Pular para o conteúdo
Publicidade

Não desista!

Por Bíblia Online

Quando o peso do dia parece insuportável e as forças faltam, é fácil pensar em parar. A caminhada da fé nem sempre é simples, e há momentos em que o cansaço fala mais alto do que a esperança.

Deus conhece o seu endereço e enxerga cada luta silenciosa que você enfrenta. As palavras registradas nas Escrituras servem justamente para sustentar os seus passos quando o chão faltar, lembrando que a promessa de cuidado e renovação permanece firme para quem confia.

'Não desista!' é o grito do céu para a terra. Deus nos encoraja a perseverar na fé, na oração e na esperança, porque a vitória pertence aos que não se rendem.

Força na fraqueza

Os que esperam no Senhor renovam as forças. Deus não se cansa nem se fatiga — Ele dá poder aos fracos e vigor aos cansados.

ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​တည်​တော်​မူ​သော ဘု​ရား​သ​ခင် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး​စွန်း​တိုင်​အောင် ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မော​တော်​မူ​ခြင်း၊ ပင်​ပန်း​တော်​မူ​ခြင်း​မ​ရှိ၊ စစ်၍ မ​ကုန်​နိုင်​သော​ဉာဏ်​နှင့် ပြည့်​စုံ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​သည် မ​သိ​မ​ကြား​ဖူး​သ​လော။ ထို​ဘု​ရား​သည် မော​သော​သူ​တို့​အား၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ နွမ်း​နယ်​သော​သူ​တို့​အား၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ လူ​ပျို​တို့​သည် မော၍ ပင်​ပန်း​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ လု​လင်​တို့​သည်​လည်း ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။

ဇိ​အုန်​မြို့​အ​တွက်​က​တိ​တော်

ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ဇိ​အုန်​အ​မျိုး၊ သင်​သည် အ​စဉ် ငို​ကြွေး​ရ​မည်​မ​ဟုတ်။ သင်​အော်​ဟစ်​သံ​ကို နား​ထောင်၍ ကယ်​မ​သ​နား​တော်​မူ​လိမ့်​မည်။ ထို​အ​သံ​ကို ကြား​သော​အ​ခါ ထူး​တော်​မူ​လိမ့်​မည်။

လူ​မျိုး​တော်​ကို​ကယ်​တင်​ခြင်း

အို ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​အ​နွယ်၊ သင့်​ကို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မ​စိုး​ရိမ်​နှင့်။ သင့်​ကို ငါ​ရွေး​နုတ်​ပြီ။ ငါ့​နာ​မ​ဖြင့် မှည့်​ပြီ။ သင့်​ကို ငါ​ဆိုင်၏။ သင်​သည် ရေ​ကို​လျှောက်​သွား​သော​အ​ခါ၊ သင်​နှင့်​အ​တူ ငါ​ရှိ၏။ မြစ်​တို့​ကို လျှောက်​သွား​သော​အ​ခါ၊ မ​နစ်​မ​မွန်း​ရ။ မီး​ကို ချင်း​နင်း​သော​အ​ခါ​လည်း မ​လောင်​ရ။ မီး​လျှံ​လည်း မ​ညိ​ရ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင့်​ကို ရွေး​သော​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား ဖြစ်၏။ သင့်​ကို​ရွေး​ဖို့၊ အဲ​ဂု​တ္တု​ပြည်​ကို​လည်း​ကောင်း၊ သင့်​အ​တွက် ကု​ရှ​ပြည်​နှင့် သေ​ဘ​ပြည်​ကို​လည်း​ကောင်း ငါ​ပေး၏။

ရှုတ်​ချ​ခြင်း​ကို​လည်း​ကောင်း၊ ကြွယ်​ဝ​ခြင်း​ကို​လည်း​ကောင်း၊ ခံ​တတ်၏။ ဝ​စွာ​စား​ခြင်း၊ မွတ်​သိပ်​ခြင်း၊ စည်း​စိမ်​ရှိ​ခြင်း၊ ဆင်း​ရဲ​ခြင်း​တို့​ကို ခံ​ရ​အံ့​သော​ငှာ၊ အ​ရပ်​ရပ်​တို့​တွင် အ​ရာ​ရာ၌ သင်​မိ​ပြီ။- ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။-

ယုံ​ကြည်​ခြင်း​ဖြ​င့်​အ​သက်​ရှင်​ခြင်း

ထို​ကြောင့် ငါ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။ ငါ​တို့၏​ပြင်​လူ​သည် ဖောက်​ပြန် ပျက်​စီး​ခြင်း​သို့​ရောက်​သော်​လည်း၊ အ​တွင်း​လူ​မူ​ကား တစ်​နေ့​ထက်​တစ်​နေ့ ပြု​ပြင်​ခြင်း​ကို​ခံ​ရ၏။- အ​ကြောင်း​မူ​ကား၊ မျက်​မှောက်၌​ထင်​ရှား​သော အ​ရာ​တို့​သည် ခ​ဏ​သာ​တည်၍ မ​ထင်​ရှား​သော​အ​ရာ​တို့​သည် အ​စဉ်​အ​မြဲ​တည်​ကြောင်း​ကို ငါ​တို့​သည် ထောက်​လျက်၊ ထင်​ရှား​သော အ​ရာ​တို့​ကို မ​ကြည့်​မ​မှတ်​ဘဲ မ​ထင်​ရှား​သော​အ​ရာ​တို့​ကို ကြည့်​မှတ်​ကြ​စဉ်​အ​ခါ၊ ယ​ခု​ခ​ဏ​ခံ​ရ၍ ပေါ့​ပါး​သော ဆင်း​ရဲ​ခြင်း​ဒု​က္ခ​သည် အ​တိုင်း​ထက်​အ​လွန် ကြီး​မြတ်​လေး​လံ​သော နိ​စ္စ​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို ငါ​တို့​အ​ဖို့ ဖြစ်​စေ​တတ်၏။

Perseverança na fé

Não perca a confiança, pois ela tem grande recompensa. O justo viverá pela fé, e quem perseverar até o fim será salvo.

ထို​ကြောင့်၊ ကြီး​စွာ​သော​အ​ကျိုး​နှင့်​ယှဉ်​သော သင်​တို့၏ ရဲ​ရင့်​ခြင်း​စိတ်​ကို မ​စွန့်​ကြ​နှင့်။-

မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ကို ဝန်​ခံ၍ မ​တိမ်း​ယိမ်း​မ​ရွေ့​လျော့​ဘဲ တည်​ကြည်​ကြ​ကုန်​အံ့။ အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။- ထို​မှ​တစ်​ပါး မေ​တ္တာ​စိတ်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တိုက်​တွန်း နှိုး​ဆော်​ရ​သော​အ​ခွင့်​ကို ရှာ၍၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ထောက်​စာ​ကြည့်​ရှု​ကြ​ကုန်​အံ့။- လူ​အ​ချို့​တို့၏ ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း စည်း​ဝေး​ခြင်း​အ​မှု​ကို မ​ရှောင်​မ​လွှဲ​ကြ​နှင့်။ အ​ချင်း​ချင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ကြ​လော့။ ကာ​လ​အ​ချိန် ရောက်​လု​နီး​သည်​ကို ထောက်​သ​ဖြင့်၊ သာ၍ ကြိုး​စား​ကြ​လော့။

ယုံ​ကြည်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​သည်၊ ဘု​ရား​သ​ခင် ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို ရှာ​သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ရ​မည်။-

ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​သည် အ​သက်​ရှင်​ခြင်း၊ တန်​ခိုး​နှင့် ပြု​ပြင်​ခြင်း၊ သန်​လျက်​တ​ကာ​တို့​ထက် ထက်​ခြင်း​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ အ​သက်​နှင့် စိတ်​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အ​ရိုး​ဆစ်​နှင့် ခြင်​ဆီ​ကို​လည်း​ကောင်း ပိုင်း​ခြား၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို​လည်း သိ​မြင်​တတ်၏။-

ငါ​တို့​သည်​အား​မ​လျော့၊ စိတ်​မ​ပျက်​ဘဲ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ကြ​ကုန်​အံ့။ ထို​သို့​တည်​ကြည်၍ ကျင့်​လျှင် အ​ချိန်​တန်​သော​ကာ​လ၌ အ​သီး​အ​နှံ​ကို ရိတ်​ရ​ကြ​လိမ့်​မည်။-

ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ သင်၏ သ​ရ​ဖူ​ကို အ​ဘယ်​သူ​မျှ​မ​ယူ​စေ​ခြင်း​ငှာ၊ ရ​ခဲ့​ပြီး​သော​အ​ရာ​ကို စွဲ​ကိုင်​လော့။-

ဘု​ရား​သ​ခင်၏ ပ​ညတ်​တို့​ကို​လည်း​ကောင်း၊ ယေ​ရှု၏ ယုံ​ကြည်​ခြင်း​ကို​လည်း​ကောင်း၊ စောင့်​ရှောက်​သော သန့်​ရှင်း​သူ​တို့​သည် ဤ​အ​ရာ၌ သည်း​ခံ​စ​ရာ​အ​ကြောင်း​ရှိ၏။-

စုံ​စမ်း​ခြင်း​နှ​င့်​သွေး​ဆောင်​ခြင်း

စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သည်း​ခံ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ စစ်​ကြော​စုံ​စမ်း​ခြင်း​ကို ခံ​ပြီး​မှ သ​ခင်​ဘု​ရား​ကို ချစ်​သော​သူ​တို့​အား က​တိ​ထား​တော်​မူ​သော အ​သက်​သ​ရ​ဖူ​ကို ရ​လိမ့်​မည်။-

Deus é refúgio

O Senhor é nosso refúgio e fortaleza. Ele ouve nossas orações, nos consola nas tribulações e transforma choro em dança.

ဘု​ရား​သ​ခင်​သည်​ငါ​တို့၏​ခို​လှုံ​ရာ

ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်၍၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ အ​ထူး​သ​ဖြင့် ကူ​မ​တော်​မူ​ကြောင်း ထင်​ရှား​လျက်​ရှိ၏။

ထမ်း​ရွက်​ရ​သော​ဝန်​ကို ထာ​ဝ​ရ​ဘု​ရား၌ ချ​ထား​လော့။ သင့်​ကို​မ​စ​တော်​မူ​မည်။ ဖြောင့်​မတ်​သော​သူ​ကို အ​စဉ်​အ​မြဲ လှုပ်​ရှား​စေ​တော်​မ​မူ​ရာ။

ထာ​ဝ​ရ​ဘု​ရား​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့၏​ခို​လှုံ​ရာ၊ ဘေး​အ​န္တ​ရာယ်​ရောက်​သည်​ကာ​လ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ နာ​မ​တော်​ကို သိ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ယုံ​ကြည်​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​ရှာ​သော သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ​တတ်​ပါ။

မျက်​ရည်​ကျ​လျက် မျိုး​စေ့​ကြဲ​သော​သူ​တို့​သည် ရွှင်​လန်း​လျက် စ​ပါး​ရိတ်​ကြ​လိမ့်​မည်။ မျက်​ရည်​ကျ​လျက် ကြဲ​ရန်​မျိုး​စေ့​ကို​ဆောင်၍ ထွက်​သွား​သော​သူ​သည်၊ ကောက်​လှိုင်း​များ​ကို​ဆောင်​လျက် ရွှင်​လန်း​သော​စိတ်​နှင့် အ​မှန်​ပြန်​လာ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့၊ အား​ယူ၍ ရဲ​ရင့်​သော​စိတ်​နှ​လုံး​ရှိ​ကြ​လော့။

နှုတ်​က​ပတ်​တော်​မှ​အ​လင်း

နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​ခြေ​ရှေ့​မှာ မီး​ခွက်​ဖြစ်၍၊ အ​ကျွန်ုပ်​လမ်း​ခ​ရီး​ကို လင်း​စေ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း၊ သ​စ္စာ​နှင့်​တ​ကွ ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့၏​အ​နီး​အ​ပါး၌ ရှိ​တော်​မူ၏။ ကြောက်​ရွံ့​သော​သူ​တို့၏​အ​လို​ကို ပြည့်​စုံ​စေ​တော်​မူ၏။ ထို​သူ​တို့၏​အော်​ဟစ်​ခြင်း​ကို​ကြား၍ ကယ်​တင်​တော်​မူ၏။

Vitória em Cristo

Jesus venceu o mundo e nos dá vitória. Para Deus nada é impossível, e Ele faz infinitamente mais do que pedimos ou pensamos.

သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​အ​များ​တို့​သည် ကိုယ်​တော်​နှင့် မ​ပေါင်း​ဖော်​ဘဲ ဆုတ်​သွား​ကြ၏။- ထို​ကြောင့် ယေ​ရှု​သည် တစ်​ကျိပ်​နှစ်​ပါး​သော​သူ​တို့​အား၊ သင်​တို့​သည်​လည်း ထွက်​သွား​ခြင်း​ငှာ အ​လို​ရှိ​ကြ​သ​လော​ဟု မေး​တော်​မူ​လျှင်၊- ရှိ​မုန်​ပေ​တ​ရု​က၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သူ​ထံ​သို့ သွား​ရ​မည်​နည်း။ ထာ​ဝ​ရ​အ​သက်​နှင့် ယှဉ်​သော​စ​ကား​သည် ကိုယ်​တော်၌ တည်​ပါ၏။-ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ ယုံ​ကြည်​သိ​မှတ်​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။-

ငါ​သည် သင်​တို့​ကို မိ​ဘ​မဲ့​ဖြစ်​စေ​ခြင်း​ငှာ စွန့်​ပစ်​မည်​မ​ဟုတ်။ သင်​တို့​ဆီ​သို့ လာ​ဦး​မည်။-

တောင်း​လော့၊ ရှာ​လော့၊ ခေါက်​လော့

တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင်​တွေ့​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင်​ဖွင့်​မည်။- တောင်း​သော​သူ​မည်​သည်​ကား ရ၏။ ရှာ​သော​သူ​လည်း တွေ့၏။ ခေါက်​သော​သူ​အား​လည်း တံ​ခါး​ကို​ဖွင့်၏။-

ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။- ငါ့​ထမ်း​ပိုး​ကို တင်၍ ထမ်း​ကြ​လော့။ ငါ့​ထံ၌ နည်း​ခံ​ကြ​လော့။ ငါ​သည် နူး​ညံ့​သိမ်​မွေ့​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ၏။ သင်​တို့​စိတ်​နှ​လုံး​သည် သက်​သာ​ခြင်း​ကို ရ​လိမ့်​မည်။-အ​ကြောင်း​မူ​ကား၊ ငါ့​ထမ်း​ပိုး​သည် ထမ်း​လွယ်၏။ ငါ့​ဝန်​လည်း ပေါ့၏​ဟု မိန့်​တော်​မူ၏။-

ယေ​ရှု​သည်​လည်း သူ​တို့​ကို​ကြည့်​ရှု၍ ဤ​အ​မှု​ကို လူ​မ​တတ်​နိုင်။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော အ​မှု​တို့​ကို တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။

ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မ​မူ​သော​အ​မှု မ​ရှိ​ဟု ပြော​ဆို​လျှင်၊-

Esperança e transformação

O Senhor completa a boa obra que começou em nós. Ele faz novas todas as coisas e dá esperança para o futuro.

သင်​တို့​တွင် ကောင်း​သော​အ​မှု​ကို ပြု​စ​ပြု​တော်​မူ​သော​သူ​သည်၊ ယေ​ရှု​ခ​ရစ်၏ နေ့​ရက်​တိုင်​အောင် ပြီး​စီး​လျက် ပြု​တော်​မူ​မည်​ဟု ငါ​သ​ဘော​ကျ၏။-

လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။-

ကောင်း​ကင်​သစ်​နှင့်​မြေ​ကြီး​သစ်

ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​ကို​လည်း ငါ​မြင်၏။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ရှေး​ကောင်း​ကင်​နှင့် ရှေး​မြေ​ကြီး​သည် ရွေ့​သွား​ကြ​ပြီ။ ထို​အ​ခါ​မှ​စ၍ သ​မု​ဒ္ဒ​ရာ​မ​ရှိ။-သန့်​ရှင်း​သော​မြို့​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့ သစ်​သည် မိ​မိ​ခင်​ပွန်း​ဖို့ တန်​ဆာ​ဆင်​သော မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကဲ့​သို့ ပြင်​ဆင်​လျက်၊ ဘု​ရား​သ​ခင် အ​ထံ​တော်၊ ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သည်​ကို ငါ​မြင်၏။-ကောင်း​ကင်​မှ​ကြီး​သော အ​သံ​ကား၊ ဘု​ရား​သ​ခင်၏ တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ လူ​တို့​နှင့်​အ​တူ ကျိန်း​ဝပ်​တော်​မူ​မည်။ သူ​တို့​သည် ကိုယ်​တော်၏​လူ ဖြစ်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင် သူ​တို့​နှင့်​အ​တူ​ရှိ​နေ၍ သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​မည်။-ဘု​ရား​သ​ခင်​သည် သူ​တို့၏ မျက်​စိ၌ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​တော်​မူ​မည်။ နောက်​တစ်​ဖန် သေ​ဘေး​မ​ရှိ​ရ။ စိတ်​မ​သာ ညည်း​တွား​ခြင်း၊ အော်​ဟစ်​ခြင်း၊ ပင်​ပန်း​ခြင်း​လည်း မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အ​ရာ​တို့​သည် ရွေ့​သွား​ကြ​ပြီ။-

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​တော်​မူ၏။ အ​မှု​ရောက်​သော​အ​ခါ ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ခို​လှုံ​သော​သူ​တို့​ကို သိ​မှတ်​တော်​မူ၏။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။

သင်​တို့​မူ​ကား အား​ယူ​ကြ​လော့။ လက်​အား မ​လျော့​စေ​နှင့်။ သင်​တို့​ကျင့်​သည်​အ​တိုင်း အ​ကျိုး​ကို​ခံ​ရ​ကြ​မည်​ဟု မြွက်​ဆို၏။

Permanecendo firme

Persevere na oração, firme-se na Palavra e fortaleça-se na graça de Cristo. A fé vem pelo ouvir, e o ouvir pela Palavra de Deus.

အား​ထုတ်​ခြင်း​အ​ရာ​မှာ ပျင်း​ရိ​ခြင်း​မ​ရှိ​ဘဲ​လျက်၊ စိတ်​တန်း​သ​ဖြင့် သ​ခင်​ဘု​ရား၏​အ​လို​တော်​သို့ လိုက်၍ အား​ထုတ်​ကြ​လော့။- မျှော်​လင့်​လျက် ဝမ်း​မြောက်​ကြ​လော့။ ဆင်း​ရဲ​ဒု​က္ခ​ရောက်​သော​အ​ခါ သည်း​ခံ​ကြ​လော့။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​အ​မှု​ကို အ​မြဲ​ပြု​ကြ​လော့။-

မျှော်​လင့်​လျက် ဝမ်း​မြောက်​ကြ​လော့။ ဆင်း​ရဲ​ဒု​က္ခ​ရောက်​သော​အ​ခါ သည်း​ခံ​ကြ​လော့။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​အ​မှု​ကို အ​မြဲ​ပြု​ကြ​လော့။-

ချစ်​သူ​တို့၊ သူ​တစ်​ပါး​သည် သင်​တို့​ကို ပြစ်​မှား​လျှင်၊ ကိုယ်​တိုင် အ​ပြစ်​ပြန်၍ မ​တုံ့​ကြ​နှင့်။ အ​မျက်​တော်​ကို အ​ခွင့်​ပေး​ကြ​လော့။ ကျမ်း​စာ​လာ​သည်​ကား၊ ငါ​သည် အ​ပြစ်​တ​ရား​ကို စီ​ရင်​ပိုင်၏။ အ​ပြစ်​နှင့်​အ​လျောက် ငါ​ဆပ်​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။-

သို့​ဖြစ်၍၊ ယုံ​ကြည်​ခြင်း​သည် ကြား​နာ​ခြင်း​အား​ဖြင့် ဖြစ်၏။ ကြား​နာ​ခြင်း​သည်​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​အား​ဖြင့် ဖြစ်၏။-

ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တည်း​ဟူ​သော ကြံ​စည်​တော်​မူ​ခြင်း​အ​တိုင်း ခေါ်​တော်​မူ​သော​သူ​တို့၏​အ​ကျိုး​ကို ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တ​ညီ​တ​ညွတ်​တည်း ပြု​စု​ကြ​သည်​ကို ငါ​တို့​သိ​ကြ၏။-

ထို​ကျမ်း​စာ​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် မှုတ်​သွင်း​တော်​မူ​သော အား​ဖြင့်​ဖြစ်၍၊- ဘု​ရား​သ​ခင်၏ လူ​သည်​စုံ​လင်​သော​သူ၊ ကောင်း​သော အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု​စု​ခြင်း​အ​လို​ငှာ ပြင်​ဆင်​သော​သူ ဖြစ်​မည်​အ​ကြောင်း၊ ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ပြစ်​ကို​ဖော်​ပြ​ခြင်း၊ ဖြောင့်​မတ်​စွာ ပြု​ပြင်​ခြင်း၊ တ​ရား​ကို သွန်​သင်​ခြင်း ကျေး​ဇူး​များ​ကို ပြု​တတ်၏။

ငါ့​ထံ၌ ကြား​ရ​ပြီး​သော၊ စင်​ကြယ်​သော​တ​ရား စ​ကား​အ​ချုပ်​အ​ခြာ​ကို၊ ယေ​ရှု​ခ​ရစ်၌ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​နှင့်​တ​ကွ စွဲ​လမ်း​လော့။- သင်၌​အပ်​ထား​သော အ​ရာ​မြတ်​ကို ငါ​တို့၌ ကျိန်း​ဝပ်​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် စောင့်​ရှောက်​လော့။

ငါ​တို့​ကို​ချစ်​တော်​မူ၍၊ ထာ​ဝ​ရ​သက်​သာ​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ ကျေး​ဇူး​တော်​အား​ဖြင့် ကောင်း​သော မျှော်​လင့်​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​နှင့်၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​သည် ကိုယ်​တော်​တိုင်၊- သင်​တို့​စိတ်​နှ​လုံး​ကို သက်​သာ​စေ၍၊ ကောင်း​သော​စ​ကား၊ ကောင်း​သော​အ​မှု​အ​မျိုး​မျိုး၌ သင်​တို့​ကို မြဲ​မြံ​စေ​တော်​မူ​ပါ​စေ​သော။

ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။-

ငါ​တို့​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်၌ ရဲ​ရင့်​ခြင်း​အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​တို့​သည် အ​လို​တော်​နှင့်​အ​ညီ တစ်​စုံ​တစ်​ခု​သော​ဆု​ကို တောင်း​လျှင်၊ ဘု​ရား​သ​ခင်​သည် နား​ထောင်​တော်​မူ၏။- ဆု​တောင်း​သ​မျှ​သော​စ​ကား​တို့​ကို နား​ထောင်​တော်​မူ​သည်​ကို ငါ​တို့​သိ​လျှင်၊ အ​ထံ​တော်၌ တောင်း​သော​ဆု​တို့​ကို ရ​မည်​ဟု​သိ​ရ​ကြ၏။-

ခပ်​သိမ်း​သော​အ​ရာ​ကို ဖုံး​အုပ်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို ယုံ​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို မျှော်​လ​င့်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို သည်း​ခံ​တတ်၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.