Pular para o conteúdo
Publicidade

Ler a Bíblia

Por Bíblia Online

Abrir a Bíblia todos os dias é o caminho para conhecer a voz de Deus e alinhar o coração à vontade dele. Quando você dedica tempo para ler as Escrituras, a mente se renova e a fé ganha firmeza para enfrentar os dias difíceis.

As palavras registradas nas páginas sagradas orientam as decisões, trazem paz no meio das lutas e mostram quem Deus é. Dedicar-se a essa leitura diária é o modo mais seguro de caminhar com sabedoria e firmeza na verdade.

Ler a Bíblia é essencial para a vida cristã. A Escritura é lâmpada para os pés, alimento para a alma e espada do Espírito. O cristão que lê a Bíblia é transformado pela Palavra.

A importância de ler

Meditar na Palavra dia e noite traz prosperidade e bom sucesso. Ler a Bíblia ilumina o entendimento e fortalece a fé.

ထို​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​အ​လို​ငှာ ကျမ်း​စာ​ကို မ​ဖတ်​မ​ရွတ်​ဘဲ​မ​နေ၊ နေ့​ည​မ​ပြတ် ကြည့်​ရှု​ဖတ်​ရွတ်​ရ​မည်။ သို့​ပြု​လျှင် သင်​သည်​အ​ကြံ​ထ​မြောက်၍ အောင်​မြင်​လိမ့်​မည်။

နှုတ်​က​ပတ်​တော်​မှ​အ​လင်း

နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​ခြေ​ရှေ့​မှာ မီး​ခွက်​ဖြစ်၍၊ အ​ကျွန်ုပ်​လမ်း​ခ​ရီး​ကို လင်း​စေ​ပါ၏။

နှုတ်​က​ပတ်​တော်​ကို ဖွင့်​ပြ​ခြင်း​သည် အ​လင်း​ကို​ပေး၍၊ မ​လိ​မ္မာ​သော​သူ​တို့​ကို လိ​မ္မာ​စေ​တတ်​ပါ၏။

တ​ရား​တော်​ကို​နှစ်​သက်​မြတ်​နိုး​ခြင်း

ကိုယ်​တော်၏​တ​ရား​ကို အ​ကျွန်ုပ်​သည် အ​လွန် နှစ်​သက်​ပါ၏။ တစ်​နေ့​လုံး ဆင်​ခြင်​အောက်​မေ့​လျက် နေ​ပါ၏။ ပ​ညတ်​တ​ရား​တော်​သည် အ​ကျွန်ုပ်၏​ရန်​သူ​တို့​ထက်၊ အ​ကျွန်ုပ်​ကို​သာ၍ ပ​ညာ​ရှိ​စေ​ပါ၏။ ပ​ညတ်​တ​ရား​တော်​သည် အ​ကျွန်ုပ်၌ အ​စဉ်​တည်​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​သည် ဆင်​ခြင်​အောက်​မေ့​သော​ကြောင့်၊ အ​ကျွန်ုပ်၏ ဆ​ရာ​အ​ပေါင်း​တို့​ထက် သာ၍​နား​လည်​ပါ၏။

နှုတ်​က​ပတ်​တော်​ကို​စောင့်​ထိန်း​ခြင်း

လူ​ပျို​သည် မိ​မိ​သွား​သော​လမ်း​ကို အ​ဘယ်​သို့ သန့်​ရှင်း​စေ​နိုင်​ပါ​မည်​နည်း​ဟူ​မူ​ကား၊ နှုတ်​က​ပတ်​တော်​အ​တိုင်း သတိ​ပြု​ရ​မည်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​ပါ၏။ ပ​ညတ်​တော်​လမ်း​မှ လွဲ​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ကို မ​ပြစ်​မှား​ဘဲ နေ​နိုင်​မည်​အ​ကြောင်း၊ ဗျာ​ဒိတ်​တော်​ကို နှ​လုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။

A Escritura é inspirada

Toda a Escritura é útil para ensinar, corrigir e instruir em justiça. Examine as Escrituras — nelas encontramos a vida eterna.

ထို​ကျမ်း​စာ​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် မှုတ်​သွင်း​တော်​မူ​သော အား​ဖြင့်​ဖြစ်၍၊- ဘု​ရား​သ​ခင်၏ လူ​သည်​စုံ​လင်​သော​သူ၊ ကောင်း​သော အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု​စု​ခြင်း​အ​လို​ငှာ ပြင်​ဆင်​သော​သူ ဖြစ်​မည်​အ​ကြောင်း၊ ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ပြစ်​ကို​ဖော်​ပြ​ခြင်း၊ ဖြောင့်​မတ်​စွာ ပြု​ပြင်​ခြင်း၊ တ​ရား​ကို သွန်​သင်​ခြင်း ကျေး​ဇူး​များ​ကို ပြု​တတ်၏။

ကျမ်း​စာ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ကို​ရ​မည်​ဟု စိတ်​ထင်​နှင့် သင်​တို့​သည် ကျမ်း​စာ​ကို​စေ့​စေ့​ကြည့်​ရှု​ကြ၏။ ထို​ကျမ်း​စာ​ပင် ငါ၏​သက်​သေ​ဖြစ်၏။-

ငါ​တို့​သည် ကျမ်း​စာ၌​ပါ​သော​သည်း​ခံ​ခြင်း၊ သက်​သာ​ခြင်း​အ​ကြောင်း​များ​ကို​အ​မှီ​ပြု၍ မျှော်​လင့်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကျမ်း​စာ၌ အ​ထက်​က​ရေး​ထား​သ​မျှ​သည် ငါ​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ရေး​ထား​သ​တည်း။-

ကာ​လ​အ​ချိန် ရောက်​လု​နီး​ပြီ​ဖြစ်၍၊ ဤ​အ​နာ​ဂ​တ္တိ​ကျမ်း​စ​ကား​ကို ကြည့်​ရှု​ဖတ်​ရွတ် နား​ထောင်၍၊ ရေး​ထား​သ​မျှ​တို့​ကို စောင့်​ရှောက်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

ငါ​မ​လာ​မီ​တိုင်​အောင်၊ ကျမ်း​စာ​ကို​ဖတ်​ခြင်း၊ တိုက်​တွန်း​သွေး​ဆောင်​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​ကို ကြိုး​စား၍ ပြု​လော့။-

Estudar com diligência

Os bereanos eram mais nobres porque examinavam as Escrituras diariamente. O estudo dedicado da Bíblia produz maturidade espiritual.

ဗေ​ရိ​မြို့​သား​တို့​သည် သက်​သာ​လော​နိတ်​မြို့​သား​တို့​ထက် ထူး​မြတ်​သ​ဖြင့်၊ အ​လွန်​ကြည်​ညို​သော စေ​တ​နာ​စိတ်​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ၍ မှန်​သည်​မ​မှန်​သည်​ကို​သိ​ခြင်း​ငှာ၊ ကျမ်း​စာ​ကို​နေ့​တိုင်း အ​စဉ်​စေ့​စေ့​ကြည့်​ရှု​ကြ၏။-

အ​ကြောင်း​မူ​ကား၊ ဧ​ဇ​ရ​သည် ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​ကို စစ်​ဆေး စောင့်​ရှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး၌ သွန်​သင်​ခြင်း​ငှာ​လည်း​ကောင်း သ​ဘော​ကျ​သော​သူ​ဖြစ်၏။

ထို​သို့ ဘု​ရား​သ​ခင်၏ ပ​ည​တ္တိ​ကျမ်း​စာ​ကို သေ​ချာ​စွာ​ဖတ်​ရွတ်၍ အ​နက်​ကို​ပြန်​သ​ဖြင့်၊ လူ​များ​နား​လည်​စေ​ခြင်း​ငှာ ပြု​ကြ၏။

ယေ​ရှု​က​လည်း၊ သင်​တို့​သည်​ကျမ်း​စာ​ကို နား​မ​လည်၊ ဘု​ရား​သ​ခင်၏​တန်​ခိုး​တော်​ကို မ​သိ​သော​ကြောင့် မှား​သော​အ​ယူ​ကို ယူ​ကြ၏။-

ယ​နေ့ ငါ​မှာ​ထား​သော​စ​ကား​ကို နှ​လုံး​သွင်း​ရ​မည်။ထို​စ​ကား​ကို သင်၏​သား​သ​မီး​တို့​အား ကြိုး​စား၍​သွန်​သင်​ရ​မည်။ အိမ်၌​ထိုင်​လျက် နေ​သည်​ဖြစ်​စေ၊ ခ​ရီး၌​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိ​သည်​ဖြစ်​စေ၊ ထို​စ​ကား​ကို​ပြော​ရ​မည်။ ထို​စ​ကား​ကို​လည်း သင်၏​လက်၌ လ​က္ခ​ဏာ​သက်​သေ​ဖို့​ရာ​လည်း​ကောင်း၊ သင်၏​မျက်​စိ​ကြား​မှာ သင်း​ကျစ်​ကဲ့​သို့​လည်း​ကောင်း ချည်​ထား​ရ​မည်။

ပ​ညာ၏​တန်​ဖိုး

ငါ့​သား၊ သင်​သည်​ပ​ညာ​စ​ကား​ကို နား​ထောင်၍၊ စေ​တ​နာ​စိတ်​နှင့် ဉာဏ်​ကို ရှာ​ဖွေ​သည်​တိုင်​အောင်၊ ငါ့​စ​ကား​ကို နား​ခံ၍၊ ငါ့​ပ​ညတ်​တို့​ကို ကိုယ်​အ​ထဲ၌ သွင်း​မိ​လျှင်​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​ကို​ခေါ်၍၊ ဉာဏ်​နောက်​သို့ အ​သံ​ကို​လွှင့်​လျှင်​လည်း​ကောင်း၊ ငွေ​ကို​ရှာ​တတ်​သ​ကဲ့​သို့ ပ​ညာ​ကို​ရှာ၍၊ ဝှက်​ထား​သော​ဘ​ဏ္ဍာ​ကို စူး​စမ်း​တတ်​သ​ကဲ့​သို့၊ ဉာဏ်​ကို စူး​စမ်း​လျှင်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​သော​သ​ဘော၌ ကျင်​လည်၍၊ ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​နှင့် ပြည့်​စုံ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညာ​ကို ပေး​တော်​မူ​တတ်၏။ နား​လည်​နိုင်​သော​ဉာဏ်​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့်​သာ ဖြစ်​တတ်၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.