1 ငါသည် ဖြောင့်မတ်သောသူတို့၏ အစည်းအဝေး၌လည်းကောင်း၊ ပရိသတ်၌လည်းကောင်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းမည်။ 2 ထာဝရဘုရား၏အမှုတော်တို့သည် ကြီးမြတ်ကြ၏။ ကြည်ညိုသောသူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။ 3 စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ်တော်မူခြင်းတရားလည်း အစဉ်အမြဲတည်၏။ 4 အံ့ဖွယ်သောအမှုတော်တို့ကို အောက်မေ့ဖို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံတော်မူ၏။ 5 ကြောက်ရွံ့ရိုသေသောသူတို့ကို ကျွေးမွေးတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော်မူ၏။ 6 အမှုတော်တို့၌ရှိသောတန်ခိုးကို မိမိလူတို့အားပြ၍၊ တစ်ပါးအမျိုးသားတို့၏အမွေကို ပေးတော်မူ၏။ 7 လက်တော်နှင့်ပြုသောအမှုတို့သည် သစ္စာနှင့်လည်းကောင်း၊ တရားနှင့်လည်းကောင်း ယှဉ်ကြ၏။ ပညတ်တော်အလုံးစုံတို့သည် ဖောက်ပြန်ခြင်းသဘောနှင့် ကင်းလွတ်ကြ၏။ 8 သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့်ယှဉ်သောကြောင့်၊ အစဉ်အမြဲတည်ကြ၏။ 9 မိမိလူတို့၌ ရွေးတော်မူခြင်းကျေးဇူးကို ပြုတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲထားတော်မူ၏။ နာမတော်သည်သန့်ရှင်း၏။ ကြောက်ရွံ့ရိုသေဖွယ်ဖြစ်၏။ 10 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသောသူတို့သည် ကောင်းသောဉာဏ်ရှိကြ၏။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည်သတည်း။
Publicidade
Salmos 111
ထာဝရဘုရားကိုထောမနာပြုခြင်း
Veja também
Publicidade
Salmos
123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150
Ver todos os capítulos de Salmos