Publicidade

Salmos 81

ပွဲ​သ​ဘင်​သီ​ချင်း

1 ငါ​တို့​အ​စွမ်း​သ​တ္တိ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အား ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင်​အား ကျူး​ဧ​သော​အ​သံ​ကို ပြု​ကြ​လော့။ 2 တူ​ရိ​ယာ​မျိုး​ကို ဆောင်​ကြ။ ပတ်​သာ​ကို​လည်း​ကောင်း၊ သာ​ယာ​သော​စောင်း​နှင့် တ​ယော​ကို​လည်း​ကောင်း ယူ​ခဲ့​ကြ။ 3 လ​ဆန်း​နေ့၊ လ​ပြည့်​နေ့၊ ပွဲ​သ​ဘင်​နေ့၌ တံ​ပိုး​မှုတ်​ကြ။4 ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး၌​ထုံး​ဖွဲ့၍၊ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင်​သည် ဆုံး​ဖြတ်​တော်​မူ၏။ 5 နား​မ​လည်​သော​စ​ကား​ကို ကြား​ရာ​အ​ရပ်၊ အဲ​ဂု​တ္တု​ပြည်​တစ်​ဖက်၌ ကြွ​သွား​တော်​မူ​သော​အ​ခါ၊ ယော​သပ်​အ​မျိုး၌ ထို​သို့​သော​သက်​သေ​ခံ​ချက်​ကို စီ​ရင်​တော်​မူ၏။

6 ငါ​သည် သူ၏​ပ​ခုံး​ကို ဝန်​နှင့်​လွတ်​စေ၏။ သူ၏​လက်​ကို​လည်း တင်​ခြင်း​တို့​အ​ထဲ​က နုတ်​ယူ၏။ 7 သင်​သည် ဒု​က္ခ​ကို​ခံ​ရ​သော​အ​ခါ၊ ငါ့​ကို​ခေါ်၍ ငါ​သည်​ချမ်း​သာ​ပေး၏။ မ​ထင်​ရှား​သော​မိုး​ကြိုး​နေ​ရာ၌ ငါ​ပြန်​ပြော၏။ မေ​ရိ​ဘ​ရေ​နား​မှာ သင့်​ကို​ငါ​စုံ​စမ်း၏။8 ငါ၏​လူ​စု၊ နား​ထောင်​လော့။ ငါ​မှာ​ထား​မည်။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ငါ့​စ​ကား​ကို နား​ထောင်​ပါ​စေ​သော။ 9 သင်၌ တစ်​ပါး​အ​မျိုး၏​ဘု​ရား​မ​ရှိ​ရ။ တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​ကို မ​ကိုး​ကွယ်​ရ။10 ငါ​သည်​သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ​ကယ်​နုတ်​ဆောင်​ယူ​ခဲ့​ပြီး​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်၏​နှုတ်​ကို ကျယ်​ကျယ်​ဖွင့်​လော့။ ဝ​ပြော​စွာ​ကျွေး​မည်။ 11 ငါ၏​လူ​များ​မူ​ကား၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​ကို​အ​လို​မ​ရှိ​ကြ​ပါ​တ​ကား။ 12 ငါ​သည်​လည်း ထို​သူ​တို့​ကို သူ​တို့​နှ​လုံး​ခိုင်​မာ​ခြင်း၌​အပ်၍၊ သူ​တို့​သည် မိ​မိ​တို့​အ​လို​သို့ လိုက်​ကြ၏။

13 ငါ၏​လူ​စု​သည် ငါ့​စ​ကား​ကို​နား​ထောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​လမ်း၌ လိုက်​ပါ​စေ​သော။ 14 လိုက်​လျှင် ငါ​သည် သူ​တို့​ရန်​သူ​များ​ကို အ​လျင်​အ​မြန်​နှိပ်​စက်၍၊ ရန်​ဘက်​ပြု​သော​သူ​တို့​ကို ဒဏ်​ခတ်​မည်။ 15 ထာ​ဝ​ရ​ဘု​ရား​ကို မုန်း​သော​သူ​တို့​သည် တောင်း​ပန်​ခြင်း​ကို​ပြု၍၊ ငါ၏​လူ​တို့​သည်​လည်း၊ အ​စဉ်​အ​မြဲ​တည်​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်။ 16 အ​ကောင်း​ဆုံး​သော​ဆန်​စ​ပါး​နှင့် ငါ​ကျွေး​မည်။ ကျောက်​ထဲ​က​ထွက်​သော ပျား​ရည်​နှင့်​လည်း ဝ​ပြော​စေ​မည်။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-16_06-50-08-