Publicidade

Salmos 95

ထော​မ​နာ​သီ​ချင်း

1 လာ​ကြ။ ထာ​ဝ​ရ​ဘု​ရား​အား ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ကုန်​အံ့။ ငါ​တို့​သည် ကယ်​တင်​ခြင်း​သို့​ရောက်​ရာ ကျောက်​ကို ကျူး​ဧ​ကြ​ကုန်​အံ့။ 2 ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် ရှေ့​တော်​သို့​ဝင်၍၊ ဆာ​လံ​သီ​ချင်း​ဆို​လျက် ကျူး​ဧ​သော​အ​သံ​ကို ပြု​ကြ​ကုန်​အံ့။ 3 ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်​သော​ဘု​ရား၊ ဘု​ရား​တ​ကာ​တို့​ထက် ကြီး​မြတ်​သော​ဘု​ရင် ဖြစ်​တော်​မူ၏။ 4 မြေ​ကြီး​နက်​နဲ​ရာ အ​ရပ်​တို့​သည် လက်​တော်၌ ရှိ​ကြ၏။ တောင်​ထိပ်​တို့​ကို​လည်း ပိုင်​တော်​မူ၏။ 5 ပင်​လယ်​ကို​လည်း ဖန်​ဆင်း၍ ပိုင်​တော်​မူ၏။ ကုန်း​ကို​လည်း လက်​တော်​နှင့် ပြု​ပြင်​တော်​မူ၏။ 6 လာ​ကြ။ ပျပ်​ဝပ်၍ ကိုး​ကွယ်​ကြ​ကုန်​အံ့။ ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ရှေ့​တော်၌ ဒူး​ထောက်​ကြ​ကုန်​အံ့။ 7 ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏​ဘု​ရား​ဖြစ်​တော်​မူ၏။ ငါ​တို့​သည်​လည်း၊ အ​ထံ​တော်၌ ကျက်​စား​သော​သူ၊ လက်​တော်​အောက်၌ နေ​သော​သိုး​စု​ဖြစ်​ကြ၏။ 8 ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို​ကြား​လျက် ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်။9 သင်​တို့​အ​ဘ​များ​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငါ့​ကို​အ​နည်း​နည်း​စုံ​စမ်း၍၊ ငါ၏​အ​မှု​တို့​ကို မြင်​ရ​သော​တော​တွင်၊ ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု၍၊ စုံ​စမ်း​ရာ​ကာ​လ၌ ရှိ​သ​ကဲ့​သို့ မ​ရှိ​စေ​ကြ​နှင့်။10 ထို​လူ​မျိုး​ကို ငါ​ရွံ​သည်​ဖြစ်၍၊ သူ​တို့​သည် စိတ်​သ​ဘော မှား​ယွင်း​တတ်​သော​လူ​မျိုး​ဖြစ်​ကြ၏။ ငါ၏​အ​လေ့​အ​လာ​တို့​ကို နား​မ​လည်​ကြ​ဟု ငါ​ဆို​ရ၏။ 11 ထို​ကြောင့် သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု အ​မျက်​ထွက်၍ ငါ​ကျိန်​ဆို၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-16_06-50-08-