Jesus Cristo
Jesus Cristo é o centro de toda a Escritura — Deus encarnado, Salvador do mundo, Senhor dos senhores. Nele habita corporalmente toda a plenitude da divindade.
A divindade de Cristo
No princípio era o Verbo, e o Verbo estava com Deus, e o Verbo era Deus. Jesus é Deus revelado em carne humana.
အစဦးနှိုက် နှုတ်ကပတ်တော် ဆိအယ်၊ နှုတ်ကပတ်တော်ဟ ဘုရားသခင်နဲ့အတူ ဆိအယ်၊ နှုတ်ကပတ်တော်ဟလည်း ဘုရားသခင် ဖြစ်အယ်။
အစဦးနှိုက် နှုတ်ကပတ်တော် ဆိအယ်၊ နှုတ်ကပတ်တော်ဟ ဘုရားသခင်နဲ့အတူ ဆိအယ်၊ နှုတ်ကပတ်တော်ဟလည်း ဘုရားသခင် ဖြစ်အယ်။ နှုတ်ကပတ်တော်ဟ အစဦးနှိုက် ဘုရားသခင်နဲ့အတူ ဆိအယ်။ ခပ်သိမ်းသောအရာလို့ဟ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင် ပြုလုပ်အယ်၊ ဖန်ဆင်းခြင်းနဲ့ ကင်းလွတ်လျက် ဖြစ်သောအရာ တစုံတခုမျှ မဆိ။
နှုတ်ကပတ်တော်ဟ လူသားအဖြစ် ခံယူယွေ့ ကျေးဇူးတော်နဲ့ သမ္မာတရားဟို ပြေ့စုံလျက် ငါလို့ထဲတွင် ကျိန်းဝပ်အယ်။ ငါလို့ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို မျော်ကြရအယ်၊ အဲဘုန်းအသရေဟ ခမည်းတော်ရဲ့ တပါးတည်းသော သားတော်အဖြစ် ခံယူရဆိလဲ့ ဘုန်းအသရေ ဖြစ်အယ်။
အကျောန်းမှာ ဘုရားသခင်ရဲ့ ဇာတိအဖြစ် ပြေ့စုံခြင်းဟ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအားဖြင့် ကျိန်းဝပ်အယ်၊
အကျောန်းမှာ ဘုရားသခင်ရဲ့ ဇာတိအဖြစ် ပြေ့စုံခြင်းဟ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအားဖြင့် ကျိန်းဝပ်အယ်၊ နင်လို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသော အသက်ဟို ရဆိကြအယ်။ အဲသူဟ ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးနဲ့ အခွင့်အာဏာဆိသူတိုင်းအပေါ်တွင် အမြင့်မြတ်ဆုံး ဖြစ်အယ်။
ခရစ်တော် ယေရှုနှိုက်ဆိသော စိတ်သဘောမျိုးဟို နင်လို့နှိုက်လည်း ဆိစေကြလော့။
ကိုယ်တော်ဟ ဘုရားသဘောသဘာဝနဲ့ အစဉ်ပြေ့စုံအယ်။
အားပေမဲ့ ကိုယ်တော်ဟ ဘုရားသခင်နဲ့တန်းတူ ဆိနေရန် ကြိုးစားဖို့ မစဉ်းစားခဲ့ပါ။
ဟေသို့ပြုမဲ့အစား မိမိအလိုအလျောက် ဘုန်းအသရေဆိသမျှဟို စွန့်ယွေ့
အစေခံရဲ့ သဏ္ဌာန်ဟို ခံယူအယ်။
ကိုယ်တော်ဟ လူ့အသွင်ဟို ယူဆောင်ယွေ့
လူကဲ့သို့သောအဖြစ်ဟို ခံယူအယ်။
ခရစ်တော် ယေရှုနှိုက်ဆိသော စိတ်သဘောမျိုးဟို နင်လို့နှိုက်လည်း ဆိစေကြလော့။
Jesus, o Filho de Deus
Tu és o Cristo, o Filho do Deus vivo! Jesus revelou o Pai e demonstrou sua autoridade divina por palavras e obras.
ကိုယ်တော်ဟ "နင်လို့ဟမူ ငါ့ဟို စသူ ဟု ဆိုကြလုန်း" ဟု မေးအယ်။
ရှိမုန် ပေတရုဟ "ကိုယ်တော်သည် အသက်ဆှင်သော ဘုရားသခင်ရဲ့ သားတော်တည်းဟူသော ခရစ်တော် ဖြစ်အယ်" ဟု ဆှောက်အယ်။
ယေရှုဟ "ယောဟန်ရဲ့ သား ရှိမုန်ဗာယောန၊ နင်ဟ မင်္ဂလာဆိအယ်။ အကျောန်းမှာ အသွေးအသားဟ ဟေအကျောန်းအရာဟို နင့်အား ဖွင့်ပြတာ မဟုတ်ဘဲ ခေါန်းခင်ဘုံနှိုက်ဆိသော ငါရဲ့ခမည်းတော်ဟ ဖော်ပြအယ်။
ဗျာဒိတ်တော်မှာ "အပျိုကညာဟ လူပဲ့စွဲယူယွေ့ အောင်နီငယ်ဟို ဖွားမျော် လိမ့်မယ်။ အဲအောင်နီငယ်ဟို ဧမာနွေလ နာမယ်ပေးရမယ်" (အေးအဓိပ္ပာယ်ဟ "ဘုရားသခင်ဟ ငါလို့နဲ့အတူ ဆိအယ်") ဟု ဖြစ်အယ်။
တပ်မှူးနဲ့တကွ ယေရှုဟို စောင့်ကျေ့နေကြသော စစ်သားများဟ မြေငလျင်လှုပ်ခြင်းနဲ့ အခြားအဖြစ်အပျက်များဟိုလည်းကောင်း တွေ့မျော်ကြသောအခါ ရမ်းဆာ့ကြောက်လန့်ကြယွေ့ "ဟေသူဟ အမန်ပင် ဘုရားသခင်ရဲ့သားတော် ဖြစ်အယ်" ဟု ဆိုကြအယ်။
အဲလိုလဲ ယေရှုဟ စကားတခွန်းမှ မပြောဘဲ၊ တိတ်ဆိတ်နေခဲ့အယ်။ တခါ ယဇ်ပုရောဟိတ်မင်းဟ "နင်ဟ မေဆှိယ၊ ကောင်းချီးပေးသော ဘုရားသခင်ရဲ့ သားတော်လော" ဟု မေးလေအယ်။
ယေရှုဟ "မန်အယ်။ လူသားဟ အနန္တတန်ခိုးဆှင်ရဲ့ လက်ယာဘက်တွင် ထိန်နေပင်း မိုးချေးသားလို့နဲ့အတူ ကြွလာတာဟို နင်လို့အားလုံး မျော်ရကြလိမ့်မယ်" ဟု ပြောလေအယ်။
သူဟ "မထိတ်လန့်ကြနဲ့" ဟု ပြောအယ်။ နင်လို့ဟ လက်ဝါးကပ်တိုင်တွင် တင်ယွေ့ အသတ်ခံရသူ နာဇရက်မြို့သား ယေရှုဟို ဆာလျက်နေတာဟို ငါသိအယ်။ သူဟ ဟေမှာမဆိ၊ ကိုယ်တော်ဟ ထမြောက်ပီ။ ကိုယ်တော်ရဲ့ အလောင်းဟို ထားသောနေရာဟို ကျေ့ကြလော့။
လူအပေါင်းလို့ နှစ်ခြင်းဟို ခံယူပင်းသောအခါ ယေရှုဟလည်း နှစ်ခြင်း ခံယူအယ်။ ယေရှုဟ ဆုတောင်းနေစဉ်တွင် ခေါန်းခင် ပွင့်လာယွေ့၊ သန့်ဆှင်းသော ဝိညာဉ်တော်ဟ ချိုးတူးမပုံစံဖြင့် ယေရှု အပေါ်ဟို ဆင်းသက်အယ်။ မိုးခေါန်းခင်မှ "နင်ဟ ငါရဲ့ ချစ်သား ဖြစ်အယ်၊ နင်ဟ ငါနှစ်သက် မြတ်နိုးရာ ဖြစ်အယ်" ဟု အသံပေါ်ထွက်လာအယ်။
Eu Sou
Jesus disse: antes que Abraão existisse, Eu Sou. Ele se identificou com o nome divino revelado a Moisés na sarça ardente.
ယေရှုဟ "နင်လို့အား ငါ အမန်ဆိုအယ်၊ အာဗြဟံ မမွေးမီဟပင် ငါ ဆိအယ်" ဟု မိန့်လေအယ်။
ခမည်းတော်နဲ့ ငါဟ တလုံးတဝတည်း ဖြစ်အယ်" ဟု မိန့်အယ်။
ယေရှုဟလည်း "ငါ့ခမည်းတော်ဟ အခုတိုင်အောန် အလုပ်လုပ်တာ ဖြစ်ယွေ့ ငါလည်း အလုပ်လုပ်အယ်" ဟု သူလို့အား ပြန်ပြောလေအယ်။
အဲအကျောန်းကျောန့် ယုဒအာဏာပိုင်လို့ဟ ကိုယ်တော်ဟို သတ်ရန် ပိုယွေ့ ကြိုးစားဆှာကြအယ်၊ ဥပုသ်နေ့ဟို ဖောက်ဖျက်ရုံမက ဘုရားသခင်ဟို မိမိရဲ့ အဖဟုခေါ်လျက် မိမိတတ်တိုင်း ဘုရားနဲ့ တန်းတူထားသောကျောန့် ဖြစ်အယ်။
အဲအကျောန်းကျောန့် ယုဒအာဏာပိုင်လို့ဟ ကိုယ်တော်ဟို သတ်ရန် ပိုယွေ့ ကြိုးစားဆှာကြအယ်၊ ဥပုသ်နေ့ဟို ဖောက်ဖျက်ရုံမက ဘုရားသခင်ဟို မိမိရဲ့ အဖဟုခေါ်လျက် မိမိတတ်တိုင်း ဘုရားနဲ့ တန်းတူထားသောကျောန့် ဖြစ်အယ်။
ခမည်းတော်ဟ သေလွန်သောသူလို့ဟို အသက်ဆှင်စေသလို အဲတိုင်းတိုင်း သားတော်ဟလည်း မိမိအလိုဆိသူလို့ဟို အသက်ဆှင်စေအယ်။ ခမည်းတော်ဟ စသူဟိုမျှ တရားစီရင်တော်မမူ။ သားတော်အား တရားစီရင် ပိုင်ခွင့်ဆိသမျှဟို ပေးအပ်ထားအယ်၊ အဲလိုမို့ လူအပေါင်းလို့ဟ ခမည်းတော်အား ရိုသေကြလဲ့တိုင်း သားတော်အား ရိုသေကြရမယ်။ သားတော်အား မရိုသေသောသူဟ သားတော်ဟို စေလွှတ်သော ခမည်းတော်အား မရိုသေသောသူ ဖြစ်အယ်။
နင်လို့အား ငါ အမန်ဆိုတာဟ သေလွန်သောသူလို့ဟ ဘုရားသခင်ရဲ့ သားတော်အသံဟို ကြားယွေ့ ကြားသောသူလို့ဟ အသက်ဆှင်ရမဲ့အချိန် ရောက်လာမယ်ဖြစ်ရာ အခုပင် ရောက်လာလေပီ။
O Salvador e Senhor
Jesus é o caminho, a verdade e a vida. Não há outro nome dado entre os homens pelo qual devamos ser salvos.
ယေရှုဟ "ငါဟ လမ်းခရီး၊ သမ္မာတရားနဲ့ အသက် ဖြစ်အယ်။ ငါ့ဟို အမှီမပြုရင် စသူမှ ခမည်းတော်ဆေဟို မရောက်နိန်။
ယေရှုဟ "ဖိလိပ္ပု၊ ငါဟ နင်လို့နဲ့အတူ ဟေမျှလောက်ကြာအောန် နေခဲ့ပင်းဖြစ်လျက် ငါ့ဟို နင် မသိသေးသလော၊ ငါ့ဟို မျော်သောသူဟ ခမည်းတော်ဟို မျော်အယ်။ အဲလိုမို့ ‘ခမည်းတော်ဟို ငါလို့အား ပြပါ’ ဟု ပစာကျောန့် နင်လို့ ပြောတုန်း။ ငါဟ ခမည်းတော်နှိုက် ဆိကျောန်းနဲ့ ခမည်းတော်ဟ ငါနှိုက် ဆိကျောန်းဟိုလည်းကောင်း မယုံကြည်သလော၊ နင်လို့အား ငါပြောသောစကားလို့ဟ ကိုယ်အလိုအလျောက် ငါပြောတာ မဟုတ်။ ငါနှိုက် တည်နေသော ခမည်းတော်ဟ သူ့ရဲ့ အမှုများဟို ပြုခြင်းဖြစ်အယ်။
ယေရှုဟ "ငါဟ ထမြောက်ခြင်းနဲ့ အသက်ဆှင်ခြင်းအကျောန်း ဖြစ်အယ်။ ငါ့ဟို ယုံကြည်သောသူဟ သေသော်လည်း ဆှင်လိမ့်မယ်။
ယေရှုဟ "နင် ယုံကြည်ရင် ဘုရားသခင်ရဲ့ ဘုန်းအသရေဟို မျော်ရလိမ့်မယ်ဟူယွေ့ ငါပြောပီ မဟုတ်လော" ဟု မိန့်အယ်။
ကယ်တင်ခြင်းဟ အခြားစသူမှာမှ မဆိ၊ အကျောန်းမှာ အေးနာမမှတပါး ငါလို့အား ကယ်တင်မဲ့ အခြားသော နာမဟို ခေါန်းခင်အောက် လူလို့နှိုက် ပေးအပ်ထားခြင်း မဆိ" ဟု သူလို့အား ဆိုအယ်။
သူလို့ဟ ဆက်လက်ယွေ့ ခရီးပြုကြခါ ယေဆိလဲ့ အရပ်သို့ ရောက်လာသဖြင့် အရာဆိဟ "ဟေအရပ်တွင် ယေဆိအယ်။ နှစ်ခြင်းဟို ငါမခံယူစေရန် ဆီးတားလဲ့အကျောန်း ဆိသလော" ဟု ဆိုအယ်။
အရာဆိဟ မြင်းလှည်းဟို ရပ်စေရန် အမိန့်ပေးပင်း၊ သူလို့နေယောက်ဟ ယေထဲသို့ ဆင်းသွားကြပင်း ဖိလိပ္ပုဟ အရာဆိအား နှစ်ခြင်းဟို ပေးအယ်။
A supremacia de Cristo
Ele é o resplendor da glória de Deus e a expressão exata do seu ser. Toda a plenitude habita nele e por Ele tudo subsiste.
သားတော်ဟ ဘုရားသခင်ရဲ့ ဘုန်းအသရေနဲ့ ထွန်းလင်းတောက်ပလျက် ဆိပင်း ကိုယ်တော်ဟ ဘုရားသခင်ရဲ့ ဇာတိအဖြစ်လို့ဟို မန်ကန်သော ပုံသဏ္ဌာန်ဖြစ်လျက် မိမိရဲ့ တန်ခိုးနဲ့ ပြေ့စုံသော အမိန့်အားဖြင့် အရာခပ်သိမ်းဟို တည်နေစေအယ်။ ကိုယ်တော်ဟ လူသားလို့အား အပစ်များမှ စင်ကြယ်စေရန် ဆောင်ရွက်ပင်းနောက် မြင့်သောအရပ်တွင် ဆိသော အနန္တတန်ခိုးဆှင် ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ထိန်နေအယ်။
သားတော်အား ဘုရားသခင် ပေးအပ်သော ဘွဲ့နာမဟ ခေါန်းခင်တမန်လို့ရဲ့ ဘွဲ့နာမထက် ကြီးမြတ်လဲ့နည်းတူ သားတော်ဟ ခေါန်းခင်တမန်များထက် သာလွန်ကြီးမြတ်အယ်။
အဲကျောန့် ခေါန်းခင်လို့ဟို ဖြတ်ယွေ့ ကြွလာလဲ့ ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်း တည်းဟူသော ဘုရားသခင်ရဲ့ သားတော် ယေရှုဟ ငါလို့နှိုက် ဆိတာဖြစ်ယွေ့ ငါလို့ ယုံကြည်ဝန်ခံသောအရာဟို စွဲကိုင်ထားကြလော့။ အကျောန်းမှာ ငါလို့ရဲ့ ယဇ်ပုရောဟိတ်မင်းဟ ငါလို့ရဲ့ အားနည်းချက်များအတွက် မကြင်နာနိန်သူ မဟုတ်။ ငါလို့တိုင်းတိုင်း စုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးဟို ခံခဲ့ရသူ ဖြစ်အယ်၊ အားပေမဲ့ အပစ်နဲ့ ကင်းလွတ်အယ်။
ငါလို့ရဲ့ ယုံကြည်ခြင်းဟို အစပြုဖြစ်တည်စေယွေ့ စုံလင်စေလဲ့သူဖြစ်သော ယေရှုဟို မျက်မှောက်ပြုကြကုန်စို့၊ ကိုယ်တော်ဟ မိမိဆေ့နှိုက် ပြင်ဆင်ထားသော ဝမ်းမြောက်ခြင်းကျောန့် ဆှက်ဖွယ်အရာများဟိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်နှိုက် ခံပင်းရင် ဘုရားသခင်ရဲ့ ပလ္လင်တော် လက်ယာဘက်နှိုက် ထိန်နေအယ်။
အဲကျောန့် ကိုယ်တော်ဟ လူလို့ရဲ့ အပစ်များအတွက် အသနားခံခြင်းအမှုဟို ပြုရန် ဘုရားသခင်ဆေ့နှိုက် သနားကြင်နာတတ်လဲ့ သစ္စာဆိသော ယဇ်ပုရောဟိတ်မင်းဖြစ်မဲ့ အကျောန်းအရာရာနှိုက် ညီအကို မောင်နှမများနဲ့ တူရအယ်။
Confessar a Cristo
Todo aquele que confessa que Jesus é o Filho de Deus, Deus permanece nele e ele em Deus. A fé em Cristo é a vitória.
စသူမဆို ယေရှုဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်ကျောန်း ဝန်ခံရင် ဘုရားသခင်ဟ အဲသူနှိုက် တည်ယွေ့ အဲသူဟလည်း ဘုရားသခင်နှိုက် တည်အယ်။
စသူမဆို ယေရှုဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်ကျောန်း ဝန်ခံရင် ဘုရားသခင်ဟ အဲသူနှိုက် တည်ယွေ့ အဲသူဟလည်း ဘုရားသခင်နှိုက် တည်အယ်။
ငါလို့ဟ သားတော်အားဖြင့် အသက်ဆှင်ကြစေရန် ဘုရားသခင်ဟ မိမိရဲ့ တပါးတည်းသော သားတော်ဟို ဟေလောကသို့ စေလွှတ်အယ်။ အေးလိုဖြင့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ထင်ဆှားအယ်။ ငါလို့ဟ ဘုရားသခင်ဟို ချစ်ခဲ့တာ မဟုတ်၊ ဘုရားသခင်ဟသာ ငါလို့ဟို ချစ်ယွေ့ ငါလို့ရဲ့ အပစ်များအတွက် အသနားခံခြင်း ပူဇော်သကာအဖြစ် မိမိရဲ့ သားတော်ဟို စေလွှတ်အယ်။ ဟေအမှုအရာနှိုက် ချစ်ခြင်းမေတ္တာ ဆိအယ်။
ငါလို့ဟ သားတော်အားဖြင့် အသက်ဆှင်ကြစေရန် ဘုရားသခင်ဟ မိမိရဲ့ တပါးတည်းသော သားတော်ဟို ဟေလောကသို့ စေလွှတ်အယ်။ အေးလိုဖြင့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ထင်ဆှားအယ်။
အပစ်ဟို ပြုနေသောသူဟ မာရ်နတ်နဲ့ စပ်ဆိုင်သောသူ ဖြစ်အယ်။ အကျောန်းမှာ မာရ်နတ်ဟ ဆေ့ဦးဟပင် အပစ်ပြုလျက် ဆိအယ်။ ဘုရားသခင်ရဲ့ သားတော် ပေါ်ထွန်းခဲ့တာဟ မာရ်နတ်ရဲ့ လုပ်ဆောင်မှုလို့ဟို ပယ်လောရန်အတွက် ဖြစ်အယ်။
ယေရှုဟ ဘုရားသခင်ရဲ့ သားဖြစ်ကျောန်း ယုံကြည်သူမှတပါး စသူဟ လောကဟို အောန်နိန်လုန်း။
အဲသက်သေခံချက်မှာ ဘုရားသခင်ဟ ငါလို့အား ထာဝရ အသက်ဟို ပေးပင်း အဲအသက်ဟ ဘုရားသခင်ရဲ့ သားတော်နှိုက် ဆိအယ်ဟူယွေ့ ဖြစ်အယ်။ သားတော်ဟို ရဆိသောသူဟ အသက်ဟို ရအယ်။ ဘုရားသခင်ရဲ့ သားတော်ဟို မရဆိသောသူဟ အသက်ဟို မရ။
နင်လို့ဟ "ယေရှုဟ သခင် ဖြစ်အယ်" ဆိုတာဟို နင့်ရဲ့ စလောင်ဖြင့် ဝန်ခံယွေ့၊ ဘုရားသခင်ဟ အေးသူဟို သေခြင်းမှ ထမြောက်စေပီဟု စိတ်နေလုံးထဲနှိုက် ယုံကြည်ရင်၊ နင်လို့ဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်။
Viver em Cristo
Já não sou eu quem vive, mas Cristo vive em mim. Ele supre toda necessidade, dá paz e reina como Senhor.
အေးလိုမို့ ငါအသက်ဆှင်တာဟ ငါတတ်တိုင်း မဟုတ်တော့ဘဲ ခရစ်တော်ဟ ငါနှိုက် အသက်ဆှင်အယ်။ အခု ငါအသက်ဆှင်သော ဟေအသက်ဟ ငါ့ဟို ချစ်ယွေ့ ငါ့အတွက် သူ့အသက်ဟို ပေးလှူသော ဘုရားသခင်ရဲ့ သားတော်ဟို ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်နေအယ်။
ငါရဲ့ ဘုရားသခင်ဟလည်း ဘုန်းအသရေတော်နှိုက် ဆိသော မိမိရဲ့ ကြွယ်ဝမှုနဲ့အညီ နင်လို့ရဲ့ လိုအပ်ချက် ဆိသမျှဟို ခရစ်တော် ယေရှုအားဖြင့် ပြေ့စုံစေလိမ့်မယ်။
နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခရစ်တော်ရဲ့ ငြိမ်သက်ခြင်း အုပ်စိုးစေကြလော့၊ အကျောန်းမှာ နင်လို့ဟ ဟေငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာ တခုတည်းထဲသို့ ခေါ်ယူခြင်း ခံရကြပီ။ ကျေးဇူးသိတတ်သောစိတ် ဆိကြလော့။
ငါလို့ဟို ကောင်းသောအမှုများဟို ပြုရန် ခရစ်တော် ယေရှုနှိုက် ဖန်ဆင်းခြင်းခံရသော ဘုရားသခင်ရဲ့ လက်ရာတော် ဖြစ်ကြအယ်။ အေးကောင်းသောအရာများနှိုက် ငါလို့ အသက်ဆှင် ဆှောက်လှမ်းကြရန် ဘုရားသခင်ဟ အေးအမှုများဟို ကြိုတင်ပြင်ဆင်ထားအယ်။
ခရစ်တော်ဟ ငါလို့ဟို ချစ်ယွေ့ ငါလို့အတွက် မိမိကိုယ်ကို ပူဇော်သကာနဲ့ ယဇ်တည်းဟူသော မွှေးကြိုင်သောရနံ့အဖြစ် ဘုရားသခင်ဆေ ဆက်ကပ်သလိုမျိုး နင်လို့ရဲ့ အသက်တာကို မေတ္တာဖြင့် အသက်ဆှင် ဆှောက်လှမ်းကြလော့။
ခန္ဓာကိုယ် တခုတည်းနှိုက် ရမ်းဆာ့သော အစိတ်အပိုင်းများ ဆိတာ ဖြစ်ယွေ့၊ အေးအစိတ်အပိုင်းအားလုံးတွင် အလုပ်တာဝန် အသီးသီးဆိကြအယ်။ အေးနည်းတူ ငါလို့ဟ ရမ်းဆာ့များသော်လည်း ခရစ်တော်နဲ့ တလုံးတဝတည်း ဖြစ်ကြသဖြင့် ခန္ဓာကိုယ် တခုတည်းနှိုက် တည်ဆိကြအယ်၊ ငါလို့ အသီးသီးဟ အချင်းချင်း ဆက်စပ်လျက် ဆိသော ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်ကြအယ်။
အားပေမဲ့ ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ငါလို့အား အောင်ခြင်းအခွင့်ဟို ပေးသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းကြပါစို့။
နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခရစ်တော်ဟို အဆှင်သခင် အဖြစ် ရိုသေကြလော့။ နင်လို့ နှိုက်ဆိလဲ့ မျှော်လင့်ခြင်းအကျောန်းနဲ့ ပတ်သက်ယွေ့ နင်လို့အား မေးသောသူ အားလုံးဟို ဖြေဆှင်း ပြောဆိုနိန်ရန် အမြဲတမ်း အဆင်သင့် ဆိကြလော့။
အကျောန်းမှာ ဘုရားသခင် တပါးတည်းဆိယွေ့ ဘုရားသခင်နဲ့ လူလို့စပ်ကြားတွင် ကြားဝင်စေ့စပ်သူလည်း တပါးတည်း ဆိအယ်၊ အဲသူဟ လူဖြစ်သော ခရစ်တော် ယေရှု ဖြစ်အယ်၊
O Rei eterno
O Rei dos reis voltará em glória e majestade. Todo joelho se dobrará e toda língua confessará que Jesus Cristo é o Senhor.
အဲပင်းရင် ငါကျေ့လိုက်ရာ ခေါန်းခင်ဟ ပွင့်လျက် နေယွေ့ မြင်းဖြူတကောင် ဆိအယ်။ အေးအပေါ်တွင် ထိန်နေသောသူဟ သစ္စာဆိသောသူ၊ မန်ကန်သောသူဟု ခေါ်ခြင်းဟို ခံရအယ်။ သူဟ ဖြောင့်မန်စွာ တရားစီရင်ယွေ့ စစ်တိုက်လေအယ်။ သူရဲ့ မျက်စေ့လို့ဟ မီးလျှံလို ဖြစ်ပင်း သူရဲ့ ဦးခေါင်းပေါ်နှိုက် သရဖူများဟို ဆောင်းထားအယ်။ သူနှိုက် ရေးထားသော နာမတခု ဆိယွေ့ အေးဟာဟို သူတတ်တိုင်းမှ တပါး စသူမျှ မသိ။ သူဟ အသွေးနှိုက် နှစ်ထားသော ဝတ်လုံဟို ဝတ်ထားလျက် သူရဲ့ နာမယ်ဟို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟု ခေါ်အယ်။ ခေါန်းခင်ဗိုလ်ခြေလို့ဟ စင်ကြယ်သော ပိတ်ချောဖြူဟို ဝတ်လျက် မြင်းဖြူဟို စီးကာ သူရဲ့ နောက်ဟို လိုက်ကြအယ်။ လူမျိုးတကာလို့ဟို နှိမ်နှင်းရန် ထက်သော သန်လျက်ဟ သူရဲ့ စလောင်တွင်းမှ ထွက်နေအယ်။ သူဟ သူလို့ဟို သံလှံတံဖြင့် အုပ်စိုးလိမ့်မယ်။ သူဟ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ဘုရားသခင်ရဲ့ အမျက်တော်ဆိုင်ရာ ပြင်းစွာသော ဒေါသစပျစ်ယေရဲ့ စပျစ်သီးနယ်ရာကျင်းဟို နင်းနယ်လိမ့်မယ်။ ကိုယ်တော်ရဲ့ ဝတ်လုံနဲ့ ပေါင်လို့တွင် "ဘုရင်တကာလို့ရဲ့ ဘုရင်၊ အဆှင်တကာလို့ရဲ့ အဆှင်" ဟူသော အမယ်နာမဟို ရေးထားလျက် ဆိအယ်။
သခင် ယေရှုရဲ့ ကျေးဇူးတော်ဟ ဘုရားသခင်ရဲ့ လူအားလုံးလို့နဲ့အတူ ဆိစေမန့်။ အာမင်။
အဲပင်းရင် သောမအား "နင့်လက်ညှိုးဖြင့် ငါ့လက်များဟို တို့ကျေ့လော့၊ နင်ရဲ့လက်ဟို ဆန့်ယွေ့ ငါ့နံဘေးဟို စမ်းသပ်လော့။ ယုံမားခြင်း မဆိစေနဲ့၊ ယုံကြည်လော့" ဟု မိန့်အယ်။
သောမဟ ကိုယ်တော်အား "ငါ့ရဲ့ သခင်၊ ငါ့ရဲ့ ဘုရားသခင်" ဟု ပြန်ဖြေအယ်။
ဟေကျမ်းစာနှိုက် ရေးမထားသော အခြားများစွာသော နိမိတ်လက္ခဏာများဟိုလည်း ယေရှုဟ သူရဲ့ တဘဲ့တော်လို့ မျက်မှောက်နှိုက် ပြုအယ်။ အဲလိုလဲ ယေရှုဟ ဘုရားသခင်ရဲ့ သားတော် ခရစ်တော်ဖြစ်ကျောန်းဟို နင်လို့ ယုံကြည်ကြရန်နဲ့ အဲသို့ ယုံကြည်ခြင်းဖြင့် ကိုယ်တော်ရဲ့ နာမနှိုက် အသက်ဟို ရဆိကြရန် ဟေအရာများဟို ရေးထားခြင်း ဖြစ်အယ်။
ငါ့ပညတ်ဟ အဲလိုဖြစ်အယ်၊ ငါဟ နင်လို့ဟို ချစ်လဲ့တိုင်းတိုင်း၊ နင်လို့ဟ အချင်းချင်း ချစ်ကြလော့။
နင်လို့အား ငါ အမန် ဆိုတာဟ ငါစေလွှတ်သောသူဟို လက်ခံသောသူဟ ငါ့ဟို လက်ခံအယ်၊ ငါ့ဟို လက်ခံသောသူဟလည်း ငါ့ဟို စေလွှတ်သောသူဟို လက်ခံအယ်" ဟု မိန့်အယ်။
ငါဟ သူလို့အား ထာဝရအသက်ဟို ပေးယွေ့ သူလို့ဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မယ်။ စသူမျှ အဲသိုးလို့ဟို ငါ့လက်မှ လုယူယွေ့ မရနိန်။ သူလို့ဟို ငါအား ပေးသော ငါ့ခမည်းတော်ဟ ခပ်သိမ်းသောသူလို့ထက် ကြီးမြတ်တာဖြစ်ယွေ့၊ စသူမျှ သိုးလို့ဟို ငါ့ခမည်းတော်ရဲ့ လက်မှ မလုမယူနိန်။ ခမည်းတော်နဲ့ ငါဟ တလုံးတဝတည်း ဖြစ်အယ်" ဟု မိန့်အယ်။
ဘုရားသခင်ဟ လောကသားလို့ဟို ရမ်းဆာ့ ချစ်သောကျောန့် မိမိရဲ့တပါးတည်းသော သားတော်ဟို ပေးအယ်၊ အဲဟာဟ သားတော်ဟို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။ အကျောန်းမှာ ဘုရားသခင်ဟ သားတော်ဟို ဟေလောကသို့ စေလွှတ်တာဟ လောကသားလို့ဟို အပစ်စီရင်ရန် မဟုတ်၊ အဲလိုလဲ လောကသားလို့ဟ သားတော်အားဖြင့် ကယ်တင်ခြင်း ခံရရန်အတွက် ဖြစ်အယ်။
သားတော်ဟို ယုံကြည်သူဟ အပစ်စီရင်ခြင်း မခံရ၊ အဲလိုလဲ မယုံကြည်သူဟတော့ ဘုရားသခင်ရဲ့ တပါးတည်းသော သားတော်ဟို မယုံကြည်သောကျောန့် အပစ်စီရင်ခြင်းဟို ခံရအယ်။
စသူမဆို သူလို့ရဲ့ လက်ဝါးကပ်တိုင်ဟို ထမ်းယွေ့ ငါ့နောက်ဟို မလိုက်သောသူဟ ငါနဲ့ မထိုက်တန်။
အကျောန်းမှာ လူနေယောက် အဲဟာမဟုတ်ရင် သုံးယောက်လို့ဟ ငါ့နာမဖြင့် တနေရာရာတွင် စုဝေးကြသောအခါ အဲနေရာတွင် သူလို့နဲ့ အတူ ငါဆိမယ်" ဟု မိန့်အယ်။
ယေရှုဟ သူလို့ဟို စေ့စေ့ကျေ့ယွေ့ "ဟေအရာဟ လူသားအတွက် မဖြစ်နိန်သော်လည်း ဘုရားသခင်အတွက် ဖြစ်နိန်အယ်၊ အရာအားလုံးဟ ဘုရားသခင်အတွက် ဖြစ်နိန်အယ်" ဟု ပြန်ဖြေလေအယ်။
ယေရှုဟ "လူလို့ မတတ်နိန်သောအရာဟို ဘုရားသခင် တတ်နိန်အယ်" ဟု ပြောအယ်။
သခင် ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟ နင်လို့ရဲ့ စိတ်ဝိညာဉ်နဲ့အတူ ဆိစေမန့်။