Publicidade

Salmos 106

ဣ​သ​ရေ​လ​တို့​၏​ပုန်​ကန်​ခြင်း

1 ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။2 ထာ​ဝ​ရ​ဘု​ရား၏ တန်​ခိုး​ကြီး​ခြင်း​အ​ရာ​တော်​တို့​ကို အ​ဘယ်​သူ​ပြော​နိုင်​သ​နည်း။ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​ဘယ်​သူ​သည် အ​ကုန်​အ​စင်​ဖော်​ပြ​နိုင်​သ​နည်း။ 3 ခပ်​သိမ်း​သော​အ​ခါ​တို့၌ တ​ရား​ကို​စောင့်​ရှောက်၍၊ ဖြောင့်​မတ်​စွာ ကျင့်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

4 အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရွေး​ကောက်​တော်​မူ​သော​သူ​တို့၏​ကောင်း​ကျိုး​ကို မြင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ 5 ကိုယ်​တော်၏​လူ​မျိုး​ဝမ်း​မြောက်​ခြင်း၌ ဝမ်း​မြောက်၍၊ ကိုယ်​တော်၏​အ​မွေ​ဖြစ်​သော သူ​တို့​နှင့်​အ​တူ ဝါ​ကြွား​ရွှင်​လန်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်၏​လူ​တို့​ခံ​ရ​သော စေ​တ​နာ​တော်​နှင့်​တ​ကွ၊ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို အ​ကြည့်​အ​ရှု​ကြွ​လာ၍ ကယ်​တင်​တော်​မူ​ပါ။ 6 အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​တို့​နှင့်​အ​တူ ပြစ်​မှား​ကြ​ပါ​ပြီ။ ဒု​စ​ရိုက်​ကို ပြု​ကြ​ပါ​ပြီ။ မ​တ​ရား​သော​အ​မှု​ကို ပြု​ကြ​ပါ​ပြီ။ 7 အဲ​ဂု​တ္တု​ပြည်၌​ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​တို့​ကို ဘိုး​ဘေး​တို့​သည် နား​မ​လည်​ကြ။ များ​စွာ​သော က​ရု​ဏာ​တော်​ကို မ​အောက်​မေ့​ကြ။ ပင်​လယ်​နား၊ ဧ​ဒုံ​ပင်​လယ်​နား​မှာ ပုန်​ကန်​ကြ​ပါ၏။8 သို့​သော်​လည်း၊ မ​ဟာ​တန်​ခိုး​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ နာ​မ​တော်၏​အ​ကြောင်း​ကြောင့် သူ​တို့​ကို ကယ်​တင်​တော်​မူ၏။ 9 ဧ​ဒုံ​ပင်​လယ်​ကို​ဆုံး​မ​တော်​မူ၍၊ ပင်​လယ်​ရေ​သည် ခန်း​ခြောက်​လေ၏။ တော၌ ပို့​ဆောင်​သ​ကဲ့​သို့ နက်​နဲ​ရာ​အ​ရပ်၌ သူ​တို့​ကို ပို့​ဆောင်​တော်​မူ၏။10 မုန်း​သော​သူ၏​လက်​မှ သူ​တို့​ကို​ကယ်​တင်၍၊ ရန်​သူ၏​လက်​မှ ရွေး​နုတ်​တော်​မူ၏။ 11 ရန်​သူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​ကျန်​ရစ်​စေ​ခြင်း​ငှာ၊ ရေ​သည် လွှမ်း​မိုး​လေ၏။ 12 ထို​အ​ခါ​စ​ကား​တော်​ကို​ယုံ၍ ဂုဏ်​ကျေး​ဇူး​တော်​ကို သီ​ချင်း​ဆို​ကြ၏။13 သို့​သော်​လည်း၊ အ​မှု​တော်​ကို အ​လျင်​အ​မြန်​မေ့​လျော့​သည်​ဖြစ်၍၊ အ​ကြံ​အ​စည်​တော်​ကို မ​ဆိုင်း​မ​လင့်​ဘဲ၊ 14 တော၌ အ​လွန်​တပ်​မက်၍၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌ ဘု​ရား​သ​ခင်​ကို စုံ​စမ်း​ကြ၏။ 15 သူ​တို့​တောင်း​သော​ဆု​ကို ပေး​တော်​မူ၏။ သို့​သော်​လည်း၊ သူ​တို့၌ ပိန်​ကြုံ​ခြင်း​ကို သွင်း​ပေး​တော်​မူ၏။

16 ထို​သူ​တို့​သည်​လည်း၊ တပ်​ထဲ​မှာ မော​ရှေ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သူ အာ​ရုန်​ကို​လည်း​ကောင်း ငြူ​စူ​ကြ၏။ 17 မြေ​ကြီး​သည်​ကွဲ​လျက် ဒါ​သန်​ကို​မျို၍၊ အ​ဘိ​ရံ၏​အ​သင်း​အ​ဝင်​ကို ဖုံး​အုပ်​လေ၏။ 18 သူ​တို့​အ​သင်း​အ​ဝင်​ထဲ​မှာ မီး​ရှို့၍၊ မ​တ​ရား​သော​သူ​တို့​ကို လောင်​လေ၏။19 သူ​တို့​သည် ဟော​ရပ်​တောင်​နား​မှာ နွား​သ​ငယ်​ကို လုပ်၍၊ အ​ရည်​သွန်း​သော​ရုပ်​တု​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ကြ၏။ 20 သူ​တို့၏​ဘုန်း​ကို​လဲ၍ မြက်​ကို​စား​သော နွား၏​ပုံ​သ​ဏ္ဌာန်​ကို ယူ​ကြ၏။ 21 အဲ​ဂု​တ္တု​ပြည်၌ ကြီး​သော​အ​မှု​တို့​ကို​လည်း​ကောင်း၊ 22 ဟာ​မ​အ​မျိုး​နေ​ရာပြည်၌ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​လည်း​ကောင်း၊ ဧ​ဒုံ​ပင်​လယ်​နား​မှာ ကြောက်​မက်​ဖွယ်​သော အ​မှု​တို့​ကို​လည်း​ကောင်း​ပြု၍၊ ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်​ကို မေ့​လျော့​ကြ၏။ 23 ထို​အ​ခါ ရွေး​ကောက်​တော်​မူ​သော​မော​ရှေ​သည် အ​မျက်​တော်​ကို​လွှဲ၍၊ ထို​သူ​တို့​ကို ဖျက်​ဆီး​တော်​မ​မူ​စေ​ခြင်း​ငှာ၊ ဖျက်​ဆီး​ရာ​အ​ရပ်၊ ရှေ့​တော်၌​မ​ရပ်​လျှင်၊ သူ​တို့​ကို ဖျက်​ဆီး​မည်​ဟု အ​ကြံ​ရှိ​တော်​မူ၏။

24 ထို​သူ​တို့​သည်​လည်း စ​ကား​တော်​ကို​မ​ယုံ၊ သာ​ယာ​သော​ပြည်​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။25 မိ​မိ​တို့​တဲ​များ၌ ဆန့်​ကျင်​ဘက်​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​မ​ထောင်​ဘဲ နေ​ကြ၏။ 26 ထို​ကြောင့် သူ​တို့​ကို တော၌​လှဲ​ခြင်း​ငှာ​လည်း​ကောင်း၊ 27 သူ​တို့​အ​မျိုး​အ​နွယ်​ကို တစ်​ပါး​အ​မျိုး​သား​တို့​တွင်​လှဲ၍၊ အ​ပြည်​ပြည်​အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​တို့​တစ်​ဖက်၌ ကျိန်​ဆို​တော်​မူ၏။

28 ထို​သူ​တို့​သည် ဗာ​လ​ပေ​ဂု​ရ​ဘု​ရား၌​မှီ​ဝဲ၍ လူ​သေ​ရှေ့​မှာ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​ကြ၏။29 ထို​သို့​မိ​မိ​တို့​အ​မှု​များ​အား​ဖြင့် အ​မျက်​တော်​ကို နှိုး​ဆော်၍၊ ကာ​လ​နာ​သည် သူ​တို့​ကို လု​ယက်​လေ၏။ 30 ထို​အ​ခါ ဖိ​န​ဟတ်​သည်​ထ၍ တ​ရား​စီ​ရင်​သ​ဖြင့်၊ ကာ​လ​နာ​သည် ငြိမ်း​လေ၏။ 31 ထို​အ​မှု​ကို သူ၏​ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ လူ​မျိုး​အ​ဆက်​ဆက်​တည်​သော ကာ​လ​အ​စဉ်​မ​ပြတ် မှတ်​ရ​သ​တည်း။ 32 တစ်​ဖန် မေ​ရိ​ဘ​ရေ​အ​နား​မှာ အ​မျက်​တော်​ကို​နှိုး​ဆော်​ကြ​သ​ဖြင့်၊ သူ​တို့​အ​တွက်​ကြောင့် မော​ရှေ၌ အ​မင်္ဂ​လာ​ဖြစ်​လေ၏။ 33 သူ၏​စိတ်​ကို​ချုပ်​ချယ်​နှောင့်​ယှက်​ကြ​သ​ဖြင့်၊ သူ​သည် အ​မှတ်​တ​မဲ့ မြွက်​ဆို၏။34 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း မ​ပြု၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို မ​ဖျက်​ဆီး​ဘဲ နေ​ကြ၏။ 35 သူ​တို့​နှင့်​ရော​နှော၍ သူ​တို့၏​ဘာ​သာ​ဓ​လေ့​ကို သင်​ကြ၏။ 36 သူ​တို့၏​ရုပ်​တု​များ​ကို​ဝတ်​ပြု၍ ကျော့​ကွင်း၌ ကျော့​မိ​ကြ၏။37 ကိုယ်​သား​သ​မီး​တို့​ကို နတ်​ဆိုး​တို့​အား ယဇ်​ပူ​ဇော်​ကြ၏။38 ထို​သို့ အ​ပြစ်​မ​ရှိ​သော​သူ​တို့၏​အ​သွေး၊ ခါ​နာန်​ရုပ်​တု​တို့​ရှေ့​မှာ ယဇ်​ပူ​ဇော်​သော ကိုယ်​သား​သ​မီး​တို့၏ အ​သွေး​ကို သွန်​ကြ၍၊ ထို​မြေ​သည် အ​သွေး​နှင့် ညစ်​ညူး​လေ၏။39 သူ​တို့​သည် ကိုယ်​အ​ကျင့်​အား​ဖြင့် ကိုယ်​ကို​ညစ်​ညူး​စေ၍၊ ကိုယ်​အ​မှု​တို့​တွင် မှား​ယွင်း​ကြ၏။

40 ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို​အ​မျက်​တော်​ထွက်၍၊ မိ​မိ​အ​မွေ​တော်​ကို ရွံ​ရှာ​တော်​မူ၏။ 41 သူ​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ မုန်း​သော​သူ​တို့​သည် အုပ်​စိုး​ရ​ကြ၏။ 42 ရန်​သူ​တို့​သည်​ညှဉ်း​ဆဲ၍၊ သူ​တို့​သည် ရန်​သူ​တို့​အောက်​မှာ နှိမ့်​ချ​ခြင်း​ကို ခံ​ရ​ကြ၏။ 43 သူ​တို့​ကို ကြိမ်​ဖန်​များ​စွာ ကယ်​နုတ်​တော်​မူ​သော်​လည်း၊ ပုန်​ကန်​သော​အ​ကြံ​ကို​သာ​ကြံ၍၊ မိ​မိ​တို့​ဒု​စ​ရိုက် အ​ပြစ်​ကြောင့် နှိပ်​စက်​ခြင်း​ကို ခံ​ရ​ကြ၏။ 44 တစ်​ဖန် သူ​တို့​အော်​ဟစ်​ခြင်း​ကို ကြား​တော်​မူ​လျှင်၊ သူ​တို့၌ ဆင်း​ရဲ​ဒု​က္ခ​ကို ကြည့်​ရှု​သ​ဖြင့်၊ 45 ဝန်​ခံ​ခြင်း​က​တိ​တော်​ကို သူ​တို့​အ​ဖို့​အောက်​မေ့၍၊ က​ရု​ဏာ​တော် များ​ပြား​သည်​အ​တိုင်း နောင်​တ​ရ​တော်​မူ၏။ 46 သူ​တို့​ကို ချုပ်​ထား​သိမ်း​သွား​သော သူ​အ​ပေါင်း​တို့​သည် သ​နား​ရ​ကြ​မည်​အ​ကြောင်း ပြု​တော်​မူ၏။47 အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​သော​နာ​မ​တော်၏ ဂုဏ်​ကျေး​ဇူး​သည် ကြီး​လှ​ပါ၏​ဟု အ​ကျွန်ုပ်​တို့​သည် ဝန်​ခံ၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ခြင်း၌ ဝါ​ကြွား​ဝမ်း​မြောက်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​လျက်၊ တစ်​ပါး​အ​မျိုး​သား​တို့​အ​ထဲ​က နုတ်​ယူ၍ စု​သိမ်း​တော်​မူ​ပါ။ 48 ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ လူ​ခပ်​သိမ်း​တို့​သည် အာ​မင်​ဟု ဝန်​ခံ​ကြ​စေ။ ဟာ​လေ​လု​ယ။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-18_14-04-22-