1 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။2 ဘုရားတို့၏အရှင်၊ ဘုရားသခင်၏ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ 3 အရှင်တို့၏သခင်၊ ဘုရားရှင်၏ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ 4 ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာ ပြုတော်မူထသော၊ 5 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ပညာတရားအတိုင်း ကောင်းကင်ကို ဖန်ဆင်းတော်မူထသော၊6 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ရေပေါ်မှာ မြေကြီးကို ဖြန့်တော်မူထသော၊7 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ အလင်းအိမ်ကြီးတို့ကို ဖန်ဆင်းတော်မူထသော၊8 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ နေ့ကိုအုပ်စိုးရသော နေကိုလည်းကောင်း၊ 9 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ညကိုအုပ်စိုးရသော လနှင့် ကြယ်များကိုလည်းကောင်း ဖန်ဆင်းတော်မူထသော၊ 10 ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ အဲဂုတ္တုပြည်မှာ သားဦးများကို ဒဏ်ခတ်တော်မူထသော၊11 ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ အားကြီးသောလက်၊ ဆန့်သောလက်ရုံးတော်ကို လက်နက်ပြုတော်မူထသော၊12 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဣသရေလအမျိုးကို အဲဂုတ္တုပြည်သားတို့ အထဲက ထုတ်ဆောင်တော်မူထသော၊ 13 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဧဒုံပင်လယ်ကို အပိုင်းပိုင်းခွဲတော်မူထသော၊14 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ပင်လယ်အလယ်၌ ဣသရေလအမျိုးကို လျှောက်သွားစေတော်မူထသော၊ 15 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဖာရောမင်းနှင့် ဗိုလ်ခြေများကို ဧဒုံပင်လယ်ထဲ၌ လှဲချတော်မူထသော၊ 16 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ မိမိလူစုကိုတော၌ ပို့ဆောင်တော်မူထသော၊ 17 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ကြီးသောဘုရင်တို့ကို ဒဏ်ခတ်တော်မူထသော၊ 18-20 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်းကိုလည်းကောင်း၊ ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဗာရှန်ပြည်ကိုအစိုးရသော ဩဃမင်းကိုလည်းကောင်း၊ ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဘုန်းကြီးသောဘုရင်များကိုလည်းကောင်း လုပ်ကြံတော်မူထသော၊21 ကရု ဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ သူတို့နေရာမြေကို လွှဲတော်မူထသော၊ 22 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ မိမိကျွန် ဣသရေလအမျိုးအား အမွေကိုပေးချတော်မူထသော၊ 23 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ နှိမ့်ချလျက်နေသော ငါတို့ကို အောက်မေ့တော်မူထသော၊ 24 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ငါတို့ကို ရန်သူတို့အထဲက ရွေးနုတ်တော်မူထသော၊ 25 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ခပ်သိမ်းသောသတ္တဝါတို့ကို ကျွေးမွေးတော်မူသော၊ 26 ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်၏ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
Publicidade
Salmos 136
ကျေးဇူးတော်ချီးမွမ်းသီချင်း
Veja também
Publicidade
Salmos
123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150
Ver todos os capítulos de Salmos