Pular para o conteúdo
Publicidade

Gratidão a Deus

Por Bíblia Online  - 

A vida comum traz dias fáceis e dias difíceis, mas em todos eles a presença de Deus sustenta você. Reconhecer a bondade do Criador muda a maneira como você enxerga o mundo e enfrenta as lutas diárias, tirando o peso da autossuficiência e colocando o foco em quem realmente cuida de tudo.

As palavras da Bíblia ajudam a dar voz a esse sentimento de reconhecimento. Quando você para para lembrar de onde vem o seu fôlego e o seu sustento, o coração se acalma, a reclamação dá lugar ao louvor e a rotina ganha um sentido muito mais profundo.

A gratidão a Deus é atitude que transforma a vida. Reconhecer que toda boa dádiva vem de Deus nos leva a louvar, servir e viver com alegria e propósito.

Tudo vem de Deus

Toda boa dádiva vem do alto. Agradecer a Deus é reconhecer que Ele é a fonte de toda bênção e sustento.

ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သည် သုံး​စ​ရာ​ကောင်း၏။ ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​နှင့်​ခံ​ယူ​လျှင်၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​ပယ်​မ​ရှောင်​ရ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆု​တောင်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ အ​ရာ​ရာ​တို့​သည် စင်​ကြယ်​လျက်​ရှိ​ကြ၏။

ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သည် သုံး​စ​ရာ​ကောင်း၏။ ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​နှင့်​ခံ​ယူ​လျှင်၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​ပယ်​မ​ရှောင်​ရ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆု​တောင်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ အ​ရာ​ရာ​တို့​သည် စင်​ကြယ်​လျက်​ရှိ​ကြ၏။

ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း

ထို​တ​ရား​ကို ငါ၌​အပ်​ပေး​တော်​မူ​သည်​ဖြစ်၍၊ ငါ့​ကို​ခွန်​အား​နှင့် ပြည့်​စုံ​စေ​တော်​မူ​သော ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏​ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း၏။-

ဝတ်​ပြု​ကိုး​ကွယ်​ခြင်း

ငါ​တို့​သည် ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း၊ လျောက်​ပတ်​စွာ ကျင့်​ခြင်း​အ​မျိုး​မျိုး​ကို​ပြု၍၊ ငြိမ်​ဝပ်​ဆိတ်​ညံ​စွာ နေ​ရ​မည်​အ​ကြောင်း၊ ရှင်​ဘု​ရင်​မှ​စ၍ မင်း​အာ​ဏာ​ရှိ​သော သူ​အ​ပေါင်း​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း၊ မေ​တ္တာ​ပို့​ခြင်း၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​ကို ရှေ့​ဦး​စွ​ပြု​စေ​ခြင်း​ငှာ ငါ​တိုက်​တွန်း သွေး​ဆောင်၏။-

အ​လင်း၌​နေ​သော သန့်​ရှင်း​သူ​တို့၏​အ​မွေ​ကို ငါ​တို့​သည် ဆက်​ဆံ​ဝင်​စား​ထိုက်​မည်​အ​ကြောင်း ကျေး​ဇူး​ပြု​တော်​မူ၏။-

ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ယုံ​ကြည်​ခြင်း တိုး​ပွား​ပြည့်​စုံ​လျက်၊ ထို​သ​ခင်၌ ကျင်​လည်​ကြ​လော့။

သင်​တို့​စိတ်​နှ​လုံး​အ​ထဲ၌ ခ​ရစ်​တော်၏ ငြိမ်​သက်​ခြင်း အုပ်​စိုး​စေ။ ထို​သို့​အ​လို​ငှာ သင်​တို့​သည် တစ်​လုံး​တစ်​ကိုယ်​တည်း၌ ခေါ်​ထား​တော်​မူ​ခြင်း​ကို ခံ​ကြ​သည် ဖြစ်၍၊ ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​ရှိ​ကြ​လော့။

Louvor e gratidão

Louvai ao Senhor e dai-lhe graças! Ele fez maravilhas e é digno de todo louvor e agradecimento.

ငါ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​သော​အ​မှု​တော်​ကို ချီး​မွမ်း၍၊ အ​မြင့်​ဆုံး​သော​ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို ဘု​ရား​သ​ခင်​အား​ပူ​ဇော်​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ အ​မြင့်​ဆုံး​သော​အ​ရာ၌ သ​စ္စာ​ဝတ်​ကို​ဖြေ​လော့။

ငါ​သည် ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​မည်။ ကျေး​ဇူး​တော်​ကို​ပြ၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​မည်။

ကိုယ်​တော်​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်၌ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို နှစ်​သက်​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်​ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း​ဟု အ​စဉ်​မ​ပြတ် ပြော​ကြ​ပါ​စေ​သော။

တ​ရား​စီ​ရင်​တော်​မူ​သော​ဘု​ရား​သ​ခင်

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ၏။ နာ​မ​တော်​နီး​ကြောင်း​ကို အံ့​ဖွယ်​သော အ​မှု​တော်​တို့​သည် သက်​သေ​ခံ​ကြ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ၏။

သို့​ဖြစ်၍၊ ကိုယ်​တော်​ထံ၌ ကျက်​စား​သော သိုး​စု​တည်း​ဟူ​သော ကိုယ်​တော်၏​လူ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း၍၊ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​စဉ်​အ​ဆက် ဖြစ်​လ​တ္တံ့​သော​သား​တို့​အား ဖော်​ပြ​ကြ​ပါ​မည်။

ကျေး​ဇူး​တော်​ကြီး​ပါ​သည်​ဟု ဝန်​ခံ​လျက်၊ တံ​ခါး​တော်​တို့​ကို​လည်း​ကောင်း၊ ဂုဏ်​တော်​ကို​ချီး​မွမ်း​လျက် တံ​တိုင်း​တော်​တို့​ကို​လည်း​ကောင်း ဝင်​ကြ​လော့။ ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။

ထို​အ​ခါ အ​ကျွန်ုပ်​ညည်း​တွား​မြည်​တမ်း​ခြင်း​ကို က​ခုန်​ခြင်း​ဖြစ်​စေ​တော်​မူ၏။ အ​ကျွန်ုပ်​ဝတ်​သော လျှော်​တေ​အ​ဝတ်​ကို​ချွတ်၍၊ ဝမ်း​မြောက်​ခြင်း​ခါး​ပန်း​နှင့် စည်း​တော်​မူ၏။ သို့​ဖြစ်၍ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် တိတ်​ဆိတ်​စွာ​မ​နေ။ ကိုယ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ အို​အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို အ​စဉ်​အ​မြဲ​ချီး​မွမ်း​ပါ​မည်။

ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ ဆာ​လံ

ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​လော့။ အ​မှု​တော်​တို့​ကို လူ​များ​တို့​အား ပြ​သ​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။

Expressões de gratidão

Dar graças com oração e súplica. A gratidão se expressa em palavras, atos e atitudes que glorificam a Deus.

အ​ဘယ်​အ​မှု​ကို​မျှ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​အား​ဖြင့်၊ သင်​တို့​တောင်း​ပန်​လို​သော အ​ရာ​များ​တို့​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​ကြ​လော့။-

ခပ်​သိမ်း​သော​အ​ရာ​တို့၌ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို ထောက်၍၊ ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့၊ ကာ​လ​အ​စဉ်​မ​ပြတ် ဝန်​ခံ​ကြ​လော့။

မ​တော်​မ​လျော်​သော ညစ်​ညူး​ပြက်​ပြယ် ပြက်​ရယ်​သော စ​ကား​များ​ကို​လည်း​ပယ်၍ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​စ​ကား​ကို သုံး​ကြ​လော့။-

ထို​သို့​သင်​တို့​သည် စေ​တ​နာ​စိတ်​နှင့် အ​မျိုး​မျိုး​သော စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​အ​လို​ငှာ အ​ရာ​ရာ၌​ကြွယ်​ဝ​ခြင်း ရှိ​သည်​ဖြစ်၍၊ ငါ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စ​ရာ​အ​ကြောင်း ရှိ​လိမ့်​မည်။-

အ​များ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သည်​နှင့်၊ ထို​ကြွယ်​ဝ​သော​ကျေး​ဇူး​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​မည် အ​ကြောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖြစ်​သ​တည်း။

အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​သို့​ကျင့်​စေ​ခြင်း​ငှာ၊ ယေ​ရှု​ခ​ရစ်၌ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။-

အ​န​န္တ​တန်​ခိုး​နှင့်​ပြည့်​စုံ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ မ​ဟာ​တန်​ခိုး​တော်​ကို ယူ​ဆောင်၍ စိုး​စံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​တို့​သည် ချီး​မွမ်း​ပါ၏။-

အ​ကျွန်ုပ်​မူ​ကား၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သော​စ​ကား​နှင့် ကိုယ်​တော်​အား ယဇ်​ပူ​ဇော်​ပါ​မည်။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ပြု​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ​သည်​ဟု ဆု​တောင်း​လေ၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.