Publicidade

1 Crônicas 26

ဗိ​မာန်​တော်​အ​စော​င့်​တပ်​သား​များ

1 အ​သီး​အ​သီး​သင်း​ဖွဲ့​သော တံ​ခါး​စောင့်​များ​ဟူ​မူ​ကား။ ကော​ရ​ဟိ​အ​မျိုး ဧ​ဗျာ​သပ်​အ​နွယ်၊ ကော​ရ​သား မေ​ရှ​လေ​မိ၊ 2 မေ​ရှ​လေ​မိ၏​သား​ဦး ဇာ​ခ​ရိ၊ ဒု​တိ​ယ​သား ယေ​ဒျေ​လ၊ တ​တိ​ယ​သား ဇေ​ဗ​ဒိ၊ စ​တု​တ္ထ​သား ယာ​သ​နေ​လ၊ 3 ပ​ဥ္စ​မ​သား ဧ​လံ၊ ဆ​ဋ္ဌ​မ​သား ယော​ဟ​နန်၊ သ​တ္တ​မ​သား ဧ​လဲ​ဩ​နဲ​တည်း။ 4 ဩ​ဗ​ဒေ​ဒုံ၏​သား​ဦး ရှေ​မာ​ယ၊ ဒု​တိ​ယ​သား ယော​ဇ​ဗပ်၊ တ​တိ​ယ​သား ယော​အာ၊ စ​တု​တ္ထ​သား စာ​ကာ၊ ပ​ဥ္စ​မ​သား နာ​သ​နေ​လ၊ 5 ဆ​ဋ္ဌ​မ​သား အ​မျေ​လ၊ သ​တ္တ​မ​သား ဣ​သ​ခါ၊ အ​ဋ္ဌ​မ​သား ပု​လ​သဲ​တည်း။ ဩ​ဗ​ဒေ​ဒုံ​ကို ဘု​ရား​သ​ခင်​သည် ကောင်း​ချီး​ပေး​တော်​မူ၏။6,7 သား​ဦး​ရှေ​မာ​ယ၏​သား ဩ​သ​နိ၊ ရေ​ဖေ​လ၊ ဩ​ဗက်၊ ဧ​လာ​ဇာ​ဗဒ်​နှင့် ခွန်​အား​ကြီး​သော​ညီ ဧ​လိ​ဟု၊ သေ​မ​ခိ​တို့​သည် ခွန်​အား​ကြီး​သား​သူ​ရဲ၊ မိ​မိ​တို့​အ​ဆွေ​အ​မျိုး၌ အ​စိုး​ရ​သော​သူ​ဖြစ်​ကြ၏။ 8 အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​အောင် ခွန်​အား​ကြီး​သော ဩ​ဗ​ဒေ​ဒုံ​အ​မျိုး​သား​ချင်း ယောက်ျား​ပေါင်း​ကား ခြောက်​ကျိပ်​နှစ်​ယောက်​တည်း။ 9 ခွန်​အား​ကြီး​သော မေ​ရှ​လေ​မိ​သား​ညီ ယောက်ျား​ပေါင်း​ကား တစ်​ကျိပ်​ရှစ်​ယောက်​တည်း။ 10 မေ​ရာ​ရိ​အ​မျိုး၊ ဟော​သ၏​သား​တို့​တွင် ရှိ​မ​ရိ​သည် သား​ဦး​မ​ဟုတ်​သော်​လည်း၊ အ​ဘ​ခန့်​ထား​သော​ကြောင့် သား​အ​ကြီး​ဖြစ်​သ​တည်း။ 11 ဒု​တိ​ယ​သား​ကား ဟိ​လ​ခိ၊ တ​တိ​ယ​သား တေ​ဗ​လိ၊ စ​တု​တ္ထ​သား ဇာ​ခ​ရိ​အ​စ​ရှိ​သော ဟေ​ဝ​သ​သား​ညီ​ပေါင်း​ကား တစ်​ကျိပ်​သုံး​ယောက်​တည်း။ 12 ဤ​ရွေ့​ကား ဘု​ရား​သ​ခင်၏​အိမ်​တော်၌ အ​လှည့်​လှည့်​စောင့်​ခြင်း​ငှာ သင်း​ဖွဲ့​သော ဝင်း​တံ​ခါး​ဝ​စောင့်​အ​ကြီး​အ​ကဲ​ဖြစ်​သ​တည်း။

13 ထို​သူ​အ​ကြီး​အ​ငယ်​တို့​သည်၊ မိ​မိ​တို့ အ​ဆွေ​အ​မျိုး​အ​လိုက် တံ​ခါး​အ​သီး​အ​သီး​စောင့်​စေ​ခြင်း​ငှာ စာ​ရေး​တံ​ပြု​ကြ၍၊ 14 အ​ရှေ့​မျက်​နှာ​ကို ရှေ​လ​မိ​ရ၏။ ရှေ​လ​မိ​သား​ပ​ညာ​ရှိ​ဇာ​ခ​ရိ​သည် စာ​ရေး​တံ​အား​ဖြင့် မြောက်​မျက်​နှာ​ကို​ရ၏။ 15 ဩ​ဗ​ဒေ​ဒုံ​သည် တောင်​မျက်​နှာ​ကို​လည်း​ကောင်း၊ သူ၏​သား​တို့​သည် အ​သု​ပိမ်​အိမ်​ကို​လည်း​ကောင်း​ရ၏။ 16 ရှု​ပိန်​နှင့်​ဟော​သ​သည် အ​နောက်​မျက်​နှာ​နှင့် ဗိ​မာန်​တော်​သို့ တက်​ရာ​လမ်း​ဝ၌ ရှ​လ္လေ​ခက်​တံ​ခါး​ကို​ရ၍ တစ်​ဖက်​တစ်​ချက်၌ စောင့်​ရ၏။ 17 နေ့​ရက်​အ​စဉ်​အ​တိုင်း အ​ရှေ့​မျက်​နှာ၌ လေ​ဝိ​သား​ခြောက်​ယောက်၊ မြောက်​မျက်​နှာ၌ လေး​ယောက်၊ တောင်​မျက်​နှာ၌ လေး​ယောက်၊ အ​သု​ပိမ်​ဘက်​မှာ နှစ်​ယောက်၊ တံ​တိုင်း​တော်​ပြင်​မှာ နှစ်​ယောက်၊ 18 အ​နောက်​မျက်​နှာ လမ်း​ဝ​မှာ​လေး​ယောက်၊ တံ​တိုင်း​တော်​ပြင်​မှာ နှစ်​ယောက်​စောင့်​ရ​ကြ၏။ 19 ဤ​ရွေ့​ကား၊ တံ​ခါး​စောင့်​အ​ရာ​ရှိ​သော ကော​ရ​အ​မျိုး​သား​နှင့် မေ​ရာ​ရိ​အ​မျိုး​သား​ဖွဲ့​သော​အ​သင်း အ​သီး​အ​သီး​ပေ​တည်း။

ဗိ​မာန်​တော်​တွင်း​အ​ခြား​တာ​ဝန်​များ

20 လေ​ဝိ​သား​တို့​တွင်၊ အ​ဟိ​ယ​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​ဘ​ဏ္ဍာ​နှင့် ပူ​ဇော်​သော​ဘ​ဏ္ဍာ​များ​ကို အုပ်​ရ၏။ 21 အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သော ဂေ​ရ​ရှုံ​အ​မျိုး လာ​ဒန်​သား​တို့​တွင် ယေ​ဟေ​လိ​နှင့်၊ 22 သူ၏​သား ဇေ​သံ၊ ယော​လ​တို့​သည်​လည်း ဘု​ရား​သ​ခင်၏​အိမ်​တော်​ဘ​ဏ္ဍာ​ကို အုပ်​ရ၏။ 23 အာ​မ​ရံ​အ​မျိုး၊ ဣ​ဇ​ဟာ​အ​မျိုး၊ ဟေ​ဗြုန်​အ​မျိုး၊ ဩ​ဇေ​လ​အ​မျိုး​အ​ချို့ ပါ​ကြ၏။ 24 မော​ရှေ​သား ဂေ​ရ​ရှုံ၏​သား​ရှေ​ဗွေ​လ​သည်​လည်း ဘ​ဏ္ဍာ​တော်​တို့​ကို အုပ်​ရ၏။ 25 ဂေ​ရ​ရှုံ​ညီ​ဧ​လျေ​ဇာ၊ ဧ​လျေ​ဇာ​သား ရေ​ဟ​ဗိ၊ သူ၏​သား ယေ​ရှာ​ယ၊ သူ၏​သား ယော​ရံ၊ သူ၏​သား ဇိ​ခ​ရိ၊ သူ၏​သား ရှေ​လော​မိတ်​တည်း။ 26 ထို​ရှေ​လော​မိတ်​နှင့် သူ၏​ညီ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး၊ အ​ဆွေ​အ​မျိုး​သူ​ကြီး၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ဗိုလ်​မင်း​ပူ​ဇော်​သော ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို အုပ်​ရ၏။ 27 ထို​မင်း​တို့​သည် စစ်​တိုက်၍​ရ​သော​ဥ​စ္စာ​တို့​ကို မ​သိမ်း၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ကို​ပြု​စု​ခြင်း​ငှာ ပူ​ဇော်​တတ်​ကြ၏။ 28 ပ​ရော​ဖက်​ရှ​မွေ​လ၊ ကိ​ရှ​သား ရှော​လု၊ နေ​ရ​သား အာ​ဗ​နာ၊ ဇေ​ရု​ယာ​သား ယွာ​ဘ​မှ​စ၍ အ​ခြား​သော​သူ ပူ​ဇော်​သ​မျှ​တို့​ကို၊ ရှေ​လော​မိတ်​နှင့် သူ၏​ညီ​တို့​သည် ကြည့်​ရှု​အုပ်​စိုး​ရ​ကြ၏။

အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​တာ​ဝန်​များ

29 ဣ​ဇ​ဟာ​အ​မျိုး​ခေ​န​နိ​နှင့် သူ၏​သား​တို့​သည် မင်း​အ​ရာ​ရှိ၊ တ​ရား​သူ​ကြီး​ဖြစ်၍၊ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ပြင်​အ​မှု​ကို စောင့်​ရ​ကြ၏။ 30 ဟေ​ဗြုန်​အ​မျိုး​ဖြစ်​သော သူ​ရဲ​ကြီး​ဟာ​ရှ​ဘိ​နှင့် သူ၏​ညီ တစ်​ထောင်​ခု​နစ်​ရာ​တို့​သည်၊ ယော်​ဒန်​မြစ် အ​နောက်​ဘက်​မှာ​နေ​သော ဣ​သ​ရေ​လ​လူ​တို့​တွင် မင်း​အ​ရာ​ရှိ​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​နှင့် ရှင်​ဘု​ရင်​အ​မှု အ​မျိုး​မျိုး​တို့​ကို စောင့်​ရ​ကြ၏။ 31 ဟေ​ဗြုန်​အ​မျိုး​သား​တို့​တွင်၊ အ​ဆွေ​အ​မျိုး​အ​လိုက် ယေ​ရိ​ယ​သည် အ​ကြီး​အ​ကဲ​ဖြစ်၏။ ဒါ​ဝိဒ်​မင်း​နန်း​စံ​လေး​ဆယ်​တွင်၊ ထို​အ​မျိုး​သား​တို့​ကို စာ​ရင်း​ယူ၍ ဂိ​လဒ်​ပြည်​ယာ​ဇာ​မြို့၌ ခွန်​အား​ကြီး​သော​သူ​ရဲ​တို့​ကို တွေ့၏။ 32 ယေ​ရိ​ယ၏​ပေါက်​ဖော်​တည်း​ဟူ​သော သူ​ရဲ​ကြီး၊ အ​ဆွေ​အ​မျိုး​သူ​ကြီး နှစ်​ထောင်​ခု​နစ်​ရာ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး​ခန့်​ထား​သည်​အ​တိုင်း၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ကို​အုပ်​စိုး၍ ဘု​ရား​သ​ခင်၏​အ​မှု​တော်​နှင့် ရှင်​ဘု​ရင်​အ​မှု​အ​မျိုး​မျိုး​တို့​ကို စောင့်​ရ​ကြ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-18_14-04-22-