Pular para o conteúdo
Publicidade

Dificuldades

Por Bíblia Online  - 

Quando os dias pesam e o caminho parece escuro, é natural sentir o peso do cansaço e da incerteza. Você não precisa carregar o desespero sozinho, nem fingir que está tudo bem quando a tempestade aperta ao redor.

As palavras registradas nas Escrituras mostram que Deus caminha perto de quem sofre. Elas lembram que a dor não anula o cuidado divino e que existe uma força maior sustentando você nos momentos em que tudo parece desabar.

As dificuldades são parte da vida, mas Deus é refúgio certo em todo tempo de angústia. A Bíblia promete que nenhuma adversidade pode separar os filhos de Deus do seu amor.

Deus é refúgio

Deus é nosso refúgio e fortaleza, socorro bem presente nas angústias. Nada poderá nos separar do amor de Cristo.

ဘု​ရား​သ​ခင်​သည်​ငါ​တို့၏​ခို​လှုံ​ရာ

ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်၍၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ အ​ထူး​သ​ဖြင့် ကူ​မ​တော်​မူ​ကြောင်း ထင်​ရှား​လျက်​ရှိ၏။ ထို​ကြောင့် ပ​ထ​ဝီ​မြေ​ကြီး​သည်​ရွေ့​သွား၍ တောင်​များ​တုန်​လှုပ်​လျက် သ​မု​ဒ္ဒ​ရာ​သို့​ကျ​သော်​လည်း၊ ငါ​တို့​သည် ကြောက်​လန့်​ခြင်း​မ​ရှိ။ သ​မု​ဒ္ဒ​ရာ​ရေ​သည် ဟုန်း​ဟုန်း​မြည်၍ မွှေ​နှောက်​ပါ​လေ​စေ။ လှိုင်း​တံ​ပိုး​ထ​သ​ဖြင့်၊ တောင်​များ​တုန်​လှုပ်​ပါ​လေ​စေ။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ၊ ငါ၏​ရဲ​တိုက်၊ ငါ​ကိုး​စား​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု ငါ​ပြော​ဆို၏။

အို​လူ​များ​တို့၊ ဘု​ရား​သ​ခင်၌ အ​စဉ်​မ​ပြတ် ခို​လှုံ​ကြ​လော့။ ရှေ့​တော်၌ စိတ်​နှ​လုံး​ကို ဖွင့်​ပြ​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့၏​ခို​လှုံ​ရာ၊ ဘေး​အ​န္တ​ရာယ်​ရောက်​သည်​ကာ​လ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ နာ​မ​တော်​ကို သိ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ယုံ​ကြည်​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​ရှာ​သော သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ​တတ်​ပါ။

သ​မု​ဒ္ဒ​ရာ​ဟုန်း​ခြင်း​ကို အ​စိုး​ရ​တော်​မူ၏။ လှိုင်း​တံ​ပိုး​ထ​သော​အ​ခါ ငြိမ်း​စေ​တော်​မူ၏။

ရေ​များ​ဟုန်း​သံ​နှင့်​တ​ကွ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​တို့​သည် အား​ကြီး​သည်​ထက်၊ ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​သော အ​ရပ်၌​သာ၍ တန်​ခိုး​ကြီး​တော်​မူ၏။

လေ​ပြင်း​ကို​ပျောက်​စေ​တော်​မူ၍၊ လှိုင်း​တံ​ပိုး​များ​လည်း ငြိမ်​ဝပ်​ကြ၏။

ခ​ရစ်​တော်၏​ချစ်​ခြင်း​မေ​တ္တာ​နှင့် ငါ​တို့​ကို အ​ဘယ်​သူ​ကွာ​စေ​မည်​နည်း။- အ​ကယ်​စင်​စစ် ကိုယ်​တော်​အ​တွက် အ​ကျွန်ုပ်​တို့​သည် အ​စဉ်​မ​ပြတ် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​ပါ၏။ သတ်​ဖို့​ရာ​ထား​သော သိုး​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို သူ​တစ်​ပါး မှတ်​တတ်​ကြ​ပါ၏​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဆင်း​ရဲ​ငြို​ငြင်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ မွတ်​သိပ်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဘေး​နှင့်​တွေ့​ကြုံ​ခြင်း၊ ကွပ်​မျက်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​မှု​တို့​တွင် အ​ဘယ်​အ​မှု​သည် ခ​ရစ်​တော်၏ ချစ်​ခြင်း​မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို ကွာ​စေ​မည်​နည်း။-မ​ကွာ​စေ​သည်​သာ​မ​က၊ ငါ​တို့​ကို ချစ်​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​ကြောင့်၊ ငါ​တို့​သည် ထို​အ​မှု​ခပ်​သိမ်း​တို့​ကို ခံ​စဉ်​တွင်​ပင် အ​ထူး​သ​ဖြင့် အောင်​မြင်​ကြ၏။- အ​ကြောင်း​မူ​ကား၊ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​ဖြစ်​စေ၊ အ​ထွတ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​တန်​ခိုး​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​ဖြစ်​စေ၊- အ​မြင့်​ဖြစ်​စေ၊ အ​နိမ့်​ဖြစ်​စေ၊ ဤ​အ​ရာ​မှ​စ၍ အ​ဘယ်​နိ​မ္မိ​တ​အ​ရာ​မျှ​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ခံ​ရ​သော​ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွာ​စေ​နိုင်​ဟု ငါ​သည်​သ​ဘော​ကျ​လျက်​ရှိ၏။

Provisão nas dificuldades

O Senhor provê mesmo nos tempos mais difíceis. Ele sustentou Elias, protegeu Israel e cuida dos seus com fidelidade eterna.

ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​အ​တိုင်း၊ အိုး၌​ရှိ​သော မုန့်​ညက်​မ​ကုန်၊ ဘူး၌​ရှိ​သော​ဆီ မ​လျော့။

သူ​တို့​အ​ပေါ်​မှာ မိုး​တိမ်​ကို​ဖြန့်​မိုး၍၊ ည​အ​ခါ​လင်း​စ​ရာ​ဖို့ မီး​ကို​ပေး​တော်​မူ၏။သူ​တို့​သည် တောင်း​သော​အ​ခါ ငုံး​များ​ကို​ဆောင်​ခဲ့​တော်​မူ၍၊ သူ​တို့​ကို ကောင်း​ကင်​မုန့်​နှင့် ရောင့်​ရဲ​စေ​တော်​မူ၏။ကျောက်​ကို​လည်း ဖွင့်​လှစ်​တော်​မူ​သ​ဖြင့်၊ ရေ​သည်​ထွက်၍ သွေ့​ခြောက်​သော​အ​ရပ်၌ မြစ်​ကဲ့​သို့ စီး​သွား​လေ၏။

ဖြောင့်​မတ်​သော​သူ​သည် စွန့်​ပစ်​ခြင်း​ကို​ခံ​ရ​သည်​အ​ကြောင်း၊ သူ၏​သား​မြေး​တို့​သည် တောင်း၍​စား​ရ​သည်​အ​ကြောင်း​ကို ငါ​သည် အ​သက်​ပျို​သည်​ကာ​လ​မှ​စ၍ အို​သည်​တိုင်​အောင် မ​မြင်​စ​ဖူး။

ဖြောင့်​မတ်​သော​သူ​တို့၏​နေ့​ရက်​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား သိ​မှတ်​တော်​မူ၍၊ သူ​တို့၏​အ​မွေ​ဥ​စ္စာ​သည် အ​စဉ်​အ​မြဲ တည်​လိမ့်​မည်။ သူ​တို့​သည် ခဲ​ယဉ်း​သော​ကာ​လ၌ မျက်​နှာ​မ​ပျက်၊ အ​စာ​ခေါင်း​ပါး​သည်​ကာ​လ၌ ဝ​စွာ​စား​ရ​ကြ၏။

အ​ကြောင်း​မူ​ကား၊ ရေ​ငတ်​သော​သူ​အ​ပေါ်​မှာ ရေ​ကို ငါ​သွန်း​လောင်း၍၊ သွေ့​ခြောက်​သော​မြေ​ကို ရေ​လွှမ်း​မိုး​စေ​မည်။ သင်၏ အ​မျိုး​အ​ပေါ်​မှာ ငါ့​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ သင်၏​အ​နွယ်​အ​ပေါ်​မှာ ငါ့​ကောင်း​ချီး​မင်္ဂ​လာ​ကို​လည်း​ကောင်း ငါ​သွန်း​လောင်း​မည်။

ကိုယ်​တော်​သည် ဆင်း​ရဲ​သော​သူ​တို့ ခို​လှုံ​ရာ၊ ငတ်​မွတ်​သော​သူ အ​မှု​ရောက်​သည်​ကာ​လ၌ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ ထ​ရံ​ကို​တိုက်​သော မိုး​သက်​မုန်​တိုင်း​ကဲ့​သို့၊ ကြောက်​မက်​ဖွယ်​သော​သူ​တို့၏ ဒေါ​သ​အ​မျက်​ထွက်​သော​အ​ခါ၊ မိုး​သက်​မုန်​တိုင်း​လွတ်​ရာ၊ နေ​ရောင်​ကွယ်​ကာ​ရာ ဖြစ်​တော်​မူ၏။

နေ့​အ​ချိန်၌​လည်း နေ​ပူ​ကို ကွယ်​ကာ​သော​တဲ၊ မိုး​သက်​မုန်​တိုင်း​ရောက်​မှ လုံ​ခြုံ​သော​ခို​လှုံ​ရာ ဖြစ်​လိမ့်​မည်။

သင်​သည် ရေ​ကို​လျှောက်​သွား​သော​အ​ခါ၊ သင်​နှင့်​အ​တူ ငါ​ရှိ၏။ မြစ်​တို့​ကို လျှောက်​သွား​သော​အ​ခါ၊ မ​နစ်​မ​မွန်း​ရ။ မီး​ကို ချင်း​နင်း​သော​အ​ခါ​လည်း မ​လောင်​ရ။ မီး​လျှံ​လည်း မ​ညိ​ရ။

Força nas provas

Em tudo somos atribulados, mas não esmagados. O Senhor é bom e é fortaleza no dia da angústia — Ele conhce os seus.

ငါ​တို့​သည် အ​မျိုး​မျိုး​သော နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ အ​ကျိုး​နည်း​ခြင်း​သို့​မ​ရောက်။ မ​ကြံ​စည်​နိုင်​အောင်​ရှိ​သော်​လည်း စိတ်​မ​ပျက်။- ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော်​လည်း ဆုံး​ရှုံး​ခြင်း​မ​ရှိ။ အောက်​သို့ လှဲ​ခြင်း​ကို​ခံ​ရ​သော်​လည်း ဆုံး​ရာ​သို့​မ​ရောက်။-

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​တော်​မူ၏။ အ​မှု​ရောက်​သော​အ​ခါ ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ခို​လှုံ​သော​သူ​တို့​ကို သိ​မှတ်​တော်​မူ၏။

ထူ​ထပ်​သော မိုး​တိမ်​တော်​နှင့် ရေ​ကို​ထုပ်​တော်​မူ၍၊ မိုး​တိမ်​သည် မ​စုတ်​မ​ပြတ်​နေ၏။ မိုး​တိမ်​တော်​ကို​ဖြန့်၍ ပ​လ္လင်​တော်​မျက်​နှာ​ကို ဖုံး​အုပ်​တော်​မူ၏။ အ​လင်း​နှင့်​အ​မိုက်​ဆုံ​မိ​ရာ အ​ပိုင်း​အ​ခြား၌ စ​ကြ​ဝ​ဠာ​ကို ကန့်​ကွက်​တော်​မူ၏။

သင်​သည် ကဲ့​ရဲ့​ခြင်း​ဘေး​နှင့် ကင်း​လွတ်၍ ပျက်​စီး​ခြင်း​ဘေး ရောက်​သော်​လည်း မ​ကြောက်​ရ။

ကိုယ်​တော်​က၊ ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း​ဟု မေး​တော်​မူ​ပြီး​လျှင်၊ ထ၍ လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် အ​လွန်​သာ​ယာ​လေ၏။- ထို​လူ​တို့​က​လည်း၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့်​ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အံ့​ဩ​ကြ၏။-

ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ ယ​နေ့ အ​သက်​ရှင်​လျက် နက်​ဖြန် မီး​ဖို​ထဲ​သို့​ရောက်​သော တော​မြက်​ပင်​ကို ဘု​ရား​သ​ခင်​သည် ထို​သို့​သော​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​လျှင်၊ ထို​မျှ​မ​က သင်​တို့​ကို​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​မည် မ​ဟုတ်​လော။- ထို​ကြောင့် အ​ဘယ်​သို့ စား​သောက်​ရ​အံ့​နည်း။ အ​ဘယ်​သို့ ဝတ်​ရ​အံ့​နည်း​ဟူ၍ မ​စိုး​ရိမ်​ကြ​နှင့်။ ထို​အ​ရာ​များ​ကို သာ​သ​နာ​ပ​လူ​တို့​သည် ရှာ​ဖွေ​တတ်​ကြ၏။-

မိန်း​မ​သည် အ​ရက်​တစ်​ထောင်​နှစ်​ရာ​ခြောက် ဆယ်​ပတ်​လုံး တော၌ ကျွေး​မွေး​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော အ​ရပ်​သို့ ပြေး​လေ၏။

သင်​တို့​သည် မြွေ၊ ကင်း​မြီး​ကောက်​တို့​ကို နိုင်​ရ​သော​အ​ခွင့်​နှင့် ရန်​သူ​များ​ကို​နိုင်​ရ​သော အ​ခွင့်​တန်​ခိုး​ကို ငါ​ပေး၏။ သင်​တို့​ကို အ​ဘယ်​ဘေး​မျှ မ​ညှဉ်း​ဆဲ​ရ။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.