Publicidade

1 Crônicas 24

ယဇ်​ပု​ရော​ဟိတ်​တို့​၏တာ​ဝန်

1 အာ​ရုန်​အ​မျိုး​သား အ​သီး​အ​ခြား​သင်း​ဖွဲ့​ရာ​မှာ၊ အာ​ရုန်​သား​ကား နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ တည်း။ 2 နာ​ဒပ်​နှင့်​အ​ဘိ​ဟု​သည် သား​မ​ရှိ။ အ​ဘ​လက်​ထက်​တွင် သေ​သော​ကြောင့်၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​သည် ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ၏။3 ဒါ​ဝိဒ်​သည် ဧ​လာ​ဇာ​အ​မျိုး​ဇာ​ဒုတ်​နှင့် ဣ​သ​မာ​အ​မျိုး အ​ဟိ​မ​လက်​ကို အ​သီး​အ​သီး​ဆောင်​သင့်​သည်​အ​တိုင်း ခန့်​ထား​လေ၏။ 4 ဣ​သ​မာ​အ​မျိုး အ​ကြီး​အ​ကဲ​ထက် ဧ​လာ​ဇာ​အ​မျိုး အ​ကြီး​အ​ကဲ သာ၍​များ​သော​ကြောင့်၊ ဧ​လာ​ဇာ​အ​ဆွေ​အ​မျိုး​အ​လိုက် အ​ကြီး​အ​ကဲ တစ်​ကျိပ်​ခြောက်​ယောက်၊ ဣ​သ​မာ​အ​ဆွေ​အ​မျိုး​အ​လိုက် အ​ကြီး​အ​ကဲ ရှစ်​ယောက်​တို့​ကို အ​သီး​အ​သီး ခွဲ​ခန့်​လေ၏။ 5 စာ​ရေး​တံ​ပြု​လျက် အ​သီး​အ​ခြား​ခွဲ​ခန့်၍ သန့်​ရှင်း​ရာ​ဌာ​န​အုပ်၊ ဘု​ရား​သ​ခင်၏ အ​မှု​တော်​အုပ်​တို့​ကို ဧ​လာ​ဇာ​အ​မျိုး​နှင့် ဣ​သ​မာ​အ​မျိုး​ထဲ​က ရွေး​ယူ​ရ၏။ 6 လေ​ဝိ​အ​မျိုး နာ​သ​နေ​လ​သား စာ​ရေး​တော်​ရှေ​မာ​ယ​သည် ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ အ​ဗျာ​သာ​သား အ​ဟိ​မ​လက်၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​များ​ရှေ့​မှာ နာ​မ​များ​ကို မှတ်​ရ၏။ စာ​ရေး​တံ​ပြု၍ ဧ​လာ​ဇာ​အ​မျိုး​နှင့် ဣ​သ​မာ​အ​မျိုး​ထဲ​က အ​လှည့်​လှည့် ရွေး​ကောက်​ခန့်​ထား​သော သူ​ဟူ​မူ​ကား၊ 7 ပ​ထ​မ​သူ ယော​ယာ​ရိပ်၊ ဒု​တိ​ယ​သူ ယေ​ဒါ​ယ၊ 8 တ​တိ​ယ​သူ ဟာ​ရိမ်၊ စ​တု​တ္ထ​သူ စော​ရိမ်၊ 9 ပ​ဥ္စ​မ​သူ မာ​လ​ခိ​ယ၊ ဆ​ဋ္ဌ​မ​သူ မိ​ယ​မိန်၊ 10 သ​တ္တ​မ​သူ ဟ​က္ကုတ်၊ အ​ဋ္ဌ​မ​သူ အ​ဘိ​ယ၊ 11 န​ဝ​မ​သူ ယေ​ရွှာ၊ ဒ​သ​မ​သူ ရှေ​က​နိ၊ 12 ဧ​က​ဒ​သ​မ​သူ ဧ​လျာ​ရှိပ်၊ ဒွါ​ဒ​သ​မ​သူ ယာ​ကိမ်၊ 13 တစ်​ကျိပ်​သုံး​ယောက် မြောက်​သော​သူ ဟု​ပ္ပ၊ တစ်​ကျိပ်​လေး​ယောက် မြောက်​သော​သူ ယေ​ရှေ​ဗပ်၊ 14 တစ်​ကျိပ်​ငါး​ယောက် မြောက်​သော​သူ ဗိ​လ​ဂ၊ တစ်​ကျိပ်​ခြောက်​ယောက် မြောက်​သော​သူ ဣ​မ္မေ​ရ၊ 15 တစ်​ကျိပ်​ခု​နစ်​ယောက် မြောက်​သော​သူ ဟေ​ဇိ​ရ၊ တစ်​ကျိပ်​ရှစ်​ယောက် မြောက်​သော​သူ အပ်​ဇဇ်၊ 16 တစ်​ကျိပ်​ကိုး​ယောက် မြောက်​သော​သူ ပေ​သ​ဟိ၊ နှစ်​ကျိပ်​မြောက်​သော​သူ ယေ​ဇ​ကျေ​လ၊ 17 နှစ်​ကျိပ်​တစ်​ယောက် မြောက်​သော​သူ ယာ​ခိန်၊ နှစ်​ကျိပ်​နှစ်​ယောက် မြောက်​သော​သူ ဂါ​မု​လ၊ 18 နှစ်​ကျိပ်​သုံး​ယောက် မြောက်​သော​သူ ဒေ​လာ​ယ၊ နှစ်​ကျိပ်​လေး​ယောက် မြောက်​သော​သူ မာ​ဇိ​တည်း။ 19 ထို​သို့ သူ​တို့​အ​ဘ​အာ​ရုန်​အား ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၍၊ အ​ဘ​အာ​ရုန်​စီ​ရင်​သည်​အ​တိုင်း သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို ဝင်​မြဲ​ဝင်၍ အ​မှု​တော်​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ခွဲ​ခန့်​ခြင်း​ရှိ​သ​တည်း။

အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ

20 ကြွင်း​သော လေ​ဝိ​အ​မျိုး​သား​ဟူ​မူ​ကား၊ အာ​မ​ရံ​သား​ဖြစ်​သော ရှု​ဗွေ​လ၏​သား​စု​တွင် ယေ​ဒေ​ယ၊ 21,22 ရေ​ဟ​ဘိ​သား​စု​တွင် ဣ​ရှ​ယာ၊ ဣ​ဇ​ဟာ​သား ဖြစ်​သော ရှေ​လော​မိတ်၏​သား​စု​တွင် ယာ​ဟတ်၊ 23 ဟေ​ဗြုန်​သား​စု​တွင် သား​အ​ကြီး ယေ​ရိ၊ ဒု​တိ​ယ​သား အာ​မ​ရိ၊ တ​တိ​ယ​သား ယ​ဟာ​ဇေ​လ၊ စ​တု​တ္ထ​သား ယေ​က​မံ၊ 24 ဩ​ဇေ​လ​သား​ဖြစ်​သော မိ​က္ခာ၏​သား​စု​တွင် ရှ​မိ​ရ၊ 25 မိ​က္ခာ​ညီ ဣ​ရှ​ယာ​သား​စု​တွင် ဇာ​ခ​ရိ​တည်း။

26 မေ​ရာ​ရိ​သား​ကား မ​ဟာ​လိ​နှင့် မု​ရှိ​ဖြစ်၍၊ 27 မေ​ရာ​ရိ​အ​မျိုး​သား​ဖြစ်​သော ယာ​ဇိ၏​သား​ကား ဗေ​နော၊ ရှော​ဟံ၊ ဇ​က္ကု​ရ၊ ဣ​ဗ​ရိ​တည်း။ 28 မ​ဟာ​လိ​သား​ဧ​လာ​ဇာ၌ သား​မ​ရှိ။ 29 ကိ​ရှ​သား​ကား ယေ​ရ​မေ​လ​တည်း။ 30 မု​ရှိ​သား​ကား မ​ဟာ​လိ၊ ဧ​ဒါ၊ ယေ​ရိ​မုတ်​တည်း။ ဤ​ရွေ့​ကား မိ​မိ​တို့ အ​ဆွေ​အ​မျိုး​အ​လိုက် လေ​ဝိ​အ​မျိုး​သား​တည်း။ 31 ဤ​သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး၊ ဇာ​ဒုတ်၊ အ​ဟိ​မ​လက်​အ​စ​ရှိ​သော ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ရှေ့​မှာ မိ​မိ​တို့​ညီ​အစ်​ကို အာ​ရုန်​အ​မျိုး​သား​တို့ တစ်​ဖက်​တစ်​ချက် အ​လှည့်​လှည့် စာ​ရေး​တံ​ပြု​ကြ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-18_14-04-22-