Pular para o conteúdo
Publicidade

Louvor e adoração

Por Bíblia Online  - 

Deus não procura apenas palavras bonitas, mas a entrega sincera de quem reconhece quem Ele é. O louvor verdadeiro nasce de um coração transformado, que encontra descanso na presença do Criador independentemente do dia que está enfrentando.

As Escrituras mostram que render glória ao Altíssimo envolve toda a nossa existência. Cada momento da jornada, nos dias fáceis e nos difíceis, é uma oportunidade para voltar o olhar para cima e reconhecer a bondade e a grandeza daquele que sustenta a sua vida.

O louvor e a adoração são o propósito supremo da vida cristã. A Bíblia está repleta de exortações a louvar o Senhor — com cânticos, instrumentos, danças e com todo o nosso ser.

Louvai ao Senhor!

Todo ser que respira louve ao Senhor! O louvor é o sacrifício agradável que oferecemos continuamente a Deus.

အ​သက်​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​စေ။ ဟာ​လေ​လု​ယ။

ဒါ​ဝိဒ်​မင်း​ကြီး​နှင့် ရှင်​အာ​သပ်​အ​စ​ရှိ​သော​ပ​ရော​ဖက်​များ​တို့​သည် စီ​ရင်​ရေး​ထား​သော​ဆာ​လံ​ကျမ်း​ပြီး၏။

ထာ​ဝ​ရ​ဘု​ရား​အား​ချီး​မွမ်း​ကြ​လော့

သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့။ ဘုန်း​တော်​ထင်​ရှား​ရာ ကောင်း​ကင်​မျက်​နှာ​ကြက်​ပေါ်​မှာ ချီး​မွမ်း​ကြ​လော့။ ထူး​ဆန်း​သော တန်​ခိုး​တော်​များ​ကြောင့်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့။ အ​လွန်​တ​ရာ​ကြီး​မြတ်​တော်​မူ​ခြင်း ရှိ​သည်​အ​တိုင်း ချီး​မွမ်း​ကြ​လော့။ တံ​ပိုး​မှုတ်​လျက် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့။ တ​ယော​နှင့် စောင်း​ကို​တီး​လျက် ချီး​မွမ်း​ကြ​လော့။ ပတ်​သာ​တီး​လျက်၊ က​ခုန်​လျက်​နှင့် ချီး​မွမ်း​ကြ​လော့။ ကြိုး​နှင့်​ပြည့်​စုံ​သော တူ​ရိ​ယာ​ကို​တီး​လျက်၊ နှဲ​ခ​ရာ​ကို​မှုတ်​လျက် ချီး​မွမ်း​ကြ​လော့။ အ​သံ​ကျယ်​သော သံ​လွင်​ကို​တီး​လျက် ချီး​မွမ်း​ကြ​လော့။ အ​ကြီး​ဆုံး​သော​လင်း​ကွင်း​ကို​လည်း​တီး​လျက် ချီး​မွမ်း​ကြ​လော့။ အ​သက်​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​စေ။ ဟာ​လေ​လု​ယ။

ဒါ​ဝိဒ်​မင်း​ကြီး​နှင့် ရှင်​အာ​သပ်​အ​စ​ရှိ​သော​ပ​ရော​ဖက်​များ​တို့​သည် စီ​ရင်​ရေး​ထား​သော​ဆာ​လံ​ကျမ်း​ပြီး၏။

ပတ်​သာ​တီး​လျက်၊ က​ခုန်​လျက်​နှင့် ချီး​မွမ်း​ကြ​လော့။ ကြိုး​နှင့်​ပြည့်​စုံ​သော တူ​ရိ​ယာ​ကို​တီး​လျက်၊ နှဲ​ခ​ရာ​ကို​မှုတ်​လျက် ချီး​မွမ်း​ကြ​လော့။

သူ​တို့​သည်​က​ခုန်​လျက် နာ​မ​တော်​ကို ချီး​မွမ်း​ကြ​စေ။ ပတ်​သာ​နှင့်​စောင်း​ကို တီး​လျက် ထော​မ​နာ​သီ​ချင်း ဆို​ကြ​စေ။

ထော​မ​နာ​သီ​ချင်း

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​သစ်​သော​သီ​ချင်း​ကို ဆို၍၊ သန့်​ရှင်း​သူ​တို့ စည်း​ဝေး​ရာ၌ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ သူ​တို့​သည်​က​ခုန်​လျက် နာ​မ​တော်​ကို ချီး​မွမ်း​ကြ​စေ။ ပတ်​သာ​နှင့်​စောင်း​ကို တီး​လျက် ထော​မ​နာ​သီ​ချင်း ဆို​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​စု​ကို နှစ်​သက်​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အား​ဖြင့် အ​သ​ရေ​တင့်​တယ်​စေ​တော်​မူ၏။ သန့်​ရှင်း​သူ​တို့​သည် ဘုန်း​ကြီး၍ ဝမ်း​မြောက်​ဝမ်း​သာ​ကြ​စေ။ ကျိန်း​ဝပ်​ရာ​ပေါ်​မှာ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​စေ။

ဘ​ဝဂ်​ပေါ်​မှာ​ချီး​မွမ်း​ရန်

ကောင်း​ကင်​ဘုံ၌ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ဘ​ဝဂ်​ပေါ်​မှာ ချီး​မွမ်း​ကြ​လော့။ ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ပေါင်း​တို့ ချီး​မွမ်း​ကြ​လော့။ နေ​လ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ထွန်း​လင်း​သော ကြယ်​အ​ပေါင်း​တို့၊ ချီး​မွမ်း​ကြ​လော့။ ကောင်း​ကင်​အ​ထပ်​ထပ်​နှင့် ကောင်း​ကင်​ပေါ်​မှာ ရေ​များ​တို့၊ ချီး​မွမ်း​ကြ​လော့။ ထို​အ​ရာ​တို့​ကို အ​မိန့်​တော်​ရှိ၍၊ ဖန်​ဆင်း​တော်​မူ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ​စေ။ ထို​အ​ရာ​တို့​ကို ကာ​လ​အ​စဉ်​အ​ဆက် အ​မြဲ​တည်​စေ​တော်​မူ၍၊ မ​ပျက်​ရ​သော​ဓ​မ္မ​တာ​ကို စီ​ရင်​တော်​မူ၏။

မြေ​ကြီး၌​ရှိ​သော​အ​ရာ၊ ငါး​ကြီး​များ၊ နက်​နဲ​ရာ​အ​ရပ်​များ၊ မီး​နှင့်​မိုး​သီး၊ မိုး​ပွင့်​နှင့်​အ​ခိုး​အ​ငွေ့၊ အ​မိန့်​တော်​ကို နား​ထောင်​သော လေ​ပြင်း​မုန်​တိုင်း၊ တောင်​ကြီး​တောင်​ငယ်​ရှိ​သ​မျှ၊ အ​သီး​ကို​သီး​သော အ​ပင်၊ အာ​ရဇ်​ပင်​ရှိ​သ​မျှ၊ သား​ရဲ​နှင့် သား​ယဉ်​အ​ပေါင်း၊ တွား​တတ်​သော​တိ​ရိ​စ္ဆာန်​နှင့် ပျံ​တတ်​သော​ငှက် အ​စ​ရှိ​သော၊ လော​ကီ​ရှင်​ဘု​ရင်​များ​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း၊ မင်း​များ​နှင့် လော​ကီ​တ​ရား​သူ​ကြီး​အ​ပေါင်း၊ လူ​ပျို​နှင့် အ​ပျို​များ၊ လူ​အို​နှင့် လူ​က​လေး​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​တစ်​ပါး​တည်း​သာ​လျှင် မြတ်၍၊ ဘုန်း​တော်​သည် မြေ​ကြီး​နှင့် ကောင်း​ကင်​အ​ပေါ်​ထက်၌ ရှိ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​စေ။

ထို​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ နှုတ်​ခမ်း​အ​သီး​တည်း​ဟူ​သော ချီး​မွမ်း​ခြင်း​ယဇ်​ကို သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စဉ်​ပူ​ဇော်​ကြ​ကုန်​အံ့။-

ထို​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ နှုတ်​ခမ်း​အ​သီး​တည်း​ဟူ​သော ချီး​မွမ်း​ခြင်း​ယဇ်​ကို သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စဉ်​ပူ​ဇော်​ကြ​ကုန်​အံ့။-

Louvor como estilo de vida

Bendirei ao Senhor em todo tempo; o seu louvor estará sempre nos meus lábios. O louvor não depende de circunstâncias.

ဆင်း​ရဲ​ခြင်း​မှ​လွတ်​မြောက်​ခြင်း

"ဒါ​ဝိဒ်​သည် အ​ဘိ​မ​လက်​မင်း​ရှေ့​မှာ ထူး​ခြား​သော​အ​ခြင်း​အ​ရာ​ကို​ပြု​သ​ဖြင့်၊ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ၍ ထွက်​သွား​သော​အ​ခါ စပ်​ဆို​သော​ဆာ​လံ။"

ငါ​သည် ခပ်​သိမ်း​သော​ကာ​လ​တို့၌ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​မည်။ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် မြွက်​ဆို​မည်။

ဆင်း​ရဲ​ခြင်း​မှ​လွတ်​မြောက်​ခြင်း

"ဒါ​ဝိဒ်​သည် အ​ဘိ​မ​လက်​မင်း​ရှေ့​မှာ ထူး​ခြား​သော​အ​ခြင်း​အ​ရာ​ကို​ပြု​သ​ဖြင့်၊ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ၍ ထွက်​သွား​သော​အ​ခါ စပ်​ဆို​သော​ဆာ​လံ။"

ငါ​သည် ခပ်​သိမ်း​သော​ကာ​လ​တို့၌ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​မည်။ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် မြွက်​ဆို​မည်။

ဆင်း​ရဲ​ခြင်း​မှ​လွတ်​မြောက်​ခြင်း

"ဒါ​ဝိဒ်​သည် အ​ဘိ​မ​လက်​မင်း​ရှေ့​မှာ ထူး​ခြား​သော​အ​ခြင်း​အ​ရာ​ကို​ပြု​သ​ဖြင့်၊ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ၍ ထွက်​သွား​သော​အ​ခါ စပ်​ဆို​သော​ဆာ​လံ။"

ငါ​သည် ခပ်​သိမ်း​သော​ကာ​လ​တို့၌ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​မည်။ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် မြွက်​ဆို​မည်။ ငါ့​ဝိ​ညာဉ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ဝါ​ကြွား​ခြင်း​ကို ပြု​မည်။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​သည် ကြား​သိ၍၊ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။ ငါ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို တ​ညီ​တ​ညွတ်​တည်း ချီး​မြှောက်​ကြ​ကုန်​အံ့။

အ​ကျွန်ုပ်​မူ​ကား၊ အ​စဉ်​မျှော်​လင့်၍ ကိုယ်​တော်​ကို ချီး​မွမ်း​သ​မျှ​ထက် သာ၍ ချီး​မွမ်း​ပါ​မည်။

အ​ကျွန်ုပ်​သည် ဖွား​က​တည်း​က​ပင် ကိုယ်​တော်​ကို​မှီ​ဝဲ​ပါ​ပြီ။ အ​မိ​ဝမ်း​တွင်း​မှ​စ၍ ကျေး​ဇူး​တော်​ကို ခံ​ရ​ပါ​ပြီ။ ကိုယ်​တော်​ကို အ​စဉ်​ချီး​မွမ်း​ပါ​မည်။

ဂုဏ်​အ​သ​ရေ​တော်​နှင့် ယှဉ်​သော ထော​မ​နာ​စ​ကား​ကို အ​ကျွန်ုပ်​သည် နေ့​တိုင်း​အ​စဉ် မြွက်​ဆို​ပါ​စေ​သော။

ဂုဏ်​အ​သ​ရေ​တော်​နှင့် ယှဉ်​သော ထော​မ​နာ​စ​ကား​ကို အ​ကျွန်ုပ်​သည် နေ့​တိုင်း​အ​စဉ် မြွက်​ဆို​ပါ​စေ​သော။

ရှေ့​တော်၌ သီ​ချင်း​ဆို​သော​အ​ခါ၊ ရွှင်​လန်း​သော​နှုတ်​ရှိ​ပါ​လိမ့်​မည်။ ရွေး​တော်​မူ​သော အ​ကျွန်ုပ်၏ ဝိ​ညာဉ်​လည်း ရွှင်​လန်း​ပါ​လိမ့်​မည်။

နေ​ထွက်​ရာ​မှ​သည် နေ​ဝင်​ရာ​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ချီး​မွမ်း​ဖွယ်​ဖြစ်၏။

အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​သို့​ကျင့်​စေ​ခြင်း​ငှာ၊ ယေ​ရှု​ခ​ရစ်၌ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။-

Adoração em espírito e verdade

Os verdadeiros adoradores adorarão ao Pai em espírito e em verdade. Deus busca os que o adoram com coração sincero.

ကိုး​ကွယ်​သော​သူ​မှန်​သ​မျှ​တို့​သည် ခ​မည်း​တော်​ကို နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ကိုး​ကွယ်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သို့​ကိုး​ကွယ်​သော​သူ​တို့​ကို ခ​မည်း​တော်​သည် အ​လို​ရှိ​တော်​မူ၏။-

ဘု​ရား​သ​ခင်​သည် နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​တို့​သည်၊ နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ကိုး​ကွယ်​ရ​မည်​ဟု မိန့်​တော်​မူ၏။-

ထော​မ​နာ​သီ​ချင်း

လာ​ကြ။ ထာ​ဝ​ရ​ဘု​ရား​အား ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ကုန်​အံ့။ ငါ​တို့​သည် ကယ်​တင်​ခြင်း​သို့​ရောက်​ရာ ကျောက်​ကို ကျူး​ဧ​ကြ​ကုန်​အံ့။ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် ရှေ့​တော်​သို့​ဝင်၍၊ ဆာ​လံ​သီ​ချင်း​ဆို​လျက် ကျူး​ဧ​သော​အ​သံ​ကို ပြု​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်​သော​ဘု​ရား၊ ဘု​ရား​တ​ကာ​တို့​ထက် ကြီး​မြတ်​သော​ဘု​ရင် ဖြစ်​တော်​မူ၏။ မြေ​ကြီး​နက်​နဲ​ရာ အ​ရပ်​တို့​သည် လက်​တော်၌ ရှိ​ကြ၏။ တောင်​ထိပ်​တို့​ကို​လည်း ပိုင်​တော်​မူ၏။ ပင်​လယ်​ကို​လည်း ဖန်​ဆင်း၍ ပိုင်​တော်​မူ၏။ ကုန်း​ကို​လည်း လက်​တော်​နှင့် ပြု​ပြင်​တော်​မူ၏။ လာ​ကြ။ ပျပ်​ဝပ်၍ ကိုး​ကွယ်​ကြ​ကုန်​အံ့။ ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ရှေ့​တော်၌ ဒူး​ထောက်​ကြ​ကုန်​အံ့။

ထော​မ​နာ​သီ​ချင်း

မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို ဝမ်း​မြောက်​စွာ ဆောင်​ရွက်​ကြ​လော့။ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​လျက်၊ အ​ထံ​တော်​သို့ ဝင်​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို ဝမ်း​မြောက်​စွာ ဆောင်​ရွက်​ကြ​လော့။ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​လျက်၊ အ​ထံ​တော်​သို့ ဝင်​ကြ​လော့။

ကျေး​ဇူး​တော်​ကြီး​ပါ​သည်​ဟု ဝန်​ခံ​လျက်၊ တံ​ခါး​တော်​တို့​ကို​လည်း​ကောင်း၊ ဂုဏ်​တော်​ကို​ချီး​မွမ်း​လျက် တံ​တိုင်း​တော်​တို့​ကို​လည်း​ကောင်း ဝင်​ကြ​လော့။ ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။

ချီး​မွမ်း​သီ​ချင်း

ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို၍၊ နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို တစ်​နေ့​ထက်​တစ်​နေ့ ညွှန်​ကြား​ကြ​လော့။ ဘုန်း​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ခပ်​သိမ်း​သော လူ​မျိုး​တို့၌​လည်း​ကောင်း ဖော်​ပြ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်၍ အ​လွန်​ချီး​မွမ်း​ဖွယ်​ဖြစ်​တော်​မူ၏။ ဘု​ရား​တ​ကာ​တို့​ထက် ကြောက်​ရွံ့​ဖွယ် ဖြစ်​တော်​မူ၏။ တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​ရှိ​သ​မျှ​တို့​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ၏။ ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် ရှေ့​တော်၌​ရှိ၏။ အ​စွမ်း​သ​တ္တိ​နှင့် ဂုဏ်​အ​သ​ရေ​လည်း သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ရှိ၏။

လူ​အ​မျိုး​မျိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​တန်​ခိုး အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ဘုန်း​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ပူ​ဇော်​သ​ကာ​ကို​ဆောင်​ခဲ့​လျက် တံ​တိုင်း​တော်​သို့​ဝင်​ကြ​လော့။ သန့်​ရှင်း​သော​တန်​ဆာ​ကို​ဆင်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​လော့။ မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ရှေ့​တော်၌ ကြောက်​ရွံ​ခြင်း​ရှိ​ကြ​လော့။

A grandeza de Deus

Grande é o Senhor e mui digno de louvor! Sua grandeza é insondável. Os céus declaram sua glória e toda a criação o adora.

ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်၍ အ​လွန်​ချီး​မွမ်း​ဖွယ် ဖြစ်​တော်​မူ၏။ ကြီး​မြတ်​တော်​မူ​ခြင်း​ကို စစ်၍​မ​ကုန်​နိုင်။

ကိုယ်​တော်​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ချီး​မွမ်း​ရာ၌ ကျိန်း​ဝပ်​လျက် သန့်​ရှင်း​ခြင်း​ရှိ​တော်​မူ၏။

အ​ကျွန်ုပ်​သည် သ​တင်း​တော်​ကို ညီ​အစ်​ကို​တို့​အား​ကြား​ပြော​ပါ​မည်။ ပ​ရိ​သတ်​အ​လယ်​မှာ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​အ​ချင်း​တို့၊ ချီး​မွမ်း​ခြင်း​ကို ပြု​ကြ​လော့။ ယာ​ကုပ်​အ​မျိုး​အ​ပေါင်း​တို့၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ကြ​ပါ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ နှိမ့်​ချ​လျက်​ရှိ​သော​သူ၏ နှိမ့်​ချ​သော​အ​ဖြစ်​ကို မ​ထီ​မဲ့​မြင်​ပြု​တော်​မူ​သည် မ​ဟုတ်။ မျက်​နှာ​တော်​ကို​မ​လွှဲ၊ အော်​ဟစ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပြီ။

ယေ​ရု​ရှ​လင်​အ​တွက်​ချီး​မွမ်း​ခြင်း

ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကောင်း​သည်​ဖြစ်၍၊ ချီး​မွမ်း​ကြ​လော့။ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု​ခြင်း​သည် သာ​ယာ​လျောက်​ပတ်​သည်​ဖြစ်၍၊ ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ ထို​သို့​သော​အ​မှု​သည် တင့်​တယ်​လျောက်​ပတ်​ပေ၏။

တန်​ခိုး​အ​ကြီး​ဆုံး​ဘု​ရင်

ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ​တော်​မူ၏။ မြေ​ကြီး​သည် ဝမ်း​မြောက်၍၊ ကျွန်း​များ​တို့​သည်​လည်း ရွှင်​လန်း​ကြ​စေ။

ဖြောင့်​မတ်​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ကြ​လော့။ သန့်​ရှင်း​သော​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လော့။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ထို​နာ​မ​သည် ငါ့​နာ​မ​ဖြစ်၏။ ငါ့​ဘုန်း​ကို အ​ခြား​သော​သူ​အား​လည်း​ကောင်း၊ ငါ့​အ​သ​ရေ​ကို ရုပ်​တု​ဆင်း​တု​တို့​အား​လည်း​ကောင်း ငါ​မ​ပေး။

Cânticos e instrumentos

Cantai ao Senhor um cântico novo! Louvai com salmos, hinos e cânticos espirituais, fazendo melodia no coração ao Senhor.

ခ​ရစ်​တော်၏ နှုတ်​က​ပတ်​တ​ရား​သည် ပ​ညာ​အ​မျိုး​မျိုး​နှင့် သင်​တို့​အ​ထဲ၌ ကြွယ်​ဝ​စွာ တည်​နေ၍ သင်​တို့​သည် ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း​အ​မျိုး​မျိုး​အား​ဖြင့်၊ အ​ချင်း​ချင်း​တို့​ကို ဆုံး​မ​သွန်​သင်​ခြင်း၊ သ​တိ​ပေး​ခြင်း​ကို​ပြု၍၊ နူး​ညွတ်​သော​စိတ်​နှ​လုံး​နှင့် ဘု​ရား​သ​ခင်​ရှေ့​တော်၌ တင့်​တယ်​လျောက်​ပတ်​စွာ သီ​ချင်း​ဆို​ကြ​လော့။-

ခ​ရစ်​တော်၏ နှုတ်​က​ပတ်​တ​ရား​သည် ပ​ညာ​အ​မျိုး​မျိုး​နှင့် သင်​တို့​အ​ထဲ၌ ကြွယ်​ဝ​စွာ တည်​နေ၍ သင်​တို့​သည် ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း​အ​မျိုး​မျိုး​အား​ဖြင့်၊ အ​ချင်း​ချင်း​တို့​ကို ဆုံး​မ​သွန်​သင်​ခြင်း၊ သ​တိ​ပေး​ခြင်း​ကို​ပြု၍၊ နူး​ညွတ်​သော​စိတ်​နှ​လုံး​နှင့် ဘု​ရား​သ​ခင်​ရှေ့​တော်၌ တင့်​တယ်​လျောက်​ပတ်​စွာ သီ​ချင်း​ဆို​ကြ​လော့။-

ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း အ​မျိုး​မျိုး​တို့​ကို အ​ချင်း​ချင်း ပြော​ဆို​ဖတ်​ရွတ်၍၊ နူး​ညွတ်​သော စိတ်​နှ​လုံး​နှင့် သ​ခင်​ဘု​ရား​ရှေ့​တော်၌ ကျူး​ဧ၍​သီ​ချင်း ဆို​ကြ​လော့။- ခပ်​သိမ်း​သော​အ​ရာ​တို့၌ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို ထောက်၍၊ ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့၊ ကာ​လ​အ​စဉ်​မ​ပြတ် ဝန်​ခံ​ကြ​လော့။

ထော​မ​နာ​သီ​ချင်း

ဖြောင့်​မတ်​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှီ​ပြု၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ ထော​မ​နာ​ပြု​ခြင်း​အ​ကျင့်​သည် သ​ဘော​ဖြောင့်​သော​သူ​တို့​နှင့် ထိုက်​တန်​လျောက်​ပတ်​ပေ၏။ စောင်း​တီး၍ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ကြိုး​ဆယ်​ပင်​ရှိ​သော တူ​ရိ​ယာ​နှင့် ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ ရှေ့​တော်၌ အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ သာ​ယာ​စွာ တီး​ကြ​လော့။

ဒါ​ဝိဒ်​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သီ​ချင်း​ဆို​လျက် စောင်း၊ တ​ယော၊ ပတ်​သာ၊ နှဲ​ခ​ရာ၊ ခွက်​ကွင်း၊ တံ​ပိုး​တို့​ကို​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ တီး​မှုတ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ကို သီ​ချင်း​ဆို​ကြ​လော့။ ဆာ​လံ​သီ​ချင်း​ကို ဆို​ကြ​လော့။ အံ့​ဖွယ်​သော အ​မှု​တော်​အ​ပေါင်း​တို့​ကို ဟော​ပြော​ကြ​လော့။

ထို​သို့ ငါ​တို့​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ရာ​သီ​ချင်း​သစ်​ကို ငါ​မြွက်​ဆို​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ၏။ လူ​များ​တို့​သည် သိ​မြင်၍ ကြောက်​ရွံ့​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ကြ​လိမ့်​မည်။

ထော​မ​နာ​သီ​ချင်း

ဥ​ပုသ်​နေ့​အ​ဖို့ ဆာ​လံ​သီ​ချင်း။

ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍၊

ဘု​ရင်​၏​က​တိ​တော်

ငါ​သည် သ​နား​စုံ​မက်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို​အ​ကြောင်း​ပြု၍ သီ​ချင်း​ဆို​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ရှေ့​တော်၌ သီ​ချင်း​ဆို​ပါ​မည်။

ဘု​ရင်​၏​က​တိ​တော်

ငါ​သည် သ​နား​စုံ​မက်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို​အ​ကြောင်း​ပြု၍ သီ​ချင်း​ဆို​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ရှေ့​တော်၌ သီ​ချင်း​ဆို​ပါ​မည်။

Louvor nas lutas

Paulo e Silas louvaram na prisão e houve terremoto. O louvor é arma espiritual que transforma circunstâncias e derrota o inimigo.

သန်း​ခေါင်​အ​ချိန်၌ ပေါ​လု​နှင့် သိ​လ​တို့​သည် ပ​တ္ထ​နာ​ပြု၍ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လျက် သီ​ချင်း​ဆို​လေ၏။ ထောင်​ထဲ​မှာ နှောင်​ဖွဲ့​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် နား​ထောင်​ကြ၏။-

သန်း​ခေါင်​အ​ချိန်၌ ပေါ​လု​နှင့် သိ​လ​တို့​သည် ပ​တ္ထ​နာ​ပြု၍ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လျက် သီ​ချင်း​ဆို​လေ၏။ ထောင်​ထဲ​မှာ နှောင်​ဖွဲ့​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် နား​ထောင်​ကြ၏။-

လူ​များ​နှင့်​တိုင်​ပင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့​ဟု တပ်​ရှေ့​မှာ​ချီ​သွား​လျက်၊ သန့်​ရှင်း​ခြင်း​အ​သ​ရေ​ကို ချီး​မွမ်း​ရ​သော သီ​ချင်း​သည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ခန့်​ထား​တော်​မူ၏။ ထို​သူ​တို့​သည် ချီး​မွမ်း​ရာ​သီ​ချင်း​ကို ဆို​စ​ပြု​ကြ​သော​အ​ခါ၊ ယု​ဒ​ပြည်​ကို​တိုက်​အံ့​သော​ငှာ လာ​သော၊ စိ​ရ​တောင်​သား​တို့​ကို အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား​တို့ တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား ချောင်း​မြောင်း​စေ​တော်​မူ​သ​ဖြင့်၊ အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား​တို့​သည် အ​ထိ​အ​ခိုက်​ခံ​ရ​သော​ကြောင့်၊

ထို​အ​ခါ ယော​ဘ​သည်​ထ၍ မိ​မိ​ဝတ်​လုံ​ကို ဆုတ်​လေ၏။ ဆံ​ပင်​ကို​လည်း​ရိတ်၍ မြေ​ပေါ်​မှာ​ဝပ်​လျက် ကိုး​ကွယ်​ပြီး​လျှင်၊ ငါ​သည် အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​က ထွက်​လာ၏။ အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​သို့ ပြန်​သွား​တော့​မည်။ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​လည်း ရုပ်​သိမ်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း​ဟု ဆို​လေ၏။

ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ သန့်​ရှင်း​သော​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​မျက်​တော်​သည် ခ​ဏ​ထွက်၏။ ကျေး​ဇူး​တော်​မူ​ကား၊ တစ်​သက်​လုံး​တည်၏။ ညဉ့်​ဦး​ယံ၌ ငို​ကြွေး​ခြင်း​သည် လာ၍​တည်း​ခို၏။ နံ​နက်​ယံ၌​ကား၊ သီ​ချင်း​ဆို​ရ​သော​အ​ခွင့်​ရှိ၏။

ထို​အ​ခါ အ​ကျွန်ုပ်​ညည်း​တွား​မြည်​တမ်း​ခြင်း​ကို က​ခုန်​ခြင်း​ဖြစ်​စေ​တော်​မူ၏။ အ​ကျွန်ုပ်​ဝတ်​သော လျှော်​တေ​အ​ဝတ်​ကို​ချွတ်၍၊ ဝမ်း​မြောက်​ခြင်း​ခါး​ပန်း​နှင့် စည်း​တော်​မူ၏။ သို့​ဖြစ်၍ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် တိတ်​ဆိတ်​စွာ​မ​နေ။ ကိုယ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ အို​အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို အ​စဉ်​အ​မြဲ​ချီး​မွမ်း​ပါ​မည်။

အို​ငါ့​ဝိ​ညာဉ်၊ သင်​သည် အ​ဘယ်​ကြောင့် ညှိုး​ငယ်​သ​နည်း။ ငါ့​အ​ထဲ​မှာ အ​ဘယ်​ကြောင့် မ​ငြိမ်​မ​ဝပ်​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​ကို မျှော်​လင့်​လျက်​နေ​လော့။ ငါ့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း​ထော​မ​နာ ပြု​ရ​လေ​အံ့​သ​တည်း။

သွား​ကြ​လော့၊ မြိန်​စွာ​သော​အ​စာ​ကို စား​ကြ​လော့။ ချို​သော​အ​ရည်​ကို သောက်​ကြ​လော့။ ဆင်း​ရဲ​သော​သူ​တို့​အား ဝေ​မျှ​ကြ​လော့။ ဤ​သည်​နေ့​ရက်​သည် ငါ​တို့​ဘု​ရား​ရှင်​အ​ဖို့ သန့်​ရှင်း၏။ ဝမ်း​မ​နည်း​ကြ​နှင့်၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​အ​ခွင့်​နှင့် အား​ယူ၍ ဝမ်း​မြောက်​ကြ​လော့​ဟု လူ​အ​ပေါင်း​တို့​အား ဆို​ကြ၏။

Gratidão e louvor

Em tudo dai graças. O louvor nasce da gratidão por quem Deus é e pelo que Ele faz. Cada bênção é motivo de adoração.

ဘု​ရား​သ​ခင်​၏​မေ​တ္တာ​တော်

အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ငါ၏​အ​ထဲ​မှာ​ရှိ​သ​မျှ​တို့၊ သန့်​ရှင်း​သော​နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။

ဘု​ရား​သ​ခင်​၏​မေ​တ္တာ​တော်

အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ငါ၏​အ​ထဲ​မှာ​ရှိ​သ​မျှ​တို့၊ သန့်​ရှင်း​သော​နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို မ​မေ့​လျော့​နှင့်။

ဘု​ရား​သ​ခင်​၏​မေ​တ္တာ​တော်

အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ငါ၏​အ​ထဲ​မှာ​ရှိ​သ​မျှ​တို့၊ သန့်​ရှင်း​သော​နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို မ​မေ့​လျော့​နှင့်။ သင်၏​အ​ပြစ်​အ​လုံး​စုံ​တို့​ကို​ဖြေ​လွှတ်၍၊ သင်၏​အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို​လည်း ပျောက်​စေ​တော်​မူ၏။ သင်၏​အ​သက်​ကို ဖျက်​ဆီး​ခြင်း​ထဲ​က​ရွေး၍ ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​များ​နှင့် သင်၏​ခေါင်း​ကို ပတ်​ရစ်​တော်​မူ၏။

အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို မ​မေ့​လျော့​နှင့်။

လူ​သား​တို့၌​ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ တောင့်​တ​သော​ဝိ​ညာဉ်​ကို ရောင့်​ရဲ​စေ၍၊ မွတ်​သိပ်​သော​ဝိ​ညာဉ်​ကို​လည်း၊ ကောင်း​သော​အ​ရာ​နှင့် ဝ​စေ​တော်​မူ၏။

ဘု​ရား​သ​ခင်​၏သ​စ္စာ​တော်

ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​လော့။ အ​မှု​တော်​တို့​ကို လူ​များ​တို့​အား ပြ​သ​ကြ​လော့။

ထို​ကာ​လ၌​လည်း ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​လော့။ အ​မှု​တော်​တို့​ကို လူ​များ​တို့​တွင် ဖော်​ပြ​ကြလော့။ နာ​မ​တော်​သည်​မြင့်​မြတ်​သော​ကြောင့် ချီး​မွမ်း​ကြ​လော့။

ထော​မ​နာ​သီ​ချင်း

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မြှောက်​စား​ပါ​မည်။ နာ​မ​တော်​ကို ချီး​မွမ်း​ပါ​မည်။ အံ့​ဖွယ်​သော အ​မှု​တို့​ကို ပြု​တော်​မူ​ပြီ။ ရှေး​အ​ကြံ​တော်​တို့​သည် မ​ရွေ့၊ သ​စ္စာ​နှင့် မြဲ​မြံ​ကြ​ပါ၏။

အ​ကျွန်ုပ် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အား ပ​ညာ​အ​စွမ်း​သ​တ္တိ​ကို ပေး​သ​နား၍၊ အ​ကျွန်ုပ်​တို့ ဆု​တောင်း​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်၏ အိပ်​မက်​ကို ဖွင့်​ပြ​တော်​မူ​သော ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ၏​ဟု ဒံ​ယေ​လ​မြွက်​ဆို​ပြီး​မှ၊

A majestade do Rei

Ao nome de Jesus todo joelho se dobrará. A adoração culminará na eternidade, onde os redimidos louvarão ao Cordeiro para sempre.

ထို​သူ​တို့​က​လည်း၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ခဲ့​ပြီး​သော သိုး​သ​ငယ်​သည်၊ တန်​ခိုး၊ စည်း​စိမ်၊ ပ​ညာ၊ အ​စွမ်း​သ​တ္တိ၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ထိုက်​တော်​မူ၏​ဟု ကြီး​သော​အ​သံ​နှင့် ပြော​ဆို​ကြ၏။-

ကောင်း​ကင်၊ မြေ​ကြီး၊ မြေ​ကြီး​အောက်၊ သ​မု​ဒ္ဒ​ရာ​အ​ထဲ၊ အ​ရပ်​ရပ်​တို့၌ ရှိ​ရှိ​သ​မျှ​သော ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​က၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​နှင့် သိုး​သ​ငယ်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကောင်း​ချီး​မင်္ဂ​လာ၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်၊ အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား​လေ၏။-

ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ ချီး​မွမ်း​ကြ​လော့။ တ​ရား​စီ​ရင်​တော်​မူ​သော အ​ချိန်​ရောက်​လာ​ပြီ။ ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​နှင့် စမ်း​ရေ​တွင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို ကိုး​ကွယ်​ကြ​လော့​ဟု ကြီး​သော​အ​သံ​နှင့် ပြော​ဆို၍ ကောင်း​ကင်​အ​လယ်၌ ပျံ​ဝဲ​လျက် ရှိ​သည်​ကို ငါ​မြင်၏။-

သိုး​သ​ငယ်​၏​မင်္ဂ​လာ​ပွဲ

ပ​လ္လင်​တော်​ပေါ်​က ထွက်​သော​အ​သံ​ကား၊ ဘု​ရား​သ​ခင်၏ ကျွန်​အ​ပေါင်း​တို့​နှင့် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့၊ ငါ​တို့ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့​ဟု ဆို​သ​တည်း။

သိုး​သ​ငယ်​၏​မင်္ဂ​လာ​ပွဲ

ပ​လ္လင်​တော်​ပေါ်​က ထွက်​သော​အ​သံ​ကား၊ ဘု​ရား​သ​ခင်၏ ကျွန်​အ​ပေါင်း​တို့​နှင့် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့၊ ငါ​တို့ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့​ဟု ဆို​သ​တည်း။

ကျမ်း​စာ​လာ​သည်​ကား၊ ငါ​အ​သက်​ရှင်​တော်​မူ​သည် ဖြစ်၍၊ ငါ့​ရှေ့၌ လူ​တိုင်း​ဒူး​ထောက်​ရ​မည်။ ဘု​ရား​သ​ခင်​အား လူ​တိုင်း​မိ​မိ​နှုတ်​နှင့် သ​စ္စာ​ခံ​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။-

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​မ္မာ​တ​ရား​နှင့် ဆိုင်​သော​အ​ကျင့်၊ လျောက်​ပတ်​သော အ​ကျင့်၊ ဖြောင့်​မတ်​သော အ​ကျင့်၊ စင်​ကြယ်​သော အ​ကျင့်၊ သူ​တ​ပါး​နှစ်​သက်​ဖွယ်​သော အ​ကျင့်၊ ချီး​မွမ်း​ဖွယ်​သော​အ​ကျင့် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပါ​ရ​မီ​တစ်​ပါး​ပါး၊ ကောင်း​သော သ​တင်း​တစ်​ပါး​ပါး​နှင့် ဆိုင်​သော​အ​ကျင့်​တို့​ကို​လည်း​ကောင်း၊ နှ​လုံး​သွင်း​ကြ​လော့။-

Vida de louvor

O louvor transforma, fortalece a fé e nos conecta com o céu. Quem louva a Deus em toda circunstância experimenta sua presença real.

ကြောက်​ရွံ့​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​ထမ်း​ရွက်၍၊ တုန်​လှုပ်​ခြင်း​နှင့် ဝမ်း​မြောက်​ကြ​လော့။

ငါ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​သော​အ​မှု​တော်​ကို ချီး​မွမ်း၍၊ အ​မြင့်​ဆုံး​သော​ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

တ​ရား​မျှ​တ​မှု​အ​တွက်​ချီး​မွမ်း​ခြင်း

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ အံ့​ဖွယ်​သော​အ​မှု​တော်​ရှိ​သ​မျှ​တို့​ကို ပြ​ညွှန်​ပါ​မည်။

တ​ရား​မျှ​တ​မှု​အ​တွက်​ချီး​မွမ်း​ခြင်း

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ အံ့​ဖွယ်​သော​အ​မှု​တော်​ရှိ​သ​မျှ​တို့​ကို ပြ​ညွှန်​ပါ​မည်။ ကိုယ်​တော်​ကို အ​မှီ​ပြု၍ ဝမ်း​သာ​ရွှင်​လန်း​ပါ​မည်။ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား။

ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

ငါ​တောင်း​လျှောက်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ခွန်​အား​ဗ​လ၊ ငါ၏ အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ ငါ့​နှ​လုံး​သည် ထို​ဘု​ရား​ကို ကိုး​စား၍၊ ငါ့​ကို​စောင့်​မ​တော်​မူ​သော​ကြောင့်၊ ငါ့​နှ​လုံး​သည်​ရွှင်​လန်း​လျက်​ရှိ၏။ သီ​ချင်း​ဆို​လျက် ဂုဏ်​တော်​ကို​ငါ​ချီး​မွမ်း​မည်။

ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို​ပူ​ဇော်​သော​သူ​သည် ငါ၏​ဘုန်း​ကို ထင်​ရှား​စေ​သော​သူ​ဖြစ်၏။ မိ​မိ​သွား​သော​လမ်း​ကို ဆင်​ခြင်​သော​သူ​အား​လည်း၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​ပြ​မည်​ဟု ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။

ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု၍ နှုတ်​က​ပတ်​တော်၌ ဝါ​ကြွား​ပါ​မည်။ ငါ​သည် ဘု​ရား​သ​ခင်​ကို ခို​လှုံ​သည်​ဖြစ်၍ ကြောက်​စ​ရာ​မ​ရှိ။ လူ​သည် ငါ၌ အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။

အို အ​ကျွန်ုပ်​အ​စွမ်း​သ​တ္တိ၊ ကိုယ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၌ က​ရု​ဏာ​အ​ရှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။

က​ရု​ဏာ​တော်​သည် အ​သက်​ထက်​သာ၍ ကောင်း​သော​ကြောင့်၊ အ​ကျွန်ုပ်၏​နှုတ်​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ရ​ပါ​မည်။ ထို​သို့ အ​သက်​ရှင်​စဉ်​တွင် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​ပါ​မည်။ နာ​မ​တော်​ကို အ​မှီ​ပြု​လျက် လက်​ကို​ချီ​ပါ​မည်။

ဖန်​ဆင်း​ခြင်း​များ​အ​တွက်​ချီး​မွမ်း​ခြင်း

အို ဘု​ရား​သ​ခင်၊ ဇိ​အုန်​မြို့၌ ကိုယ်​တော်​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ၍ ချီး​မွမ်း​ရ​ပါ၏။ ကိုယ်​တော်​အား​လည်း သ​စ္စာ​ဝတ်​ကို​ဖြေ​ရ​ပါ၏။ ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​ထံ​သို့ လူ​သား​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​ရ​ကြ​လိမ့်​မည်။ မ​တ​ရား​သော​အ​မှု​သည် အ​လွန်​များ၍ အ​ကျွန်ုပ်​သည် မ​တတ်​နိုင်​ပါ။ သို့​သော်​လည်း၊ အ​ကျွန်ုပ်​တို့ ပြစ်​မှား​ခြင်း အ​ပြစ်​များ​ကို ကိုယ်​တော်​ဖြေ​ရှင်း​တော်​မူ​မည်။

ငါ​သည် ဘု​ရား​သ​ခင်​ကို နှုတ်​နှင့်​အော်​ဟစ်၍၊ ဂုဏ်​တော်​ကို​လည်း လျှာ​နှင့်​ချီး​မွမ်း​ရ​ပြီ။

ငါ​မြွက်​ဆို​သော ပ​တ္ထ​နာ​ကို​ပယ်​တော်​မ​မူ။ ကျေး​ဇူး​တော်​ကို ငါ​မှ ရုပ်​သိမ်း​တော်​မ​မူ​သော ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

ဖြောင့်​မတ်​သော သူ​တို့​သည် ဝမ်း​မြောက်၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်​မှာ ရွှင်​လန်း​သော​စိတ်​နှင့် အ​လွန် ဝမ်း​မြောက်​ဝမ်း​သာ ကြ​ပါ​စေ​သော။ ဘု​ရား​သ​ခင်​အား သီ​ချင်း​ဆို​ကြ​လော့။ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ သဲ​က​န္တာ​ရ​တစ်​လျောက်​စီး၍ ကြွ​တော်​မူ​သော​အ​ရှင်​ဖို့ လမ်း​ကို​ပြင်​ကြ​လော့။ ထို​အ​ရှင်၏​နာ​မ​တော်​ကား၊ ထာ​ဝ​ရ​ဘု​ရား​တည်း။ ရှေ့​တော်၌ ရွှင်​လန်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော ဘုံ​ဗိ​မာန်​တော်၌ စံ​ပယ်​လျက်၊ မိ​ဘ​မ​ရှိ​သော သူ​တို့၏​အ​ဘ​ဖြစ်၍၊ မု​ဆိုး​မ​တို့​ဘက်​မှာ တ​ရား​စီ​ရင်​တော်​မူ၏။

ဘု​ရား​သ​ခင်​အား သီ​ချင်း​ဆို​ကြ​လော့။ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ သဲ​က​န္တာ​ရ​တစ်​လျောက်​စီး၍ ကြွ​တော်​မူ​သော​အ​ရှင်​ဖို့ လမ်း​ကို​ပြင်​ကြ​လော့။ ထို​အ​ရှင်၏​နာ​မ​တော်​ကား၊ ထာ​ဝ​ရ​ဘု​ရား​တည်း။ ရှေ့​တော်၌ ရွှင်​လန်း​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ငါ​တို့​ကို သူ​တစ်​ပါး​ညှဉ်း​ဆဲ​သော​အ​ခါ၊ ဘု​ရား​သ​ခင် ကယ်​တင်​တော်​မူ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ နှိုး​ဆော်​တော်​မူ​ခြင်း​အ​သံ​ကို နား​လည်​သော​လူ​မျိုး​သည် မင်္ဂ​လာ​ရှိ​ပါ၏။

တစ်​ဆူ​တည်း​စစ်​မှန်​သော​ဘု​ရား

အ​ကျွန်ုပ်​တို့၌ ဘုန်း​မ​ရှိ​စေ​ဘဲ၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့၌ ဘုန်း​မ​ရှိ​စေ​ဘဲ၊ ကိုယ်​တော်၏​နာ​မ၌ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကြောင့် ဘုန်း​ရှိ​ပါ​စေ​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ခြင်း

လူ​မျိုး​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ လူ​အ​နွယ်​အ​ပေါင်း​တို့၊ အ​လွန်​ချီး​မွမ်း​ကြ​လော့။အ​ကြောင်း​မူ​ကား၊ ငါ​တို့၌ က​ရု​ဏာ​တော်​ကြီး​လှ၏။ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​သည် အ​စဉ်​အ​မြဲ​တည်၏။ ဟာ​လေ​လု​ယ။

ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ချက်​များ​ကို အ​ကျွန်ုပ်​လေ့​ကျက်​ပြီး​မှ၊ ဂုဏ်​တော်​ကို ဖြောင့်​သော​သ​ဘော​နှင့် ချီး​မွမ်း​ပါ​မည်။

ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကျောက်​ကပ်​ကို​ပင် ဖန်​ဆင်း၍၊ အ​မိ​ဝမ်း​ထဲ​မှာ အ​ကျွန်ုပ်​ကို ဖုံး​အုပ်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။

လွတ်​မြောက်​ခြင်း​နှင့်​လုံ​ခြုံ​ခြင်း

ငါ၏​ကျောက်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ငါ့​လက်​သည်​စစ်​တိုက်၍၊ လက်​ချောင်း​တို့​လည်း စစ်​မှု​ကို​လေ့​ကျက်​မည်​အ​ကြောင်း သွန်​သင်​တော်​မူ၏။

ကယ်​တင်​ရှင်​သ​ခင်​ကို​ချီး​မွမ်း​ခြင်း

အို​ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​လော့။ ငါ​သည် အ​သက်​ရှင်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​မည်။ ငါ​ဖြစ်​စဉ်​ကာ​လ​ပတ်​လုံး၊ ငါ၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း​ဆို​မည်။

ခ​ရစ်​တော်​၌​အောင်​မြင်​ခြင်း

ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ အောင်​ပွဲ​ကို အ​စဉ်​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သ​ခင်​ကို သိ​ခြင်း၏ အ​မွှေး​အ​ကြိုင်​သည် ငါ​တို့​အား​ဖြင့် အ​ရပ်​ရပ်​တို့၌ နှံ့​ပြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပြု​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​ရှိ​စေ​သ​တည်း။-

ထို​ဘု​ရား​သ​ခင်​သည် ချစ်​တော်​မူ​သော သား​တော်​ကြောင့်၊ ငါ​တို့​အား ပေး​တော်​မူ​သော ကျေး​ဇူး​တော်၏ ဘုန်း​အ​သ​ရေ​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သား​အ​ရာ​ကို ရ​မည်​အ​ကြောင်း၊ အ​လို​တော်​ရှိ​သော စေ​တ​နာ​အ​တိုင်း ရှေး​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ၏။-

ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​အား​ဖြင့် သင်​တို့၏​အ​တွင်း​လူ​ကို ခွန်​အား​နှင့် မြဲ​မြံ​ခိုင်​ခံ့​စေ၍၊-

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။- အ​ထက်​က အ​ပေါင်း​အ​သင်း​မ​ဟုတ်၊ ယ​ခု​တွင် ဘု​ရား​သ​ခင်၏ အ​ပေါင်း​အ​သင်း​ဖြစ်​ကြ၏။ က​ရု​ဏာ ကျေး​ဇူး​တော်​ကို အ​ထက်​က​မ​ခံ​ရ​သော်​လည်း ယ​ခု​တွင် ခံ​ရ​ကြ၏။

ချီး​မွမ်း​အပ်​သော ထာ​ဝ​ရ​ဘု​ရား​ကို ငါ​တောင်း​လျှောက်၍၊ ရန်​သူ​တို့​လက်​မှ ကယ်​တင်​ခြင်း​သို့ ရောက်၏။

ထို​ကြောင့် အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း၍ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဂုဏ်​အ​သ​ရေ၊ သင်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ သင်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​သည်​အ​တိုင်း၊ ကြောက်​မက်​ဖွယ်​သော အ​မှု​အ​ရာ​ကြီး​တို့​ကို သင့်​အ​ဖို့​ပြု​တော်​မူ​ပြီ။

အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ယ​နေ့ သင်​တို့​သည် စစ်​တိုက်​ခြင်း​ငှာ ရန်​သူ​တို့​ကို​ချဉ်း​ကြ​ပြီ။ သူ​တို့​ကြောင့် စိတ်​ပျက်​ခြင်း၊ ကြောက်​ရွံ့​ခြင်း၊ တုန်​လှုပ်​ခြင်း၊ ထိတ်​လန့်​ခြင်း မ​ရှိ​ကြ​နှင့်။

နှုတ်​တစ်​ပါး​တည်း​အ​ထဲ​က၊ ထော​မ​နာ​ချီး​မွမ်း​ခြင်း​နှင့် ကျိန်​ဆဲ​ခြင်း ထွက်​တတ်​ပါ​သည်​တ​ကား၊ ငါ့​ညီ​အစ်​ကို​တို့၊ ထို​သို့​မ​ဖြစ်​ကောင်း​ရာ။-

ငါ​ဆို​သည်​ကား၊ သင်​သည် ပေ​တ​ရု​ဖြစ်၏။ ဤ​ကျောက်​ပေါ်​မှာ ငါ့​အ​သင်း​ကို ငါ​တည်​ဆောက်​မည်။ ထို​အ​သင်း​ကို မ​ရ​ဏ​နိုင်​ငံ၏ တံ​ခါး​တို့​သည် မ​နိုင်​ရာ။-

ထို​သို့​အ​လို​ငှာ သင်​သည်၊ ယေ​ရှု​ခ​ရစ်​ထံ၌ ကောင်း​သော​စစ်​သူ​ရဲ​ကဲ့​သို့၊ ဆင်း​ရဲ​ဒု​က္ခ​ကို သည်း​ခံ​လော့၊-

စစ်​သူ​ရဲ​မည်​သည်​ကား၊ မိ​မိ​ကို​စစ်​သူ​ရဲ​အ​ရာ၌ ခန့်​ထား​သော​သူ​ကို နှစ်​သက်​စေ​ခြင်း​ငှာ၊ လော​ကီ​မှု ရေး​နှင့်​ပြွမ်း​နှော​ရှုပ်​ထွေး​ခြင်း​ကို ပယ်​ရှား​တတ်၏။-

ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်၍ ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ပြု​လော့။ ထာ​ဝ​ရ​အ​သက်​ကို ကိုင်​ယူ​လော့။ ထို​အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ သင်​သည် ခေါ်​တော်​မူ​ခြင်း​ကို​ခံ​ရ၍၊ သက်​သေ​အ​များ​တို့ ရှေ့၌ ကောင်း​မွန်​စွာ​ဝန်​ခံ​ပြီ။-

အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။ လူ​ပျို​တို့၊ သင်​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ၍၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တော်၌ မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့် မာရ်​နတ်​ကို အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။-

မိ​စ္ဆာ​ဆ​ရာ​များ

ချစ်​သူ​တို့၊ အ​ညီ​အ​မျှ​ဆက်​ဆံ​သော ကယ်​တင်​ခြင်း​အ​ကြောင်း​အ​ရာ​ကို သင်​တို့​ထံ​သို့​ရေး၍ ပေး​လိုက်​ခြင်း​ငှာ ငါ​သည် အ​လွန်​ကြိုး​စား​သည်​တွင်၊ သန့်​ရှင်း​သူ​တို့၌ အ​ထက်​က​အပ်​ပေး​ခဲ့​ပြီး​သော ယုံ​ကြည်​ခြင်း တ​ရား​ဘက်​မှာ သင်​တို့​သည် ကြိုး​စား၍​တိုက်​လှန်​စေ​ခြင်း​ငှာ နှိုး​ဆော်​သွေး​ဆောင်၍ ရေး​လိုက်​ရ​သော​အ​ကြောင်း ရှိ၏။-

ထို​သူ​တို့​သည်​လည်း ဗိ​မာန်​တော်၌ နေ့​တိုင်း​အ​စဉ် တ​ညီ​တ​ညွတ်​တည်း​နေ၍၊ ကိုယ်​အိမ်၌ မုန့်​ကို​ဖဲ့​လျက် ကြည်​ဖြူ​ရွှင်​လန်း​ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ကြ၏။- ဘု​ရား​သ​ခင်​ကို​လည်း ချီး​မွမ်း၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မျက်​နှာ​ပွင့်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​သူ​တို့​ကို​လည်း နေ့​စဉ်​မ​ပြတ် သ​ခင်​ဘု​ရား​သည် သင်း​ဝင်​စေ​တော်​မူ၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.