Publicidade

Salmos 114

ပ​သ​ခါ​ပွဲ​တော်​သီ​ချင်း

1 ဣ​သ​ရေ​လ​အ​မျိုး၊ ယာ​ကုပ်​အ​နွယ်​သည် ရိုင်း​သော​လူ​မျိုး​နေ​ရာ အဲ​ဂု​တ္တု​ပြည်​က​ထွက်​သွား​သော​အ​ခါ၊2 ယု​ဒ​အ​မျိုး​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ဖြစ်၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် နိုင်​ငံ​တော်​ဖြစ်၏။ 3 ပင်​လယ်​သည် မြင်၍​ပြေး​လေ၏။ ယော်​ဒန်​မြစ်​လည်း နောက်​သို့​လှည့်​လေ၏။4 တောင်​ကြီး​တို့​သည် သိုး​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ငယ်​တို့​သည် သိုး​သ​ငယ်​ကဲ့​သို့​လည်း​ကောင်း ခုန်​ကြ၏။ 5 အ​ချင်း​ပင်​လယ်၊ သင်​ပြေး​သည်​အ​ကြောင်း၊ အ​ချင်း​ယော်​ဒန်​မြစ်၊ သင်​သည် နောက်​သို့​လှည့်​သည်​အ​ကြောင်း၊ 6 အ​ချင်း​တောင်​ကြီး​တို့၊ သင်​တို့​သည် သိုး​ကဲ့​သို့​ခုန်​ကြ​သည်​အ​ကြောင်း၊ အ​ချင်း​တောင်​ငယ်​တို့၊ သင်​တို့​သည် သိုး​သ​ငယ်​ကဲ့​သို့​ခုန်​ကြ​သည်​အ​ကြောင်း​ကား အ​ဘယ်​သို့​နည်း။ 7 အို​မြေ​ကြီး၊ အ​ရှင်၏​မျက်​နှာ​တော်​ရှေ့၊ ယာ​ကုပ်​အ​မျိုး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ရှေ့​မှာ တုန်​လှုပ်​လျက်​နေ​လော့။ 8 ဘု​ရား​သ​ခင်​သည် ကျောက်​ကို​ရေ​ကန်၊ မီး​ကျောက်​ကို စမ်း​ရေ​တွင်း​ဖြစ်​စေ​တော်​မူ​သ​တည်း။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-18_06-35-37-