Nascimento de Jesus
O nascimento de Jesus é o evento que divide a história. O Verbo se fez carne e habitou entre nós. Deus enviou seu Filho ao mundo para nos salvar e nos reconciliar consigo.
O Verbo se fez carne
Jesus não nasceu por acaso — sua encarnação foi planejada antes da fundação do mundo. Ele se esvaziou e assumiu a forma humana por amor.
ခရစ်တော် ယေရှုနှိုက်ဆိသော စိတ်သဘောမျိုးဟို နင်လို့နှိုက်လည်း ဆိစေကြလော့။
ကိုယ်တော်ဟ ဘုရားသဘောသဘာဝနဲ့ အစဉ်ပြေ့စုံအယ်။
အားပေမဲ့ ကိုယ်တော်ဟ ဘုရားသခင်နဲ့တန်းတူ ဆိနေရန် ကြိုးစားဖို့ မစဉ်းစားခဲ့ပါ။
ဟေသို့ပြုမဲ့အစား မိမိအလိုအလျောက် ဘုန်းအသရေဆိသမျှဟို စွန့်ယွေ့
အစေခံရဲ့ သဏ္ဌာန်ဟို ခံယူအယ်။
ကိုယ်တော်ဟ လူ့အသွင်ဟို ယူဆောင်ယွေ့
လူကဲ့သို့သောအဖြစ်ဟို ခံယူအယ်။
မိမိကိုယ်ဟို နှိမ့်ချလျက် လက်ဝါးကပ်တိုင်တွင်
အသေခံလဲ့တိုင်အောန် နာခံခြင်း လမ်းစဉ်ဟို လိုက်ဆှောက်ခဲ့အယ်။
အဲလိုလဲ နောက်ဆုံး မန်ကန်လဲ့အချိန် ရောက်လာသောအခါ၊ ဘုရားသခင်ဟ သူ့သားတော်ဟို စေလွှတ်ခဲ့အယ်။ သူဟ လူသားအမေ့တယောက်မှ မွေးဖွားလာပင်း ယုဒလူလို့ရဲ့ ပညတ်တရားအောက်နှိုက် နေထိန်ခဲ့ကာ ပညတ်တရားအောက်နှိုက် ဆိသောသူများဟို ရွေးနှုတ်ရန် ဖြစ်အယ်။ အေးလိုမို့ ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်လာရအယ်။
အဲလူပဲ့သူငယ်လို့ဟ အသွေးအသား ဆိကြတာ ဖြစ်ယွေ့ ကိုယ်တော်ဟလည်း သူလို့တိုင်းတိုင်း အဲအသွေးအသားဟို မျှဝေခံယူအယ်၊ ဟေဟာဟ အသေခံခြင်းအားဖြင့် သေခြင်းရဲ့ တန်ခိုးဟို ပိုင်သောသူဖြစ်လဲ့ မာရ်နတ်ဟို ဖျက်စီးလျက် တသက်လုံး သေခြင်းဟို ကြောက်သော ကျွန်ခံနေရသောသူလို့ဟို လွတ်မြောက်စေရန် ဖြစ်အယ်။
အဲကျောန့် ကိုယ်တော်ဟ လူလို့ရဲ့ အပစ်များအတွက် အသနားခံခြင်းအမှုဟို ပြုရန် ဘုရားသခင်ဆေ့နှိုက် သနားကြင်နာတတ်လဲ့ သစ္စာဆိသော ယဇ်ပုရောဟိတ်မင်းဖြစ်မဲ့ အကျောန်းအရာရာနှိုက် ညီအကို မောင်နှမများနဲ့ တူရအယ်။
ဘုရားသခင်ဟ လောကသားလို့ဟို ရမ်းဆာ့ ချစ်သောကျောန့် မိမိရဲ့တပါးတည်းသော သားတော်ဟို ပေးအယ်၊ အဲဟာဟ သားတော်ဟို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။
O anúncio e o nascimento
O nascimento de Jesus foi anunciado por anjos, precedido por sinais e recebido com adoração pelos pastores e pelos magos do oriente.
ယေရှု ခရစ်ဟ ဖွားမျော်ခြင်းမှာ ဟေလို့ဖြစ်အယ်။ ကိုယ်တော်ရဲ့ အမေ့ မာရိနဲ့ ယောသပ်လို့ လက်မထပ်ခင် စေ့စပ်ကျောန်းလမ်းထားပေမဲ့လည်း၊ မာရိဟ သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် လူပဲ့စွဲကျောန်း တွေ့ရအယ်။
သူဟ အဲအကျောန်းဟို စဉ်းစားနေခါ ဘုရားသခင်ရဲ့ ခေါန်းခင်တမန်ဟ သူ့ရဲ့ အိမ်မက်ထဲမှာ ပေါ်လာယွေ့ "ဒါဝိဒ်အမျိုး ယောသပ် နင့်ရဲ့ ပေါင်အိုမ မာရိဟို ယူရမှာ မကြောက်နဲ့။ အကျောန်းမှာ ဟေလူပဲ့စွဲခြင်းဟာ သန့်ဆှင်းသော ဝိညာဉ်တော်ကျောန့် ဖြစ်အယ်။ သူဟ အောင်နီငယ်ဟို မွေးလိမ့်မယ်။ အဲအောင်နီငယ်ဟ မိမိလူလို့ဟို အပစ်မှ ကယ်ချွတ်မယ့်သူ ဖြစ်သောကျောန့် ယေရှုဆိုသော နာမယ် ပေးရမယ်" ဟု ပြောအယ်။
အဲအကျောန်းအရာဟ ပရောဖက်အားဖြင့် ဘုရားသခင်ဟောခဲ့လဲ့ အတိုင်း အမန်တကယ် ဖြစ်ပျက်လာခြင်း ဖြစ်အယ်။ ဗျာဒိတ်တော်မှာ "အပျိုကညာဟ လူပဲ့စွဲယူယွေ့ အောင်နီငယ်ဟို ဖွားမျော် လိမ့်မယ်။ အဲအောင်နီငယ်ဟို ဧမာနွေလ နာမယ်ပေးရမယ်" (အေးအဓိပ္ပာယ်ဟ "ဘုရားသခင်ဟ ငါလို့နဲ့အတူ ဆိအယ်") ဟု ဖြစ်အယ်။
ယောသပ်ဟ အိပ်မွေ့ရာမှ နိုးလာသောအခါ ဘုရားသခင်ရဲ့ ခေါန်းခင်တမန် မှာထားလဲ့အတိုင်း မိမိရဲ့ပေါင်အိုမဟို လက်ထပ်လေအယ်။ အဲလိုလဲ သူဟ အောင်နီငယ်ဟို မမွေးသေးခင်အထိ မာရိနဲ့ ပေါင်းသင်းနေထိန်မှုဟို မလုပ်ဘဲ နေအယ်။ သူဟ အဲအောင်နီငယ်ဟိုလည်း ယေရှု ဟူသော နာမယ်ပေး လေအယ်။
ခေါန်းခင်တမန်ဟ "မာရိ၊ မကြောက်နဲ့၊ နင်ဟ ဘုရားသခင် ဆေ့မှာ မျက်နှာရပီ။ နင်ဟ လူပဲ့စွဲယွေ့ အောင်နီငယ်ဟို မွေးလိမ့်မယ်၊ အဲအောင်နီငယ်ဟို ယေရှုလို့ နာမယ် မှည့်ရမယ်။ အောင်နီငယ်ဟ ကြီးမြတ်လိမ့်မယ်၊ အမြင့်မြတ်ဆုံးသော ဘုရားသခင်ရဲ့ သားတော်ဟု အခေါ်ခံရလိမ့်မယ်။ သခင် ဘုရားသခင်ဟ သူ့အဖ ဒါဝိဒ်မင်းရဲ့ ရာဇပလ္လင်ဟို သူ့အား ပေးလိမ့်မယ်။ သူဟ ယာကုပ်အမျိုးဟို အစဉ်အမြဲ အုပ်ချုပ်လိမ့်မယ်၊ အေးသူရဲ့ နိုင်ငံဟလည်း ပစာခါမှ ကုန်ဆုံးလိမ့်မယ် မဟုတ်" ဟု မာရိအား ဟောအယ်။
ယောသပ်ဟလည်း ဂါလိလဲပြေ နာဇရက်မြို့မှ ယုဒပြေ ဗက်လင်မြို့လို့ နာမယ်တွင်သော ဒါဝိဒ်မင်းရဲ့ မြို့ဟို သွားအယ်။ ယောသပ်ဟ ဒါဝိဒ်ရဲ့ အမျိုးနွယ်ဖြစ်သောကျောန့် အဲဟို သွားခြင်း ဖြစ်အယ်။ သူနဲ့ လက်ထပ်ရန် ကတိပြုပင်း လူပဲ့စွဲနေသော မာရိနဲ့ စာရင်းသွင်းရန် အဲနေရာသို့ သွားခဲ့အယ်။ ဗက်လင်မြို့တွင် သူလို့ ဆိကြသောအခါနှိုက် အောင်နီငယ်ကို မွေးရန် နေ့စေ့လစေ့လျှင်၊ သားဦးဟို မွေးယွေ့ ခနှီးနဲ့ ထုပ်ပင်း၊ ဧည့်သည် တည်းစရာ နေရာနှိုက် သူလို့နေစရာ မဆိသောကျောန့် အောင်နီငယ်ဟို နွားစားခွက်ထဲမှာ သိပ်ထားကြအယ်။
ခေါန်းခင်တမန်ဟ "မကြောက်ကြနဲ့၊ ငါဟ လူအပေါင်းလို့ ရမ်းဆာ့ ဝမ်းသာစရာ သတင်းကောင်းဟို နင်လို့ဆေဟို ယူဆောင်လာအယ်။ ခုနေ့တွင် ဒါဝိဒ်မြို့နှိုက် သခင် ခရစ်တော်တည်းဟူသော ကယ်တင်ဆှင်ဟ နင်လို့အဖို့ မွေးဖွားပီ။ နင်လို့ဟ ပစာနိမိတ်ဖြင့် သိရမယ်မှာ၊ အောင်နီငယ်ဟို အနှီးနဲ့ထုပ်ထားပင်း နွားစားခွက်ထဲမှာ သိပ်ထားလျက် ဆိတာဟို မျော်ကြလိမ့်မယ်" ဟု ဆိုအယ်။
ခေါန်းခင်တမန်များ ခေါန်းခင်ဘုံဟို ပြန်သွားကြသောအခါ သိုးထိန်းလို့ဟ "ငါလို့သည် ဗက်လင်မြို့ဟို သွားကြကုန်အံ့၊ ငါလို့အား သခင်ဘုရား ဖော်ပြသောအကျောန်းအရာဟို ကျေ့ကြကုန်အံ့" ဟု အချင်းချင်း ပြောဆိုကြအယ်။
သူလို့ဟ အမြန် သွားပင်း မာရိနဲ့ ယောသပ်ဟို လည်းကောင်း၊ နွားစားခွက်ထဲတွင် သိပ်ထားသော အောင်နီငယ်ဟို လည်းကောင်း မျော်ကြအယ်။ အောင်နီငယ်ဟို သိုးထိန်းများ မျော်သောအခါ အောင်နီငယ်ရဲ့ အကျောန်းဟို သူလို့အား ခေါန်းခင်တမန် ဟောကျောန်းဟို ပြောကြားကြအယ်။ သိုးထိန်းလို့ ဟောသောစကားဟို ကြားသောသူ ဆိသမျှလို့ဟ အံ့ဩကြအယ်။
O Rei que veio servir
Jesus nasceu para ser Rei, e todo aquele que é da verdade ouve a sua voz. Os magos o adoraram e ofereceram seus tesouros.
ပိလတ်မင်းဟ "အဲကျောန့် နင်ဟ ဆှင်ဘုရင်လော" ဟု မေးအယ်။
ယေရှုဟ "ငါဟ နင်ဆိုလဲ့အတိုင်း ဆှင်ဘုရင် ဖြစ်အယ်။ ငါဟ သမ္မာတရားဘက်နှိုက် သက်သေခံရန် မွေးဖွားခြင်းဟို ခံယွေ့ ဟေလောကသို့ ကြွလာပီ။ သမ္မာတရားနဲ့ စပ်ဆိုင်သောသူတိုင်း ငါ့အသံဟို နားထောင်ကြအယ်" ဟု ပြန်ဖြေအယ်။
အဲသူလို့ဟ မင်းကြီးစကားဟို နားထောင်ပင်းနောက် ထွက်သွားကြယွေ့ အဆေ့ပြေနှိုက် သူလို့ မျော်ခဲ့သော ကြယ်ဟ လူပဲ့ငယ်ဆိရာ နေရာပေါ်ရောက်ယွေ့ တန့်လဲ့တိုင်အောန် သူလို့အဆေ့ဟ သွားလေအယ်။ သူလို့ဟ အဲကြယ်ဟို မျော်သောအခါ ရမ်းဆာ့ ဝမ်းမြောက်ဝမ်းသာခြင်း ဆိကြအယ်။ သူလို့ဟ နေအိုင်ဟို ဝင်ယွေ့ မယ်တော်မာရိနဲ့တကွ လူပဲ့သငယ်ဟို မျော်သောအခါ ဒူးထောက်ယွေ့ ရှိခိုးကြအယ်။ သူလို့ရဲ့ ဘဏ္ဍာကြုတ်လို့ဟို ဖွင့်ပင်းမှ ဆွေ၊ လောဗန်နဲ့ မုရန်တည်းဟူသော လက်ဆောင်များဟို ဆက်သကြအယ်။
အေးနောက်မှ ဟေရုဒ်မင်းကြီး ဆေဟို မပြန်ရမဲ့အကျောန်း အိမ်မက်တွင် ဘုရားသခင် သတိပေးယွေ့ မိမိလို့ ပြေဟို တခြားလမ်းဖြင့် ပြန်သွား ကြအယ်။