Bíblia
A Bíblia é a Palavra de Deus — viva, eficaz e mais cortante que espada de dois gumes. Toda Escritura é inspirada por Deus e útil para ensinar, repreender, corrigir e instruir em justiça.
Inspiração divina
Toda Escritura é inspirada por Deus. Homens santos falaram da parte de Deus movidos pelo Espírito Santo.
ကျမ်းစာထဲနှိုက် ရေးထားသမျှလို့ဟ ဘုရားသခင် မှုတ်သွင်းသောအားဖြင့် ဖြစ်ယွေ့ ဩဝါဒပေးခြင်း၊ အပစ်ဟို ဖော်ပြခြင်း၊ အမားဟို ပြုပြင်ခြင်းနဲ့ ဖြောင့်မတ်ခြင်းနှိုက် ဆုံးမဩဝါဒပေးခြင်းလို့အတွက် အကျိုးကျေးဇူးဆိအယ်။ ဟေအရာမှာ ဘုရားသခင်ရဲ့ လူဟ ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခြင်း ခံရလျက် ပြေ့ဝစုံလင်သောသူဖြစ်မဲ့အကျောန်း ဖြစ်အယ်။
ခရစ်တော် ယေရှုဟို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းဟို ရောက်စေလဲ့ ဉာဏ်ပညာဟို နင့်အား ပေးနိန်သော သန့်ဆှင်းသော သမ္မာကျမ်းစာနဲ့ နင်ဟ လပဲ့အရွယ်ဟပင် ရင်းနှီးကျွမ်းဝင်ခဲ့တာဟို လည်းကောင်း နင်သိအယ်။ ကျမ်းစာထဲနှိုက် ရေးထားသမျှလို့ဟ ဘုရားသခင် မှုတ်သွင်းသောအားဖြင့် ဖြစ်ယွေ့ ဩဝါဒပေးခြင်း၊ အပစ်ဟို ဖော်ပြခြင်း၊ အမားဟို ပြုပြင်ခြင်းနဲ့ ဖြောင့်မတ်ခြင်းနှိုက် ဆုံးမဩဝါဒပေးခြင်းလို့အတွက် အကျိုးကျေးဇူးဆိအယ်။ ဟေအရာမှာ ဘုရားသခင်ရဲ့ လူဟ ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခြင်း ခံရလျက် ပြေ့ဝစုံလင်သောသူဖြစ်မဲ့အကျောန်း ဖြစ်အယ်။
ကျမ်းစာနှိုက်ပါသော ပရောဖက်လို့ရဲ့ ဟောပြောချက် အားလုံးဟ လူတဦးတယောက်ရဲ့ ကိုယ်ပိုင် အနက်ဖွင့်ဆိုချက် မဟုတ်ကျောန်း ဦးစွာသိမှတ်ရမယ်။ အကျောန်းမှာ ပရောက်ဖက်လို့ရဲ့ ဟောပြောချက်ဟ ပစာအခါမှ လူရဲ့ အလိုဆန္ဒအရ ဖြစ်ပေါ်လာတာ မဟုတ်။ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ နှိုးဆော်ခြင်းဟို ခံရသောသူလို့ဟ ဘုရားသခင်ဆေမှ လာသော စကားဟို ဟောပြောကြခြင်း ဖြစ်အယ်။
နင်ဟ ဘုရားသခင်ဆေ့နှိုက် ယုံကြည်စိတ်ချရသူ တည်းဟူသော သမ္မာတရားရဲ့ နှုတ်ကပတ်တော်ဟို မန်ကန်စွာ ပိုင်းခြားတတ်လဲ့ ဆှက်ကြောက်စရာ မဆိသောသူအဖြစ် မိမိတတ်တိုင်း ဆက်သနိန်ရန် ကြိုးစားလော့။
နှုတ်ကပတ်တော်ဟို ဟောပြောလော့၊ အချိန်ဆိတာ ဖြစ်စေ၊ မဆိတာ ဖြစ်စေ၊ ကြိုးစားအားထုတ်လော့၊ အပစ်ဟို ဖော်ပြလော့၊ ဆုံးမခြင်းဟို ပြုလော့၊ ရမ်းဆာ့ဆှည်သောစိတ်နဲ့ ဩဝါဒမျိုးဟို ပေးယွေ့ တိုက်တွန်းနှိုးဆော်လော့။
ငါလာလဲ့တိုင်အောန် ကျမ်းစာဖတ်ခြင်း၊ တိုက်တွန်းအားပေးခြင်းနဲ့ သွန်သင်ခြင်းလို့ဟို ဂရုစိုက် လုပ်ဆောင်လော့။
Poder da Palavra
A Palavra de Deus é viva e eficaz. O céu e a terra passarão, mas as minhas palavras jamais passarão.
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ အသက်ဆှင်ယွေ့ ထက်မြက်ကာ အသွားနေဖက်ပါလဲ့ သံလျက်ဆိသမျှလို့ထက် သာယွေ့ ထက်သဖြင့် အသက်နဲ့ ဝိညာဉ်လို့အထိ လည်းကောင်း၊ အရိုးအဆစ်နဲ့ ခြင်ဆီလို့အထိ လည်းကောင်း၊ ထိုးဖောက်ပိုင်းခြား တတ်အယ်။ စိတ်နေလုံးရဲ့ အကြံအစည်နဲ့ သဘောထားလို့ဟိုလည်း ထိုးထွင်း သိမျော်အယ်။
ခေါန်းခင်နဲ့ မြေကြီး ပျောက်ကွယ်သွားပေမဲ့ ငါ့ရဲ့ စကားဟ ပစာအခါမှ ပျောက်ကွယ်လိမ့်မယ် မဟုတ်။
ယေရှုဟလည်း " ‘လူဟ မုန့်တခုတည်းအားဖြင့်သာ အသက်ဆှင်တာ မဟုတ်ဘဲ ဘုရားသခင်ရဲ့ နှုတ်တော်ထွက် စကားဆိသမျှအားဖြင့် အသက်ဆှင်ရမယ်လို့ ကျမ်းစာလာအယ်’ " ဟူယွေ့ မိန့်အယ်။
သမ္မာတရားအားဖြင့် သူလို့ဟို သန့်ဆှင်းစေမန့်၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ဟ သမ္မာတရား ဖြစ်အယ်။
ကျမ်းစာဟို ဆာဖွေယွေ့ ထာဝရအသက်ဟို တွေ့ဆိလိမ့်မယ်ဟု နင်လို့ ထင်မှတ်ကြသောကျောန့် ကျမ်းစာဟို လေ့လာကြအယ်။ အေးကျမ်းစာပင် ငါ့အကျောန်းဟို သက်သေခံအယ်၊
အဲလိုလဲ ထာဝရဘုရားရဲ့ နှုတ်ကပတ်တော်ဟ အမြဲတမ်း တည်အယ်" ဟု ဖော်ပြပင်း
နှုတ်ကပတ်တော်ဟ နင်လို့အားပြောလဲ့ ကောင်းမြတ်သော သတင်းပင် ဖြစ်အယ်။
Estudar e pregar
Os bereanos examinavam as Escrituras diariamente. Procura apresentar-te a Deus aprovado como obreiro que maneja bem a Palavra.
သက်သာလောနိတ်မြို့မှာ ဆိလဲ့သူများလို့ထက် ဗေရိမြို့မှာဆိလဲ့ လူများလို့ဟ ပိုပင်း စိတ်ထား မြင့်မြတ်ကြအယ်။ သူလို့ဟ သတင်းစကားဟို ရမ်းဆာ့ စိတ်အားထက်သန်စွာ နားထောင်ပင်း ပေါလု ပြောခဲ့လဲ့စကား မန်အယ် မမန်သိနိန်ရန် ကျမ်းစာဟို နေ့တိုင်း လေ့လာကြအယ်။
ပေါလုဟ မိမိလို့ စလေ့ဆိလဲ့အတိုင်း အေးတရားဇရပ်ဟို သွားပင်း ဥပုသ်နေ့ သုံးရက်လုံးလုံး သူလို့နဲ့ ကျမ်းစာဟို အမှီပြုလျက် ဆွေးနွေးကာ၊ မေဆှိယဟ ဆင်းရဲဒုက္ခခံပင်း သေခြင်းမှ ဆှင်ပြန်ထမြောက်မယ် ဆိုလဲ့အကျောန်းဟို အထောက်အထားများနဲ့တကွ ဆှင်းပြအယ်။ ပေါလုဟ "ငါဟ နင်လို့ဟို ပြောပြနေလဲ့ ယေရှုဟ မေဆှိယ ဖြစ်အယ်" ဟု ပြောအယ်။
အေးလိုမို့ ဖိလိပ္ပုဟ ပြေးယွေ့ သွားရာ ပရောဖက် ဟေရှာယကျမ်းဟို အဲသူ ဖတ်လျက်နေတာဟို ကြားသဖြင့် "နင် ဖတ်နေလဲ့အရာဟို နားလည်သလော" ဟု မေးအယ်။
သူဟ "ငါ့အား အနက်ဖွင့်ပြမဲ့သူ မဆိဘဲ စလို နားလည်နိန်မလုန်း" ဟု ပြောပင်းနောက် ဖိလိပ္ပုအား မြင်းလှည်းပေါ်သို့ တက်ယွေ့ မိမိနဲ့အတူ ထိန်ရန် ဖိတ်ခေါ်လေအယ်။ အဲသူ ဖတ်လျက်နေလဲ့ ကျမ်းစာချက်မှာ၊
"သူဟ သတ်ရန် လျာထားသော သိုးလိုမျိုး ခေါ်ဆောင်သွားခြင်းဟို ခံရယွေ့၊
သိုးသငယ်ဟ အမွေးညှပ် သူလို့ရဲ့ ဆေ့နှိုက် အသံမထွက်ဘဲ နေသလိုမျိုး
သူဟ မိမိ နှုတ်ဟို မဖွင့်ဘဲ နေအယ်။
အဲပင်းရင် ဖိလိပ္ပုဟ အေးကျမ်းစာပိုဒ်နဲ့ပင် အစပြုယွေ့ ယေရှုအကျောန်း သတင်းကောင်းဟို ပြောလေအယ်။
အဲပင်းရင် ယေရှုဟ "ပရောဖက်များ ဟောပြောသောစကားဟို ယုံကြည်ရန် ရမ်းဆာ့ စိတ်နုံနဲ့သော လူမိုက်လို့၊ ခရစ်တော်ဟ ဘုန်းအသရေဟို မခံယူခင် ဟေလို့ ဒုက္ခဝေဒနာများဟို ခံစားရန် လိုအပ်အယ် ဟုတ်ဝူးလော" ဟု ပြောလေအယ်။ အဲပင်းရင် ယေရှုဟ မောရှေကျမ်းမှ အစပြုယွေ့ ပရောဖက် ကျမ်းအားလုံးတွင် ကိုယ်တော်အကျောန်းနဲ့ ပတ်သက်လဲ့ ကျမ်းစာများဟို အေးသူနေယောက်လို့ဟို ဆှင်းလင်း ပြောပြလေအယ်။
ယေရှုဟ သူလို့ အနီးဟို ကြွလာလျက် "ခေါန်းခင်ဘုံနဲ့ မြေကြီးပေါ် ဆိသမျှသောတန်ခိုး အာဏာလို့ဟို ငါဆေ ပေးအပ်ထားလေပီ။ အဲလိုမို့ နင်လို့ဟ သွားယွေ့ လူမျိုးတကာလို့ဟို ငါ့တဘဲ့ ဖြစ်စေကြလော့။ သူလို့အား ခမည်းတော်၊ သားတော်၊ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ နာမဟို အမှီပြုယွေ့ နှစ်ခြင်းမင်္ဂလာဟို ပေးကြလော့။ နင်လို့အား ငါပေးသမျှသော ပညတ်လို့ဟို စောင့်ထိန်းကြစေရန် သူလို့အား သွန်သင်ကြလော။ ငါဟ ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောန် နင်လို့နဲ့အတူ အစဉ်မပြတ် ဆိမယ်" ဟု မိန့်အယ်။
နင်လို့သွားပင်း ‘ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ’ ဟု ဟောပြောကြလော။
Revelação e fidelidade
A Palavra do Senhor veio aos profetas. A graça de Deus se manifestou na Escritura para a salvação de todos.
Viver pela Palavra
Não só de pão vive o homem. Nada acrescentes nem diminuas. A Palavra é alimento, guia e espada do cristão.
ဟေစာစောင်နှိုက် ပါလဲ့ ပရောဖက်ပြု ဟောပြောသော စကားလို့ဟို ကြားရသူတိုင်းအား ငါ သက်သေခံတာဟ စသူမဆို ဟေအရာလို့ဟို ထပ်မံ ဖြည့်စွက်ရင် ဘုရားသခင်ဟ ဟေစာစောင်နှိုက် ရေးထားသော ဘေးဒဏ်များဟို အေးသူအပေါ်နှိုက် သက်ရောက်စေလိမ့်မယ်။ စသူမဆို ဟေပရောဖက်ပြု ဟောပြောသော စာစောင်ထဲမှ စကားလုံးများဟို နုတ်ပယ်ရင် ဟေစာစောင်နှိုက် ရေးထားသော အသက်ပင်မှ လည်းကောင်း၊ သန့်ဆှင်းသော မြို့တော်မှ လည်းကောင်း၊ အဲသူစပ်ဆိုင်သော အခွင့်ဟို ဘုရားသခင်ဟ နုတ်ပယ်လိမ့်မယ်။
နင်လို့ဟ ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ခေါ်သောသူဟို အချိန်အမြန် စွန့်ခွာယွေ့၊ တခြားသော သတင်းကောင်းဟို လက်ခံကြတာဟို ငါရမ်းဆာ့ အံ့ဩအယ်။ အမန်တကယ် "တခြားသတင်းကောင်း" မဆိပါ၊ အဲလိုလဲ ခရစ်တော်ရဲ့ သတင်းကောင်းဟို ပြောင်းလဲရန် ကြိုးစားနေသော သူအချို့ဆိသောကျောန့် ငါဟေလို့ ပြောချင်းဖြစ်အယ်။ အဲလိုလဲ ငါလို့ကဖြစ်စေ အဲဟာမဟုတ်ရင် ခေါန်းခင်မှ ခေါန်းခင်တမန်ဖြစ်စေ နင်လို့အား ငါလို့ ဟောပြောလဲ့ သတင်းကောင်းနဲ့ ကွဲပြားခြားနားလဲ့အရာဟို ဟောပြောရင်၊ ဘုရားသခင်ရဲ့ ကျိန်ခြင်းအောက်နှိုက် နေကြစေ။ ငါလို့ ပြောခဲ့လဲ့အတိုင်း၊ အခုလည်း ထပ်ပင်း ငါပြောတာဟ တစုံတယောက်သည် နင်လို့ လက်ခံခဲ့ပင်းသော သတင်းကောင်းနဲ့ ကွဲပြားခြားနားလဲ့အရာဟို ဟောပြောနေရင်၊ ဘုရားသခင်ရဲ့ ကျိန်ခြင်းအောက်နှိုက် နေကြစေ။
ငါလို့ချစ်သော ညီအကို ပေါလုဟလည်း သူနှိုက် ပေးအပ်ထားသော ဉာဏ်ပညာနဲ့အညီ နင်လို့ဆေ ရေးလိုက်လဲ့အတိုင်း ငါလို့ သခင် ဘုရားရဲ့ စိတ်ဆှည်ခြင်းဟ ကယ်တင်ခြင်းအတွက် ဖြစ်အယ်ဟု မှတ်ယူကြလော့။ သူဟ တခြားစာအားလုံးတွင်လည်း ဟေအကျောန်းအရာများနဲ့ ပတ်သက်ယွေ့ ပြောထားအယ်။ အေးစာများထဲတွင် နားလည်ရန်ခက်ခဲသောအရာ တချို့ဆိအယ်။ အသိပညာမဲ့ယွေ့ မတည်ကြည်သော သူလို့ဟ အခြားသော ကျမ်းစာများ အပေါ်နှိုက်လည်း လုပ်သလိုမျိုး အေးစာရဲ့ အနက်ဟို လိုရာဆွဲယွေ့ မိမိလို့ကိုယ်ဟို ပျက်စီးခြင်းဟို ရောက်စေကြအယ်။
အကျောန်းမှာ ကျမ်းစာနှိုက် ရေးသားခဲ့လဲ့ အရာအားလုံးဟာ ငါလို့ဟို သင်ပေးဖို့ ရေးထားတာပါ၊ အေးကျောန့် ကျမ်းစာနှိုက်ပါသော သည်းခံခြင်းနဲ့ ခွန်အားပေးခြင်းအားဖြင့် ငါလို့ မျော်လင့်ချက် ဆိရန် ဖြစ်အယ်။
အဲလိုလဲ သူလို့ဟ မယုံကြည်ခဲ့ရင် သူလို့ဟို ဖယ်လို ဆုတောင်းနိန်မလုန်း။ သတင်းစကားဟို သူလို့ မကြားခဲ့ရင် သူလို့ ဖယ်လို ယုံကြည်နိန်မလဲ။ သတင်းစကား ဟောမဲ့သူ မဆိရင် သူလို့ ဖယ်လို ကြားနိန်မလုန်း။ သတင်းကောင်းဟို ဟောမဲ့သူဟို မစေလွတ်ရင် ဖယ်လိုသတင်းဟို ကြေညာနိန်မလဲ။ ကျမ်းစာဟ "သတင်းကောင်းဟို ယူဆောင်လာသော ခြေလို့ဟ ရမ်းဆာ့ တင့်တယ်လှအယ်" ဟု ပြောအယ်။ အဲလိုလဲ ဣသရေလအမျိုးလို့ဟ အေးသတင်းကောင်းဟို သူလို့အားလုံးဟ လက်မခံကြ။ အကျောန်းမှာ ဟေရှာယဟ "အဆှင်၊ ငါလို့ သတင်းစကားဟို စသူယုံသလဲ" ဟု ဆိုအယ်။ အဲလိုမို့ ယုံကြည်ခြင်းဟ နှုတ်ကပတ်တော်ဟို ကြားနာခြင်းအားဖြင့် လာအယ်။ ယုံကြည်ခြင်းဟ ခရစ်တော်အကျောန်း ဟောပြောခြင်းမှ လာအယ်။
ငါဟ သတင်းကောင်းတရားအတွက် ဆှက်ကြောက်ခြင်း မဆိ၊ အေးအရာဟ ဦးရင်ဆုံး ယုဒလူနောက်မှာ လူမျိုးခြား ယုံကြည်သူ အားလုံးဟို ကယ်တင်သော ဘုရားသခင်ရဲ့ တန်ခိုး ဖြစ်အယ်။ အကျောန်းမှာ "ဖြောင့်မတ်သောသူဟ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်လိမ့်မယ်" ဟု ကျမ်းစာနှိုက်ရေးထားလဲ့အတိုင်း ယုံကြည်ခြင်းအပေါ် အခြေခံလျက် ယုံကြည်ခြင်းသို့ ပို့ဆောင်လဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရားဟ ဟေသတင်းကောင်းတရားနှိုက် ထင်ဆှားလျက်ဆိအယ်။
ငါလို့ဟ လောကီဝိညာဉ်ဟို မခံရကြ၊ ဘုရားသခင် ပေးသောအရာလို့ဟို သိစေရန် ဘုရားသခင်ဆေ ကြွလာသော ဝိညာဉ်ဟို ခံရကြပီ။
ဘုရားသခင် ပေးသောအရာလို့ဟို ငါလို့ ဟောပြောသောအခါ လူ့ပညာဟ သင်ကြားပေးသော စကားအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်ဟ သင်ကြားပေးသော စကားအားဖြင့် ဟောပြောယွေ့ ဝိညာဉ်ရေးနဲ့ ဆိုင်သောအရာလို့ဟို ဝိညာဉ်သဘောအားဖြင့် ငါလို့ ဟောပြောကြအယ်။ ဝိညာဉ်တော်ဟို မခံယူသူဟ ဘုရားသခင်ရဲ့ ဝိညာဉ်တော် ချပေးလဲ့ ဆုကျေးဇူးများဟို မခံယူနိန်။ ဝိညာဉ်ရေးဟို အခြေခံမှသာလျှင် အဲအရာများရဲ့ တန်ဖိုးဟို အကဲဖြတ်နိန်သဖြင့် ဝိညာဉ်တော် မခံယူသူဟ ဆုကျေးဇူးများအကျောန်းဟို အကယ်ပင် နားမလည်နိန်၊ သူရဲ့ အတွက် အဲအရာလို့ဟ အနက်အဓိပ္ပာယ် ကင်းမဲ့သောအရာများသာလျှင် ဖြစ်ကြအယ်။
အကျောန်းမှာ ဘုရားသခင်ရဲ့ ဉာဏ်ပညာအရ ဟေလောကဟ မိမိရဲ့ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ဟို မသိခဲ့သောကျောန့် ဘုရားသခင်ဟ ဟောပြောခြင်းအမှုရဲ့ မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူလို့ဟို ကယ်တင်ရန် အလိုဆိအယ်။
ယုဒလူမျိုးလို့ဟ နိမိတ်လက္ခဏာများဟို တောင်းတတ်ကြအယ်။ လူမျိုးခြားလို့ဟ ဉာဏ်ပညာဟို ဆှာတတ်ကြအယ်။ ငါလို့ဟ လက်ဝါးကပ်တိုင်တွင် အသေခံသော ခရစ်တော်ရဲ့ အကျောန်းဟို ဟောပြောကြအယ်၊ အဲအကျောန်းအရာဟ ယုဒလူမျိုးလို့အတွက် မနှစ်မြို့စရာဖြစ်ပင်း လူမျိုးခြားလို့အတွက် အနက်အဓိပ္ပာယ် မဆိလဲ့အရာ ဖြစ်အယ်။ အားပေမဲ့ ယုဒအမျိုးသား ဖြစ်စေ၊ လူမျိုးခြား ဖြစ်စေ၊ ခေါ်သောသူလို့နှိုက် ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ ဘုရားသခင်ရဲ့ ဉာဏ်ပညာဟူသော ခရစ်တော်ရဲ့ တရား ဖြစ်အယ်။
ခရစ်တော်ဟ ငါ့ဟို နှစ်ခြင်း ပေးစေရန် စေလွှတ်တာ မဟုတ်။ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်တွင် အသေခံခြင်း တန်ခိုး အလကားကား မဖြစ်စေရန် လူလို့ရဲ့ ဉာဏ်ပညာနဲ့ယှဉ်သော စကားများဟို အသုံးမပြုဘဲ သတင်းကောင်းဟို ပြောရန် ငါ့ဟို စေလွှတ်ခြင်း ဖြစ်အယ်။
အဲလိုလဲ နင်လို့ဟ ရွေးကောက်ခံရသော အမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ဆှင်းသော တိုင်းသူပြေသား၊ ဘုရားသခင်ရဲ့ လူမျိုး ဖြစ်ကြအယ်။ ဟေဟာဟ နင်လို့ဟို မိုက်ထဲဟ မိမိရဲ့ အံ့ဩဖွယ် အလင်းထဲဟို ခေါ်ယူသော အဆှင်ရဲ့ ကောင်းမြတ်ခြင်းများဟို နင်လို့ ဖော်ပြကြမဲ့အကျောန်း ဖြစ်အယ်။