Publicidade

Esdras 2

ပြည်​နှင်​ဒဏ်​မှ​ပြန်​လာ​သူ​များ​စာ​ရင်း

1 ဗာ​ဗု​လုန် ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည်၊ 2 ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော လူ​စု​ထဲ​က​ထွက်၍ ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ သ​ရာ​ယ၊ ရေ​လာ​ယ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပါ၊ ဗိ​ဂ​ဝဲ၊ ရေ​ဟုံ၊ ဗာ​နာ​တို့​နှင့် အ​တူ​လိုက်​လာ၍၊ ယေ​ရု​ရှ​လင်​မြို့ အ​စ​ရှိ​သော ယု​ဒ​ပြည်၌ အ​သီး​အ​သီး​ဆိုင်​သော မြို့​ရွာ​သို့​ရောက်​သော နိုင်​ငံ​သား ဣ​သ​ရေ​လ​လူ စာ​ရင်း​ဟူ​မူ​ကား၊3 ပါ​ရုတ်​အ​မျိုး​သား နှစ်​ထောင်​တစ်​ရာ ခု​နစ်​ဆယ်​နှစ်​ယောက်၊ 4 ရှေ​ဖ​တိ​အ​မျိုး​သား သုံး​ရာ​ခု​နစ်​ဆယ်​နှစ်​ယောက်၊ 5 အာ​ရာ​အ​မျိုး​သား ခု​နစ်​ရာ​ခု​နစ်​ဆယ်​ငါး​ယောက်၊ 6 ပါ​ဟတ်​မော​ဘ​အ​မျိုး၊ ယော​ရှု​ယွာ​ဘ​အ​မျိုး​သား နှစ်​ထောင်​ရှစ်​ရာ တစ်​ဆယ်​နှစ်​ယောက်၊ 7 ဧ​လံ​အ​မျိုး​သား တစ်​ထောင်​နှစ်​ရာ ငါး​ဆယ်​လေး​ယောက်၊ 8 ဇ​တ္တု​အ​မျိုး​သား ကိုး​ရာ​လေး​ဆယ်​ငါး​ယောက်၊ 9 ဇ​က္ခဲ​အ​မျိုး​သား ခု​နစ်​ရာ​ခြောက်​ဆယ်၊ 10 ဗာ​နိ​အ​မျိုး​သား ခြောက်​ရာ​လေး​ဆယ်​နှစ်​ယောက်၊ 11 ဗေ​ဗဲ​အ​မျိုး​သား ခြောက်​ရာ​နှစ်​ဆယ်​သုံး​ယောက်၊ 12 အာ​ဇ​ဂဒ်​အ​မျိုး​သား တစ်​ထောင်​နှစ်​ရာ နှစ်​ဆယ်​နှစ်​ယောက်၊ 13 အ​ဒေါ​နိ​ကံ​အ​မျိုး​သား ခြောက်​ရာ​ခြောက်​ဆယ် ခြောက်​ယောက်၊ 14 ဗိ​ဂ​ဝဲ​အ​မျိုး​သား နှစ်​ထောင်​ငါး​ဆယ်​ခြောက်​ယောက်၊ 15 အာ​ဒိန်​အ​မျိုး​သား လေး​ရာ​ငါး​ဆယ်​လေး​ယောက်၊ 16 ဟေ​ဇ​ကိ​နှင့် အာ​တာ​အ​မျိုး​သား ကိုး​ဆယ်​ရှစ်​ယောက်၊ 17 ဗေ​ဇဲ​အ​မျိုး​သား သုံး​ရာ​နှစ်​ဆယ်​သုံး​ယောက်၊ 18 ယော​ရ​အ​မျိုး​သား တစ်​ရာ​တစ်​ဆယ်​နှစ်​ယောက်၊ 19 ဟာ​ရှုံ​အ​မျိုး​သား နှစ်​ရာ​နှစ်​ဆယ်​သုံး​ယောက်၊ 20 ဂိ​ဗ္ဗာ​အ​မျိုး​သား ကိုး​ဆယ်​ငါး​ယောက်၊ 21 ဗက်​လင်​မြို့​သား တစ်​ရာ​နှစ်​ဆယ်​သုံး​ယောက်၊ 22 နေ​တော​ဖ​မြို့​သား ငါး​ဆယ်​ခြောက်​ယောက်၊ 23 အာ​န​သုတ်​မြို့​သား တစ်​ရာ​နှစ်​ဆယ်​ရှစ်​ယောက်၊ 24 အာ​ဇ​မာ​ဝက်​မြို့​သား လေး​ဆယ်​နှစ်​ယောက်၊ 25 ကိ​ရ​ယ​သာ​ရိမ်​မြို့၊ ခေ​ဖိ​ရ​မြို့၊ ဗေ​ရုတ်​မြို့​သား ခု​နစ်​ရာ​လေး​ဆယ်​သုံး​ယောက်၊ 26 ရာ​မ​မြို့၊ ဂါ​ဘ​မြို့​သား ခြောက်​ရာ​နှစ်​ဆယ်​တစ်​ယောက်၊ 27 မိတ်​မတ်​မြို့​သား တစ်​ရာ​နှစ်​ဆယ်​နှစ်​ယောက်၊ 28 ဗေ​သ​လ​မြို့၊ အာ​ဣ​မြို့​သား နှစ်​ရာ​နှစ်​ဆယ်​သုံး​ယောက်၊ 29 နေ​ဗော​မြို့​သား ငါး​ဆယ်​နှစ်​ယောက်၊ 30 မာ​ဂ​ဗိတ်​မြို့​သား တစ်​ရာ​ငါး​ဆယ်​ခြောက်​ယောက်၊ 31 အ​ခြား​သော ဧ​လံ​မြို့​သား တစ်​ထောင်​နှစ်​ရာ ငါး​ဆယ်​လေး​ယောက်၊ 32 ဟာ​ရိမ်​မြို့​သား သုံး​ရာ​နှစ်​ဆယ်၊ 33 လော​ဒ​မြို့၊ ဟာ​ဒိဒ်​မြို့၊ ဩ​နော​မြို့​သား ခု​နစ်​ရာ​နှစ်​ဆယ်​ငါး​ယောက်၊ 34 ယေ​ရိ​ခေါ​မြို့​သား သုံး​ရာ​လေး​ဆယ်​ငါး​ယောက်၊ 35 သေ​နာ​မြို့​သား သုံး​ထောင်​ခြောက်​ရာ သုံး​ဆယ်​တည်း။

36 ယဇ်​ပု​ရော​ဟိတ်​စာ​ရင်း ဟူ​မူ​ကား၊ ယော​ရှု​အ​မျိုး​ထဲ​က၊ ယေ​ဒါ​ယ​အ​မျိုး​သား ကိုး​ရာ​ခု​နစ်​ဆယ်​သုံး​ယောက်၊ 37 ဣ​မေ​ရ​အ​မျိုး​သား တစ်​ထောင်​ငါး​ဆယ်​နှစ်​ယောက်၊ 38 ပါ​ရှု​ရ​အ​မျိုး​သား တစ်​ထောင်​နှစ်​ရာ လေး​ဆယ်​ခု​နစ်​ယောက်၊ 39 ဟာ​ရိမ်​အ​မျိုး​သား တစ်​ထောင်​တစ်​ဆယ်​ခု​နစ်​ယောက်​တည်း။

40 လေ​ဝိ​သား​စာ​ရင်း ဟူ​မူ​ကား၊ ဟော​ဒ​ဝိ​အ​မျိုး​ထဲ​က ယော​ရှု​အ​မျိုး​နှင့် ကာ​ဒ​မေ​လ​အ​မျိုး​သား ခု​နစ်​ဆယ်​လေး​ယောက်၊ 41 သီ​ချင်း​သည် အာ​သပ်​အ​မျိုး​သား တစ်​ရာ​နှစ်​ဆယ်​ရှစ်​ယောက်၊ 42 တံ​ခါး​စောင့်​အ​မျိုး​သား​တည်း​ဟူ​သော ရှ​လ္လုံ​အ​မျိုး​သား၊ အာ​တာ​အ​မျိုး​သား၊ တာ​လ​မုန်​အ​မျိုး​သား၊ အ​က္ကုပ်​အ​မျိုး​သား၊ ဟ​တိ​တ​အ​မျိုး​သား၊ ရှော​ဗဲ​အ​မျိုး​သား​ပေါင်း တစ်​ရာ​သုံး​ဆယ်​ကိုး​ယောက်​တည်း။

43 ဘု​ရား​ကျွန်​ခံ​သူ၊ ဇိ​ဟ​အ​မျိုး​သား၊ ဟ​သု​ဖ​အ​မျိုး​သား၊ တ​ဗ္ဗောက်​အ​မျိုး​သား၊ 44 ကေ​ရုတ်​အ​မျိုး​သား၊ သာ​ယာ​ဟ​အ​မျိုး​သား၊ ပါ​ဒုန်​အ​မျိုး​သား၊ 45 လေ​ဗ​န​အ​မျိုး​သား၊ ဟာ​ဂ​ဘ​အ​မျိုး​သား၊ အ​က္ကုပ်​အ​မျိုး​သား၊ 46 ဟာ​ဂပ်​အ​မျိုး​သား၊ ရှာ​လ​မဲ​အ​မျိုး​သား၊ ဟာ​နန် အ​မျိုး​သား၊ 47 ဂိ​ဒ္ဒေ​လ​အ​မျိုး​သား၊ ဂါ​ဟာ​အ​မျိုး​သား၊ ရာ​ယ​အ​မျိုး​သား၊ 48 ရေ​ဇိန်​အ​မျိုး​သား၊ နေ​ကော​ဒ​အ​မျိုး​သား၊ ဂ​ဇ္ဇမ်​အ​မျိုး​သား၊ 49 ဩ​ဇ​အ​မျိုး​သား၊ ပါ​သာ​အ​မျိုး​သား၊ ဗေ​သဲ​အ​မျိုး​သား၊ 50 အာ​သ​နာ​အ​မျိုး​သား၊ မ​ဟု​နိမ်​အ​မျိုး​သား၊ န​ဖု​သိမ်​အ​မျိုး​သား၊ 51 ဗာ​က​ဗုတ်​အ​မျိုး​သား၊ ဟ​ကု​ဖ​အ​မျိုး​သား၊ ဟာ​ရ​ဟု​ရ​အ​မျိုး​သား၊ 52 ဗာ​ဇ​လုပ်​အ​မျိုး​သား၊ မ​ဟိ​ဒ​အ​မျိုး​သား၊ ဟ​ရ​ရှ​အ​မျိုး​သား၊ 53 ဗာ​ကုတ်​အ​မျိုး​သား၊ သိ​သ​ရ​အ​မျိုး​သား၊ သာ​မ​အ​မျိုး​သား၊ 54 နေ​ဇိ​အ​မျိုး​သား၊ ဟ​တိ​ဖ​အ​မျိုး​သား​တည်း။

55 ရှော​လ​မုန်၏ အ​စေ​ခံ​ကျွန်၊ သော​တဲ​အ​မျိုး​သား၊ သော​ဖ​ရက်​အ​မျိုး​သား၊ ပေ​ရု​ဒ​အ​မျိုး​သား၊ 56 ယာ​လ​အ​မျိုး​သား၊ ဒါ​ကုန်​အ​မျိုး​သား၊ ဂိ​ဒ္ဒေ​လ​အ​မျိုး​သား၊ 57 ရှေ​ဖ​တိ​အ​မျိုး​သား၊ ဟ​တ္တိ​လ​အ​မျိုး​သား၊ ပေါ​ခ​ရက်​အ​မျိုး​သား၊ ဇေ​ဗိမ်​အ​မျိုး​သား၊ အာ​မိ​အ​မျိုး​သား​တည်း။ 58 ဘု​ရား​ကျွန်​နှင့် ရှော​လ​မုန်​ကျွန်​ပေါင်း​ကား၊ သုံး​ရာ​ကိုး​ဆယ်​နှစ်​ယောက်​တည်း။

59 ထို​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​အ​မျိုး မှန်​သည်၊ မ​မှန်​သည်​ကို​လည်း​ကောင်း၊ မိ​မိ​တို့ အ​ဆွေ​အ​မျိုး​ကို​လည်း​ကောင်း၊ မ​ပြ​နိုင်​ဘဲ တေ​လ​မေ​လ​မြို့၊ တေ​လ​ဟာသ​မြို့၊ ခေ​ရုပ်​မြို့၊ အ​ဒ္ဒန်​မြို့၊ ဣ​မေ​ရ​မြို့​မှ ထွက်​သွား​သော​သူ​ဟူ​မူ​ကား၊ 60 ဒေ​လာ​ယ​အ​မျိုး​သား၊ တော​ဘိ​အ​မျိုး​သား၊ နေ​ကော​ဒ​အ​မျိုး​သား​ပေါင်း ခြောက်​ရာ​ငါး​ဆယ်​နှစ်​ယောက်​တည်း။

61 ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​ထဲ​က ဟ​ဗာ​ယ​အ​မျိုး​သား၊ ကော​ဇ​အ​မျိုး​သား၊ ဂိ​လဒ်​ပြည်​သား ဗာ​ဇိ​လဲ​သ​မီး​တစ်​ယောက်​နှင့် စုံ​ဖက်၍၊ ယော​က္ခ​မ​အ​မည်​ကို​ရ​သော ဗာ​ဇိ​လဲ​အ​မျိုး​သား​တို့​သည်၊ 62 စာ​ရင်း​ဝင်​သော​လူ​စု​တွင် မိ​မိ​တို့​စာ​ရင်း​ကို ရှာ၍​မ​တွေ့​သော​ကြောင့်၊ အ​မျိုး​မ​စစ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို မ​ခံ​ရ​ကြ။ 63 ဥ​ရိမ်​နှင့် သု​မိမ်​ပါ​သော ယဇ်​ပု​ရော​ဟိတ် မ​ပေါ်​မီ​တိုင်​အောင် သူ​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​စား​ရ​ဟု ပြည်​အုပ်​မင်း​စီ​ရင်၏။

64 ပ​ရိ​သတ်​ပေါင်း​ကား လေး​သောင်း​နှစ်​ထောင် သုံး​ရာ​ခြောက်​ဆယ်​တည်း။ 65 ထို​မှ​တစ်​ပါး၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ပေါင်း ခု​နစ်​ထောင်​သုံး​ရာ သုံး​ဆယ်​ခု​နစ်​ယောက်၊ သီး​ချင်း​သည် ယောက်ျား​မိန်း​မ​ပေါင်း နှစ်​ရာ၊ 66 မြင်း​ပေါင်း ခု​နစ်​ရာ​သုံး​ဆယ်​ခြောက်​စီး၊ လား​ပေါင်း နှစ်​ရာ​လေး​ဆယ်​ငါး​စီး၊ 67 ကု​လား​အုတ်​ပေါင်း လေး​ရာ​သုံး​ဆယ်​ငါး​စီး၊ မြည်း​ပေါင်း ခြောက်​ထောင်​ခု​နစ်​ရာ​နှစ်​ဆယ်​တည်း။ 68 အ​ဆွေ​အ​မျိုး​သူ​ကြီး အ​ချို့​တို့​သည် ယေ​ရု​ရှ​လင်​မြို့ ဗိ​မာန်​တော်​သို့ ရောက်​သော​အ​ခါ၊ ဗိ​မာန်​တော်​ကို မိ​မိ​နေ​ရာ၌ တည်​ဆောက်​ခြင်း​ငှာ၊ 69 တတ်​နိုင်​သ​မျှ​အ​တိုင်း အ​လို​လို​လှူ၍၊ ရွှေ​ဒင်္ဂါး ခြောက်​သောင်း​တစ်​ထောင်၊ ငွေ​အ​ခွက် ငါး​သောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ဝတ် အ​စုံ​တစ်​ရာ​ကို ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​ကြ၏။ 70 ထို​သို့ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ သာ​မ​ည​လူ​အ​ချို့၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်၊ ဘု​ရား​ကျွန်​တို့​သည် မိ​မိ​တို့​နေ​ရာ မြို့​ရွာ​တို့၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ မြို့​ရွာ​တို့၌​လည်း​ကောင်း နေ​ရာ​ကျ​ကြ၏။

Veja também

Publicidade
Esdras
Ver todos os capítulos de Esdras
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-