Pular para o conteúdo
Publicidade

Comunhão com os irmãos

Por Bíblia Online

Nossa fé não foi feita para ser vivida de forma isolada. Desde o princípio, Deus nos chamou para caminhar juntos, partilhando as alegrias e dividindo os pesos da jornada. Quando a vida aperta e o cansaço chega, é na convivência sincera com quem partilha da mesma fé que encontramos o ânimo necessário para continuar firmes.

As Escrituras mostram que a vida cristã acontece na prática, no cuidado diário e no afeto genuíno entre pessoas comuns. Reserve alguns minutos para meditar no que a Palavra diz sobre caminhar lado a lado, construindo pontes de paz, acolhimento e verdadeira união no dia a dia.

A comunhão com os irmãos é marca da igreja verdadeira. Os cristãos primevos perseveravam na comunhão — partindo pão, orando e encorajando-se mutuamente.

Comunhão verdadeira

Perseveravam na doutrina dos apóstolos e na comunhão. A comunhão autêntica envolve amor sacrificial e acolhimento mútuo.

ထို​စ​ကား​ကို အ​သင့်​နှ​လုံး​သွင်း​မိ​သော​သူ​တို့​သည် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ ထို​နေ့၌​အ​ရေ​အ​တွက်​အား​ဖြင့် သုံး​ထောင်​မျှ​လောက်​သော သူ​တို့​သည် ဝင်​ကြ၏။- ထို​သူ​များ​သည် တ​မန်​တော်​တို့၏ ဆုံး​မ​ဩ​ဝါ​ဒ​ကို​ခံ​ခြင်း၊ အ​ပေါင်း​အ​သင်း​ဖွဲ့​ခြင်း၊ မုန့်​ကို​ဖဲ့​ခြင်း၊ ပ​တ္ထ​နာ​ပြု​ခြင်း​တို့​ကို အ​မြဲ​ဆောင်​ရွက်၍ နေ​ကြ၏။

ယုံ​ကြည်​သူ​တို့​၏​အ​သက်​တာ

လူ​အ​ပေါင်း​တို့​သည် ကြောက်​လန့်​ခြင်း​ရှိ​သည်​ဖြစ်၍ တ​မန်​တော်​တို့​သည် များ​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​ကြ၏။- ယုံ​ကြည်​သော သူ​အ​ပေါင်း​တို့​သည် တ​စ်စု​တစ်​ဝေး​တည်း​နေ​ကြ​သ​ဖြင့်၊ မိ​မိ​တို့၌​ရှိ​သ​မျှ​ကို ဆက်​ဆံ၍ သုံး​ဆောင်​ကြ၏။-မိ​မိ​တို့​ဥ​စ္စာ​ပ​စ္စည်း​များ​ကို ရောင်း​ပြီး​လျှင်၊ လူ​များ​ဆင်း​ရဲ​သည်​အ​တိုင်း အ​သီး​အ​သီး​တို့​အား ဝေ​ငှ​ခြင်း​ကို ပြု​ကြ၏။-ထို​သူ​တို့​သည်​လည်း ဗိ​မာန်​တော်၌ နေ့​တိုင်း​အ​စဉ် တ​ညီ​တ​ညွတ်​တည်း​နေ၍၊ ကိုယ်​အိမ်၌ မုန့်​ကို​ဖဲ့​လျက် ကြည်​ဖြူ​ရွှင်​လန်း​ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ကြ၏။- ဘု​ရား​သ​ခင်​ကို​လည်း ချီး​မွမ်း၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မျက်​နှာ​ပွင့်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​သူ​တို့​ကို​လည်း နေ့​စဉ်​မ​ပြတ် သ​ခင်​ဘု​ရား​သည် သင်း​ဝင်​စေ​တော်​မူ၏။

ထို​မှ​တစ်​ပါး မေ​တ္တာ​စိတ်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တိုက်​တွန်း နှိုး​ဆော်​ရ​သော​အ​ခွင့်​ကို ရှာ၍၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ထောက်​စာ​ကြည့်​ရှု​ကြ​ကုန်​အံ့။- လူ​အ​ချို့​တို့၏ ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း စည်း​ဝေး​ခြင်း​အ​မှု​ကို မ​ရှောင်​မ​လွှဲ​ကြ​နှင့်။ အ​ချင်း​ချင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ကြ​လော့။ ကာ​လ​အ​ချိန် ရောက်​လု​နီး​သည်​ကို ထောက်​သ​ဖြင့်၊ သာ၍ ကြိုး​စား​ကြ​လော့။

ညီ​အစ်​ကိုသဘောတူခြင်း

ညီ​အစ်​ကို​တို့​သည် သ​ဘော​တူ​လျက် ပေါင်း​ဖော်​ကြ​သည်​အ​ရာ​မှာ အ​လွန်​ကောင်း​ပေ၏။ အ​လွန်​တင့်​တယ် လျောက်​ပတ်​ပေ၏။ အာ​ရုန်၏​ခေါင်း​ပေါ်​မှာ​လောင်း​လျက်၊ သူ၏​မုတ်​ဆိတ်​သို့​စီး၍၊ လည်​စွပ်​တိုင်​အောင်​ကျ​သော နံ့​သာ​ဆီ​ကဲ့​သို့​ဖြစ်၏။ ဟေ​ရ​မုန်​တောင်​နှင့် ဇိ​အုန်​တောင်​ရိုး​ပေါ်​သို့​ကျ​သော နှင်း​ကဲ့​သို့ ဖြစ်၏။ ထို​သို့​နေ​ကြ​သော​အ​ရပ်၌၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​အ​သက်​ရှင်​ခြင်း​အ​ခွင့်​တည်း​ဟူ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို စီ​ရင်​တော်​မူ၏။

အ​ချင်း​ချင်း​သာ​ယာ​သော ဆွေး​နွေး​တိုင်​ပင်​ခြင်း​ကို ပြု​ကြ​ပြီ။ ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ လူ​အ​စု​အ​ဝေး​နှင့် အ​တူ​သွား​ကြ​ပြီ။

မိတ်​ဆွေ၏​တန်​ဖိုး

လူ​သည် တစ်​ယောက်​တည်း​ထက် နှစ်​ယောက်​သာ၍​ကောင်း၏။ ကြိုး​စား​အား​ထုတ်​လျှင်၊ ကောင်း​သော​အ​ကျိုး​ကို ရ​တတ်၏။ တစ်​ယောက်​လဲ​လျှင် တစ်​ယောက်​ထူ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သူ လဲ​လျှင်​မူ​ကား အ​ကျိုး​နည်း​ပြီ။ ထူ​သော​သူ မ​ရှိ။ လူ​သည်​နှစ်​ယောက်​အ​တူ​အိပ်​လျှင် နွေး​တတ်၏။ တစ်​ယောက်​တည်း​သော​သူ​မူ​ကား၊ အ​ဘယ်​သို့ နွေး​နိုင်​သ​နည်း။ လူ​တစ်​ယောက်​သည် တစ်​ယောက်​ကို​နိုင်​လျှင် ထို​လူ​ကို နှစ်​ယောက်​ဆီး​တား​နိုင်၏။ သုံး​လွန်း​တင်​သော ကြိုး​သည်​လည်း အ​လွယ်​တ​ကူ မ​ပြတ်​တတ်။

Amor fraternal

Amai-vos com amor fraternal sincero. Encorajem-se mutuamente e carreguem os fardos uns dos outros.

သင်​တို့​သည် ဖောက်​ပြန်​ပျက်​စီး​တတ်​သော မျိုး​စေ့​အား​ဖြင့် ဖြစ်​ဖွား​သည်​မ​ဟုတ်၊-

မြည်​တမ်း​ခြင်း​မ​ရှိ​ဘဲ အ​ချင်း​ချင်း ဧည့်​သည်​ဝတ်​ကို ပြု​ကြ​လော့။-

ညီ​အစ်​ကို​ချစ်​ခြင်း​အ​ရာ​မှာ၊ ပ​က​တိ​ပေါက်​ဖော်​ကဲ့​သို့ တစ်​ယောက်​ကို​တစ်​ယောက် စုံ​မက်​ကြ​လော့။ ချီး​မွမ်း​ခြင်း​အ​ရာ​မှာ၊ သူ​တစ်​ပါး​ကို ကိုယ်​ထက် ချီး​မြှောက်​ကြ​လော့။-

ခ​ရစ်​တော်​၏​နှိမ့်​ချ​ခြင်း

ထို​ကြောင့် ခ​ရစ်​တော်၌​သက်​သာ​ခြင်း၊ မေ​တ္တာ​နှင့်​စပ်​ဆိုင်​သော ချမ်း​သာ​ခြင်း၊ ဝိ​ညာဉ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ သ​နား​စုံ​မက်​ခြင်း​တည်း​ဟူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊- သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ၍၊ စိတ်​မ​ကွဲ​ပြား​ဘဲ တစ်​လုံး​တစ်​ဝ​တည်း ကြံ​စည်​ခြင်း​နှင့်​တ​ကွ၊ သ​ဘော​တ​ညီ​တ​ညွတ်​တည်း ရှိ​သော​အား​ဖြင့်၊ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ကို စုံ​လင်​စေ​ကြ​လော့။-

ခ​ရစ်​တော်၏ နှုတ်​က​ပတ်​တ​ရား​သည် ပ​ညာ​အ​မျိုး​မျိုး​နှင့် သင်​တို့​အ​ထဲ၌ ကြွယ်​ဝ​စွာ တည်​နေ၍ သင်​တို့​သည် ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း​အ​မျိုး​မျိုး​အား​ဖြင့်၊ အ​ချင်း​ချင်း​တို့​ကို ဆုံး​မ​သွန်​သင်​ခြင်း၊ သ​တိ​ပေး​ခြင်း​ကို​ပြု၍၊ နူး​ညွတ်​သော​စိတ်​နှ​လုံး​နှင့် ဘု​ရား​သ​ခင်​ရှေ့​တော်၌ တင့်​တယ်​လျောက်​ပတ်​စွာ သီ​ချင်း​ဆို​ကြ​လော့။-

အ​ချင်း​ချင်း ကျေး​ဇူး​ပြု​ခြင်း၊ သ​နား​စုံ​မက်​ခြင်း၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကြောင့် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ချင်း​ချင်း အ​ပြစ်​လွှတ်​ခြင်း ရှိ​ကြ​လော့။

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် လွှတ်​ခြင်း​အ​ခွင့်​ကို ရ​သော​သူ​ဖြစ်​ကြ၏။ သို့​သော်​လည်း ဇာ​တိ​ပ​က​တိ​အား အ​ခွင့်​ကို​ပေး၍၊ ထို​လွှတ်​ခြင်း​ကို မ​သုံး​ကြ​နှင့်။ အ​ချင်း​ချင်း​ချစ်၍ အ​မှု​ချင်း​ကို ဆောင်​ရွက်​ကြ​လော့။-

ထို​ကြောင့်၊ သင်​တို့​သည် ယ​ခု​ပင်​ပြု​သည်​နည်း​တူ၊ အ​ချင်း​ချင်း​တိုက်​တွန်း၍ တစ်​ယောက်​ကို​တစ်​ယောက် တည်​ဆောက်​ကြ​လော့။

ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီ​ဟု ဆို​လျက်​ပင်၊ မှောင်​မိုက်၌​ကျင်​လည်​လျှင်၊ သ​စ္စာ​တ​ရား​ကို​မ​ကျင့်။ မု​သား​ကို​သုံး​သော​သူ ဖြစ်​ကြ၏။- ဘု​ရား​သ​ခင်​သည် အ​လင်း၌​ရှိ​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် အ​လင်း၌​ကျင်​လည်​လျှင်၊ အ​ချင်း​ချင်း မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ရှိ​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​သည်၊ ငါ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို ဆေး​ကြော​တော်​မူ၏။-

ကြွင်း​သေး​သော​စ​ကား ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သင်​တို့၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ စုံ​လင်​ခြင်း၊ သက်​သာ​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လော့။ စိတ်​တ​ညီ​တ​ညွတ်​တည်း ဖြစ်၍၊ အ​ချင်း​ချင်း အ​သင့်​အ​တင့်​နေ​ကြ​လော့။ သို့​ဖြစ်၍ မေ​တ္တာ​ကို​လည်း​ကောင်း၊ အ​သင့်​အ​တင့်​နေ​ခြင်း ချမ်း​သာ​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လ​တ္တံ့။-

သင်​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ချစ်​ကြ​လော့။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု ပ​ညတ်​သစ်​ကို ငါ​ပေး၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.