Pular para o conteúdo
Publicidade

Amor de casal

Por Bíblia Online

O casamento nasce de uma decisão profunda de companheirismo e cuidado mútuo, refletindo o próprio modo como Deus nos projetou para viver. Cuidar de quem está ao seu lado exige paciência diária, perdão constante e a disposição firme de caminhar juntos em qualquer circunstância.

As Escrituras lembram que a vida a dois é um presente que pede dedicação sincera e respeito. Quando o compromisso é firmado sob a graça de Deus, o afeto ganha raízes firmes para sustentar a rotina, os desafios e os momentos de alegria compartilhada.

O amor de casal é celebrado na Bíblia como dom sagrado. O Cântico dos Cânticos exalta a beleza do amor conjugal — íntimo, exclusivo e forte como a morte.

ကျွန်​မ​ကို ကိုယ်​တော်၏​နှ​လုံး​ပေါ်​မှာ တံ​ဆိပ်​ခတ်​တော်​မူ​ပါ။ လက်​ရုံး​တော်​ပေါ်​မှာ တံ​ဆိပ်​ခတ်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ မေ​တ္တာ​သည် သေ​ခြင်း​နှင့်​အ​မျှ တန်​ခိုး​ကြီး​ပါ၏။ ခင်​ပွန်း​ကို မ​ယုံ​သော​စိတ်​သ​ဘော​သည် မ​ရ​ဏနိုင်​ငံ​နှင့်​အ​မျှ ခက်​ထန်​ပါ၏။ သူ၏​အ​ရှိန်​သည် မီး​အ​ရှိန်၊ လျှပ်​စစ်​အ​ရှိန် ဖြစ်​ပါ၏။

သို့​ရာ​တွင်၊ ရေ​များ​တို့​သည် မေ​တ္တာ​ကို မ​သတ်​နိုင်။ မြစ်​ရေ​တို့​သည် မ​လွှမ်း​မိုး​နိုင်။ လူ​သည် မိ​မိ​အိမ်၌ ရှိ​သ​မျှ​သော ပ​စ္စည်း​ဥ​စ္စာ​တို့​ကို မေ​တ္တာ​ဖို့​ပေး​ချင်​သော်​လည်း၊ အ​လွန်​တ​ရာ​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ငါ့​နှ​မ၊ ငါ့​ခင်​ပွန်း၊ သင်​သည် ငါ့​နှ​လုံး​ကို​လု​ယူ​ပြီ။ သင်၏​မျက်​စိ​တစ်​ကြည့်၊ လည်​ပင်း​တစ်​လှည့်​ဖြင့် ငါ​နှ​လုံး​ကို လု​ယူ​ပြီ။

သ​တို့​သ​မီး​နှင့်​မိတ်​ဆွေ​များ

သ​ခင်​နှုတ်​ဆက်​သော နမ်း​ခြင်း​ဖြင့် ကျွန်​မ​ကို​နမ်း​ပါ​စေ။ ကိုယ်​တော်၏​မေ​တ္တာ​သည် စ​ပျစ်​ရည်​ထက် သာ၍​ကောင်း​ပါ၏။ ကိုယ်​တော်၌ မွှေး​ကြိုင်​သော နံ့​သာ​ဆီ​ကဲ့​သို့၊ နာ​မ​တော်​သည် သွန်း​လောင်း​သော နံ့​သာ​ဆီ​ဖြစ်​ပါ၏။ ထို​ကြောင့် သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို ချစ်​ကြ​ပါ၏။

ငါ​ချစ်​သော​နှ​မ၊ သင်​သည် အ​ဆင်း​လှ​ပေ၏။ အ​လွန်​လှ​ပေ၏။ ချိုး​မျက်​စိ​နှင့် ပြည့်​စုံ၏။

ငါ​ချစ်​ရာ​သ​ခင်​သည် အ​ဆင်း​လှ၍၊ ချစ်​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​တော်​မူ၏။ ငါ​တို့​အိပ်​ရာ​ခင်း​သည် စိမ်း​သော​အ​ဆင်း​ရှိ၏။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ ယောက်ျား​သည် တစ်​ယောက်​တည်း​မ​နေ​ကောင်း၊ သူ​နှင့်​တော်​သော အ​ထောက်​အ​မ​ကို သူ့​ဖို့​ငါ​လုပ်​ဦး​မည်​ဟု အ​ကြံ​ရှိ​တော်​မူ​၏။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ထဲ​က​ထုတ်​သော​နံ​ရိုး​ဖြင့် လူ​မိန်း​မ​ကို​ဖန်​ဆင်း၍ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ​၏။ လူ​က​လည်း၊ ယ​ခု ဤ​သူ​သည် ငါ့​အ​ရိုး​ထဲ​က​အ​ရိုး၊ ငါ့​အ​သား​ထဲ​က​အ​သား​ဖြစ်​၏။ လူ​ထဲ​က​ထုတ်​သော​ကြောင့် သူ့​ကို​လူ​မိန်း​မ​ဟု ခေါ်​ဝေါ်​အပ်​သည်​ဟု ဆို​လေ​၏။ ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍၊ ကိုယ်​ခင်​ပွန်း၌​မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။

မ​ယား​ကို​ရ​သော​သူ​သည် ကောင်း​သော​အ​ရာ​ကို​ရ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ခံ​ရ၏။

သင်၏​စမ်း​ရေ​တွင်း၌ မင်္ဂ​လာ​ရှိ​စေ၍၊ အ​သက်​အ​ရွယ်​ပျို​စဉ်​ကာ​လ၊ ပေါင်း​ဖော်​သော မ​ယား​နှင့်​အ​တူ ပျော်​မွေ့​လော့။ သူ​သည် စုံ​မက်​တတ်​သော​သ​မင်​မ၊ နှစ်​လို​ဖွယ်​သော ဒ​ရယ်​မ​ကဲ့​သို့​ဖြစ်၍၊ သူ၏​သား​မြတ်​တို့​သည် သင်၏​အ​လို​ဆ​န္ဒ​ကို အ​စဉ်​ပြေ​စေ၍၊ သူ့​ကို​ချစ်​သော​စိတ်​နှင့် အ​စဉ်​ယစ်​မူး​လျက်​နေ​လော့။ ငါ့​သား၊ သင်​သည် အ​မျိုး​ပျက်​သော​မိန်း​မ​နှင့် အ​ဘယ်​ကြောင့် ယစ်​မူး​သ​နည်း။ ပြည့်​တန်​ဆာ​မ၏​ရင်​ပတ်​ကို အ​ဘယ်​ကြောင့် ဖက်​ယမ်း​သ​နည်း။

ထို​ကြောင့် လင်​မ​ယား​တို့​သည် နှစ်​ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း​ဖြစ်၏။ ဘု​ရား​သ​ခင်​ဖက်​စပ်၍ ထမ်း​ပိုး​တင် တော်​မူ​သော​အ​ရာ​ကို လူ​မ​ခွဲ​မ​ခွာ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။-

မေ​တ္တာ​သည် စိတ်​ရှည်​တတ်၏။ ကျေး​ဇူး​ပြု​တတ်၏။ မေ​တ္တာ​သည် ဂုဏ်​ပြိုင်​ခြင်း​မ​ရှိ၊ ဝါ​ကြွား​ခြင်း​မ​ရှိ၊ မာန်​မာ​န​မ​ရှိ။- မ​လျောက်​ပတ်​စွာ မ​ကျင့်​တတ်၊ ကိုယ်​အ​ကျိုး​ကို မ​ရှာ​တတ်၊ ဒေါ​သ​အ​မျက် မ​ထွက်​တတ်၊ အ​ပြစ်​ရှိ​သည်​ဟု မ​ထင်​တတ်၊- မ​တ​ရား​သော​အ​မှု၌ ဝမ်း​မြောက်​ခြင်း မ​ရှိ​တတ်၊ သ​မ္မာ​တ​ရား၌ ဝမ်း​မြောက်​တတ်၏။- ခပ်​သိမ်း​သော​အ​ရာ​ကို ဖုံး​အုပ်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို ယုံ​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို မျှော်​လ​င့်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို သည်း​ခံ​တတ်၏။-

ထို​နည်း​တူ ယောက်ျား​တို့​သည် မိ​မိ​ကိုယ်​ကို ချစ်​သ​ကဲ့​သို့ မိ​မိ​ခင်​ပွန်း​တို့​ကို​ချစ်​ရ​ကြ​မည်။ ခင်​ပွန်း​ကို ချစ်​သော​သူ​သည် ကိုယ်​ကို​ချစ်​သော​သူ​ဖြစ်၏။- ကိုယ်​အ​သား​ကို မုန်း​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ သ​ကဲ့​သို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် မိ​မိ​တို့​အ​သား​ကို ကျွေး​မွေး​ပြု​စု​တတ်​ကြ၏။-

သို့​ရာ​တွင် သင်​တို့​သည် အ​သီး​အ​သီး ကိုယ်​ကို​ကိုယ် ချစ်​သ​ကဲ့​သို့ ကိုယ်​ခင်​ပွန်း​ကို​ချစ်​ကြ​လော့။ မိန်း​မ​သည်​လည်း ကိုယ်​ခင်​ပွန်း​ကို ရို​သေ​ခြင်း​ရှိ​စေ​လော့။

စုံ​လင်​ခြင်း​အ​ဖွဲ့​အ​စည်း​တည်း​ဟူ​သော ချစ်​ခြင်း​မေ​တ္တာ​ကို ထပ်၍ ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။-

မိတ်​ဆွေ၏​တန်​ဖိုး

လူ​သည် တစ်​ယောက်​တည်း​ထက် နှစ်​ယောက်​သာ၍​ကောင်း၏။ ကြိုး​စား​အား​ထုတ်​လျှင်၊ ကောင်း​သော​အ​ကျိုး​ကို ရ​တတ်၏။ တစ်​ယောက်​လဲ​လျှင် တစ်​ယောက်​ထူ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သူ လဲ​လျှင်​မူ​ကား အ​ကျိုး​နည်း​ပြီ။ ထူ​သော​သူ မ​ရှိ။ လူ​သည်​နှစ်​ယောက်​အ​တူ​အိပ်​လျှင် နွေး​တတ်၏။ တစ်​ယောက်​တည်း​သော​သူ​မူ​ကား၊ အ​ဘယ်​သို့ နွေး​နိုင်​သ​နည်း။ လူ​တစ်​ယောက်​သည် တစ်​ယောက်​ကို​နိုင်​လျှင် ထို​လူ​ကို နှစ်​ယောက်​ဆီး​တား​နိုင်၏။ သုံး​လွန်း​တင်​သော ကြိုး​သည်​လည်း အ​လွယ်​တ​ကူ မ​ပြတ်​တတ်။

တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​ပြီ​မ​ဟုတ်​လော။ သို့​သော်​လည်း၊ ကိုယ်​တော်၌ ဝိ​ညာဉ်​တော် အ​ကျန်​အ​ကြွင်း​ရှိ၏။ အ​ဘယ်​ကြောင့် တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​နှင့် ထိုက်​တန်​သော​အ​မျိုး​ကို​ရှာ၍ ထို​သို့ ဖန်​ဆင်း​တော်​မူ၏။ သို့​ဖြစ်၍၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ အ​သက်​ပျို​စဉ်​အ​ခါ လက်​ထပ်​သော​မ​ယား​ကို သ​စ္စာ​ဖျက်၍ မ​ပြစ်​မှား​ကြ​နှင့်။

အ​ထွေ​ထွေ​ပ​ညတ်​များ

အိမ်​ထောင်​ဖက်​ပြု​စ​ရှိ​သော​သူ​သည် စစ်​တိုက်​မ​သွား​ရ။ မင်း​အ​မှု​ကို မ​ဆောင်​ရ။ တစ်​နှစ်​ပတ်​လုံး ကိုယ်​အိမ်၌​အ​လွတ်​နေ၍ မ​ယား​ကို ကျွေး​မွေး​ပြု​စု​ရ​မည်။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.