Publicidade

Salmos 100

ထော​မ​နာ​သီ​ချင်း

1 မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား ကြွေး​ကြော်​ကြ​လော့။ 2 ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို ဝမ်း​မြောက်​စွာ ဆောင်​ရွက်​ကြ​လော့။ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​လျက်၊ အ​ထံ​တော်​သို့ ဝင်​ကြ​လော့။ 3 ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု သိ​မှတ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ၍၊ ငါ​တို့၏​အ​ရှင်​ဖြစ်​တော်​မူ၏။ ငါ​တို့​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ကြ၏။ အ​ထံ​တော်၌ ကျက်​စား​သော သိုး​စု​လည်း​ဖြစ်​ကြ၏။ 4 ကျေး​ဇူး​တော်​ကြီး​ပါ​သည်​ဟု ဝန်​ခံ​လျက်၊ တံ​ခါး​တော်​တို့​ကို​လည်း​ကောင်း၊ ဂုဏ်​တော်​ကို​ချီး​မွမ်း​လျက် တံ​တိုင်း​တော်​တို့​ကို​လည်း​ကောင်း ဝင်​ကြ​လော့။ ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ 5 အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၏။ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​ရှိ၍၊ သ​စ္စာ​တော်​သည် ကာ​လ​အ​ဆက်​ဆက်​တည်​လေ​သ​တည်း။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-