Publicidade

1 Crônicas 1

အာ​ဒံ​မှ​အာ​ဗြ​ဟံ​သို့

1 အာ​ဒံ၊ ရှေ​သ၊ ဧ​နုတ်၊ 2 ကာ​ဣ​နန်၊ မ​ဟာ​လေ​လ၊ ယာ​ရက်၊ 3 ဧ​နောက်၊ မ​သု​ရှ​လ၊ လာ​မက်၊ 4 နော​ဧ၊ ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တည်း။ 5 ယာ​ဖက်​သား​ကား ဂေါ​မာ၊ မာ​ဂေါ​ဂ၊ မာ​ဒဲ၊ ယာ​ဝန်၊ တု​ဗာ​လ၊ မေ​ရှ​က၊ တိ​ရတ်​တည်း။ 6 ဂေါ​မာ​သား​ကား အာ​ရှ​ကေ​နတ်၊ ရိ​ဖတ်၊ တော​ဂါ​မ​တည်း။ 7 ယာ​ဝန်​သား​ကား ဧ​လိ​ရှာ၊ တာ​ရှု၊ ကိ​တ္တိမ်၊ ဒေါ​ဒါ​နိမ်​တည်း။ 8 ဟာ​မ​သား​ကား ကု​ရှ၊ မိ​ဇ​ရိမ်၊ ဖု​တ၊ ခါ​နာန်​တည်း။ 9 ကု​ရှ​သား​ကား သေ​ဘ၊ ဟ​ဝိ​လ၊ သာ​ဗ​တ၊ ရာ​ဂ​မ၊ သ​တ္တေ​ခါ​တည်း။ ရာ​ဂ​မ​သား​ကား ရှေ​ဘ၊ ဒေ​ဒန်​တည်း။ 10 ကု​ရှ​သည် သား​နိမ်​ရော​ဒ​ကို​လည်း ရ​သေး၏။ ထို​သူ​သည် မြေ​ကြီး​ပေါ်​မှာ အား​ကြီး​သော​မု​ဆိုး​ဖြစ်၏။ 11 မိ​ဇ​ရိမ်​သား​ကား လု​ဒိမ်​လူ၊ အာ​န​မိမ်​လူ၊ လ​ဟာ​ဗိမ်​လူ၊ န​တ္တု​ဟိမ်​လူ၊ 12 ပါ​သ​ရု​သိမ်​လူ၊ ကာ​သ​လု​ဟိမ်​လူ၊ က​တ္တော​ရိမ်​လူ​တည်း။ ကာ​သ​လု​ဟိမ်​အ​မျိုး​ထဲ​က ဖိ​လိ​တ္တိ​လူ​ဖြစ်​သ​တည်း။ 13 ခါ​နာန်​သား​အ​ကြီး​ကား ဇိ​ဒုန်၊ ထို​နောက်​ဟေ​သ၊ 14 ထို​နောက် ယေ​ဗု​သိ​လူ၊ အာ​မော​ရိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ 15 ဟိ​ဝိ​လူ၊ အာ​ကိ​လူ၊ သိ​နိ​လူ၊ 16 အာ​ဝ​ဒိ​လူ၊ ဇေ​မ​ရိ​လူ၊ ဟာ​မ​သိ​လူ ဖြစ်​သ​တည်း။ 17 ရှေ​မ​သား​ကား ဧ​လံ၊ အာ​ရှု၊ အာ​ဖာ​ဇဒ်၊ လု​ဒ၊ အာ​ရံ၊ ဥ​ဇ၊ ဟု​လ၊ ဂေ​သာ၊ မာ​ရှ​တည်း။ 18 အာ​ဖာ​ဇဒ်​သား​ကား ရှာ​လ၊ ရှာ​လ​သား​ကား ဟေ​ဗာ​တည်း။ 19 ဟေ​ဗာ​သည်​လည်း သား​နှစ်​ယောက်​ကို မြင်​လေ၏။ သား​တစ်​ယောက်​ကား ဖာ​လက်​အ​မည်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ၏​လက်​ထက်၌ မြေ​ကြီး​ကို​ခွဲ​ဝေ​ကြ၏။ သူ၏​ညီ​ကား ယု​တ္တန်​အ​မည်​ရှိ၏။ 20 ယု​တ္တန်​သား​ကား အာ​လ​မော​ဒန်၊ ရှေ​လပ်၊ ဟာ​ဇာ​မာ​ဝက်၊ ယေ​ရ၊ 21 ဟ​ဒေါ​ရံ၊ ဥ​ဇာ​လ၊ ဒိ​က​လ၊ 22 ဩ​ဗာ​လ၊ အ​ဘိ​မေ​လ၊ ရှေ​ဘ၊ 23 ဩ​ဖိ​ရ၊ ဟ​ဝိ​လ၊ ယော​ဗပ်၊ ဤ​သူ​အ​ပေါင်း​တို့​သည် ယု​တ္တန်​သား​ဖြစ်​ကြ​သ​တည်း။

24 ရှေ​မ၊ အာ​ဖာ​ဇဒ်၊ ရှာ​လ၊ 25 ဟေ​ဗာ၊ ဖာ​လက်၊ ရာ​ဂေါ၊ 26 စေ​ရောက်၊ နာ​ခေါ်၊ တေ​ရ၊ 27 အာ​ဗြ​ဟံ​အ​မည်​ရှိ​သော အာ​ဗြံ​တည်း။

ဣ​ရှ​မေ​လ​၏​သား​မြေး​များ

28 အာ​ဗြ​ဟံ​သား​ကား ဣ​ဇာက်​နှင့် ဣ​ရှ​မေ​လ​တည်း။ 29 ဣ​ရှ​မေ​လ​သား​အ​ကြီး​ကား န​ဗာ​ယုတ်၊ န​ဗာ​ယုတ်​ညီ ကေ​ဒါ၊ အာ​ဒ​ဗေ​လ၊ မိ​ဗ​သံ၊ 30 မိ​ရှ​မ၊ ဒု​မာ၊ မာ​စ၊ ဟာ​ဒါ၊ တေ​မ၊ 31 ယေ​တု​ရ၊ နာ​ဖီ​ရှ၊ ကေ​ဒ​မာ​တည်း​ဟူ​သော ဣ​ရှ​မေ​လ​သား​တည်း။ 32 အာ​ဗြ​ဟံ​မ​ယား​နှောင်း ကေ​တု​ရ​သား​ကား ဇိ​မ​ရံ၊ ယုတ်​ရှန်၊ မေ​ဒန်၊ မိ​ဒျန်၊ ဣ​ရှ​ဘတ်၊ ရှု​အာ​တည်း။ ယုတ်​ရှန်​သား​ကား ရှာ​ဘ​နှင့် ဒေ​ဒန်​တည်း။ 33 မိ​ဒျန်​သား​ကား ဧ​ဖာ၊ ဧ​ဖေ​ရ၊ ဟာ​နုတ်၊ အ​ဘိ​ဒါ​ဧ​လ​ဓာ​တည်း​ဟူ​သော ကေ​တု​ရ​သား​မြေး​တည်း။

ဧ​သော​၏​သား​မြေး​များ

34 အာ​ဗြ​ဟံ​သား​ကား ဣ​ဇာက်၊ ဣ​ဇာက်​သား​ကား ဧ​သော​နှင့် ဣ​သ​ရေ​လ​တည်း။ 35 ဧ​သော​သား​ကား ဧ​လိ​ဖတ်၊ ရွေ​လ၊ ယု​ရှ၊ ယာ​လံ၊ ကော​ရ​တည်း။ 36 ဧ​လိ​ဖတ်​သား​ကား တေ​မန်၊ ဩ​မ​ရ၊ ဇေ​ပေါ်၊ ဂါ​တံ၊ ကေ​နတ်​မှ​စ၍ တိ​မ​န​တွင် ရ​သော​သား အာ​မ​လက်​တည်း။ 37 ရွေ​လ​သား​ကား နာ​ဟတ်၊ ဇေ​ရ၊ ရှ​မ္မ၊ မိ​ဇ္ဇ​တည်း။

ဧ​ဒုံ​ပြည်​တွင်​မူ​လ​နေ​ထိုင်​ကြ​သူ​များ

38 စိ​ရ​သား​ကား လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊ ဒိ​ရှုန်၊ ဧ​ဇာ၊ ဒိ​ရှန်​တည်း။ 39 လော​တန်​သား​ကား ဟော​ရိ​နှင့် ဟေ​မံ​တည်း။ လော​တန်​နှ​မ​ကား တိ​မ​န​တည်း။ 40 ရှော​ဗ​လ​သား​ကား အာ​လာ​ဝန်၊ မ​နာ​ဟတ်၊ ဧ​ဗာ​လ၊ ရှေ​ဖော၊ ဩ​နံ​တည်း။ ဇိ​ဘောင်​သား​ကား အာ​ယ​နှင့် အာ​န​တည်း။ 41 အာ​န​သား​ကား ဒိ​ရှုန်၊ ဒိ​ရှုန်​သား​ကား ဟင်္ဒန်၊ ဧ​ရှ​ဗန်၊ ဣ​သ​ရန်၊ ခေ​ရန်​တည်း။ 42 ဧ​ဇာ​သား​ကား ဗိ​လ​ဟန်၊ ဇာ​ဝန်၊ အာ​ကန်​တည်း။ ဒိ​ရှန်​သား​ကား ဥ​ဇ​နှင့် အာ​ရန်​တည်း။

43 ဣ​သ​ရေ​လ​အ​မျိုး၌ အ​စိုး​ရ​သော​မင်း​ကြီး​မ​ရှိ​မီ ဧ​ဒုံ​ပြည်၌ အ​စိုး​ရ​သော​မင်း​ကြီး​ဟူ​မူ​ကား၊ ဗော​ရ​သား​ဗေ​လ​သည် ဒိ​န္နာ​ဗာ​မြို့၌ မင်း​ပြု၏။ 44 ဗေ​လ​မင်း​သေ၍ သူ၏​အ​ရာ၌ ဗော​ဇ​ရ​အ​ရပ်​သား ဇေ​ရ၏​သား​ယော​ဗပ်​သည် မင်း​ပြု​လေ၏။

ဧ​ဒုံ​ပြည်​ဘု​ရင်​များ

45 ယော​ဗပ်​မင်း​သေ၍ သူ၏​အ​ရာ၌ တေ​မာ​နိ​အ​ရပ်​သား ဟု​ရှံ​သည်​မင်း​ပြု​လေ၏။ 46 ဟု​ရှံ​မင်း​သေ၍ မော​ဘ​လွင်​ပြင်၌ မိ​ဒျန်​လူ​တို့​ကို လုပ်​ကြံ​သော​သူ၊ ဗေ​ဒဒ်​သား​ဟာ​ဒဒ်​သည် ဟု​ရှံ​အ​ရာ၌​မင်း​ပြု​လေ၏။ မြို့​တော်​ကား အာ​ဝိတ်​မြို့​တည်း။ 47 ဟာ​ဒဒ်​မင်း​သေ၍ သူ၏​အ​ရာ၌ မာ​သ​ရက်​အ​ရပ်​သား စာ​မ​လ​သည်​မင်း​ပြု​လေ၏။ 48 စာ​မ​လ​မင်း​သေ၍ သူ၏​အ​ရာ၌ မြစ်​နား​မှာ​နေ​သော ရ​ဟော​ဘုတ်​အ​ရပ်​သား ရှော​လ​သည်​မင်း​ပြု​လေ၏။ 49 ရှော​လ​မင်း​သေ၍ သူ၏​အ​ရာ၌ အာ​ခ​ဗော်​သား ဗာ​လ​ဟာ​နန်​သည် မင်း​ပြု​လေ၏။ 50 ဗာ​လ​ဟာ​နန်​မင်း​သေ၍ သူ၏​အ​ရာ၌ ဟာ​ဒါ​သည် မင်း​ပြု​လေ၏။ မြို့​တော်​ကား​ပေါ​မြို့​တည်း။ မြောက်​သား​တော်​ကား မေ​ဇ​ဟပ်​သ​မီး​ဖြစ်​သော မာ​တ​ရေ​ဒ၏​သ​မီး မ​ဟေ​တ​ဗေ​လ​တည်း။ 51 ဟာ​ဒါ​မင်း​သေ​သော​နောက် ဧ​ဒုံ​ပြည်၌ ဗိုလ်​လုပ်​သော​သူ​ဟူ​မူ​ကား၊ ဗိုလ်​တိ​မ​နာ၊ ဗိုလ်​အာ​လ​ဝ၊ ဗိုလ်​ယေ​သက်၊ 52 ဗိုလ်​အ​ဟော​လိ​ဗာ​မ၊ ဗိုလ်​ဧ​လာ၊ ဗိုလ်​ပိ​နုန်၊ 53 ဗိုလ်​ကေ​နတ်၊ ဗိုလ်​တေ​မန်၊ ဗိုလ်​မိ​ဗ​ဇ၊ 54 ဗိုလ်​မာ​ဂ​ဒေ​လ၊ ဗိုလ်​ဣ​ရံ​တည်း​ဟူ​သော ဤ​သူ​တို့​သည် ဧ​ဒုံ​ဗိုလ်​များ​ဖြစ်​သ​တည်း။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-18_14-04-22-