Jesus Cristo
Jesus Cristo é o centro de toda a Escritura — Deus encarnado, Salvador do mundo, Senhor dos senhores. Nele habita corporalmente toda a plenitude da divindade.
A divindade de Cristo
No princípio era o Verbo, e o Verbo estava com Deus, e o Verbo era Deus. Jesus é Deus revelado em carne humana.
အသက်တည်းဟူသော နှုတ်ကပတ်တော်
အစအဦး၌ နှုတ်ကပတ်တော် ဟိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ဟိတော်မူ၏။ ထိုနှုတ်ကပတ်တော်သည် ဘုရားသခင် ဖြစ်တော်မူ၏။
အသက်တည်းဟူသော နှုတ်ကပတ်တော်
အစအဦး၌ နှုတ်ကပတ်တော် ဟိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ဟိတော်မူ၏။ ထိုနှုတ်ကပတ်တော်သည် ဘုရားသခင် ဖြစ်တော်မူ၏။ အစအဦးမှစ၍ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ဟိတော်မူ၏။ ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၏။ ထိုနှုတ်ကပတ်တော်နှင့် ကင်း၍ ဖန်ဆင်းထားသည့်အရာ တစ်ခုမျှမဟိ။
နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။
အကြောင်းမူကား ဘုရားဇာတိတော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ခန္ဓာအသွင်အားဖြင့် ကိန်းဝပ်တော်မူ၏။
အကြောင်းမူကား ဘုရားဇာတိတော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ခန္ဓာအသွင်အားဖြင့် ကိန်းဝပ်တော်မူ၏။ သင်ရို့သည် ခရစ်တော်၌ ပြည့်စုံသောအသက်ကို ရဟိကြ၏။ ထိုအသျှင်သည် ဝိညာဉ်ပိုင်းဆိုင်ရာ ခပ်သိမ်းသော တန်ခိုးသျှင်များနှင့် အာဏာပိုင်များကို အစိုးရတော်မူ၏။
ခရစ်တော်ယေသျှု၌ ဟိသောစိတ်သဘောမျိုးကို သင်ရို့၌လည်း ဟိစီကြလော့။
ကိုယ်တော်သည် ဘုရားဇာတိတော်နှင့် အစဉ်အမြဲ ပြည့်စုံတော်မူ၏။
သို့သော် အဓမ္မနည်းဖြင့် ဘုရားသခင်နှင့်
တန်းတူဖြစ်စီခြင်းငှာ ကြိုးစားသင့်သည်ဟု ထင်မှတ်တော်မမူ။
ထိုသို့ ပြုမည့်အစား မိမိ၌
ဟိသမျှသော ဘုန်းတော်ကို အလိုအလျောက် စွန့်၍ အခိုင်းအစီတစ်ယောက်၏ သဏ္ဌာန်ကို ခံယူတော်မူ၏။
ကိုယ်တော်သည် လူ့သဏ္ဌာန်ကို ဆောင်၍ လူကဲ့သို့သော အဖြစ်ကို ခံယူတော်မူ၏။
ခရစ်တော်ယေသျှု၌ ဟိသောစိတ်သဘောမျိုးကို သင်ရို့၌လည်း ဟိစီကြလော့။
Jesus, o Filho de Deus
Tu és o Cristo, o Filho do Deus vivo! Jesus revelou o Pai e demonstrou sua autoridade divina por palavras e obras.
ကိုယ်တော်က "သင်ရို့သည် ငါ့ကို ဇာသူဖြစ်သည် ဟု ပြောကြသနည်း" ဟု တပည့်တော်တိအား မိန်းလျှင်၊
သျှိမုန်ပေတရုက "ကိုယ်တော်သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် မေသျှိယ ဖြစ်တော်မူ၏" ဟု ပြန်လျှောက်၏။
ယေသျှုကလည်း "ယောန၏သား၊ သျှိမုန် သင်သည် မင်္ဂလာဟိ၏။ အကြောင်းမူကား ဤအမှန်တရားသည် လူအားဖြင့် မဟုတ်၊ ကောင်းကင်ဘုံ၌ဟိတော်မူသော ငါ၏အဖသည် သင့်အား တိုက်ရိုက် ဖော်ပြတော်မူခြင်းဖြစ်၏။"
ဗျာဒိတ်တော်သည်ကား "အပျိုစင်တစ်ယောက်သည် ပဋိသန္ဓေတည်၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်၊ ထိုသားကို ဧမာနွေလဟူ၍ အမည်မှည့်ရလိမ့်မည်" ဟု လာသတည်း (ဧမာနွေလ၏အဓိပ္ပာယ်ကား "ငါရို့နှင့်အတူဟိသော ဘုရားသခင်" ဖြစ်၏)။
ယေသျှုကို စောင့်ကြည့်နိန်ကြသော တပ်မှူးနှင့်တကွ ရောမစစ်သားများသည် ငလျှင်လှုပ်ခြင်းမှစ၍ ဖြစ်ပျက်သမျှအားလုံးကို မြင်တွိ့ကြသည့်အခါ ကြောက်ရွံ့တုန်လှုပ်ကြပြီးလျှင် "ယေသျှုသည် ဘုရားသခင်၏သား အမှန်ပင် ဖြစ်သည်" ဟု ဝန်ခံပြောဆိုကြ၏။
သို့သော် ကိုယ်တော်က ဇာတစ်ခွန်းမျှ မဖြေဘဲ တိန်းနိန်တော်မူ၏။ တဖန် ယဇ်ပုရောဟိတ်မင်းက ကိုယ်တော့်ကို "သင်ကား မင်္ဂလာဟိတော်မူသော ဘုရားသခင်၏ သားတော် မေသျှိယလော" ဟု မိန်း၏။
ယေသျှု ကလည်း "မှန်ပေ၏။ သင် ပြောသည့်အတိုင်း ငါ ဖြစ်၏။ လူသားသည် အနန္တတန်ခိုးသျှင်၏ လက်ယာဖက်၌ ထိုင်လျက်၊ မိုးတိမ်ကို စီးလျက် ကြွလာသည်ကို သင်ရို့သည် မြင်ရကြလိမ့်မည်" ဟု မိန့်တော်မူ၏။
ထိုသူကလည်း "မကြောက်ကတ်ကေ့။ သင်ရို့သည် လက်ဝါးကပ်တိုင်ထက်မှာ တင်၍ အသတ်ခံရသော နာဇရက်မြို့သား ယေသျှုကို လာရှာကြသည် မဟုတ်လော။ ထိုအသျှင်ကား ဤအရပ်တွင် မဟိ — သီခြင်းမှ ထမြောက်အသက်ရှင်တော်မူဗျာ။ ကြည့်ကြလော့။ ဤနီရာကား ထိုအသျှင်၏ အလောင်းတော်ကို ထားသောနီရာဖြစ်၏။
ယေသျှု ဗတ္တိဇံ ခံယူတော်မူခြင်း
လူအပေါင်းရို့သည် ဗတ္တိဇံကို ခံယူကြပြီးသောအခါ ယေသျှုသည်လည်း ဗတ္တိဇံမင်္ဂလာကို ခံယူတော်မူ၏။ ကိုယ်တော်သည် ဆုတောင်းတော်မူစဉ် ကောင်းကင်ပွင့်ဟ၍၊ သန့်ယှင်းသော ဝိညာဉ်တော်သည် ဂြိုးငှက်အသွင်ဖြင့် ကိုယ်ထင်ရှား၍ ကိုယ်တော်၏အပေါ်သို့ ဆင်းသက်တော်မူ၏။ ကောင်းကင်မှအသံတော်ကား "သင်သည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားဖြစ်သည်" ဟု ထွက်ပေါ်လာ၏။
Eu Sou
Jesus disse: antes que Abraão existisse, Eu Sou. Ele se identificou com o nome divino revelado a Moisés na sarça ardente.
ယေသျှုက "ငါ အမှန်ဆိုသည်ကား၊ အာဗြဟံ မမွီးဖွားခင် ငါဟိ၏" ဟု မိန့်တော်မူ၏။
ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်း ဖြစ်၏" ဟု မိန့်တော်မူ၏။
ယေသျှုကလည်း "ငါ့ခမည်းတော်သည် အစဉ်မပြတ် အလုပ်လုပ်နိန်၏။ ထို့ကြောင့် ငါသည်လည်း အလုပ်လုပ်ရမည်" ဟု ထိုသူရို့အား မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူသောကြောင့် လည်းကောင်း၊ ဥပုသ်နိ့၏ စည်းကမ်းကို ဖောက်ဖျက်ခြင်းကြောင့် လည်းကောင်း၊ ဘုရားသခင်ကို မိမိ၏အဖဟု ခေါ်၍ မိမိကိုယ်မိမိ ဘုရားသခင်နှင့် တစ်တန်းတည်း ထားသောကြောင့် လည်းကောင်း ယုဒအာဏာပိုင်တိက ကိုယ်တော့်ကို အသီသတ်ခြင်းငှာ ပို၍ ကြံစည်ကြ၏။
ဤသို့ မိန့်တော်မူသောကြောင့် လည်းကောင်း၊ ဥပုသ်နိ့၏ စည်းကမ်းကို ဖောက်ဖျက်ခြင်းကြောင့် လည်းကောင်း၊ ဘုရားသခင်ကို မိမိ၏အဖဟု ခေါ်၍ မိမိကိုယ်မိမိ ဘုရားသခင်နှင့် တစ်တန်းတည်း ထားသောကြောင့် လည်းကောင်း ယုဒအာဏာပိုင်တိက ကိုယ်တော့်ကို အသီသတ်ခြင်းငှာ ပို၍ ကြံစည်ကြ၏။
ခမည်းတော်သည် သီသောသူကိုပင် ထမြောက်စီပြီး ထိုသူရို့အား အသက်ကို ပီးတော်မူ၏။ ထိုနည်းတူ သားတော်သည်လည်း မိမိအလိုဟိသော သူရို့အား အသက်ကို ပီးလိမ့်မည်။ ခမည်းတော်သည် ဇာသူ့ကိုမျှ တရားစီရင်တော်မူမည် မဟုတ်။ သားတော်အား တရားစီရင်ရသောအခွင့် အလုံးစုံကို ပီးအပ်ထားပြီးဖြစ်၏။ အကြောင်းမူကား လူရို့သည် ခမည်းတော်အား ရိုသီသည့်နည်းတူ သားတော်ကိုလည်း ရိုသီကြစီရန် ဖြစ်၏။ သားတော်အား မရိုသီသောသူ ဟိသမျှရို့သည် ထိုသားတော်အား စီရွှတ်တော်မူသော ခမည်းတော်ကိုလည်း မရိုသီသောသူ ဖြစ်၏။
ငါအမှန်ဆိုသည်ကား၊ သီသောသူရို့သည် ဘုရားသခင်သားတော်၏ အသံကို ကြားသောအခါ ပြန်၍ အသက်ရှင်လာမည့် အချိန်သည် လာ၍ အဂုပင် ရောက်လျက်ဟိ၏။
O Salvador e Senhor
Jesus é o caminho, a verdade e a vida. Não há outro nome dado entre os homens pelo qual devamos ser salvos.
ယေသျှုကလည်း၊ "ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။
ယေသျှုကလည်း "ဖိလိပ္ပု၊ သင်ရို့အားလုံးသည် ငါနှင့်အတူ အချိန်အကြာကြီး ဟိနိန်ခလျက်ပင် ငါ့ကို သင်မသိသလော။ ငါ့ကို မြင်ရသောသူသည် ခမည်းတော်ဘုရားကို မြင်ရသောသူ ဖြစ်၏။ ‘ခမည်းတော်ဘုရားအား ငါရို့ကို ပြပါ’ ဟု ဇာကြောင့် ပြောရသနည်း။ ငါသည် ခမည်းတော်ဘုရား၌ တည်နိန်သည်ကိုလည်းကောင်း၊ ခမည်းတော်ဘုရားကလည်း ငါ၌ တည်နိန်သည်ကိုလည်းကောင်း သင် မယုံသလော။ သင်ရို့အား ငါပြောသောစကားသည် ငါ့စကား မဟုတ်။ သို့ရာတွင် ငါ့အထဲ၌ ဟိတော်မူသော ခမည်းတော်ဘုရား ပြုတော်မူသော အမှုတိပင်ဖြစ်၏။
ယေသျှုကလည်း "ငါသည် ထမြောက်ခြင်းနှင့် အသက်ရှင်ခြင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သီလွန်သော်လည်း အသက်ရှင်လိမ့်မည်။
ယေသျှုကလည်း "သင်ယုံကြည်လျှင် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို မြင်ရလိမ့်မည်၊ ငါပြောထားသည် မဟုတ်လော" ဟု သူမအား မိန့်တော်မူ၏။
ကယ်တင်ခြင်းသည် အခြားသော သူတစ်ယောက်၌မျှမဟိ၊ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါရို့ကို ကယ်တင်နိုင်သော အခြားသောနာမကို ကောင်းကင်အောက်၌ ဇာသူ့ကိုမျှ ပီး၍မထား" ဟု သူရို့အား ဖြေကြားတော်မူ၏။
သူရို့သည် ဆက်လက်ပြီး ခရီးပြုကြစဉ် ရီဟိသောအရပ်သို့ ရောက်ကြသဖြင့် အရာဟိက၊ "ဤအရပ်၌ ရီဟိပါ၏။ ငါသည် ဗတ္တိဇံမင်္ဂလာ ခံယူရန် တားဆီးနိုင်သည့်အရာ ဟိပါသလော" ဟု ဆို၏။
အရာဟိသည် မြင်းရထားကို ရပ်တန့်စီပြီးနောက် သူရို့နှစ်ယောက်သည် ရီထဲသို့ ဆင်းလားကြပြီးလျှင် ဖိလိပ္ပုသည် အရာဟိအား ဗတ္တိဇံမင်္ဂလာကို ပီးလေ၏။
A supremacia de Cristo
Ele é o resplendor da glória de Deus e a expressão exata do seu ser. Toda a plenitude habita nele e por Ele tudo subsiste.
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။
ဘုရားသခင်သားတော်၏ ကြီးမြတ်တော်မူခြင်း
ဘုရားသခင်သည် ထိုသားတော်အား ကောင်းကင်တမန်ရို့ရသော ဘွဲ့နာမထက် သာ၍ ကြီးမြတ်တော်မူသော ဘွဲ့နာမတော်ကို ချီးမြှောက်တော်မူသည်နှင့်အညီ ကိုယ်တော်သည် ထိုကောင်းကင်တမန်တိထက် သာ၍ ကြီးမြတ်တော်မူ၏။
ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်း ယေသျှု
သို့ဖြစ်၍ ငါရို့ ခံယူထားသော ယုံကြည်ခြင်းတရားကို ခိုင်ခံ့စွာ ဆုပ်ကိုင်ထားကြလော့။ အကြောင်းမူကား ဘုရားသခင်၏သားတော် ယေသျှုတည်းဟူသော ကောင်းကင်ဘုံသို့ ဝင်ရောက်တော်မူသော ကြီးမြတ်တော်မူသည့် ယဇ်ပုရောဟိတ်မင်းတစ်ပါးသည် ငါရို့၌ ဟိတော်မူသောကြောင့် ဖြစ်၏။ ငါရို့၏ယဇ်ပုရောဟိတ်မင်းသည် ငါရို့၏အားနည်းချက်များကြောင့် ငါရို့ကို သနားကြင်နာစိတ် မဟိနိုင်သောသူ မဟုတ်ပေ။ တစ်နည်းဆိုသော် ငါရို့ ခံရသည့်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံယူတော်မူသော ယဇ်ပုရောဟိတ်မင်း တစ်ပါးသည် ငါရို့၌ ဟိတော်မူ၏။ သို့ရာတွင် ထိုအသျှင်သည် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။
ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။
အကြောင်းမှာ လူတိ အပြစ်မှ ခွင့်ရွှတ်ခြင်း ရစီခြင်းငှာ ကိုယ်တော်သည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရာ၌ သစ္စာနှင့်လည်းကောင်း ကရုဏာနှင့်လည်းကောင်း ပြည့်စုံသော ယဇ်ပုရောဟိတ်မင်း ဖြစ်လာစီရန်နှင့် အရာရာ၌ မိမိ၏ညီအစ်ကို မောင်နှမကဲ့သို့ ဖြစ်လာစီရန် ဖြစ်၏။
Confessar a Cristo
Todo aquele que confessa que Jesus é o Filho de Deus, Deus permanece nele e ele em Deus. A fé em Cristo é a vitória.
ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ဝန်ခံသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဟိ၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဟိတော်မူ၏။
ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ဝန်ခံသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဟိ၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဟိတော်မူ၏။
ငါရို့သည် သားတော်အားဖြင့် အသက်ရှင်ကြစီရန် ဘုရားသခင်သည် မိမိ၏ တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စီရွှတ်တော်မူခြင်းအားဖြင့် ဘုရားသခင်၏ မေတ္တာတော်ကို ငါရို့၌ ထင်ရှားစီတော်မူ၏။ ချစ်ခြင်းမေတ္တာဟုဆိုရာ၌ ငါရို့သည် ဘုရားသခင်အား ချစ်သည့်မေတ္တာကို မဆိုလို။ ကိုယ်တော်သည် ငါရို့ကိုချစ်၍ ငါရို့၏ အပြစ်အတွက် အပြစ်ဖြေစရာယဇ်ဖြစ်စီခြင်းငှာ မိမိ၏သားတော်ကို စီရွှတ်တော်မူခြင်းအားဖြင့် ပြတော်မူသော မေတ္တာတော်ကို ဆိုလို၏။
ငါရို့သည် သားတော်အားဖြင့် အသက်ရှင်ကြစီရန် ဘုရားသခင်သည် မိမိ၏ တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စီရွှတ်တော်မူခြင်းအားဖြင့် ဘုရားသခင်၏ မေတ္တာတော်ကို ငါရို့၌ ထင်ရှားစီတော်မူ၏။
မာရ်နတ်သည် အစကတည်းကပင် အပြစ်ပြုသောသူ ဖြစ်သောကြောင့် အပြစ်ကိုပြုသောသူသည် မာရ်နတ်နှင့် သက်ဆိုင်သောသူ ဖြစ်၏။ ဘုရားသခင်၏သားတော် ပေါ်ထွန်းတော်မူရသည့် အကြောင်းမှာ မာရ်နတ်ပြုခသည့်အမှုကို ဖျက်ဆီးခြင်းငှာ ဖြစ်၏။
ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ယုံကြည်သောသူမှတစ်ပါး မည်သူသည် လောကကို အောင်နိုင်သနည်း။
ထို သက်သီခံချက်သည်ကား၊ ဘုရားသခင်သည် ငါရို့အား ထာဝရအသက်ကို ပီးတော်မူပြီး ထိုအသက်သည် မိမိသားတော်၌ ဟိ၏ ဟူ၍ ဖြစ်၏။ သားတော်ကို ရသောသူသည် ထိုအသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကိုမရ။
သင်ရို့သည်ကား "ယေသျှုသည် အသျှင်သခင် ဖြစ်တော်မူ၏" ဟု မိမိ၏နှုတ်ဖြင့် မြွက်ဆို၍ ဘုရားသခင်သည် ထိုအသျှင်ကို သီခြင်းမှ ထမြောက်စီတော်မူသည်ဟု မိမိ၏စိတ်နှလုံးထဲ၌ ယုံကြည်ကြလျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
Viver em Cristo
Já não sou eu quem vive, mas Cristo vive em mim. Ele supre toda necessidade, dá paz e reina como Senhor.
ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ထက်မှာ အသီသတ်ခြင်းကို ခံပြီးယာ။ သို့ဖြစ်၍ ငါသည် ကိုယ်တိုင်အသက်မရှင်ဘဲ ခရစ်တော်သည် ငါ၌ အသက်ရှင်တော်မူ၏။ အဂု ငါ၌ဟိသော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ ထိုသားတော်သည် ငါ့ကို ချစ်သောကြောင့် ငါ့အတွက် မိမိ၏အသက်ကို စွန့်တော်မူ၏။
ငါ၏ဘုရားသခင်သည် မိမိ၏ဘုန်းစည်းစိမ်ချမ်းသာ ကြွယ်ဝတော်မူသည်နှင့်အညီ သင်ရို့အား ခရစ်တော်ယေသျှုအားဖြင့် သင်ရို့လိုအပ်သမျှသော အရာတိကို ပီးသနားတော်မူပါစီသော်။
သင်ရို့၏ စိတ်နှလုံးထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးပါစီ။ အကြောင်းမူကား ဤငြိမ်သက်ခြင်းအတွက် ခန္ဓာတစ်ခုထဲသို့ သင်ရို့ကို ခေါ်ယူထားတော်မူ၏။ သို့ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
အကြောင်းမူကား ဘုရားသခင်သည် ရှိ့မဆွကပင် ကြိုတင် ပျင်ဆင်ထားတော်မူသည်နှင့်အညီ ငါရို့အား ကောင်းသောအကျင့်ကို ကျင့်စီခြင်းငှာ ခရစ်တော်ယေသျှု၌ ဖန်ဆင်းထားတော်မူ၏။
ခရစ်တော်သည် ငါရို့ကို ချစ်တော်မူ၍ ငါရို့အတွက် မိမိကိုယ်ကို ဘုရားသခင် နှစ်သက်တော်မူရာ မွှီးကြိုင်သော ပူဇော်သကာအဖြစ် ဆက်သတော်မူသကဲ့သို့ သင်ရို့သည်လည်း မေတ္တာတရား၌ ကျင်လည်ကြလော့။
လူတစ်ယောက်၏ခန္ဓာကိုယ်တွင် အင်္ဂါများစွာ ဟိကြသည်နှင့်အညီ ထိုအင်္ဂါများ၌ ဆောင်ရွက်စရာ လုပ်ငန်းကိုယ်စီ ဟိကြသည့် နည်းတူ များစွာသော ငါရို့သည် ခရစ်တော်၌ ခန္ဓာတစ်ခုတည်းဖြစ်၍ အသီးသီးသောအင်္ဂါများ ဖြစ်ကြ၏။
သို့ရာတွင် ငါရို့၏ အသျှင်ယေသျှုခရစ်တော်အားဖြင့် ငါရို့အား သီခြင်းတရားနှင့် အပြစ်တရားကို အောင်နိုင်ရသောအခွင့်ကို ပီးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
သို့သော် သင်ရို့၏ စိတ်နှလုံးတွင် ခရစ်တော်ကို သခင်ဘုရားအဖြစ် ရိုသီလေးမြတ်စွာ ခံယူကြလော့။ သင်ရို့ ခံယူထားသော မျှော်လင့်ချက်အကြောင်းကို မိန်းမြန်းလာသောသူအား အစဉ်မပြတ် ယှင်းလင်းဖော်ပြရန် အသင့် ဟိကြလော့။
ဘုရားသခင် တစ်ဆူတည်း ဟိတော်မူ၏၊ ဘုရားသခင်နှင့် လူတိကြားတွင် စိ့စပ်ပီးသောသူတည်းဟူသော လူသားဖြစ်သော ခရစ်တော်ယေသျှု တစ်ပါးတည်းသာ ဟိတော်မူ၏။
O Rei eterno
O Rei dos reis voltará em glória e majestade. Todo joelho se dobrará e toda língua confessará que Jesus Cristo é o Senhor.
မြင်းဖြူစီးတော်မူသောအသျှင်
ထို့နောက် ကောင်းကင်ဘုံ ပွင့်လျက်နိန်သည်ကို ငါ မြင်ရ၏။ ထိုအရပ်တွင် မြင်းဖြူတစ်ကောင် ဟိ၏။ ထိုမြင်းကို စီးသောသူသည် သစ္စာဟိသောသူနှင့် သမ္မာတရားဟိသောသူ ဟူ၍ နာမည်ဟိ၏။ ထိုအသျှင်သည် ဖြောင့်မတ်စွာ တရားစီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။ သူ၏ မျက်လုံးများသည် မီးလျှံကဲ့သို့ တောက်ပလျက် ဟိ၏။ သူ၏ ဦးဂေါင်းတွင် သရဖူများကို ဆောင်းထား၏။ သို့သော် မိမိမှတစ်ပါး အခြားမည်သူမျှ မသိသော နာမည်ကို သူ၏အထက်မှာ ရီးမှတ်ထား၏။ ထိုအသျှင်သည် အသွီး၌ နှိုက်ထားသော အဝတ်ကို ဝတ်ဆင်ထား၏။ သူ၏နာမည်ကား "ဘုရားသခင်၏ နှုတ်ကပတ်တော်" ဟူ၍ ဖြစ်၏။ ကောင်းကင်ဗိုလ်ခြေရို့သည် စင်ကြယ်သည့် ပိတ်ချောဖြူထည်ကို ဝတ်ဆင်ကာ မြင်းဖြူများစီးလျက် ထိုအသျှင်၏ နောက်တော်မှ လိုက်ကြ၏။ လူအမျိုးမျိုးရို့ကို နှိမ်နင်းရန်အတွက် ကိုယ်တော်၏ ခံတွင်းမှ ထက်သောသန်လျက် ထွက်တော်မူ၏။ ကိုယ်တော်သည် ထိုသူရို့ကို သံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ သူသည်အနန္တတန်ခိုးသျှင် ဘုရားသခင်၏ ပြင်းစွာသော အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာကျင်းကို နင်းတော်မူလိမ့်မည်။ ကိုယ်တော်၏ ဝတ်လုံတော်နှင့် ပေါင်တော်တွင် "ဘုရင်တကာရို့၏ ဘုရင်၊ အသျှင်တကာရို့၏ အသျှင်" ဟူသော နာမကို ရီးထားလျက် ဟိ၏။
အသျှင်ယေသျှု၏ ကျေးဇူးတော်ကို လူတိုင်း ခံစားရကြပါစီသောဝ်။ အာမင်။
ထို့နောက် ကိုယ်တော်က သောမအား "သင်၏လက်ချောင်းဖြင့် ငါ၏လက်ဖဝါးတိကို စမ်းကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ၏နံဘေးကို စမ်းကြည့်လော့။ သံသယကင်းစွာဖြင့် ငါ့ကို ယုံကြည်လော့" ဟု မိန့်တော်မူ၏။
ထိုအခါ သောမသည်လည်း "ကိုယ်တော်သည် အကျွန်၏အသျှင်၊ အကျွန်၏ ဘုရားသခင် ပါတကား" ဟု လျှောက်လေ၏။
ဤစာအုပ်၏ ရည်ရွယ်ချက်
ယေသျှုသည် ဤစာအုပ်၌ ရီးမထားသော တခြားသော နိမိတ်လက္ခဏာများစွာကို သူ၏တပည့်တော်တိ ရှိ့၌ ပြခ၏။ သို့သော်လည်း ယေသျှုသည် မေသျှိယတည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်သည်ကို ယုံကြည်ကြစီခြင်းငှာလည်းကောင်း၊ ထိုသို့ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နာမတော်မြတ်၌ အသက်ကို ရစီခြင်းငှာ လည်းကောင်း ဤအရာများကို ရီးထားခြင်းဖြစ်၏။
ငါ၏ ပညတ်သည်ကား၊ ငါသည် သင်ရို့ကို ချစ်သကဲ့သို့ သင်ရို့သည်လည်း အချင်းချင်း ချစ်ကြလော့။
ငါအမှန်ဆိုသည်ကား၊ ငါစီရွှတ်သောသူကို လက်ခံသောသူသည် ငါ့ကို လက်ခံခြင်းဖြစ်၏။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကို စီရွှတ်သော အသျှင်ကိုလက်ခံ၏" ဟု မိန့်တော်မူ၏။
ငါသည် သူရို့အား ထာဝရအသက်ကို ပီးသည်ဖြစ်၍ သူရို့သည် သီခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ဇာသူတစ်ယောက်မှ သူရို့တိကို ငါ့လက်ကနိန် လုမယူနိုင်။ ထိုသိုးတိကို ငါ့ထံ၌ အပ်ပီးတော်မူသည့် ခမည်းတော်သည် ဟိသမျှသော သူတိထက် ကြီးမြတ်တော်မူသည်ဖြစ်၍၊ ဇာသူတစ်ယောက်မှ သိုးတိကို ခမည်းတော်လက်က မလုမယူနိုင်။ ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်း ဖြစ်၏" ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။ ဘုရားသခင်သည် မိမိ၏သားတော်အား လောကသို့ စီရွှတ်တော်မူသည်မှာ အပြစ်စီရင်ခြင်းငှာ မဟုတ်။ လောကသားရို့အား ကယ်တင်ခြင်းငှာ ဖြစ်သတည်း။
ထိုသားတော်ကို ယုံကြည်သောသူ အပေါင်းရို့သည် အပြစ်စီရင်ခြင်းကို မခံရ။ သို့သော်လည်း မယုံကြည်သော သူရို့မူကား ဘုရားသခင်၌ တစ်ပါးတည်းသော သားတော်ကို မယုံကြည်သောကြောင့် အဂုပင် အပြစ်စီရင်ခြင်းကို ခံရလျက်ဟိ၏။
မိမိ၏လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ၏ခြီရာနောက်သို့ မလိုက်သောသူတိသည် ငါ့တပည့် မဖြစ်နိုင်။
အကြောင်းမူကား လူနှစ်ယောက် သို့မဟုတ် သုံးယောက်သည် ငါ၏နာမ၌ အတူစုရုံးကြလျှင် ငါသည်လည်း ထိုနီရာ၌ သူရို့နှင့် အတူဟိ၏။"
ယေသျှုသည် ထိုသူရို့ကို စိစိကြည့်ပြီးလျှင် "ဤအမှုကို လူတိ မတတ်နိုင်သော်လည်း ဘုရားသခင် တတ်နိုင်တော်မူ၏။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတိကို တတ်နိုင်တော်မူ၏" ဟု မိန့်တော်မူ၏။
ယေသျှုက "လူမတတ်နိုင်သော အရာကို ဘုရားသခင် တတ်နိုင်တော်မူ၏" ဟု မိန့်တော်မူ၏။
အသျှင်ယေသျှုခရစ်၏ ကျေးဇူးတော်သည် သင်ရို့၏စိတ်ဝိညာဉ်နှင့်အတူ ဟိကြပါစီသောဝ်။