Pular para o conteúdo
Publicidade

A mulher virtuosa

Por Bíblia Online

Ser mulher segundo o coração de Deus exige firmeza, sabedoria e constância no dia a dia. As Escrituras mostram que o verdadeiro valor de quem vive com fé não está na aparência passageira, mas nas atitudes que sustentam a família e abençoam a comunidade.

As palavras de Deus revelam a força de uma vida dedicada ao Senhor, marcada pelo trabalho honesto, pela bondade e pelo temor genuíno. Cada ensinamento aponta para uma rotina transformada pela graça, onde o caráter e as escolhas diárias refletem o amor e a justiça do Criador.

A mulher virtuosa de Provérbios 31 é um retrato de excelência. Seu valor excede o de rubis — ela é sábia, trabalhadora, generosa e teme ao Senhor acima de tudo.

Uma joia rara

Mulher virtuosa, quem a achará? Seu valor excede o de rubis. Ela é o coração da família e a força do lar.

သီ​လ​နှင့်​ပြည့်​စုံ​သော​မိန်း​မ

သီ​လ​နှင့်​ပြည့်​စုံ​သော မိန်း​မ​ကို အ​ဘယ်​သူ​တွေ့​ရ​သ​နည်း။ ထို​သို့​သော​မိန်း​မ​သည် ပ​တ္တ​မြား​ထက် အ​ဖိုး​သာ၍ ထိုက်​ပေ၏။

သီ​လ​နှင့်​ပြည့်​စုံ​သော​မိန်း​မ

သီ​လ​နှင့်​ပြည့်​စုံ​သော မိန်း​မ​ကို အ​ဘယ်​သူ​တွေ့​ရ​သ​နည်း။ ထို​သို့​သော​မိန်း​မ​သည် ပ​တ္တ​မြား​ထက် အ​ဖိုး​သာ၍ ထိုက်​ပေ၏။ သူ၏​ခင်​ပွန်း​သည် သူ့​ကို​ယုံ၍၊ ဆင်း​ရဲ​ခြင်း​နှင့် ကင်း​လွတ်​လိမ့်​မည်။ ထို​မ​ယား​သည် မိ​မိ​ခင်​ပွန်း​အ​ကျိုး​ကို မ​ဖျက်၊ တစ်​သက်​လုံး​ပြု​စု​တတ်၏။ သိုး​မွေး​နှင့် ဝါ​ကို​ရှာ၍၊ မိ​မိ​လက်​နှင့် အ​လို​အ​လျောက်​လုပ်​တတ်၏။ ကုန်​သည် သင်္ဘော​ကဲ့​သို့​ဖြစ်၍၊ စား​စ​ရာ​ကို ဝေး​သော​အ​ရပ်​မှ ဆောင်​ခဲ့​တတ်၏။ မိုး​မ​လင်း​မီ​ထ​လျက်၊ အိမ်​သူ​အိမ်​သား​တို့​အား စား​စ​ရာ​ကို​လည်း​ကောင်း၊ ကျွန်​မ​တို့​အား အ​ငန်း​အ​တာ​ကို​လည်း​ကောင်း၊ ပေး​ဝေ​တတ်၏။ ကောင်း​မွန်​စွာ​ဆင်​ခြင်၍၊ လယ်​ကွက်​ကို ဝယ်​ယူ​တတ်၏။ ကိုယ်​တိုင်​လုပ်၍ ရ​သော​ငွေ​နှင့် စ​ပျစ်​ဥ​ယျာဉ်​ကို ပြု​စု​တတ်၏။ မိ​မိ​ခါး​ကို ခွန်​အား​နှင့်​စည်း၍၊ မိ​မိ​လက်​တို့​ကို သန်​မြန်​စေ​တတ်၏။ မိ​မိ​လုပ်​သော​ဥ​စ္စာ​ကောင်း​သည်​ကို ရိပ်​မိ၍၊ သူ၏​မီး​ခွက်​သည် တစ်​ည​လုံး​မ​သေ​တတ်။ ချည်​ဖြစ်​စေ​တတ်​သော​တန်​ဆာ​တို့​ကို ကိုယ်​လက်​နှင့်​ကိုင်၍ လုပ်​ဆောင်​တတ်၏။ ဆင်း​ရဲ​သော​သူ​တို့​အား လက်​ကို​ဖြန့်၍၊ ငတ်​မွတ်​သော​သူ​တို့​အား လက်​ရုံး​ကို ဆန့်​တတ်၏။

သီ​လ​ရှိ​သော​မိန်း​မ​သည် မိ​မိ​လင်၌ ဦး​ရစ်​သ​ရ​ဖူ​ဖြစ်၏။ အ​ရှက်​ခွဲ​တတ်​သော မိန်း​မ​မူ​ကား၊ လင်၏​အ​ရိုး​တို့၌ ဆွေး​မြေ့​ခြင်း​ကဲ့​သို့ ဖြစ်၏။

မ​စိုး​ရိမ်​နှင့် ငါ့​သ​မီး။ တောင်း​သ​မျှ​ကို ငါ​ပြု​မည်။ သင်​သည် သီ​လ​နှင့်​ပြည့်​စုံ​သော​မိန်း​မ ဖြစ်​ကြောင်း​ကို ငါ့​လူ​မျိုး​နေ​သော တစ်​မြို့​လုံး​သိ၏။

Caráter acima da aparência

Enganosa é a graça e vã é a formosura, mas a mulher que teme ao Senhor será louvada. A verdadeira beleza é interior.

ယဉ်​ကျေး​သော​အ​ရာ​သည် လှည့်​စား​ခြင်း​နှင့် ယှဉ်​တတ်၏။ လှ​သော​အ​ဆင်း​သည်​လည်း အ​ချည်း​နှီး​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​မိန်း​မ​မူ​ကား၊ ချီး​မွမ်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ထို​နည်း​တူ၊ မိန်း​မ​တို့​သည် ကျစ်​သော​ဆံ​ပင်၊ ရွှေ​တန်​ဆာ၊ ကျောက်​ပု​လဲ​အ​ဖိုး​ထိုက်​သော​အ​ဝတ်​နှင့် ကိုယ်​ကို မ​ဆင်​ဘဲ၊ ရှက်​ကြောက်​ခြင်း၊ ဣ​န္ဒြေ​စောင့်​ခြင်း​အား​ဖြင့်၊ လျောက်​ပတ်​သော အ​ဝတ်​နှင့်​လည်း​ကောင်း၊- ဘု​ရား​သ​ခင်​အား ရို​သေ​လေး​မြတ်​ခြင်း​ကို ဝန်​ခံ​ပြု​စု​သော မိန်း​မ​ဆင်​သင့်​သည်​အ​တိုင်း ကောင်း​သော အ​ကျင့်​နှင့်​လည်း​ကောင်း၊ ကိုယ်​ကို တန်​ဆာ​ဆင်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-

ပ​ညာ​ရှိ​သော​မိန်း​မ​သည် မိ​မိ​အိမ်​ကို တည်​ဆောက်​တတ်၏။ မိုက်​သော​မိန်း​မ​မူ​ကား၊ ကိုယ်​လက်​နှင့် ဖြို​ဖျက်​တတ်၏။

အိမ်​နှင့်​စည်း​စိမ်​သည် မိ​ဘ​အ​မွေ​ဥ​စ္စာ ဖြစ်၏။ သ​မ္မာ​သ​တိ​ရှိ​သော မ​ယား​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​ရာ​ဖြစ်၏။

ထို​နည်း​တူ၊ အ​သက်​ကြီး​ရင့်​သော​မိန်း​မ​တို့​သည် ကျင့်​ကြံ​ပြု​မူ​ရာ​မှာ ဓ​မ္မ​အ​မှု​နှင့် ထိုက်​တန်​သော​သူ၊ မ​ချော​စား​တတ်​သော​သူ၊ စ​ပျစ်​ရည်၌ မ​လွန်​ကြူး​တတ်​သော​သူ၊ ကောင်း​သော​အ​တတ်​ကို သင်​ပေး​တတ်​သော​သူ ကိုယ်​တိုင်​ဖြစ်၍၊- ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကဲ့​ရဲ့​ခြင်း​နှင့် ကင်း​လွတ်​စိမ့်​သော​ငှာ၊ အ​သက်​ပျို​သော မိန်း​မ​တို့​သည် ကိုယ်​ခင်​ပွန်း​ကို ချစ်​သော​သူ၊ သား​သ​မီး​ကို ချစ်​သော​သူ၊- ဣ​န္ဒြေ​စောင့်​သော​သူ၊ စင်​ကြယ်​သော​သူ၊ မိ​မိ​အိမ်​ကို​ပြု​စု​သော​သူ၊ ကောင်း​မွန်​သော​သူ၊ ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​သော​သူ​ဖြစ်​စေ​ခြင်း​ငှာ၊ အ​သက်​ကြီး​ရင့်​သော​မိန်း​မ​တို့​သည် ဆုံး​မ​ပေး​ရ​ကြ​မည်​အ​ကြောင်း၊-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.