Irmãos
A comunhão entre irmãos é marca da igreja verdadeira. A Bíblia nos chama a amar uns aos outros como Cristo nos amou — com perdão, encorajamento e cuidado mútuo.
Amor fraternal
Um novo mandamento vos dou: que vos ameis uns aos outros. Nisto conhecerão que sois meus discípulos — pelo amor entre vós.
ခု နန်းနို့ဟှို ငါပေးဟှူ ပညတ်တော်သစ်ဟှ ရှင်းရှင်းရှစ်ဂေ့။ နန်းနို့ဟှို ငါရှစ်မျိုးဘဲ့ ရှင်းရှင်းရှစ်ရမယ်။ နန်းနို့ရှင်းရှင်း ရှစ်ဂေ့မယ် ဆိုဟှာ နန်းနို့ဟှာ ငါ့တဗဲ့တော် ဖြစ်ဂေ့ဟှယ် ဆိုဇာဟှို လူတိုင်း သိဂေ့လေ့မယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
ဘုရားသခင်ဟှာ ရှစ်ရှင်းမြစ်တာဖြစ်ကြောန်း
ရှစ်ရဟှူသူလေ၊ နို့လေဟှာ ရှင်းရှင်းရှစ်ဂေ့ဇို့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ရှစ်ရှင်းမြစ်တာဟှာ ဘုရားသခင်န ဆိုင်ဟှူကြောန့် ရှစ်တတ်ဟှူလူဟှာ ဘုရားသခင်ဟှနေ ပေါ့-က်လာဟှူ သားမီးလေဖြစ်ဟှယ်။ ဘုရားသခင်ဟှိုသိဟှူ လူလည်းဖြစ်ဟှယ်။
ဘုရားသခင်ဟှို ရှစ်ဟှယ် ဆိုဘီး ညီကိုဟှို မူးနေဟှူလူဟှာ လီညာဟှူလူ ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ မျစ်စိန ဗြင်ရဟှူ ညီကိုဟှို ရှစ်နိုင်ဘဲ့ဟှူလူဟှာ မျစ်စိန ဗြင်ရဘဲ့ဟှူ ဘုရားသခင်ဟှို ဖယ်မျိုးရှစ်နိုင်ဟှို့နူး။
ညီကို မောန်နှမဟှို ရှစ်ဟှူလူဟှာ လန်းရောန်မာ ကျင်လည်ဟှူလူ ဖြစ်ဟှယ်။ သူဟှာ ဖယ်သူ့ဟှိုလည်း မှားယွင်းစေဟှို့ မှုဟှ။
လောကဟှို အောန်ဟှူကြောန်း
ယေရှုဟှာ ခရစ်တော်ဖြစ်ဟှယ် ဆိုဇာဟှို ယောင်ကြည်ဟှူလူဟှာ ဘုရားသခင်ဟှနေ ပေါ့-က်လာဟှူ သားမီးလေဘဲ့ ဖြစ်ဟှယ်။ ဖဟှို ရှစ်ဟှူလူဟှာ သားဟှိုလည်း ရှစ်တတ်ဟှယ်။
နန်းနို့လေဟှာ သမ္မာတရားဟှို လိုက်လျှော့-က် ကျင့်သောင်းရှင်းအားဖြင့် နန်းနို့လေရဲ့ စိဝိညာဉ်ဟှို သန့်ရှင်း စင်ကြယ်စေဂေ့ဘီး ဟန်ဆောန်ရှင်းမှေ့ဘဲဟှူ ညီကိုရှင်း ရှစ်ဟှူ မြစ်တာဟှို ရဟှူကြောန့် ဖ္လူစင်ဟှူ စိနှလောင်းအားဖြင့် ရှင်းရှင်း ခိုင်းခိုင်မြဲမြဲ ရှစ်ဂေ့ပါ။
Comunhão e edificação
Não abandoneis a congregação. Encorajem-se mutuamente, cantem juntos e instruam-se na Palavra de Cristo.
လူတချို့ ထောင်းဇံရှိဟှူတိုင်း ရှင်းရှင်းစည်းဝေးရှင်းဟှို ရှောန်လွှဲဘဲနေဟှို့တွပ် ရှင်းရှင်း အားပေးဘီး တိုက်တွန်း နှိုးဆော်ဂေ့ဇို့။ ခီကာလ နီးလာဇာဟှို ထော့-က်ဘီး ပိုဘီး ကြိုးစားဂေ့ဇို့။
ခရစ်တော်ရဲ့ စကားတော်ဟှာ ပညာဘောန်းဇောင်န နန်းနို့ထဲမာ ကြွယ်ဝဘီး တည်နေဟှူကြောန့် နန်းနို့လေဟှာ ဆာလံချင်းဟှနေစဘီး ဓမ္မချင်း၊ ဝိညာဉ်ရေးရာ ချင်းဘောန်းဇောင်အားဖြင့် ရှင်းရှင်းလေဟှို ဒိပေးဆောင်းမ သွန်သန်ဘီး နူးညွတ်ဟှူ စိနှလောင်းန ဘုရားသခင် ရှေ့တော်မာ တင့်တယ်လျောက်ပတ်အောန် ချီးမွမ်းဂေ့ပါ။
ယော့-က်နယော့-က် စကားပြောဟှူ ခီမာ ဆာလံချင်း၊ ဓမ္မချင်းန ဝိညာဉ်ရေးနဆိုင်ဟှူ ချင်းလေဟှို ရှင်းရှင်းဆိုဂေ့ဘီး သခင်ဘုရားရှေ့မာ နန်းနို့ရဲ့ စိနှလောင်းထဲဟှနေ ချင်းဆိုဂေ့ပါ။
Perdão e reconciliação
Se o teu irmão pecar contra ti, vai e repreende-o a sós. O perdão e a reconciliação preservam a unidade do corpo de Cristo.
ပြစ်မှားဟှူ ယောင်ကြည်သူကြောန်း
"အယ်ကြောန့် ညီကို မောန်နှမဟှာ နန့်ဟှို ပြစ်မှားဟှယ် ဆိုဟှာ သူ့ပြစ်ဟှို ဖော်ပြပေးဟှို့တွပ် သူ့နားဟှို သွားပါ။ အယ်ဘေမဲ့ နှေ့ယော့-က်ဒဲတွိဘီး သူ့ပြစ်ဟှို ဖော်ပြပါ။ နန့်စကားဟှို သူနားထောန်ဟှယ် ဆိုဟှာ နန်းနို့ဟှာ သူ့ဟှို ပ္လန်ရလေဘီ။ အယ်ဘေမဲ့ နန့်ရဲ့ စကားဟှို နားထောန်ဟှ ဆိုဟှာ သူ့စကားဟှို တည်ဖြစ်စေဟှို့တွပ် ကျမ်းစာမာ ပြောဟှားဟှူတိုင်း သိသတ်သေ နှေ့ယော့-က်၊ သောင်းယော့-က်ဟှို ခေါ်ပါ။
ပြစ်မှားဟှူ ယောင်ကြည်သူကြောန်း
"အယ်ကြောန့် ညီကို မောန်နှမဟှာ နန့်ဟှို ပြစ်မှားဟှယ် ဆိုဟှာ သူ့ပြစ်ဟှို ဖော်ပြပေးဟှို့တွပ် သူ့နားဟှို သွားပါ။ အယ်ဘေမဲ့ နှေ့ယော့-က်ဒဲတွိဘီး သူ့ပြစ်ဟှို ဖော်ပြပါ။ နန့်စကားဟှို သူနားထောန်ဟှယ် ဆိုဟှာ နန်းနို့ဟှာ သူ့ဟှို ပ္လန်ရလေဘီ။ အယ်ဘေမဲ့ နန့်ရဲ့ စကားဟှို နားထောန်ဟှ ဆိုဟှာ သူ့စကားဟှို တည်ဖြစ်စေဟှို့တွပ် ကျမ်းစာမာ ပြောဟှားဟှူတိုင်း သိသတ်သေ နှေ့ယော့-က်၊ သောင်းယော့-က်ဟှို ခေါ်ပါ။ အယ်သူဟှာ နားထောန်ဟှို့ ငြင်းဆန်နေဟှယ် ဆိုဟှာ သင်းတော်ဟှို တန်ပြပါ။ သင်းတော်ရဲ့ စကားဟှိုလည်း သူနားထောန်ဟှ ဆိုဟှာ တခြားဘာသာဟှ လူတယော့-က်မျိုးဘဲ့ဖြစ်ဖြစ် အယ်မျိုးမှုဘဲနေဟှာ ခွန်ကော့-က်မား တယော့-က်မျိုးဘဲ့ အယ်သူဟှို သတ်မှတ်ဂေ့ပါ။
တားမြစ်ဟှူဇာန ခွမ့်ပြုဟှူဇာကြောန်း
"ငါ မှန်ပြောမယ်၊ နန်းနို့လေဟှာ မ္လေဂီးထတ်မာ ချည်နှောင်ဟှူမျှဟှာ ကောန်းဂန်ဘောင်မာ ချည်နှောင်လေ့မယ်။ မ္လေဂီးထတ်မာ ဖြေလွှတ်ဟှူမျှဟှာ ကောန်းဂန်ဘောင်မာ ဖြေလွှတ်လေ့မယ်။
"နော့-က်ထပ် ငါ မှန်ပြောမယ်။ မ္လေဂီးထတ်မာ လူနှေ့ယာ့-က် ဘောတူဘီး ဆုတောန်းဟှယ် ဆိုဟှာ နန်းနို့တောန်းဟှူမျှဟှို ကောန်းဂန်ဘောင်ဟှ ငါ့ဖဟှာ ပေးတော်မူလေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူနှေ့ယော့-က်၊ သောင်းယော့-က်ဟှာ ငါ့ရဲ့ နာမဟှို အားကိုးဘီး စုဝေးနေဟှူ နေရာလေမာ ငါဟှာ သူးနို့နတူးဒူး ရှိနေမယ်။"
အယ်ဘီးန ယေရှုဟှ "နန်းနို့လေလည်း နန်းနို့ရဲ့ ညီကို မောန်နှမလေဟှို စိနှလောင်းထဲဟှနေ ခွမ့်လွှတ်ဘဲဟှ ဆိုဟှာ ကောန်းဂန်ဘောင်ဟှ ငါ့ဖလည်း နန်းနို့လေဟှို ခွမ့်လွှတ်ပေးဟှို့ မှုဟှ" ဆိုဘီး မိန့်တော်မူလေဟှယ်။
မန်းဂီးဟှ ‘ငါ မှန်ပြောမယ်၊ အယ်မူ ငါ့ညီကို မောန်နှမလေထဲဟှ ငယ်ဆောင်းသူ တယော့-က်ဟှို နန်းနို့ပြုစုဇာလေဟှာ ငါ့ဟှို ပြုစုဟှူဇာဘဲ့!’ ဆိုဘီး ပ္လန်မိန့်တော်မူလေ့မယ်။"
ဘုရားသခင်ရဲ့ လိုတော်ဟှို ဆောန်ဟှူလူဟှာ ငါ့ညီ၊ ငါ့ညီမန ငါ့မိဘဲ့ ဖြစ်ဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
ယောင်ကြည်သူလေတွပ် တာဝန်လေကြောန်း
သတ်ကီးဟှူသူဟှို ပြစ်တန်ဘီး ဆောန်းမရှင်းဟှို ပြုဘဲန ကိုယ့်ရဲ့ဖဟှူမျိုး သဘောထားဘီး တောန်းဗန်ပါ။ ကိုယ့်ထတ်သတ်ငယ်သူဟှို ညီတယော့-က်ဟှူမျိုး၊ ကိုယ့်ထတ်သတ်ကီးဟှူ မီးမလေဟှို ကိုယ့်မိဟှူမျိုး၊ ကိုယ့်ထတ်သတ်ငယ်ဟှူ မီးမလေဟှို ဖ္လူစင်သန့်ရှင်းဟှူစိန ကိုယ့်ညီမဟှူမျိုး သဘောထားဘီး နှိုးဆော်ပါ။
ကိုယ့်ဆွေမျိုးလေဟှို ပြုစုဘဲဟှူသူ ထူးသဖြင့် ကိုယ့်ရဲ့ အီသူအီသားလေဟှို ပြုစုဘဲဟှူသူဟှာ ယောင်ကြည်ရှင်း တရားဟှို ငြင်းပယ်သူ ဖြစ်ဟှူကြောန့် ယောင်ကြည်ဘဲဟှူ သူလေထတ် ပိုဘီး ဆိုးယုတ်လေဟှယ်။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.