1 အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ နာမတော်သည် မြေကြီးတစ်ပြင်လုံး၌ အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းအာနုဘော်တော်သည် မိုးကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏။ 2 ကိုယ်တော်၏ရန်သူတို့ကို ရည်ဆောင်၍ ရန်သူကိုလည်းကောင်း၊ အငြိုးထားသောသူကိုလည်းကောင်း၊ တိတ်ဆိတ်စွာနေစေခြင်းငှာ၊ နို့စို့သူငယ်တို့၏နှုတ်ထဲမှ အစွမ်းသတ္တိကို စီရင်တော်မူ၏။3 လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကိုလည်းကောင်း၊ အကျွန်ုပ်ဆင်ခြင်သော်၊ 4 လူသည် အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သော သူဖြစ်၍ အကြည့်အရှု ကြွလာတော်မူရသနည်း။ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ။5 သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။ 6 ဖန်ဆင်းတော်မူသော အရာများကိုအုပ်စိုးစေ၍၊ သိုးနွားအစရှိသော မြေတိရစ္ဆာန် မိုးကောင်းကင်ငှက်၊7,8 ပင်လယ်ငါးနှင့် ပင်လယ်လမ်း၌သွားတတ်သောတိရစ္ဆာန်မှစ၍၊ ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ။ 9 အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏နာမသည် မြေကြီးတစ်ပြင်လုံး၌ အလွန်ကြီးမြတ်တော်မူသတည်း။
Publicidade
Salmos 8
ထာဝရဘုရား၏ဘုန်းအသရေနှင့်လူ၏ဂုဏ်ဒြပ်
Veja também
Publicidade
Salmos
123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150
Ver todos os capítulos de Salmos