရေ၊ သင်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ သင်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​သည်​အ​တိုင်း၊ ကြောက်​မက်​ဖွယ်​သော အ​မှု​အ​ရာ​ကြီး​တို့​ကို သင့်​အ​ဖို့​ပြု​တော်​မူ​ပြီ။

ထို​အ​ရပ်၌ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​ရ​ကြ​မည်။ ပြု​လေ​ရာ​ရာ၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ အိမ်​သူ​အိမ်​သား​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။

သူ​တို့​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား​အား​ဖြင့် ငြူ​စူ​စေ​ကြ၏။ ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​အား​ဖြင့် အ​မျက်​တော်​ကို နှိုး​ဆော်​ကြ၏။ ဘု​ရား​မ​ဟုတ်​သော နတ်​ဆိုး၊ မ​သိ​ဖူး​သော​ဘု​ရား၊ ဘိုး​ဘေး​တို့ မ​ကြောက်​ဖူး​သော ဘု​ရား​သစ်​တို့​အား ယဇ်​ပူ​ဇော်​ကြ၏။သင်​ဖြစ်​ရာ​မူ​လ​အ​မြစ်​ကို သင်​မ​မှတ်​မိ။ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​ကို သင်​မေ့​လျော့​ပြီ။

သင်​တို့​သည် မိ​စ္ဆာ​ဒိ​ဌိ​အ​ယူ​ကို​စွဲ၍​လမ်း​မ​လွဲ၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု၊ ကိုး​ကွယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် နှုတ်​နှင့် ငါ့​ထံ​သို့ ချဉ်း​ကပ်၍၊ နှုတ်​ခမ်း​နှင့် ငါ့​ကို​ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့် ဝေး​လှ၏။ လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို အ​မှီ​ပြု၍ ငါ့​ကို​ကြောက်​ရွံ့​ကြ၏။

ထော​မ​နာ​သီ​ချင်း

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မြှောက်​စား​ပါ​မည်။ နာ​မ​တော်​ကို ချီး​မွမ်း​ပါ​မည်။ အံ့​ဖွယ်​သော အ​မှု​တို့​ကို ပြု​တော်​မူ​ပြီ။ ရှေး​အ​ကြံ​တော်​တို့​သည် မ​ရွေ့၊ သ​စ္စာ​နှင့် မြဲ​မြံ​ကြ​ပါ၏။

အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် စီ​ရင်​သော တိ​ရ​စ္ဆာန်​နှင့် ယဇ်​များ​ကို တော၌​အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငါ့​အား ပူ​ဇော်​ကြ​သ​လော။-သင်​တို့​သည် မော​လုပ်၏​တဲ​နှင့် သင်​တို့​ဘု​ရား ရင်​ဖန်၏​ကြယ်​တည်း​ဟူ​သော ကိုး​ကွယ်​ဖို့​ရာ မိ​မိ​တို့​လုပ်​သော​ပုံ​တို့​ကို ဆောင်​ရွက်​ကြ​ပြီ တ​ကား။ ထို​ကြောင့် ငါ​သည် သင်​တို့​ကို ဗာ​ဗု​လုန်​မြို့ တစ်​ဖက်​သို့ ဆောင်​သွား​မည်​ဟု ကျမ်း​လာ​ရှိ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်​သည် မျက်​နှာ​တော်​ကို​လွှဲ၍၊ ကောင်း​ကင်​တန်​ဆာ​များ​တို့​အား ဝတ်​ပြု​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို စွန့်​ပစ်​ထား​တော်​မူ၏။

ဦး​ခေါင်း​တော်​ကို အ​မှီ​မ​ပြု၊ ဇာ​တိ​ပ​က​တိ၏ စိတ်​နှ​လုံး အ​ချည်း​နှီး​ထောင်​လွှား​လျက်၊ မိ​မိ​မ​သိ​မ​မြင်​သော​အ​ရာ​ကို စူး​စမ်း​လျက်၊ စိတ်​နှိမ့်​ချ​ခြင်း၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​ကို ကိုး​ကွယ်​ခြင်း၌​လည်း​ကောင်း မွေ့​လျော်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​ဆု​ကို မ​လု​မ​ယူ​စေ​နှင့်။- ဦး​ခေါင်း​တော်​မှ တစ်​ကိုယ်​လုံး​သည် အ​ဆစ်​အ​ပိုင်း အ​ထုံး​အ​ဖွဲ့​များ​အား​ဖြင့်၊ အား​ဖြည့်၍ ထုံး​ဖွဲ့​လျက်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကြီး​ပွား​တတ်၏။

အ​ဘယ်​သူ​မျှ သင်​တို့​ကို အ​ဘယ်​သို့​သော​အား​ဖြင့် မ​လှည့်​ဖြား​စေ​နှင့်၊ ထို​နေ့​ရက်​မ​ရောက်​မီ ဖောက်​ပြန်​သင်း​ခွဲ​ခြင်း​သည် အ​ရင်​ဖြစ်၍၊ ဒု​စ​ရိုက်​လူ​တည်း​ဟူ​သော ပျက်​စီး​ခြင်း၏​သား​သည် ပေါ်​လာ​ရ​လိမ့်​မည်။- ထို​သူ​သည် ဘု​ရား​သ​ခင်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​ဟူ၍​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မျှ​သော​အ​ရာ​တို့​ကို ရန်​ဘက်​ပြု၍၊ ကိုယ်​ကို ကိုယ်​ချီး​မြှောက်​သော​အား​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်၌ ဘု​ရား​သ​ခင်​ကဲ့​သို့ ထိုင်၍၊ ဘု​ရား​သ​ခင် ဖြစ်​ယောင်​ဆောင်​လျက် ကိုယ်​ကို​ပြ​သော​သူ ဖြစ်​သ​တည်း။

Exemplos de adoração

Jó adorou em meio ao sofrimento. Esdras adorou na restauração. Paulo e Silas adoraram na prisão — e Deus respondeu.

ထို​အ​ခါ ယော​ဘ​သည်​ထ၍ မိ​မိ​ဝတ်​လုံ​ကို ဆုတ်​လေ၏။ ဆံ​ပင်​ကို​လည်း​ရိတ်၍ မြေ​ပေါ်​မှာ​ဝပ်​လျက် ကိုး​ကွယ်​ပြီး​လျှင်၊ ငါ​သည် အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​က ထွက်​လာ၏။ အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​သို့ ပြန်​သွား​တော့​မည်။ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​လည်း ရုပ်​သိမ်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း​ဟု ဆို​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ပြ​တော်​မူ​သော က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​ပါ​သည်​ဟူ၍ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက်၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ အ​သံ​ပြိုင်၍ အ​လှည့်​လှည့် သီ​ချင်း​ဆို​ကြ၏။ ဗိ​မာန်​တော်​တိုက်​မြစ်​ကို ချ​ရ​သော​ကြောင့်၊ လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက်၊ ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။

ယ​ခု​တွင် ငါ​နေ​ဗု​ခဒ်​နေ​ဇာ​သည် ကောင်း​ကင်​ဘုံ၏ အ​ရှင်​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ထော​ပ​နာ​ပြု၏။ စီ​ရင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော အ​ရာ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ တ​ရား​နှင့် ညီ​လျော်​ကြ၏။ မာ​န​ထောင်​လွှား​သော သူ​တို့​ကို နှိမ့်​ချ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏​ဟု အ​မိန့်​တော်​ကို အ​ရပ်​ရပ်​သို့ ပြန့်​စေ​တော်​မူ၏။

သို့​ဖြစ်၍ အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ကြီး​မြတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့ ကြား​သ​မျှ​အ​တိုင်း ကိုယ်​တော်​နှင့် တူ​သော​ဘု​ရား၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မည်​မျှ​မ​ရှိ​ပါ။

ထာ​ဝ​ရ​ဘု​ရား သန့်​ရှင်း​တော်​မူ​သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ မ​သန့်​ရှင်း။ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ။

တစ်​ဖန် လေ​ဝိ​သား ယော​ရှု၊ ကပ်​မျေ​လ၊ ဗာ​နိ၊ ဟာ​ရှ​ဗ​နိ၊ ရှေ​ရ​ဘိ၊ ဟော​ဒိ​ယ၊ ရှေ​ဗ​နိ၊ ပေ​သ​ဟိ​တို့​က ထ​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​ကြ​လော့။ ကောင်း​ချီး​ပေး​ခြင်း၊ ချီး​မွမ်း​ခြင်း​အ​မျိုး​မျိုး​ထက် ကြီး​မြင့်၍ ဘုန်း​ကြီး​သော ကိုယ်​တော်၏​နာ​မ​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း။

သင်္ဘော​သ​ဖန်း​ပင် မ​ပွင့်​ရ၊ စ​ပျစ်​ပင် မ​သီး​ရ၊ သံ​လွင်​ပင်၏​ကျေး​ဇူး​ကို မျှော်​လင့်၍​မ​ခံ​ရ၊ လယ်​တို့​သည် အ​သီး​အ​နှံ​ကို မ​ပေး​ရ၊ သိုး​ခြံ၌ သိုး​ကုန်၍ တင်း​ကုပ်၌ နွား​မ​ရှိ​ရ။ သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဝမ်း​မြောက်၍၊ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် ရွှင်​လန်း​မည်။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​ကို​ခေါ်၍ သွား​လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​သော​အ​ခါ သင်​တို့​စ​ကား​ကို ငါ​နား​ထောင်​မည်။

ဘု​ရား​သ​ခင်၌ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့၌ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စေ​ကြ​လော့။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.