O que é bom
O que é bom vem de Deus. A Bíblia celebra a bondade divina e nos convida a discernir, praticar e desfrutar tudo o que é bom — porque toda boa dádiva vem do Pai das luzes.
ထို့နောက် ပညတ်တရား၏ပကတိသဘောသည် သန့်ယှင်း၏။ ပညတ်တော်သည်လည်း သန့်ယှင်း၊ ဖြောင့်မတ်၍ ကောင်းမြတ်တော်မူ၏။
သင်ရို့သည် လောကီသားတိ ပိုင်ယှောင် အသက်မရှင်ကတ်ကေ့။ သင်ရို့၏ အတွင်းစိတ်သဘော အပြည့်အဝ ပြောင်းလဲစီခြင်းငှာ ဘုရားသခင်ကို အခွင့်ပီးကြလော့။ သို့မှသာ ဇာအရာကား ကောင်းမြတ်၏၊ ဇာအရာကို ဘုရားသခင် နှစ်သက်၏၊ ဇာအရာသည် စုံလင်သောအရာဖြစ်၏ ဟူသော ဘုရားသခင်၏အလိုတော်ကို သင်ရို့ သိနိုင်ကြလိမ့်မည်။
ထို့ကြောင့် သင်ရို့အတွက် ကောင်းသောအရာ၌ အပြစ်ပြောစရာ မဟိစီကေ့။
အသင်းတော် ဝတ်ပြုကိုးကွယ်ခြင်း
သို့ဖြစ်၍ လူအပေါင်းရို့အတွက် ဘုရားသခင်အား အသနားခံခြင်း၊ ဆုတောင်းခြင်း၊ တောင်းပန်ခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းကို ပူဇော်ကြရန် ပထမဦးဆုံးအနေဖြင့် ငါ တိုက်တွန်းလိုက်၏။ ငါရို့သည် သန့်ယှင်းခြင်း၊ ဘုရားဝတ်၌ မွိ့လျော်ခြင်းအားဖြင့် အီးချမ်းသာယာစွာ နီထိုင်နိုင်ကြရန် သျှင်ဘုရင်ရို့နှင့် အာဏာပိုင်ရို့အားလုံးအတွက်လည်း ထိုသို့ ပြုကြလော့။ ဤအမှုသည် ကောင်းမြတ်၍ ငါရို့၏ ကယ်တင်သျှင် ဘုရားသခင် နှစ်သက်တော်မူသောအမှုလည်း ဖြစ်၏။
ဘုရားသခင် ဖန်ဆင်းထားသောအရာအားလုံးသည် ကောင်းမြတ်သည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ခံယူကြလျှင် ငြင်းပယ်စရာဟူ၍ တစ်ခုမျှ မဟိ။ အကြောင်းမူကား ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့် လည်းကောင်း ထိုအရာများသည် သန့်ယှင်းစင်ကြယ်လျက် ဟိသောကြောင့်ဖြစ်၏။
ကောင်းမြတ်၍ ပြီးပြည့်စုံသော လက်ဆောင်ဟူသည်ကား ကောင်းကင်ဘုံနှင့်ဆိုင်သော အလင်းကို ဖန်ဆင်းတော်မူသော ဘုရားသခင် ထံတော်ပါးမှ ဆင်းသက်လာခြင်းဖြစ်၏။ ထိုအဖ သည်ကား ရွိ့လျားတတ်သော အရိပ်ကဲ့သို့ ပြောင်းလဲနိန်သည်မဟုတ်။
"ဆားသည် အသုံးဝင်၏၊ သို့သော် ယင်းဆားသည် အငံဓာတ်ပျောက်ကင်းလားလျှင် အငံဓာတ်ကို ပြန်ရအောင် ဇာပိုင်ပြုနိုင်မည်နည်း။
"သင်ရို့တွင် မိတ်ဖွဲ့ခြင်း၌ ဆားဟိစီကြလော့၊ သင်ရို့သည်လည်း အချင်းချင်း သင့်မြတ်စွာ နိန်ကြလော့" ဟု မိန့်တော်မူ၏။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.