Publicidade

Salmos 57

ကူ​မ​တော်​မူ​ရန်​ဆု​တောင်း
"ဒါ​ဝိဒ်​သည် ဥ​မင်၌ ရှော​လု​ထံ​မှ​ထွက်​ပြေး​သော​အ​ခါ စပ်​ဆို​သော​ဆာ​လံ။"

1 အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ သ​နား​တော်​မူ​ပါ။ ဘေး​မ​လွန်​မီ​တိုင်​အောင် အ​ကျွန်ုပ်၏ ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို ခို​လှုံ​ပါ၏။ အ​တောင်​တော်​အ​ရိပ်၌ ခို​လှုံ​ပါ၏။ 2 ငါ​သည် အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၊ ငါ့​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို​အော်​ဟစ်​မည်။ 3 ကောင်း​ကင်​က​လက်​တော်​ကို ဆန့်​တော်​မူ​မည်။ ငါ့​ကို​ကိုက်​စား​အံ့​သော​သူ​ကို အ​ရှက်​ခွဲ​သ​ဖြင့်၊ ငါ့​ကို ကယ်​တင်​တော်​မူ​မည်။ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကို ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​မည်။ 4 ငါ့​ဝိ​ညာဉ်​သည် ခြင်္သေ့​စု​ထဲ​မှာ​နေ​ရ၏။ ဒေါ​သ​မီး​လောင်​လျက်​ရှိ​သော လူ​သား​တို့​တွင် ငါ​အိပ်​ရ၏။ သူ​တို့​သွား​တို့​သည် လှံ​နှင့်​မြား ဖြစ်​ကြ၏။ သူ​တို့​လျှာ​သည်​လည်း ထက်​သော​သန်​လျက်​ဖြစ်၏။

5 အို​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​မြင့်​သည်​ထက် ကိုယ်​တော်​ကြီး​မြင့်​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဘုန်း​တော် လွှမ်း​မိုး​ပါ​စေ​သ​တည်း။ 6 သူ​တို့​သည် ငါ​သွား​ရာ​လမ်း၌ ကျော့​ကွင်း​ကို ပြင်​ဆင်​ကြ​ပြီ။ ငါ့​ဝိ​ညာဉ်​သည် နှိမ့်​ချ​လျက်​ရှိ၏။ ငါ့​ရှေ့၌ တွင်း​ကို​တူး​ကြ​ပြီး​မှ ကိုယ်​တူး​သော တွင်း​ထဲ​သို့​ကိုယ်​ကျ​ကြ​ပြီ။ 7 အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​နှ​လုံး​သည် တည်​ကြည်​ပါ၏။ အ​ကျွန်ုပ်​နှ​လုံး​သည် တည်​ကြ​ည်ပါ၏။ သီ​ချင်း​ဆို​ပါ​မည်။ ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​မည်။ 8 အို​ငါ့​ဝိ​ညာဉ်၊ နိုး​လော့။ တ​ယော​နှင့် စောင်း​တို့ နိုး​ကြ​လော့။ ငါ​လည်း စော​စော​နိုး​မည်။ 9 အို​ထာ​ဝ​ရ​ဘု​ရား၊ ပ​ရိ​သတ်​အ​လယ်၌ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ လူ​မျိုး​တို့​တွင် ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း ဆို​ပါ​မည်။ 10 အ​ကြောင်း​မူ​ကား၊ က​ရု​ဏာ​တော်​သည် ကောင်း​ကင်​သို့​လည်း​ကောင်း၊ သ​စ္စာ​တော်​သည် မိုး​တိမ်​သို့​လည်း​ကောင်း မီ​ပါ၏။ 11 အို​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​မြင့်​သည်​ထက် ကိုယ်​တော်​ကြီး​မြင့်​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဘုန်း​တော်​လွှမ်း​မိုး​ပါ​စေ​သ​တည်း။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-