Nascimento
O nascimento é obra das mãos de Deus. Cada criança é formada por Ele no ventre materno com propósito e amor. A Bíblia celebra a vida desde a concepção até a eternidade.
O nascimento de Jesus
O maior nascimento da história mudou o curso da humanidade. Jesus nasceu de uma virgem pelo poder do Espírito Santo, conforme as profecias.
ယေရှု ခရစ်ဟ ဖွားမျော်ခြင်းမှာ ဟေလို့ဖြစ်အယ်။ ကိုယ်တော်ရဲ့ အမေ့ မာရိနဲ့ ယောသပ်လို့ လက်မထပ်ခင် စေ့စပ်ကျောန်းလမ်းထားပေမဲ့လည်း၊ မာရိဟ သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် လူပဲ့စွဲကျောန်း တွေ့ရအယ်။ သူရဲ့ ဖိုးအို ယောသပ်ဟ အမြဲတမ်း ဖြောင့်မတ်သောသူ ဖြစ်သောကျောန့် မာရိဟို လူသိဆှင်ကြား အဆှက်တကွဲ မဖြစ်စေလိုပါ။ အဲလိုမို့ သူဟ တိတ်တိတ်လေး စေ့စပ်ထားတာဟို ဖျက်မယ်လို့ စီစဉ်အယ်။ သူဟ အဲအကျောန်းဟို စဉ်းစားနေခါ ဘုရားသခင်ရဲ့ ခေါန်းခင်တမန်ဟ သူ့ရဲ့ အိမ်မက်ထဲမှာ ပေါ်လာယွေ့ "ဒါဝိဒ်အမျိုး ယောသပ် နင့်ရဲ့ ပေါင်အိုမ မာရိဟို ယူရမှာ မကြောက်နဲ့။ အကျောန်းမှာ ဟေလူပဲ့စွဲခြင်းဟာ သန့်ဆှင်းသော ဝိညာဉ်တော်ကျောန့် ဖြစ်အယ်။ သူဟ အောင်နီငယ်ဟို မွေးလိမ့်မယ်။ အဲအောင်နီငယ်ဟ မိမိလူလို့ဟို အပစ်မှ ကယ်ချွတ်မယ့်သူ ဖြစ်သောကျောန့် ယေရှုဆိုသော နာမယ် ပေးရမယ်" ဟု ပြောအယ်။
အဲအကျောန်းအရာဟ ပရောဖက်အားဖြင့် ဘုရားသခင်ဟောခဲ့လဲ့ အတိုင်း အမန်တကယ် ဖြစ်ပျက်လာခြင်း ဖြစ်အယ်။ ဗျာဒိတ်တော်မှာ "အပျိုကညာဟ လူပဲ့စွဲယူယွေ့ အောင်နီငယ်ဟို ဖွားမျော် လိမ့်မယ်။ အဲအောင်နီငယ်ဟို ဧမာနွေလ နာမယ်ပေးရမယ်" (အေးအဓိပ္ပာယ်ဟ "ဘုရားသခင်ဟ ငါလို့နဲ့အတူ ဆိအယ်") ဟု ဖြစ်အယ်။
ယောသပ်ဟ အိပ်မွေ့ရာမှ နိုးလာသောအခါ ဘုရားသခင်ရဲ့ ခေါန်းခင်တမန် မှာထားလဲ့အတိုင်း မိမိရဲ့ပေါင်အိုမဟို လက်ထပ်လေအယ်။ အဲလိုလဲ သူဟ အောင်နီငယ်ဟို မမွေးသေးခင်အထိ မာရိနဲ့ ပေါင်းသင်းနေထိန်မှုဟို မလုပ်ဘဲ နေအယ်။ သူဟ အဲအောင်နီငယ်ဟိုလည်း ယေရှု ဟူသော နာမယ်ပေး လေအယ်။
ဧလိရှဗက် လူပဲ့စွဲစာ ခြောက်လထဲ ရောက်သောအခါ ဘုရားသခင်ဟ ခေါန်းခင်တမန် ဂါဗြေလအား ဂါလိလဲပြေ နာဇရက်မြို့ဆိ မိန်းမပျိုတဦးဆေဟို စေလွှတ်အယ်။ အဲအပျိုကညာဟ ဒါဝိဒ်မင်းမှ ဆင်းသက်သူ ယောသပ် နာမယ်ဆိသော ကွင်တယောက်နဲ့ နားဖောက်ထားသူ ဖြစ်အယ်။ သူမ နာမယ်ဟ မာရိ ဖြစ်အယ်။
ခေါန်းခင်တမန်ဟ "မာရိ၊ မကြောက်နဲ့၊ နင်ဟ ဘုရားသခင် ဆေ့မှာ မျက်နှာရပီ။ နင်ဟ လူပဲ့စွဲယွေ့ အောင်နီငယ်ဟို မွေးလိမ့်မယ်၊ အဲအောင်နီငယ်ဟို ယေရှုလို့ နာမယ် မှည့်ရမယ်။ အောင်နီငယ်ဟ ကြီးမြတ်လိမ့်မယ်၊ အမြင့်မြတ်ဆုံးသော ဘုရားသခင်ရဲ့ သားတော်ဟု အခေါ်ခံရလိမ့်မယ်။ သခင် ဘုရားသခင်ဟ သူ့အဖ ဒါဝိဒ်မင်းရဲ့ ရာဇပလ္လင်ဟို သူ့အား ပေးလိမ့်မယ်။ သူဟ ယာကုပ်အမျိုးဟို အစဉ်အမြဲ အုပ်ချုပ်လိမ့်မယ်၊ အေးသူရဲ့ နိုင်ငံဟလည်း ပစာခါမှ ကုန်ဆုံးလိမ့်မယ် မဟုတ်" ဟု မာရိအား ဟောအယ်။
မာရိဟ "ငါသည် အပျိုကညာ ဖြစ်သဖြင့် စလို လူပဲ့စွဲယွေ့ အောင်နီငယ်ဟို မွေးနိန်မှာလုန်း" ဟု ခေါန်းခင်တမန်ဟို မေးအယ်။
ခေါန်းခင်တမန်ဟ "သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်ရဲ့ အပေါ်ဟို သက်ရောက်ပင်း အမြင့်မြတ်ဆုံးသော ဘုရားသခင်ရဲ့ တန်ခိုးတော်ဟ နင့်ဟို လွှမ်းမိုးလိမ့်မယ်။ အဲအကျောန်းကျောန့် သန့်ဆှင်းသော သားဟလည်း ဘုရားသခင်ရဲ့ အောင်နီဟု ခေါ်ခြင်းဟို ခံရလိမ့်မယ်။
Formados desde o ventre
Deus nos teceu no ventre de nossa mãe. Antes de nascermos, Ele já nos conhecia e nos separou para um propósito sagrado.
Crianças — bênção e promessa
Jesus acolheu as crianças e disse: delas é o Reino dos céus. Os filhos são herança do Senhor e motivo de alegria para os pais.
ယေရှုဟ "လူပဲ့သူငယ်လို့ ငါ့ဆေဟို လာကြစေ၊ အားပင်း သူလို့ဟို မတားဆီးကြနဲ့။ ပစာကို့ ခေါန်းခင်နိုင်ငံတော်ဟ အဲသို့သော သူလို့ရဲ့ နိုင်ငံဖြစ်အယ်" ဟု မိန့်အယ်။
အဲကျောန့် ဟေလူပဲ့သငယ်လိုမျိုး မိမိတတ်တိုင်းနှိမ့်ချသောသူ စသူမဆို ခေါန်းခင်နိုင်ငံတော်တွင် အကြီးမြတ်ဆုံး ဖြစ်လိမ့်မယ်။ ငါရဲ့ နာမဟိုထောက်ပင်း ဟေလိုသော လူပဲ့သူငယ် တစုံတယောက်ဟို လက်ခံသူဟ ငါ့ဟို လက်ခံအယ်။
အဲပင်းရင် ကိုယ်တော်ဟ လူပဲ့သငယ်လို့ဟို သူ့လက်မောင်းမှာ ချီပင်း၊ သူလို့ အယောက်ချင်းစီတိုင်းဟို လက်များတင်ကာ သူလို့ဟို ကောင်းချီးပေးလေအယ်။
Nascer de novo
Jesus ensinou que é preciso nascer de novo para ver o Reino de Deus. O novo nascimento é espiritual — pelo Espírito e pela Palavra.
ယေရှုဟ "နင်လို့အား ငါ အမန်ဆိုတာဟ တဖန်မွေးဖွားခြင်းမခံသူဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို မမျော်နိန်" ဟု ပြန်ဖြေအယ်။
မိန်းမဟ သားဖွားသောအခါ မွေးဖွားချိန်ရောက်သောကျောန့် ဒုက္ခဝေဒနာဟို ခံစားရအယ်၊ အဲလိုလဲ လပဲ့မွေးဖွားပင်းသောအခါ ဟေလောကတွင် လူတယောက်ဟို မွေးဖွားလဲ့အတွက် ဝမ်းမြောက်ခြင်းဆိသဖြင့် ခံစားရသော ဒုက္ခဝေဒနာဟို သတိမရတော့ပေ။
ဘုရားသခင် ဖြစ်ပွားစေသော လူပဲ့သငယ်ဖြစ်လာသူဟ အပစ်ဟို မပြုတတ်။ ပစာကို့ အဲသူနှိုက် ဘုရားသခင်ရဲ့ ဇာတိသဘောပါဆိသောကျောန့် ဖြစ်အယ်။ သူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်သဖြင့် အပစ်ဟို ဆက်ယွေ့ မပြုနိန်။