Publicidade

Salmos 133

ညီ​အစ်​ကိုသဘောတူခြင်း

1 ညီ​အစ်​ကို​တို့​သည် သ​ဘော​တူ​လျက် ပေါင်း​ဖော်​ကြ​သည်​အ​ရာ​မှာ အ​လွန်​ကောင်း​ပေ၏။ အ​လွန်​တင့်​တယ် လျောက်​ပတ်​ပေ၏။ 2 အာ​ရုန်၏​ခေါင်း​ပေါ်​မှာ​လောင်း​လျက်၊ သူ၏​မုတ်​ဆိတ်​သို့​စီး၍၊ လည်​စွပ်​တိုင်​အောင်​ကျ​သော နံ့​သာ​ဆီ​ကဲ့​သို့​ဖြစ်၏။ 3 ဟေ​ရ​မုန်​တောင်​နှင့် ဇိ​အုန်​တောင်​ရိုး​ပေါ်​သို့​ကျ​သော နှင်း​ကဲ့​သို့ ဖြစ်၏။ ထို​သို့​နေ​ကြ​သော​အ​ရပ်၌၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​အ​သက်​ရှင်​ခြင်း​အ​ခွင့်​တည်း​ဟူ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို စီ​ရင်​တော်​မူ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-16_06-50-08-